အခန်း (245)

2.2K 214 10
                                    

၂ပိုင်း တင်ပေးလိုင်တယ်နော် 😘

အခန်း (၂၄၅) : မင်း သူမကို ထပ်ပြီး ငိုအောင်လုပ်တာကြောင့်လေ

အဲလ်ဗစ် မျက်မှောင်ကြုတ်ကာ လက်သီးဆုပ်ထားမိသည်။

သူမ သူ့ဘေးမှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတဲ့အထိ သူ တိတ်တိတ်လေးသာ နေနေသည်။

သူမ လီရာ့အတွက် ငိုနေတာကို သူ ဘယ်နှစ်ကြိမ်လောက်တောင် ထပ်မြင်နေရဉီးမှာလဲ။

ငြိမ်ငြိမ်နေလိုက်တာက သူလုပ်နိုင်တာဖြစ်သည်။ လီရာ့ကို ပါတနာအဖြစ် လက်ခံလိုက်ဖို့ သူမကို ထပ်ပြီး တိုက်တွန်းသင့်ရဲ့လား။

အရင်တုန်းကတော့ ဒီလိုစကားမျိုးကို ရင်ကွဲခံပြီးပြောခဲ့တယ်။ အခုတော့ သူ တစ်ကိုယ်ကောင်းဆန်နေပြီ။ သူ့ကို ဂူမန်မန် ပြောတဲ့ ‘တစ်ဉီးတည်းသော’ ဆိုတဲ့စကားကို ဘယ်သူကများ ဖျက်ဆီးချင်နေတာလဲ။

သားရဲကမ္ဘာက အန္တရာယ်တွေကို သူမကြောက်ပေ။ ဂူမန်မန့်အတွက်သာဆိုလျှင် ကောင်းကင်ရော မြေကြီးရောပါ ကိုင်လှုပ်နိုင်ပြီး နတ်ဘုရားလည်းဖြစ်နိုင်သလို မကောင်းဆိုးဝါးလည်း ဖြစ်နိုင်သည်။

သူမသာ အကာကွယ်ခံချင်တယ်ဆိုလျှင် သူ ဘာမဆိုပေးဆပ်မည်ဖြစ်သည်။

သို့သော် သူမ မျက်ရည်တွေကိုတော့ သူကြောက်သည်။ သူမ လီရာ့ကို အရမ်းကြိုက်ပါလျက် သူ့အတွက်ကြောင့်နှင့် လီရာ့ကို လက်လွှတ်ဖို့ ကိုယ့်ကိုယ်ကို ဖိအားပေးနေသည်ကို ကြည့်မနေနိုင်ပေ။

သူမ ပြန်ပြီးပျော်ရွှင်လာစေရန် သူ လီရာ့ကို ခေါ်ဖို့ ဆန္ဒရှိခဲ့သည်။ လီရာက လုပ်နိုင်မယ်လို့လည်း ယုံကြည်တာကြောင့် ဖြစ်သည်။

ဒါပေမဲ့ ရှောင်မန်က ဘာလို့ သူ့ ရင်ခွင်ထဲ လာငိုနေပြီး သူ့ဆီက နွေးထွေးမှုကို ရှာဖွေနေရတာလဲ.....

အဲလ်ဗစ် မျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်ပြီး ဂူမန်မန့်ကို သားရေဖြင့် ခြုံထားပေးသည်။ ထို့နောက် သူမကို ထားခဲ့ကာ အပြင်ဖက်က အခန်းကို ထွက်လာခဲ့သည်။

လီရာကတော့ ထိုနေရာမှာပဲ သူ့အမြီးကို ကြည့်ရင်း ထိုင်နေမြဲဖြစ်သည်။ အဲလ်ဗစ် ဘာမှ ပြောမနေပဲ လီရာ့မျက်နှာကိုသာ ဆွဲထိုးလိုက်သည်။ သူ နံရံနှင့် ရိုက်မိပြီး မြေပြင်ပေါ်ကျသွားသော်လည်း ပြန်လည်ခုခံခြင်း မပြုပေ။

အလှလေး ရှောင်မန် (Myanmar translation) Book 2Où les histoires vivent. Découvrez maintenant