အခန်း (၁၃၉)

1.7K 145 2
                                    


အခန်း (၁၃၉) : အဲဒါ ပထမဆုံး အနမ်းလား

ဂူမန်မန်၏ ဆက်တိုက်ဖြောင့်ဖြမှုနှင့် အာဒီလီ ဒဏ်ရာများကို ကုသပေးပြီးရင် ဂူမန်မန် ကိုယ်တိုင် ထပ်၍ ဆေးကြောပေးပါမည် ဟူသော အာမခံချက် အပြီးတွင် လီရာက ဒဏ်ရာကို စိတ်မပါတပါဖြင့် စတင်ချုပ်တော့သည်။

ပြောဖို့ရာပင် မလိုပေ။ လီရာက အမှန်ပင် ကျွမ်းကျင်ပြောင်မြောက်လှ၏။ အူ၏ ကြံ့ခိုင်မှုက အရမ်း မကောင်းသော်လည်း လီရာက အာဒီလီ ဒဏ်ရာကို အတွေ့အကြုံမရှိဘဲဖြင့် ကောင်းမွန်စွာ ချုပ်နိုင်ခဲ့သည်။ အာဒီလီက မာကျောသော သူ ဖြစ်၏။ သူက မေ့ဆေး၊ ထုံဆေး မပါဘဲဖြင့် တစ်ချက်လေးပင် တွန့်မသွားပေ။ အံ့ကိုသာ ကြိတ်ထားပြီး စန္ဒီကို ငေးကြည့်နေသည်။ ကြည့်ရသည်မှာ စန္ဒီကို မြင်နေသရွေ့ အရာအားလုံးကို ခံနိုင်ရည်ရှိသည့်အလား ဖြစ်နေသည်။

ဖြစ်စဉ် တစ်ခုလုံးကား သုံးမိနစ်သာ ကြာမြင့်၏။ ဂူမန်မန် စိုးရိမ်နေသည့် နှလုံးသားလေးလည်း လီရာ၏ နောက်ဆုံး ချုပ်ပြီးသည့်အချိန်မှ စိတ်အေးနိုင်သွားသည်။

အမှန်တိုင်း ပြောရလျှင် ဂူမန်မန်က ကြည့်ရုံ ဖြစ်သော်လည်း သူမကိုယ်တိုင် နာကျင်မှုကို ခံစားနေရသည်။

သို့သော်လည်း သူကား သူမသူငယ်ချင်း၏ အမျိုးသား ဖြစ်ကာ သံသယ ဝင်စေသည့် အပြုအမူများအားလုံးကို ရှောင်ရှားရလိမ့်မည်။ ထို့ကြောင့် ဂူမန်မန်က စန္ဒီကို ပြောလိုက်သည် "မြန်မြန် အာဒီလီကို စစ်ကြည့်လိုက်ဦး.... လီရာနဲ့ ငါက လက်သွားဆေးလိုက်ဦးမယ် ... မကြာခင် ပြန်လာမယ်နော်...."

"အင်းအင်း..." စန္ဒီက ဒဏ်ရာရနေသည့် သူကို မည်သို့ ပြုစုရမှန်း မသိသော်လည်း ဂူမန်မန် စကားကို နားထောင်ပြီး အာဒီလီ ဘေးတွင် ထိုင်လိုက်သည်။ သူမက အာဒီလီကို ငေးကြည့်နေရင်း ပြုံးပြလိုက်ကာ သူ့မျက်နှာပေါ်မှ ချွေးများကို ညင်ညင်သာသာ သုတ်ပေးလိုက်သည်။

လီရာက နှင်းဖြူမြေခွေးအဖြစ် ပြောင်းသွားပြီး ဂူမန်မန်ကို ကျောပေါ်တင်ကာ စမ်းချောင်းထိပ်ပိုင်းဆီ ထွက်လာလေသည်။ သူက စကားတစ်ခွန်းမှ မပြောလဲ ရေရှိရာဆီသာ တိုက်ရိုက် သွားနေသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Tahanan ng mga kuwento. Tumuklas ngayon