အခန်း (၁၉၄) : ဒါပေမဲ့ ကံဆိုးချင်တော့ သူမက နတ်ဘုရားတမန်တော်ပဲ
လီရာ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ သူတို့က တမန်တော်ကို အကြောင်းမရှိပဲတော့ နဇိုင်းရယ်ကို မပို့လောက်ဘူး။ နဇိုင်းရယ် မျိုးနွယ်တစ်ခုထဲကသာ သူတို့နဲ့ ပူးပေါင်းဖို့ ထိုက်တန်တာ…” လီရာ ပြောစကား မဆုံးသေးပဲ အဲလ်ဗစ်ကိုသာ စိုက်ကြည့်နေသည်။
အဲလ်ဗစ် အတော်ကြာငြိမ်နေပြီးမှ ပြောလိုက်သည် “ ရှောင်မန်က ဒီကနေ တစ်ခါမှ ထွက်မသွားဖူးဘူး။ သူတို့က ဘယ်လိုလုပ် သူမ ရာထူးကို သိမှာလဲ”
လီရာ စိတ်မပါပဲ ပြုံးလိုက်သည်။
မျက်နှာပေါ်က အေးချမ်းမှုကတော့ သူ ဒါကို အရင်ကတည်းက မျှော်လင့်ထား၍ဖြစ်သည်။ ဘယ်မျိုးနွယ်စုကမှ တမန်တော်၏ ဖြစ်တည်မှုကို ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထိုကဲ့သို့နေ့မျိုးရောက်ရှိလာပါက သူမျှော်လင့်ထားသလို အေးချမ်းနိုင်မည် မဟုတ်ပေ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းသင့်လဲဆိုတာ ဂူမန်မန် ရောက်မလာခင်ကတည်းက သူ အကြိမ်အများကြီး စဉ်းစားခဲ့ဖူးသည်။ ဒါပေမဲ့ အခုတော့….. သူ အခွင့်အရေးဆယ်ခုရှိလျှင် ကိုးခု အောင်မြင်တာမျိုး မလိုချင်ချင်ပဲ အလုံးစုံအောင်မြင်မှုအတွက် အာမခံချက်ကိုသာ အလိုရှိတော့သည်။
လီရာ အဲလ်ဗစ်ကို ဘာမှပြန်မပြောပဲ ပြုံး၍သာနေသည်။ သူ သူ့လက်မောင်းကို သေးသွယ်သော လက်များဖြင့်ပုတ်လိုက်ရင်း မျက်စိမှေးကာ ကောင်းကင်သို့ကြည့်လိုက်သည်။ အဲ့တာက သူ့ကို ပိုပြီး နူးညံ့သယောင်ဖြစ်သွားစေသည်။
“ မကြာခင် ဆောင်းရောက်တော့မယ်။ သစ္စာရှိ တမန်တော် သူလာမယ့်လမ်းမှာ နှင်းကျတာကို ကျော်လွှားနိုင်လောက်လားဆိုတာ ငါ့ကို ပြောစမ်းပါ။”
အဲလ်ဗစ် နှုတ်ခမ်းထောင့်တစ်ဖက် အပေါ်ကွေးတက်သွားပြီး သူ့ကြည့်ရတာ သွေးဆာနေတဲ့ သားရဲတစ်ကောင်နှင့်တူသလို ချစ်ဖို့လည်းကောင်းလှသည်။ သူက အေးစက်ခြင်းပြည့်နေတဲ့ အပြာရောင် မျက်လုံးတွေနှင့်ကြည့်ကာ ပြောလိုက်သည် “ သူ နဇိုင်းရယ်ကို မရောက်ခင် ဆောင်းတွင်းအရင်ရောက်သင့်တယ်။”
ŞİMDİ OKUDUĞUN
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomantizmThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)