အခန်း (209) ( u & z )

2K 193 2
                                    

အခန်း (၂၀၉) : ကိုယ်က ဝံပုလွေလေ

ဂူမန်မန် နှင်းပွင့်လေးတွေကို ဖမ်းဆုပ်ရင်း ကြည်နူးစွာ ရယ်နေသည်။ နှင်းက သူမလက်ထဲရောက်ပြီး သုံးစက္ကန့် ကြာမှ အရည်ပျော်သည်။ ထိုရေက ကြည်လင်နေပြီး နေရောင်ထိုးသောအခါ ရောင်ခြည်စက်ဝန်းကိုပင် မြင်နေရသည်။

ဂူမန်မန် ရယ်လိုက်ပြီး သူမလက်ပေါ်ကို ရေစက်တွေတင်လိုက်သည်။ သူမ လက်ဖဝါးအေးလာသောအခါ အဲလ်ဗစ် လည်ပင်းပေါ်တင်ကာ အဲလ်ဗစ် အေးကာ လန့်သွားမည်ကို စောင့်နေသည်။

သူမ မော့ကြည့်လိုက်သောအခါ အဲလ်ဗစ်၏ ချစ်ကျွမ်းဝင်နေသော မျက်လုံးများနှင့် ဆုံသည်။

သူမ ပုံရိပ်က သူ၏ အပြာရောင် မျက်လုံးထဲတွင် ရှင်းလင်းစွာ ထင်ဟပ်နေသည်။ အဲ့ဒါက ကမ္ဘာရှိသော အရာတွေက သူမထက် အရောင်မှိန်နေသလိုပင်။

စိုက်ကြည့်နေမှုက သူမ ခံစားချက်တွေကို ဝင်မွှေနေသည်၊ ထို့ကြောင့် သူမ လက်ကိုရုတ်လိုက်ကာ ထူးဆန်းစွာရယ်လိုက်ရင်း ပြောလိုက်သည်

“ ရှင်က ဘာလို့ အအေးမကြောက်တာလဲ။ ရှင်လုံးဝ မပျော်ဘူးလား။”

အဲလ်ဗစ် သူမ ခေါင်းလေးကို ပုတ်လိုက်ကာ ပြောသည် “ ကိုယ်က ဝံပုလွေလေ”

သူ စကားပြောလို့ ပြီးသွားသောအခါ ဂူမန်မန်ကို ဂူဆီပြန်သယ်သွားသည်။ ဂူမန်မန် ကစားလို့ မပြီးသေး၍ သူမ နှင်းလူသား လုပ်ချင်ကြောင်းပြောသည်။ အဲလ်ဗစ်က သူမစကားကို နားမထောင်ပဲ အခုမပြန်လျှင် ဂူပေါက်သည် နှင်းများနှင့် ပိတ်သွားနိုင်ကြောင်းပြောပြသည်။

ဂူမန်မန်က ဒါအပိုတွေပါလို့ တွေးလိုက်သောလည်း သူမ လှည့်ကြည့်လိုက်သောအခါ နှင်းတွေက ပိုထူလာပြီဖြစ်သည်။ နှင်းကျနှုန်းကလည်း ပိုမြန်လာပြီး အန္တရာယ်ရှိလာနိုင်သည်။ ဂူမန်မန် ထပ်ပြီး ခေါင်းမမာတော့ပဲ အဲလ်ဗစ်နှင့်အတူ ဂူကိုသာ ပြန်လိုက်သွားသည်။

အဲလ်ဗစ်က အရင်ကတည်းက ထင်းများကို ဂူထဲတွင် သိုလှောင်ခဲ့ပြီး ဖြစ်သည်။ ဆောင်းတစ်တွင်းလုံး အတွက် ထင်းကို လီရာက တွက်ချက်ခဲ့ပြီး ဤအရာက ဂူမန်မန် နွေးနွေးထွေးထွေးနေရန်နှင့် ဟင်းချက်ရန် လုံလောက်မှုရှိသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Kde žijí příběhy. Začni objevovat