အခန်း (၂၂၄) : ဖြည်းဖြည်းချင်း ကျင့်သားရအောင် လုပ်ပေါ့
အဲလ်ဗစ် မီးပြန်မွှေးလိုက်ကာ ဂျင်းပြုတ်ရည်ပါသော အိုးကို ပိုကြီးသောအိုးဖြင့် အစားထိုးလိုက်သည်။ သူ နှင်းတွေအများကြီးတူးကာ အိုးထဲထည့်လိုက်ပြီး ရေဆူလာတဲ့အထိ စောင့်နေသည်။ ထို့နောက် ဂူမန်မန့် ခန္ဓာကိုယ်ကို သန့်ရှင်းပေးလိုက်သည်။
သူမ သေလောက်အောင် ပင်ပန်းနေသည့်အတွက် အဲလ်ဗစ် ဘာလုပ်နေလဲမသိပေ။ ထရန်လည်း စိတ်ကူးမရှိပေ။ သူမ အအေးထပ်ပတ်မည်ကို စိုးရိမ်သောကြောင့် အဲလ်ဗစ် လုပ်ကိုင်မှုတွေက မြန်ဆန်နေသည်။
အဲလ်ဗစ် ဂူမန်မန့်ကို ဖက်ရင်းစောင်ထဲဝင်လိုက်ပြီး သူ့ခန္ဓာကိုယ် အပူချိန်ဖြင့် သူမကို နွေးထွေးစေသည်။
သူ ဂူမန်မန့် အသက်ရှူသံမှန်မှန်ကို နားထောင်ရင်း စိတ်များပြန်ကြွလာသည်ကို ခံစားလိုက်ရသည်။ ရှောင်မန် ဒုတိယတစ်ခေါက်အတွက် ခံနိုင်ရည်မရှိတော့တာကို သိ၍ အဲလ်ဗစ် မျက်လုံးတွေကို မှိတ်ထားလိုက်သည်။
သူမ ကောင်းကောင်း အနားယူဖို့လိုတယ်။
အသက်ရှူလိုက်တိုင်း အဲလ်ဗစ် သူ့ဆန္ဒကို ထိန်းချုပ်နေရသည်။
သူ့လက်မောင်းပေါ်တွင် အိပ်ပျော်နေသော ကောင်မလေးကို အသာလေးပုတ်လိုက်ကာ အကြည့်တွေက သူမ လည်ပင်းညှပ်ရိုးပေါ်သို့ရောက်နေသည်။ အဲလ်ဗစ် အကြည့်တွေက အရည်ပင်ပျော်သွားနိုင်သော်လည်း တစ်ချိန်တည်းမှာပင် သူမကို နွေးအောင်လုပ်ပေးနေသေးသည်။
ဂူမန်မန် နိုးလာတော့ သူမ တစ်ကိုယ်လုံးကိုင်ရိုက်ထားသလို နာနေပြီး ကိုက်ခဲနေသည်။ ကျိုးတော့မယ်ဟု ခံစားနေရသော သူမ ခါးကိုသာကိုင်ရင်း ညည်းညူမိသည်။
အဲလ်ဗစ်က ရေနွေးတစ်ပန်းကန်ကို အချိန်ကိုက်ပေးကာ ပြောလိုက်သည်
“ အော်ထားရလို့ အာခေါင်ခြောက်နေမှာဆိုတော့ သောက်လိုက်ဉီးနော်”
အဲလ်ဗစ် ခုလိုပြောသောအခါ ခုနက ပျော်စရာကောင်းသော အဖြစ်အပျက်ကို သူမ ဇာတ်လမ်းတစ်ခုလို ပြန်မြင်ယောင်နေမိသည်။
ESTÁS LEYENDO
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)