Chapter (3)_ Hoarding - သိုလှောင်ခြင်း

9.9K 1.5K 20
                                    

Chapter (3)_ Hoarding - သိုလှောင်ခြင်း



မိုဘိုင်းလ်ဖုန်းအသစ် နှင့် အင်တာနက်အသုံးပြုခွင့် အပြင် သူ့မှာ လက်ကျန် ယွမ် 325,700 ကျန်ရစ်ချိန်မှာ လော်ရွှင့်က အသစ်ဝယ်ထားသည့် ယွမ် 9000 တန် တစ်ပတ်ရစ်ကားကို မောင်းကာ မြို့တော်အနောက်တောင်ပိုင်းရှိ အကြီးဆုံး hardware store သို့ မောင်းနှင်လာခဲ့သည်။

ကိရိယာအစုံအလင်၊ အခြားအပိုပစ္စည်း မျိုးစုံနှင့် ဆိုလာပြား အားသွင်းကိရိယာအစုံအလင်၊ နေရောင်ကို ကာထားနိုင်သည့် ပြတင်းပေါက်မှာ တပ်ဆင်နိုင်သည့် ဖလင်အလိပ်အချို့ကို သူ ဝယ်ခဲ့သည်။ ထို့နောက် မျိုးစေ့နှင့် ရေသန့်စင်စက်များ ဝယ်ယူရန် အနီးနားရှိ လယာ်သမားဈေးသို့ ကားမောင်းသွားခဲ့သည်။

ကမ္ဘာပျက်ကပ်အတွင်းမှာ ဘာကို ဦးစားပေးသင့်လဲ။ လော်ရွှင့်ကတော့ ပထမ-သန့်ရှင်းသောရေ၊ ဒုတိယ-လုံလောက်သောကယ်လိုရီရစေနိုင်သည့် စားစရာ၊ တတိယ-လက်နက်နှင့်အဝတ်အစား စသဖြင့် ယုံကြည်ခဲ့သည်။

ကမ္ဘာပျက်ကပ်စတင်ပြီးနောက် မကြာမီ ရေအရင်းအမြစ်များ ညစ်ညမ်းလာသည်။ လော်ရွှင့်က M-city မှထွက်ပြေးပြီးနောက် သတိကြီးစွာထားပြီး အခြေစိုက်စခန်းမှ ရေသန့်စင်ရန် အားပေးသည့် ဇကာများကို အများအပြား အလကား ဖြန့်ဝေပေးသည်ကို သတိပြုမိသည်။ အိမ်လုပ်ပေါင်းခံ စနစ်ကို တည်ဆောက်ရန် ကျောင်းတွင်းပညာရေးမှ အသိပညာကို သူက စတင် အသုံးပြုခဲ့သည်။ အချိန်နှင့် အရင်းအမြစ်များ ပိုမို များပြားသော်လည်း လော်ရွှင့်သည် ကုန်ကျစရိတ်မည်မျှ ရှိပါစေ သူ့ရဲ့ ဘေးကင်းမှုကို သေချာစေရန် လိုအပ်သည်။ ထို့အပြင် ပေါင်းခံရေကို အချိန်အတော်ကြာ ကျိုချက်ပြီး သောက်သုံးမှ သန့်ရှင်းစေလိမ့်မည်ဖြစ်သည်။

လူတော်တော်များများက အဲဒါကို ပေါင်းခံစရာမလိုဘဲ ရေကိုကြိုချက်ရုံနဲ့ရပြီထင်ခဲ့သည်။ ပေါင်းခံရေကို ပြန်ပြီး ကြိုသောက်တဲ့လူတွေက ဒုက္ခတမင်ရှာတယ်လို့ သူတို့က ထင်ခဲ့ကြသည်။

ထို့နောက် M-city အခြေစိုက်စခန်းသည် အခြေစိုက်စခန်းအတွင်း၌ ဖုတ်ကောင်များ ရုတ်တရက်ဖြစ်ပွားပြီးနောက် စခန်းက ပြိုပျက်သွားသည်။ အမှန်မှာ၊ အစားအသောက်နှင့် ရေညစ်ညမ်းမှုကဲ့သို့သော အတွင်းပိုင်း့ပြဿနာများကြောင့် တည်ထောင်ထားသော ဂြိုဟ်တုစခန်းနှင့် အခြေစိုက်စခန်း အများအပြား ပျက်စီးခဲ့ရသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now