Chapter (1) - Rebirth - ပြန်လည်မွေးဖွားခြင်း
"မ.အ.လ လေး! ဒီလောင်ဇီ က မင်းလို အယုတ်တမာလေးကို ဝယ်ရလောက်တဲ့အထိ စိတ်ထားမကောင်းသင့်ဘူးကွ.... !"
လော်ရွှင့်သည် မြူဆိုင်းနေသည့် နောက်ဖေးလမ်းသွယ်ကြားထဲတွင် ငါးတစ်ကောင် ကဲ့သို့ ကျင်လည်စွာ ထွက်ပြေးသွားသည့် ကလေးတစ်ယောက်နောက်ကို ဒေါသတကြီး အော်ဟစ်ကြိမ်းမောင်းပြီး အနောက်က အမောတကော လိုက်နေသည်။
တစ်ယောက်နဲ့ တစ်ယောက် ပြေးတမ်း လိုက်တမ်း လုပ်နေသည်ကို လမ်းဘေးက စီးပွားရေးလုပ်ငန်းမျိုးစုံ လုပ်နေသူတွေက သူတို့နှစ်ယောက်ကို ဇာတ်ပွဲကြည့်နေသလိုမျိုး လက်ညှိုးထိုးပြီးသာ ကြည့်နေကြသည်။
ရှေ့က ပြေးနေသော တစ်ယောက်က သူ့ပေါင်ကို ဖုံးရုံသာသာရှိတဲ့ ဘောင်းဘီတိုလေးကိုပဲ ဝတ်ထားသော ကလေးတစ်ယောက်ဖြစ်ပြိး နောက်မှ ပြေးလိုက်လာသူက ကံဆိုးပြီး ဝယ်ထားသည့် သူ့ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ရသူ ဖြစ်နိုင်သည်။
ကျစ်...ကျစ်..ကျစ်.... အခုခေတ်က သူဌေးတွေပဲ ယောက်ျားလေးတွေ ဝယ်ဖို့ တတ်နိုင်တယ်ဆိုတာ သိတယ် မဟုတ်လား။
ကိုယ့်ရဲ့ ခန္ဓာကိုယ်က သွေးသား ပြဿနာတွေကို ဖြေရှင်းချင်ရင်တော့ လက်သမား လုပ်ရင်လုပ်၊ မဟုတ်ရင် ပြည့်တန်ဆာတန်းကိုသွားပြီး ကြုံရာ တစ်ယောက်ကို ရှာပြီး ဖြေရှင်းလိုက်ရတာပဲ။
ဘယ်ချိုးလိုက်၊ညာချိုးလိုက်နဲ့ ကောင်လေးနောက်ကို လိုက်လာရင်း လော်ရွှင့်က ရှုပ်ယှက်ခတ်နေသည့် လမ်းဆုံကိုရောက်တဲ့အခါ အရပ်ရှည်ပြီး ပိန်ပိန်ပါးပါး လူတစ်စု ရန်ဖြစ်နေကြတာကို တွေ့လိုက်ရသည်။
"အိုး...သွားပါပြီ။ ဘယ်လိုဖြစ်ပြီး ရန်ပွဲကြားကို ငါက ရောက်လာရတာလဲ !"
ဒီနေ့ သူ့ရဲ့ ကံကြမ္မာက ဘယ်လိုဖြစ်နေတာလဲ။
တကယ်တော့ သူ့အသက် 32 နှစ်ပြည့်မွေးနေ့အတွက် သူ စုဆောင်းထားတဲ့ ငွေလေးနဲ့ အမှတ်တရ လက်ဆောင်လေး ဝယ်ဖို့ ထွက်လာခဲ့တာပါ။ အဲ့ဒီအချိန်မှာ လမ်းဆုံမှာ မျက်လုံးနက်နက်နဲ့ ကလေးတစ်ယောက်ကို ရောင်းနေတာ တွေ့လိုက်ရတယ်။ အဲဒီ့ကလေးက သူ့ခန္ဓာကိုယ်မှာ ကြောက်စရာကောင်းတဲ့ အမာရွတ်တွေနဲ့ တွေ့ခဲ့ရတယ်။ သူက ကလေးကို သနားပြီး မဝယ်မနေနိုင်အောင် ဖြစ်လာခဲ့တယ်။ သူ မသေခင်ဘဝလေးမှာ သားတစ်ယောက် ပိုင်ဆိုင်ဖူးချင်တဲ့ စိတ်ကလေးက ခေါင်းထောင်လာခဲ့ပြီး ဒီကလေးကို ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။
KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Hororပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies