အခန်း (၁၂၆)

1.8K 159 0
                                    


အခန်း (၁၂၆) : အခြားအမျိုးသားတွေကို အခွင့်အရေး ပေးလိုက်ပါဦး

လီရာက ဂူမန်မန်ကို ထပ်မတိုက်တွန်းတော့ပေ။ သူက ပြောလိုက်တော့သည်် "အဲဆို ဒီငါးတွေကို ယူခဲ့လိုက်မယ်လေ နောက် ဆာရင် စားလို့ ရတာပေါ့...."

ဂူမန်မန်က လက်ကို ခါလိုက်ပြီး "မယူပါနဲ့ ငါးတွေက အေးသွားရင် အရသာ မရှိတော့ဘူး အဲလ်ဗစ်နဲ့ ရှင်တို့က ကျွန်မကိုပဲ တချိန်လုံး ဂရုစိုက်နေကြတာ ရှင်တို့ နှစ်ယောက်လုံး မစားရသေးဘူးမလား ရှင်တို့ စားလိုက်လေ... "

အဲလ်ဗစ်နှင့် လီရာက ငါးကို ကြည့်လိုက်ပြီးတော့ ဂူမန်မန်ကို ပြန်ကြည့်လိုက်ကြသည်။ ရေထဲတွင် ငါး များစွာ ရှိသောကြောင့် နဇိုင်းရယ် တစ်မျိုးနွယ်စုလုံး အတူတူ စားလျှင်ပင် သုံးနှစ်ကနေ ငါးနှစ်အထိ စားလို့ ရလေ၏။ တစ်ဖက်တွင် အဝါရောင်အနှစ်က ရှားပါးသော်လည်း ဂူမန်မန်တွင် ချွေးမထွက်ဘဲ ရယူနိုင်သော နည်းလမ်းရှိပုံ ပေါ်သည်။ ကော်လင်း၊ ဘိုဒီတို့က ဂူမန်မန်ကို အဝါရောင်အနှစ်ကို များများ ယူပေးခဲ့သည့်အတွက် သူတို့နှစ်ယောက်ဆိုလည်း ရနိုင်လိမ့်မည်။

ပါဝင်ပစ္စည်းများက မရှားပါးသောကြောင့် ထပ်၍ မငြင်းဆန်တော့ပေ။ ထို့ကြောင့် နှစ်ယောက်သား ငါးတချို့ကို ဝေမျှကာ နောင်တစ်ခါကျ မည်သို့ ထပ်တိုးတက်အောင် လုပ်ရမလဲဟု ဆွေးနွေးရင်း စားလိုက်ကြသည်။

ဂူမန်မန် ဗိုက်က ပြည့်နေသည့်အတွက် ဖောင်းကားနေလေ၏။ သူမက လက်ကို ခါကာ စန္ဒီကို ရှာရန် ထွက်သွားတော့သည်။

လူအများကြားတွင် စန္ဒီကို ရှာရသည်က မခက်ခဲလှပေ။ အဲလ်ဗစ်က နီနာကို မောင်းထုတ်လိုက်သည့်အတွက် အခြားသော အမျိူသမီးမှာ ဂူမန်မန်၊ စန္ဒီ နှင့် နာမည်မသိသေးသော အမျိုးသမီးတို့သာ ကျန်ရှိနေတော့သည်။ မရင်းနှီးသေးသည့် အမျိုးသမီးကို ဖယ်ထားလျှင် စန္ဒီက ဂူမန်မန်နှင့် ဆက်ဆံရေး ကောင်းလှသည်။ ဘိုဒီကလဲ ဂူမန်မန်ကို သူ့အားငါးကင်သင်ပေးရန် အလိုရှိနေသောကြောင့် သူတို့မီးပုံမှာ ဂူမန်မန်တို့နှင့် မဝေးလှပေ။

အလှလေး ရှောင်မန် (Myanmar translation) Book 2Où les histoires vivent. Découvrez maintenant