အခန်း (၁၆၆) : သူမက ငါ့ကို မတွေ့ချင်တာ ကောင်းပါတယ်လေ
အဲလ်ဗစ်ကငြိမ်သက်နေပြီး သူ့ကို ဘာမှပြန်မပြောပေ။ လီရာက သက်ပြင်းကြီးစွာချလိုက်ပြီး မေးသည် “သူမက ငါ့ကိုမတွေ့ချင်ဘူးတဲ့လား”
အမှန်တော့ လီရာသည် အဲလ်ဗစ်နှင့် ဂူမန်မန် ဂူထဲတွင်ပြောနေခဲ့သော စကားများကို ကြားပြီးပြီ ဖြစ်သည်။
သူမ ခေါင်းခါလိုက်တာက အစ သူသိသည်။
အဲလ်ဗစ်က ခေါင်းညိတ်ပြလိုက်ပြီး နှုတ်ခမ်းကို ဖိကိုက်ထားသည်။
လီရာက ခါးသက်သက် ပြုံးလိုက်သော်လည်း စိတ်သက်သာရာရသော အသံဖြင့်ပြောလိုက်သည် “ငါ့ကိုမတွေ့ချင်ဘူးတဲ့လား……… သူမ ငါ့ကို မတွေ့ချင်တာ ကောင်းပါတယ်လေ”
အဲလ်ဗစ်က လီရာ့ကို စိတ်ရှုပ်သည့်ပုံဖြင့် ကြည့်လိုက်သည်။
လီရာက အသက်ပြင်းပြင်းရှူပြီး ပြောလိုက်သည် “သူမ ငါ့ကို မတွေ့ချင်ဘူးဆိုတာ ငါ့ကို မကျေနပ်သေးလို့ပါ။ အဲ့တာကိုက ငါက သူမ နှလုံးသားထဲမှာ ရှိနေသေးတယ်ဆိုတဲ့ သဘောပဲ”
အဲလ်ဗစ် လီရာ့ကို နားမလည်တော့ပေ။ သူ ဂူမန်မန် ရေအေးထဲ နစ်သည့် အကြောင်းပြောပြပြီး သူဘယ်လိုကိုင်တွယ်ခဲ့တယ်ဆိုတာပါ ပြောပြလိုက်သည်။ လီရာက ခေါင်းညိတ်ပြီး ပြောလိုက်သည်
“မင်း ကောင်းကောင်းကိုင်တွယ်ခဲ့တာပဲ။ ငါ ဘိုဒီ့ကို ရေလွန်းပျံတစ်အိုး ချက်ပြီး အဲ့ထဲကို အဝါရောင် အမြစ်တွေလည်းထည့်ခိုင်းထားတယ်။ အဲ့ဒါကို ပြီးရင် စန္ဒီ လာပို့လိမ့်မယ်။ မင်းကတော့ ဂူမန်မန်ကို ဖြောင်းဖြပြီး ရေများများသောက်ဖို့ ပြောပေးပါ ... ”
အဲလ်ဗစ်က သဘောတူလိုက်ပြီး လီရာ့ကို ကြည့်ကာပြောလိုက်သည် “ဒါဆို မင်းကရော”
လီရာက လက်တွေကိုခါပြီး ပြောလိုက်သည် “အရေးကြီးဆုံး ပြဿနာက မင်း မန်မန်နဲ့ ဆောင်းမတိုင်ခင် ပေါင်းဖက်ဖို့ပဲ။ မင်းက မန့်မန့်ရဲ့ ပထမဆုံး ပါတနာ အောင်အောင်မြင်မြင်ဖြစ်ပြီးမှ သူမကို အမှန်တရားပြောပြပြီး ခွင့်လွှတ်ဖို့နည်းလမ်း စဉ်းစားတော့မယ်”

YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)