အခန်း (203) (u & z )

1.9K 174 7
                                    

စာစဥ်အသစ် ၁၂ ထွက်တဲ့ အနေနဲ့ တပိုင်းပိုတင်ပေးလိုက်ပါတယ်

အခန်း (၂၀၃) : အမှန်ပဲ

ဒီလူ ဘယ်လိုလုပ်ပြီး နတ်ဘုရားအဖြစ်ကနေ စဉ်းစားဉာဏ်မရှိသူ ဖြစ်သွားရလဲဆိုတာ ကောင်းကင်ဘုံကသာ သိနိုင်လိမ့်မည်။ သူ့ တုန်လှုပ်နေတဲ့ ခန္ဓာကိုယ်နဲ့ ပျော်ရွှင်မှုကြောင့် ဖြစ်လာတဲ့ မျက်ရည်ကို သုတ်နေသည်။ သူမကို ကျေးဇူးသာတင်လိုက်ပြီး ရွံစရာကောင်းတာတွေ အကြောင်းရှင်းပြရန်လုပ်သည်။ မဟုတ်ပါက သူ့အရေခွံကို စုတ်ဖြဲရန် လီရာ့ကို ထပ်ပြောမည် စိုးရိမ်သောကြောင့်ဖြစ်သည်။

အရမ်းရွံစရာကောင်းတာကြောင့် ဂူမန်မန် စားချင်စိတ်ပါ ပျောက်သွားသည်။ သူမ လက်တွေကို ယမ်းပြလိုက်ပြီး ကြားဖြတ်ပြောလိုက်သည်

“ ရှင့်ရဲ့ ညစ်ပတ်တဲ့ ကိစ္စတွေကို နားထောင်ပေးဖို့ အားမရှိဘူး။ ကျမ ရှင့် သားရေကို မလိုချင်တော့ပေမဲ့ ရှင်က ကျမဟာကို ဖျက်ဆီးထားတာဆိုတော့ ပြန်ပေးဆပ်ရမယ်။”

ငတုံး တောင့်သွားပြီး သူ့ကို သတ်ဖို့ နောက်တစ်နည်းတွေးနေလားစိုးရိမ်သော အကြည့်ဖြင့် ဂူမန်မန်ကို ကြည့်နေသည်။

ဂူမန်မန် သူ့ကို ရင်းရင်းနှီးနှီး ပြုံးပြလိုက်သည်။ သို့သော် ငတုံးစိတ်ထဲတော့ ကြောက်နေသေးသည်။ သူ့ တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။ သူမအပြုံးဟာ သူ့အပေါ်အကျိုးသက်ရောက်မှု မရှိသည့်အတွက် သူမ ဆက်မလုပ်တော့ပေ။ အသက်ပြင်းပြင်းရှူပြီး မေးလိုက်သည်

“ ကျမ မေးတဲ့မေးခွန်းသုံးခု ဖြေပေးရင် သားရေကိစ္စကို ဒီအတိုင်း ထားလိုက်မယ်။ သဘောတူလား။

သူ ဒူးထောက်ချကာ မြေပြင်ကို စိုက်ကြည့်နေရင်း ပြောလိုက်သည် “ ဆာရူဒါဆိုတာ တမန်တော် ပိုင်တဲ့ မျိုးနွယ်စုပါ။ ဘာပဲသိချင်သိချင် အမှန်အတိုင်းဖြေပေးပါ့မယ်။”

ဂူမန်မန် စဉ်းစားလိုက်သည်။

ရှင် ဘာလို့ ခုလိုမျိုး အရှုပ်ထုပ်တွေလုပ်ရတာလဲ

သူမတွေးနေတာကို မျက်နှာတွင်မဖော်ပြပဲ မတူညီစွာ ဖြေလိုက်သည် “ ကောင်းပြီလေ”

အလှလေး ရှောင်မန် (Myanmar translation) Book 2Waar verhalen tot leven komen. Ontdek het nu