အခန်း (217)

2.2K 214 8
                                    

အခန်း (၂၁၇) : မင်း အိပ်တဲ့ ပုံစံက မှန်ပါတယ်

ဂျင်းပြုတ်ရည် ရသွားပြီး အဲလ်ဗစ် ဂူမန်မန့်အတွက် တစ်ပန်းကန် ခပ်ထားလိုက်သည်။

ဂျင်းပြုတ်ရည် တစ်ပန်းကန် သောက်ပြီး ဂူမန်မန် နေလို့ထိုင်လို့ ပိုကောင်းလာသည်။ သူမက ပန်းကန်လုံးကို အဲလ်ဗစ်ဆီ တွန်းပေးလိုက်ပြီး နွေးထွေးစေရန် သူ့ကိုလည်းသောက်ခိုင်းသည်။ အဲလ်ဗစ် တွေဝေသွားသည်။

ဒီဆေးက ဂူမန်မန့်အတွက်လေ သူဘယ်လိုလုပ်ပြီးသောက်ရမှာလဲ

ဂူမန်မန် ပြုံးကာ ပြောလိုက်သည် “ ဒီ ဂျင်းနှစ်ပြားက တစ်နေကုန် ရေနဲ့ပြုတ်ထားလို့ရတယ်။ ကျမတို့ သောက်ပြီးရင် နှင်းသာ ထပ်ထည့်လိုက်။”

ဂူထဲမှာ ရှိတဲ့ဂျင်းတွေက ဆောင်းတွင်းတစ်တွင်းလုံး အတွက်လုံလောက်ကြောင်း သူမ ထပ်ကာထပ်ကာ ကတိပေးပြီးမှသာ အဲလ်ဗစ် သောက်သည်။

ဒီဟာ ကမ္ဘာမှာရှိတဲ့ သူစားဖူးသမျှထဲမှာ အချိုဆုံးဖြစ်သည်။ ပျော်ရွင်မှုတွေကလည်း တစ်ကိုယ်လုံးကို ပျံ့နှံ့သွားသည်။

ဂူမန်မန် ဂျင်းပြုတ်ရည်သောက်လိုက်ပြီး အိပ်ဖို့ပြန်လှဲလိုက်သည်။ အိပ်မက်ထဲမှာတော့ သူမ တက္ကသိုလ် အဆောင်သို့ ပြန်ရောက်သွားပြီး အိပ်ရာဘေးက ဝက်ဝံရုပ်လေးက သူမကို ပြုံးပြနေသည်။ သူမ ဝက်ဝံကိုဖက်လိုက်ပြီး မျက်နှာနှင့် ပွတ်နေသည်။

အမှန်တော့ အဲလ်ဗစ်က အိပ်ရာဘေးတွင် ထိုင်နေပြီး ဂူမန်မန်က အဲလ်ဗစ် ဝတ်ထားသော သားရေကိုဆွဲနေခြင်းဖြစ်သည်။ ထို့နောက် သားရေကျွတ်သွားကာ ဂူမန်မန်က အဲလ်ဗစ် လက်ထဲတွင် အိပ်ပျော်နေသည်။ သူ အဝတ်မပါတော့သော်လည်း ဂူမန်မန် အိပ်တာကို အနှောင့်အယှက်ဖြစ်မည်စိုး၍ လှုပ်တောင်မလှုပ်ရဲပေ။

နှင်းတွေက ဂူပေါက်ကို ပိတ်သွားပြီး ဂူထဲတွင် မဲမှောင်နေသည့်အတွက် နေ့လား ညလားဆိုတာ ဂူမန်မန်နှင့် အဲလ်ဗစ် မသိပေ။

ဂူမန်မန် ဘယ်လောက်ထိ အိပ်ပျော်သွားလဲ မသိပေမဲ့ သူမနိုးလာတော့ အဖျားကျနေပြီဖြစ်သည်။ ထို့နောက် အဲလ်ဗစ်ကို ရေဘဝဲတွေလိုမျိုး တဖြန်းဖြန်း ရိုက်နေမိသည်။

အလှလေး ရှောင်မန် (Myanmar translation) Book 2Where stories live. Discover now