အခန်း (၂၀၄) : ဒီကိစ္စတွေအကုန် ငါ့ဆီအပ်ထားလိုက်
သူ စကားပြောမပြီးခင် ခန္ဓာကိုယ်က ယိမ်းယိုင်လာသည်။
ဂူမန်မန် အေးစက်စွာ ရယ်လိုက်သည်။
သူမသာ အတုယောင်မှန်း သိသွားရင် သူမကို သတ်တော့မှာလား။
ဒီဟာက ရိုးရှင်းပြီး ရက်စက်တဲ့နည်းလမ်းပဲ။
တမန်တော်ကလည်း သူ့လို ရူးကြောင်ကြောင် ဖြစ်နေမှာ သူ မကြောက်ဖူးလား။ သူသာ အခု လက်သည်းတွေထုတ်လိုက်ရင် သူတို့ နှစ်ပေါင်းများစွာစောင့်လာတဲ့ တမန်တော် သေသွားနိုင်သည်။
သို့သော် ထိုအချိန်တွင် ဂူမန်မန် ဘာကိုမှ ထပ်မတွေးတော့ပဲ သူ့ကိုသာ တတိယ မေးခွန်းမေးလိုက်သည် “ ကျမသာ ရှင်နဲ့အတူထွက်မသွားရင် ဘာဖြစ်မှာလဲ”
သူ့မျက်နှာ အေးစက်သွားကာ ခေါင်းကို မော့ရင်း ခုလိုမေးခွန်းမျိုးကို မမျှော်လင့်ခဲ့သောပုံဖြင့် ဂူမန်မန့်ကို စိုက်ကြည့်နေသည်။
တမန်တော်အသစ်က……ဆာရူဒါကို မပြန်ဘူးလား။
ဂူမန်မန်ပြုံးကာ ပြောလိုက်သည် “ ကျမက နဇိုင်းရယ်မှာ အသားကျနေပါပြီ။ ပတ်ဝန်းကျင် အသစ်ထပ်မပြောင်းချင်တော့ဘူး။ အဲ့ဒါကြောင့် ကျမ ရှင်နဲ့ မလိုက်နိုင်ဘူး။ အဲ့ဒါဆို ရှင် ဘယ်လိုလုပ်မှာလဲ။”
သူ ဘာမှ စဉ်းစားမရတော့ချေ။ တမန်တော်မျိုးနွယ်ဖြစ်သော ဆာရူဒါတည်ရှိခဲ့တာ နှစ်ပေါင်းအတော်ကြာပြီဖြစ်သည်။ တစ်နေ့ချင်းစီမှာ သူတို့က တမန်တော် အသစ်ကို ကြိုဆိုရန် ပြင်ဆင်နေကြသည်။ အခု သူတို့ တမန်တော် အသစ်ကို ရှာတွေ့သော်လည်း သူမက ပြန်လိုက်ရန် ဆန္ဒမရှိပေ။
ဂူမန်မန့်စကားတွေက သူ့ကို ရေခဲရေဖြင့် လောင်းချလိုက်သလို အေးစက်သွားစေသည်။ ထို သစ္စာဖောက်မှုကြောင့် သူဘာပြန်ပြောရမလဲမသိတော့ပဲ ဂူမန်မန့်ကိုသာ စိုက်ကြည့်ရင်း ထိုင်ချလိုက်သည်။ သူ အောက်ကို ငုံ့နေရင်း ပြန်ပြောသည် “ တမန်တော် ဘယ်မှာရောက်နေပါစေ၊ ဆာရူဒါမျိုးနွယ်က လိုက်လာလိမ့်မယ်။ တမန်တော် အသစ်က မလိုက်ချင်ဘူးဆိုလျှင် ကျွန်တော်တို့ ဆာရူဒါတွေ ဒီကိုပြောင်းလာခဲ့ပါ့မယ်။”
BINABASA MO ANG
အလှလေး ရှောင်မန် (Myanmar translation) Book 2
RomanceThis is sequence of 'Beauty and the Beast : Book 1'.... poster by AkariXing 🥰 (Thz for beautiful poster)