အခန်း (228)

2.2K 217 9
                                    

အခန်း (၂၂၈) : မင်းမကြိုက်တဲ့သူတွေကို ကိုယ့်ကိုပြော

ဂူမန်မန် ခဏတာ စဉ်းစားလိုက်ကာ စန္ဒီတစ်ယောက် ဘာလီနဲ့ မိတ်ဖက်ပြီးနောက်တော့ ခုနစ်ယောက်မြောက်ဆိုသောကြောင့် အဲလ်ဗစ်ကို ယုံကြည်မှုရှိစွာ ဖြေလိုက်သည်။

အဲလ်ဗစ်က ထပ်မေးလိုက်သည် “ ဒါဆို မာယာ့မှာရော ပါတနာ ဘယ်နှစ်ယောက်ရှိမှန်း သိလား”

ဂူမန်မန် ရှက်ပြုံးပြုံးလိုက်ကာ ရိုးသားစွာဖြင့် ခေါင်းယမ်းကာ ပြောလိုက်သည်

“ သူမက နီနာနဲ့ အနေများတယ်လေ အဲဒါကြောင့် သူမနဲ့ သိပ်မရင်းနှီးဘူး။ သူမက စန္ဒီကို အနိုင်မကျင့်ဖူးပေမဲ့ အေးစက်တဲ့ မျက်လုံးတွေနဲ့ ကြည့်နေတတ်တယ်။ တစ်ခါတလေ တိတ်ဆိတ်နေတာက အနိုင်ကျင့်တာထက် ပိုကြောက်ဖို့ကောင်းတယ်။

မာယာ သားရဲတစ်ပိုင်းဆိုတော့ စန္ဒီကို မကာကွယ်နိုင်ပေမဲ့   နီနာ့ဘေးမှာပဲ ရပ်နေတာကိုတော့ ကျမ လက်မခံနိုင်ဘူး။ နဇိုင်းရယ်တစ်ခုလုံးမှာ  အမျိုးသမီးလေးယောက်ပဲ ရှိတာကို  အချင်းချင်း ပြဿနာရှာတာတော့  မကောင်းဘူးလေ။ အဲဒါကြောင့် သူမကို မမုန်းပေမဲ့ သူမ အနားကိုတော့  မကပ်ချင်ဘူး ... ”

အဲလ်ဗစ်က သူမလက်ကိုဆွဲကာ အနမ်းခြွေလိုက်ပြီး ပြောသည် “ မင်း မကြိုက်တဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံဖို့  မင်းကိုယ်မင်း ဖိအားပေးဖို့ မလိုပါဘူး။ မြင်တွေ့ရတာ မကြိုက်ရင် ကိုယ့်ကို ပြောလေ”

ဂူမန်မန် အဲလ်ဗစ် လက်ကို ဆုပ်ကိုင်လိုက်သည်။ သူမ နှလုံးသားထဲတွင် ချိုမြိန်မှုကို ခံစားရကာ ပြန်ပြောလိုက်သည်

“ အခုဆိုရင် ကျမက မျိုးနွယ်စုခေါင်းဆောင်ရဲ့ မိန်းမ ဖြစ်နေပြီလေ။ ကျမ အနေနဲ့ အခြေအနေတွေ အကုန်လုံးကို ကြည့်သင့်တယ်မလား။”

အဲလ်ဗစ် ရယ်လိုက်ကာ ဂူမန်မန့်ကို မြတ်နိုးစွာ ကြည့်လိုက်ရင်း ပြောသည် “ မင်း..မင်းက ကိုယ့်ကိုယ်ကိုပဲ စောင့်ရှောက်ပါ။ အခြေအနေတွေကို စောင့်ကြည့်တာက ကိုယ့်အလုပ်လေ....”

ဂူမန်မန် နောက်လှည့်ကာ မော့ကြည့်ရင်း အဲလ်ဗစ် ပါးပေါ် အနမ်းခြွေကာ ပြောလိုက်သည် “ စကားချိုလိုက်တာ ဒါက ရှင့်အတွက်ဆုလေ။”

အလှလေး ရှောင်မန် (Myanmar translation) Book 2Où les histoires vivent. Découvrez maintenant