အခန်း (၁၇၀) : ဉာဏ်ပညာကြီးလွန်းခြင်းက ကိုယ့်ကိုယ်ကို ထိခိုက်စေတယ်
လီရာက မှတ်မိကြောင်း ခေါင်းညိတ်ပြသည်။
အဲလ်ဗစ်က ဆက်ပြောသည် “ မင်း အရည်အချင်းနဲ့သာဆိုရင် အဲ့ဒီကို စောစော ရောက်သင့်တယ်မလား”
လီရာက အဲလ်ဗစ်ပြောတာကို နားလည်ပြီး အပြင်းအထန်ခံစားသွားရပုံ ပေါက်သည်။
အဲလ်ဗစ်က လီရာ ဘာပြန်ဖြေမလဲဆိုတာ ဂရုမစိုက်ပဲ ဆက်ပြောသည် “ ရှောင်မန်က ပြောတယ် သူမ ခွန့်တ် ဆီမှာ အသတ်ခံရမလိုဖြစ်တုန်းက မင်းက ကောင်းကင်ကနေ ရောက်လာတာဆို။ မင်း ပျံပြီးတော့ မသွားနိုင်ဘူး။ အဲ့သဘောက မင်းက အချိန်ဆွဲနေပြီး ခွန့်တ်က ရှောင်မန့်ကို နာကျင်စေတာကို ဒီတိုင်းကြည့်နေခဲ့တာ မဟုတ်လား”
လီရာက သူနဲ့အငြင်းပွားနေသော အဲလ်ဗစ်လက်ကို လွှတ်လိုက်ပြီး ဘာစကားမှမပြောပဲ နောက်ကိုဆုတ်သွားသည်။
အဲလ်ဗစ်က သူ့ကိုပြန်ဖြေရန် ဖိအားမပေးပဲ ရှင်းလင်းစွာပြောလိုက်သည်
“မင်းက ရှောင်မန့်အတွက် သူမရဲ့ စည်းမျဉ်းတွေလောက် အရေးမပါဘူးလို့ မင်းခံစားနေရချိန်မှာ ရှောင်မန်က နဇိုင်းရယ်မျိုးနွယ်စုလောက် အရေးမပါဘူးလို့ မင်းတွေးနေခဲ့တာပဲ၊ ငါနဲ့ တိုက်ခိုက်တုန်းကလည်း နဇိုင်းရယ်မျိုးနွယ်စုရဲ့ အနာဂတ်အကြောင်း စဉ်းစားပြီး ခွန်အားတွေ ထုတ်မသုံးခဲ့ဘူးလေ။
နောက်ဆုံးတော့ မင်းက ရှောင်မန့် အသည်းကိုခွဲဖို့ နီနာ့ကိုတောင် ဟန်ဆောင်ပါတနာ အဖြစ် ရွေးခဲ့သေးတာပဲ….. မင်းစိတ်ထဲမှာ သူမက နတ်ဘုရားရဲ့ တမန်တော်၊ ပြီးတော့ နဇိုင်းရယ် မျိုးနွယ်စုဆီကို သူမက ကြီးမားတဲ့ခွန်အားတွေကို ယူဆောင်လာပေးမယ့်သူ အဲ့ဒါအပြင် ကျန်တာမှ မရှိတာ”
“ငါ…..” လီရာငြိမ်ကျသွားသည်။
ဒီနေ့မှာတော့ ပါးနပ်လှတဲ့ အမျိုးသားဟာ အဲလ်ဗစ်ကြောင့် ငြိမ်ကျသွားခဲ့သည်။
“ငါ သူမကို ချိန်ခွင်ပေါ်မှာ ထားမဲ့သူမျိုးဆီ မပေးနိုင်ဘူး” အဲလ်ဗစ် နောက်အနည်းငယ် ဆုတ်လိုက်ပြီး ဝင်ပေါက်ကို ပိတ်ထားလိုက်သည်။
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)