Chapter (143) - စတော်ဘယ်ရီပင်က ပန်းပွင့်ပြီ

697 118 3
                                    

Chapter (143) - စတော်ဘယ်ရီပင်က ပန်းပွင့်ပြီ


"မနေ့ က ဆဲလ်ဖုန်း လိုင်းတွေ ပြတ်တောက်သွားတယ် "

သူတို့နှစ်ဦးသား အသားကင်စားရင်း ပြတင်းပေါက်အပြင်ဘက်မှာ နှင်းတွေပျော်နေချိန် အခြေချတဲ့အဖြစ်အပျက်တွေအကြောင်း စကားစမြည်ပြောကြတယ်။

လော်ရွှင့်ရဲ့အဖွဲ့သည် လကုန်တွင် အမြူတေများကို စုဆောင်းရန် လစန်းပိုင်းတွင် ခရီးထွက်ခဲ့မိတာကြောင့် တော်သေးသည်။

"ဒီနှစ် နွေဦးပွဲတော်က မနှစ်ကနဲ့ အတူတူပဲ၊ ရေဒီယို သီချင်းဖွင့်မယ် ဆိုတာ ကြားရပေမယ့် ဒီတစ်ကြိမ်တော့ ဖြစ်မလာတော့ဘူး။ "

ယန်ဖေး သည် လမ်းများကို ကြည့်လိုက်သည် - အသံချဲ့စက်များ တွဲလောင်းချထားသော သစ်သားစင်များ ပျောက်နေသည်မှာ ကြာပြီ ။ စပီကာများကို မပြောနဲ့ စင်တောင် ထင်းအဖြစ်သုံးဖို့ ခိုးယူခံလိုက်ရ ဟန်တူသည်။

"အင်း... ရေဒီယိုစမ်းကြည့်ရအောင်!"

သူတို့နှစ်ဦး တစ်ခါမှ မသုံးဖူးတဲ့ ရေဒီယိုဘက်ကို လှည့်သွားသည် - မိုဘိုင်းလ်ဖုန်းများက ရာသီဥတုကြောင့ ဆက်သွယ်လို့မရရင် အခြေစိုက်စခန်းသည် အသက်ရှင်ကျန်ရစ်သူအားလုံးထံ ဖုန်းဖြင့် စာတိုပေးပို့မှုများ ပုံမှန်ပြုလုပ်ပေးမည်ဖြစ်သည်။ သောက်သုံးရေ လုံခြုံရေးမှစပြီး စခန်းတွင် ရရှိနိုင်သည့် နောက်ဆုံးပေါ် ပစ္စည်းများအထိ လူတိုင်းက စစ်ဆေးနိုင်သည်။ ဒါကြောင့် ရေဒီယို နားထောင်မည့်အစား သူတို့၏ လက်ကိုင်ဖုန်းများကို အသုံးပြုလေ့ရှိကြသည်။

သူတို့နှစ်ဦးသည် သူတို့၏ အသားကင်ညစာစားရင်း သီချင်းနားထောင်ခဲ့သည်။ တကယ်တော့ ရေဒီယိုတွင် အသုံးဝင်သော အချက်အလက်အချို့ရှိခသည်။ ဥပမာ၊ အိမ်မှာ တတ်နိုင်သမျှ နွေးအောင် ဘယ်လိုနေရမလဲ၊ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်တာ၊ နှင်းကိုက်တာနဲ့ တခြားအရာကို ဘယ်လို ကြိုတင်ကာကွယ်မှုလုပ်မလဲဆိုတာ ထုတ်လွှင့်လေ့ရှိသည်။

သူတို့စုံတွဲက သိုးသား ကဘတ်ဟင်းများကို စားနေစဉ်တွင် သတင်းထဲမှာ ရာသီဥတုဆိုးရွားချိန်တွင် ဘေးကင်းလုံခြုံရေးမှ စွမ်းရည်အဖွဲ့များအကြောင်း အချက်အလက်သို့ ပြောင်းလဲသွားသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now