အခန်း (၁၄၇)

1.8K 143 3
                                    


အခန်း (၁၄၇) : လက်စားလာချေမှာ ကြောက်နေတာလား

ဘိုဒီ၏ ငါးစွတ်ပြုတ် ကျက်ခါနီးတွင် ဂူမန်မန်က ဂျင်းကို ခြေမွကာ ထည့်ထပ်လိုက်တော့သည်။ စွတ်ပြုတ်ပွက်လာသောအခါ သူမက ငါးကို ထည့်လိုက်လေသည်။

တကယ်တမ်းတော့ ငါးနှင့်ဂျင်းသာပါသော အစားအစာကို ချွေချွေတာတာ စားနေရသည့် အစားအစာနှင့် တူလှသည်။ ထို့ကြောင့် အရသာ ရှိလှပြီဟု ယူဆ၍ မရသေးပေ။ ဂူမန်မန် ချက်ပြုတ်မှုက အလွန်ကောင်းမွန်နေသည့် အချက်မှာ ဤနေရာရှိ အစားအသောက်ပုံစံကား ရိုးရှင်းလွန်း၍ ဖြစ်သည်။

ငါးစွတ်ပြုတ်ကို နှစ်နာရီလောက် ချက်ပြုတ်ပြီးသွားသောအခါ ရနံ့သင်းသင်းလေး စတင်ထွက်လာလေသည်။ ထိုရနံ့လေးက နဇိုင်းရယ်မျိုးနွယ်စုရှိ လူအားလုံးကို စွဲဆောင်နိုင်စွမ်း ရှိ၏။

သို့သော်လည်း အမျိုးသားအများစုက ပိုင်နက်စည်းမျည်းများကို လိုက်နာကြပြီး စန္ဒီအိမ်သို့ ခြေမချကြပေ။ သို့သော်လည်း မည်သည့်အရာကိုမှ ဂရုမစိုက်သည့် အမျိုးသမီးများက ပိုင်နက်အကြောင်းလည်း ထည့်မတွက်ပေ။

နီနာက ဦးဆောင်၍ ဂူမန်မန် အမည်မမှတ်မိသော တခြားသောအမျိုးသမီးနှင့်အတူ ဝင်လာကြလေသည်။ နီနာက သူမ ကိုယ်ပိုင်ဝန်းအတွင်း ဝင်လာသကဲ့သို့ ပိုင်စိုးပိုင်နှယ်ရှိလှသည်။ အခြားသော အမျိုးသမီးက သူမ နောက်မှ အစေခံသဖွယ် လိုက်ပါလာလေသည်။ နှစ်ယောက်လုံးက ဂူမန်မန်ဆီ ချည်းကပ်လာကြပြီး တစ်ယောက်က တခြားနောက်တွင် ရပ်နေလေသည်။

နီနာလည်ပင်းပေါ်မှ ဒဏ်ရာကား ယခုထိ နာကျင်နေဆဲ ဖြစ်သည်။ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး သူမက အဲလ်ဗစ်မရှိကြောင်း တွေ့သည့်အခါ သူမက ယခင်ကထက် ပိုတည်ငြိမ်လာလေသည်။ ထို့နောက် သူမက လည်ချောင်းကို ရှင်းကာ စန္ဒီအိုးကို လက်ညိုးထိုးပြရင်း မေးလိုက်သည် "ဟေး အဆင့်နိမ့် သားရဲတစ်ဝက်က ဘာတွေများ လုပ်နေတာတုန်း .. "

စန္ဒီက မြန်မြန် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ကို ဆုပ်ထားရင်း ပြန်ဖြေလိုက်သည် "ငါ .. ငါလုပ်တာ မဟုတ်ဘူး ... ဂူမန်မန်က အရသာရှိတာ ချက်ပေးနေတာ ... "

အလှလေး ရှောင်မန် (Myanmar translation) Book 2Où les histoires vivent. Découvrez maintenant