အခန်း (243)

2.2K 210 15
                                    

အခန်း (၂၄၃) : ကိုယ်တို့ အပြစ်ပေးနည်း ပြောင်းကြမလား

“ အရင်တုန်းက အရင်တုန်းက နီနာ့ ကိုယ့်ခါးကို ဖက်တော့ သူမ ထိခဲ့တဲ့ သားရေအဝတ်ကို ကိုယ်မီးရှို့လိုက်တယ်။

အဲ့ဒါတောင် မင်းကိုယ့်ကို ရွံနေသေးတယ်ဆိုရင် ကိုယ့်ခါးက အရေပြားကို စုတ်လိုက်ရင်ရော” လီရာ ပြောတဲ့အတိုင်း သူ့လက်တစ်ဖက်ကို ဂူမန်မန့်ပုခုံးကနေဖယ်လိုက်ပြီး လက်သည်းထုတ်ကာ တွေဝေခြင်းမရှိ ဗိုက်နားကိုထားလိုက်သည်။

ဂူမန်မန် လီရာ လိမ်နေလားဆိုတာကို နည်းနည်းလေးမှ သံသယမဖြစ်မိပါ။ အဘယ်ကြောင့်ဆိုသော် သားရဲကမ္ဘာတွင်ရှိသော ယောက်ျားလေးများသည် မိန်းကလေးတွေနှင့် ပတ်သက်လာလျှင် ဘယ်လို အရာမျိုးကိုမဆို လုပ်နိုင်သည်။

ဂူမန်မန် မစဉ်းစားနေချိန်တောင်မရလိုက်ပဲ သူမလက်တွေက လီရာ့ခါးကိုဖက်ကာ တားပြီးနေပြီဖြစ်သည်။

လီရာ ပျော်ရွှင်စွာပြုံးလိုက်သည်။ သူ မျက်ရည်တွေပါဝဲနေပြီး ဂရုတစိုက်မေးလိုက်သည်

“ နောက်ဆုံးတော့လည်း မင်း ကိုယ်ထိခိုက်တာကို မမြင်ချင်ဘူးမလား။ မင်းပြောတဲ့ ‘အရေးမပါတော့ဘူး’ ဆိုတာလည်း လိမ်တာပဲမလား။ မင်း ကိုယ့်ကို တမင် အဖက်မလုပ်တာ၊ လျစ်လျူရှုတာ၊ ဝမ်းနည်းအောင်လုပ်တာတွေက ကိုယ့်ကို အပြစ်ပေးချင်လို့်မလား။”

လီရာ့မျက်နှာထားကို ရှောင်သည့်အနေဖြင့် ဂူမန်မန် ခေါင်းကို တခြားဖက်သို့ လှည့်လိုက်သည်။ သူ့မျက်နှာကို ကြည့်မိပါက တင်းခံထားသမျှ ပြိုလဲသွားရလိမ့်မည်။

သူမ လက်တွေကို ပြန်ရုတ်ဖို့လုပ်သော်လည်း လီရာက လက်ဉီးမှုယူကာ ဆွဲထားသည်။ သူ အသက်ပြင်းပြင်းရှူလိုက်ကာ ကြီးမားပြီး အမွေးပွဖြစ်တဲ့ အဖြူရောင်အမြီးကို ထုတ်လိုက်သည်။ ထို့နောက် ဂူမန်မန့်ခါးကို ဂရုတစိုက် ရစ်ပတ်ကာ သူမကို သူ့ဆီသို့ ဆွဲလိုက်သည်။ သူ့လက်တစ်ဖက်က ဂူမန်မန့်လက်တွေကို ဆုပ်ကိုင်ထားလိုက်ပြီး ကျန်တစ်ဖက်က သူမ၏ မေးစေ့လေးကို ဖြည်းညင်းစွာ ထိလိုက်သည်။ သူ ဂူမန်မန့်ကို မြတ်နိုးခြင်းအပြည့်နဲ့ စိုက်ကြည့်လိုက်သည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Nơi câu chuyện tồn tại. Hãy khám phá bây giờ