အခန်း (၂၃၁)

2.2K 195 11
                                    

အခန်း (၂၃၁) : သေစမ်း ဒါညစ်တာပဲ

ဂူမန်မန် ပါးစပ်ကို ဟလိုက်ကာ အဲလ်ဗစ် ပုခုံးကို အားနည်းနည်းထည့်ကာ ကိုက်လိုက်သည်။

ထိုအရာက မနာသော်လည်း အဲလ်ဗစ် ပါးစပ်ကိုပိတ်လိုက်ကာ စကားဆက်မပြောပေ။

ဂူမန်မန့်သွားရာကိုသာ အဲလ်ဗစ် ပုခုံးပေါ် ချန်နိုင်ခဲ့သည်။ အဲလ်ဗစ်ကို စိတ်တိုစွာကြည့်ကာ ပြောလိုက်သည်

“ ရှင် သေရဲသေကြည့် ကျမပါ လိုက်သေမယ်။ သရဲဖြစ်သွားရင်တောင် ကျမ ရှင့်နောက်လိုက်နေမှာ။ ပြီးတော့ ကျမ ရှင့်နားရွက်ကို ဆွဲပြီးတော့ ဘယ်သူက ကျမကို ထားသွားဖို့ ရှင့်ကို သတ္တိတွေပေးတာလဲလို့ မေးပစ်ဦးမယ်။”

ထိုအရာမှာ  အဲလ်ဗစ်အနေနှင့် ပထမဆုံးအကြိမ် တိုက်ခိုက်ခံရတာ ဖြစ်သော်လည်း သူ ချက်ချင်း ပြန်မသတ်လိုက်နိုင်ပေ။ ထို့အပြင် ဒေါသထွက်သည်ဟုပင် မခံစားရပဲ နှလုံးသားထဲတွင် ချိုမြိန်မှုကိုသာ ခံစားရသည်။

သူက ဂူမန်မန့်ကို ရင်ခွင်ထဲဖက်လိုက်ကာ နူးညံ့စွာပြောသည် “ ကိုယ်က သန်မာပါတယ်။ မင်းအတွက်ဆိုရင် ပိုပြီးတော့တောင် သန်မာသေးတယ်”

ဂူမန်မန် ပြုံးစိစိ ဖြစ်သွားကာ သူမ ကိုက်ထားသော နေရာလေးကို ပွတ်ပေးကာ ပြောလိုက်သည်

“ ဒီနေ့က မင်္ဂလာရှိတဲ့နေ့ဆိုတော့ နမိတ်မကောင်းတာတွေကို မပြောချင်တော့ဘူး။ ကျမ ရှင့်ကို အသက်လည်းရှည်စေချင်သလို ကျမနဲ့လည်း အကြာကြီး နေသွားစေချင်တယ်။”

အဲလ်ဗစ် ဂူမန်မန့်ခေါင်းလေးကို အမြတ်တနိုးဖြင့် ဆွဲလိုက်ကာ ပြောသည်

“ ရှောင်မန် မင်း ကိုယ့်ကို တစ်ခုတော့ ကတိပေးရမယ်။”

ဂူမန်မန် ခေါင်းညိတ်ကာ အဲလ်ဗစ်ကိ စိုက်ကြည့်ရင်းပြောလိုက်သည်

“ ဟင်”

အဲလ်ဗစ် ဆက်ပြောလိုက်သည်

“ အကယ်၍ ကိုယ် အန္တရာယ်ကို ပြန်ပြီးမရင်ဆိုင်နိုင်တော့တဲ့ နေ့ရောက်လာခဲ့ရင်….မင်းကိုယ်မင်း မသတ်သေပါနဲ့။ ကိုယ့်ကိုယ်ကို ကာကွယ်ပြီး ကိုယ့်အတွက် အကြာကြီး အသက်ရှင်ပေးပါ ဟုတ်ပြီလား။”

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now