အခန်း (၁၁၈) : အမြစ်တွယ်နေသည့် လိင်ခွဲခြား ဆက်ဆံခြင်း
သားရဲလောကတွင် ဤလိင်ခွဲခြားသည့် ကိစ္စက အမှန်ပင် အမြစ်တွယ်နေလေပြီ။ ကော်လင်း နောက်သို့ ကြည့်လိုက်သည့်အခါ ခေါင်းများကို အဆက်မပြတ် ညိမ့်နေသည့် အမျိုးသား အုပ်ကြီးကို တွေ့လိုက်ရသည်။ သူမက ငိုရမလား ရယ်မောရမလားပင် မသိတော့ပေ။ သူမလက်ကို ခါလိုက်ပြီး မတ်တပ်ရပ်ကာ ခေါင်းကို မော့ထားရင်း ပြောလိုက်သည် "အဝါရောင်အနှစ်က အဖိုးတန်ပေမဲ့ ရှားပါးတဲ့ အရာ မှ မဟုတ်တာ အားလုံးကသာ အဝါရောင် ပိုးမွားအသိုက်ကို ပြ ... နောက်ပိုင်းကျရင် နဇိုင်းရယ် မျိုးနွယ်စုမှာ အဝါရောင်အနှစ်က ပြတ်လပ်တော့မှာ မဟုတ်ဘူး ဒါပေမဲ့ အရေးကြီးဆုံးက စားချင်သလောက် စားလို့ရတယ် မဖြုန်းတီးကြနဲ့...."
အကယ်၍ အတိတ်တုန်းက ထိုသို့ဆိုလျှင် ဂူမန်မန်၏ စကားများကို အမျိုးသမီးလေး လျောက်ပြောနေသည်ဟုသာ ယူဆကြမှာ ဖြစ်သော်လည်း သူတို့က သူမကိုမူ သဘောတူကြ၏။ ထို့နောက် သူတို့က သူတို့အသက်များကို စတေးရလျှင်ပင် ထိုကတိကို တည်နိုင်အောင် နေထိုင်ကြလိမ့်မည်။
ယခုအခါ နည်းကား ပြောင်းလဲသွားချေပြီ။ ထိုပိန်ပိန်ပါးပါး သူမခန္ဓာကိုယ်မှ မည်သူမျှ မတွန်းလှန်နိုင်သည့် အင်အားများထွက်ပေါ်နေသည်။ သူမစကားများကို လူအများက လက်ခံယုံကြည်ကြပြီး သံသယမြူမှုန်ပင် မရှိကြချေ။
အမျိုးသားများလဲ အဝါရောင်အနှစ်ကို စားခွင့်ရသည်လား...
ထိုသို့ အဖိုးတန်အရာမျိုးကို အထောက်အပံ့ မပြတ်မလပ်စေရဘူးတဲ့လား....
အားလုံးက ဂူမန်မန်ကို ငေးကြည့်နေကြပြီး ခံစားချက်ကို တဟုန်ထိုး ဖြစ်ပေါ်လာကြသည်။ သူတို့သည် ပိုမို၍ သန်စွမ်းရမည် မဟုတ်လျှင် ထိုသို့ အမျိုးသမီးသေးသေးလေးက နဇိုင်းရယ်မျိုးနွယ်စု၏ ကြွယ်ဝအောင် လုပ်ရမည့် တာဝန်ကို ထမ်းပိုးထားရလိမ့်မည်။ သူမက အရမ်းကို နူးညံ့သည့်အတွက် ဂရုစိုက်ပေးပြီး အကာအကွယ် ခံနေသင့်သည်။
ဂူမန်မန်သည် သူမစကားလုံးများက အမျိုးသားများကို တစ်နှစ်ပတ်လုံး အားရှိစေသည့် အားဆေး သောက်ထားရသကဲ့သို့ ဖြစ်သွားစေမှန်း မသိခဲ့ပေ။ ယနေ့မှစ၍ နဇိုင်းရယ်ရှိ အမျိုးသားများက သူတို့ကိုယ် သူတို့ ပို၍ အာရုံစိုက်ကာ အမဲလိုက်ခြင်း ဖြစ်စေ သို့မဟုတ် နယ်မြေကာကွယ်ခြင်း ဖြစ်စေ သူတို့မကြုံတွေ့ဖူးသည့် အခြေအနေထိ သူတို့ကိုယ်သူတို့ မောင်းနှင်ရန် စိတ်အားထက်သန်နေကြသည်။ သူတို့သည် ပို၍ သန်စွမ်းချင်ကြပြီး ဂူမန်မန်ကို ကာကွယ်နိုင်သည့်အထိ သန်မာချင်ကြသည်။
VOUS LISEZ
အလှလေး ရှောင်မန် (Myanmar translation) Book 2
Roman d'amourThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)