အခန်း (၁၁၇) : ဂူမန်မန်၏ ငါးကင်
ဂူမန်မန် ပြောသည့်အတိုင်း ဘိုဒီက စန္ဒီကို ပွေ့ချီကာ အဲလ်ဗစ်နောက်တွင် ရပ်နေလိုက်ရတော့သည်။
ထိုအရာကို မြင်မှ ဂူမန်မန်က ကျေနပ်စွာဖြင့် ခေါင်းကို ညိတ်ကာ စမ်းချောင်းအနားက မြေသန့်နေရာလေးကို လက်ညိုးထိုးပြလိုက်ပြီး "ခေါင်းဆောင် အဲဒီကို သွားကြစို့..."
"အင်း..." ဂူမန်မန်တွင် နေရာ ရှိသရွေ့ ထိုနေရာကား ကောင်းသော နေရာပင် ဖြစ်ရမည်။
အဲလ်ဗစ်က ဂူမန်မန်ကို စမ်းချောင်းဆီ ခေါ်သွားလိုက်ပြီး နောက်မှ ဘိုဒီနှင့် စန္ဒီလဲ လိုက်ပါလာလေ၏။ အမျိုးသမီး နှစ်ယောက်လုံး မြေပြင်ပေါ် ချပြီးသောအခါ သူတို့က လက်ကိုင်ထားပြီး သူငယ်ချင်းကောင်းကဲ့သို့ စတင် ပြုမူတော့သည်။ အဲလ်ဗစ်နှင့် ဘိုဒီတို့က စကားတစ်ခွန်းမှပင် ပြောမဝင်ပေ။ ဘေးနားကနေ သက်ပြင်းချရင်းနှင့် သူတို့ကို ပြန်အမှတ်ရမည့် အချိန်ကို စောင့်မျှော်နေရှာသည်။
ဂွီဂွီ....
စန္ဒီ ဗိုက်ထဲမှ တဂွီဂွီ မြည်လာကာ ထိုအခိုက်အတန့်တွင် ဂူမန်မန်က သူတို့အစာ မစားရသေးကြောင်း အမှတ်ရလိုက်ကာ ပြုံး၍ ပြောလိုက်သည် "ခေါင်းဆောင် ကျွန်မကို မီးကူမွေးပေးပါ့လား ဘိုဒီ အဲလ်ဗစ်နဲ့ လီရာဖမ်းထားတဲ့ အထဲက ငါးနှစ်ကောင်ကို ယူခဲ့ပေး..."
ဘိုဒီက အံ့ကို ကြိတ်လိုက်သော်လည်း သူမထံ ဘာမှ ပြန်၍ မပြောရဲချေ။ ထို့ကြောင့် သူမ ပြောသည့်အတိုင်း မလုပ်ချင်ဘဲ လိုက်၍ လုပ်ရတော့သည်။
အရင်က မီးမွေးဖူးသည့် အတွေ့အကြုံကြောင့် အဲလ်ဗစ်က ယခုအခါ အချိန်တိုအတွင်း လုပ်ဆောင်နိုင်လေပြီ။ မီးအသေးလေး စတင် လောင်ကျွမ်းလာလေ၏။ ဂူမန်မန်က ဘိုဒီ ယူလာသော ငါးနှစ်ကောင်ကို ယူလိုက်ပြီး စမ်းချောင်းမှ ကောက်လာသော ကျောက်တုံးဖြင့် ကြေးခွံ့များကို ခွာချလိုက်သည်။ သူမက အဲလ်ဗစ်၏ လက်သည်းချွန်ကို အသုံးပြုကာ ငါးဗိုက်ကို ခွဲလိုက်သည်။ ထို့နောက်တွင် အဲလ်ဗစ် ပြင်ဆင်ပေးထားသော သစ်ကိုင်းတွင် ငါးကို ထိုးထည့်လိုက်သည်။
YOU ARE READING
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)