အခန်း ( ၂၄၇) : ယောက်ျားရေ လာပါဉီး
ဂူမန်မန် အင်္ကျီလက်တွေကို ခေါက်လိုက်ပြီး မကျေမနပ်ဖြင့် မေးသည်
“ အဲဆို ကျမ ရှင့်ကိုမေးမယ်။ အကယ်၍ ရှင် မေ့နေတုန်းက ကျမ လီရာနဲ့ အဆင်ပြေသွားရင် ရှင်ဘာလုပ်မှာလဲ။ ရှင် နည်းနည်းလေးတောင် စိတ်မပူဘူးလား”
အဲလ်ဗစ် ခဏစဉ်းစားလိုက်ပြီး ခေါင်းယမ်းလိုက်ကာ လေးနက်စွာဖြင့် ဖြေသည် “ မင်းသာ သူ့ကို ပါတနာ အဖြစ်ရွေးချင်ရင် ကိုယ်လုံးဝ ထောက်ခံပါတယ်။ ကိုယ်တို့ အဆင်မပြေမှာကို မပူနဲ့နော်။ ကိုယ်တို့က ဒီလို ဘဝကို အသားကျပြီးသားလေ အဲ့ဒါကြောင့် မင်း သူကိုကြိုက်တယ်ဆိုရင်…”
“ခဏ” ဂူမန်မန် ခေါင်းမော့လိုက်ကာ ရပ်ဖို့ ပြောလိုက်သည်။ မျက်မှောင်ကြုတ်ထားပြီး အဲလ်ဗစ်ကို စိုက်ကြည့်ကာ မေးလိုက်သည်
“ ရှင်တို့တွေ ဒီလို ဘဝမျိုးကို ကျင့်သားရပြီးသားလို့ ပြောတယ်နော်။ ဘယ်လို ဘဝမျိုးလဲ။”
သူတို့ဆီ လာနေသော လီရာ၏ ခြေလှမ်းသံတွေကို အဲလ်ဗစ် ကြားနေရသည်။ နှစ်ပေါင်းများစွာသော အတွေ့အကြုံတွေက သူ့ကို လေးနက်သော ကိစ္စ၌ ပိတ်မိနေသည်ကို ခံစားရသည်။
အဲလ်ဗစ်အတွက် ရန်သူက အမှောင်ထဲမှာ ပုန်းနေပြီး သူက အားသာနေရင်တောင် မဆင်မခြင် လုပ်လိုက်ခြင်းမျိုးသည် မှန်ကန်သော ရွေးချယ်မှုမျိုး မဟုတ်ပေ။ ထို့ကြောင့် သူ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ကာ ဂူမန်မန့်ကို မျက်တောင်မခတ်ပဲ စိုက်ကြည့်နေလိုက်သည်။
လီရာ ဂူအတွင်းပိုင်းသို့ မဝင်ခင် အသက်ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် ဝင်သွားကာ ပြောလိုက်သည် “ မန်မန် မင်း ကိုယ့်ကို ကတိပေးထားတဲ့ အထဲက နှစ်ချက်ကို မင်း မလုပ်ပေးရသေးဘူးနော်”
ဂူမန်မန့်နှုတ်ခမ်းတွေ အပေါ် ကွေးညွတ်သွားပြီး အေးစက်စွာ ရယ်ရင်း ပြောလိုက်သည် “ ရှင်က အခြေအနေတွေကို လာပြောင်းနေတာပဲ။ ဒါဆို ‘ဒီလို ဘဝ’ ဆိုတာက ရှင်တို့နှစ်ယောက် ဇာတ်တိုက်ထားတဲ့ ဘဝမျိုးကို ပြောချင်တာလား ဟင်”
![](https://img.wattpad.com/cover/208922135-288-k490255.jpg)
ESTÁS LEYENDO
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)