အခန်း (210)

2.1K 189 14
                                    

အခန်း (၂၁၀) : ပြင်းလိုက်တဲ့ အရသာ

ဂူမန်မန် စိတ်သည် လျှပ်စီးလို ပေါက်ကွဲထွက်နေပြီး ပျာယာခတ်စွာဖြင့် အော်ငိုရင်းပြောလိုက်သည် “ မဖြစ်ဘူး စန္ဒီ”

ဂူမန်မန် အော်သံကြောင့် အဲလ်ဗစ် အစက လန့်သွားပေမယ့် နောက်ပိုင်းတွင်ရယ်ချင်လာ ရသည်။ ဂူမန်မန်ကို သားရေပေါ်ပြန်တင်ရင်း ပြောလိုက်သည်

“ ဆောင်းတွင်းအတွက် အစာက မိုးရာသီတုန်းကလောက် မရှိပေမဲ့ အရင်နှစ်တွေကထက်စာရင် ဒီနှစ်က အခြေအနေ အများကြီးကောင်းတယ်။ အဲ့ဒါကြောင့် မင်း စိုးရိမ်ဖို့ မလိုပါဘူး။ စန္ဒီ ပါတနာတွေလည်း အဆင်ပြေမှာပါ။”

ဂူမန်မန် စိတ်ထဲတွင် ဗျာများတုန်းပင် ဖြစ်သော်လည်း အဲလ်ဗစ် လက်မှ မလွတ်မြောက်နိုင်ဖြစ်နေရသည်။ ထို့ကြောင့် သူမ မျက်နှာလေးကိုသာ ဖော်ပြရင်း ပြောလိုက်သည်

“ သူတို့အတွက် ဘယ်သူက စိတ်ပူလို့လဲ။ ကျမ စိတ်ပူတာက အစာမလောက်တော့ရင် စန္ဒီကို စားပစ်မှာစိုးလို့…..အာ….အဲ့တာကြောင့် သူတို့က စန္ဒီကို ဝလာတဲ့အထိ ကျွေးကြတာထင်တယ်နော်…..ငတုံးစန္ဒီကလည်း နေ့ရောညပါ သေအောင်စားနေတယ်။ ကျမတို့ ဘာလုပ်သင့်လဲ”

အဲလ်ဗစ် အံ့အားသင့်သွားကာ ဂူမန်မန် ဘာကို စိတ်ပူနေလဲဆိုတာ သတိထားမိသွားသည်။ သူ သူမ နဖူးကို အားပြင်းပြင်းဖြင့်တောက်ကာ ပြောလိုက်သည်

“ မင်းရဲ့ ခေါင်းလေးထဲမှာ ဘာတွေစဉ်းစားနေလဲဆိုတာ ကိုယ်တကယ်သိချင်တယ်”

ဂူမန်မန် နှုတ်ခမ်းစူလိုက်ပြီး သူမ မကြိုက်သည်ကိုပြရန် အဲလ်ဗစ်ကို လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်သည်။

အဲလ်ဗစ် သက်ပြင်းချကာ သူ့လက်နှင့် သူမ နဖူးကို အသာလေးကာပေးထားသည်။ ထို့နောက် နဖူးပေါ်ရှိ အနီအမှတ်ကို လက်ဖြင့်ပွတ်ပေးရင်း ရင်နာစွာဖြင့်ပြောလိုက်သည် 

“ အမျိုးသားတွေက သူတို့ရဲ့ အမျိုးသမီးတွေကို ဘယ်တော့မှ နာကျင်အောင် မလုပ်ဘူး။ သူတို့ ဘယ်လောက်ပဲ ဆာလောင်နေပါစေ သူတို့ရဲ့ အမျိုးသမီးကိုတော့ စားစရာလို့ မမြင်ကြပါဘူး။ ပြီးတော့ သူတို့ အမျိုးသမီးက ဗိုက်ဆာနေပြီး၊ သူတို့က အစာရှာမပေးနိုင်တော့ဘူးဆိုရင် ကိုယ့်ကိုယ်ကို သတ်သေလို့ရတယ်။ အဲ့ဒါဆိုရင် သူတို့ အမျိုးသမီးက ဆက်ပြီး အသက်ရှင်သွားလို့ရပြီလေ။”

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now