Chapter (175) _ စိုက်ပျိုးရေးစခန်းကို ရှင်းလင်းခြင်း

343 67 0
                                    

Chapter (175) _ စိုက်ပျိုးရေးစခန်းကို ရှင်းလင်းခြင်း

လော်ရွှင့် က မရယ်ခင်မှာ ပြဿနာအကြောင်း ပြောနေစဉ် ကျန့်ရီ က သူ့ပါးကို လက်နှစ်ဖက်နဲ့ အုပ်လိုက်တယ်။

"ဘာအခက်အခဲရှိလို့လဲ၊ ငါတို့က အဲဒါကို အခြေစိုက်စခန်းကို အသိမပေးပဲ ဖုံးကွယ်ထားမယ်လေ။"

လူတစ်စုက သူ့ကို မှင်တက်စွာ ကြည့်နေကြသည်။

ဝမ်သော်က "ဒါပေမယ့်... သတ္တုအဖုံးတွေ အဲ့ ဒါကို ဂြိုလ်တုက မြင်လိမ့်မယ်..."

ဒါဟာ တကယ့် ပြဿနာတစ်ခု ဖြစ်လိမ့်မယ်။

ကျန့်ရီ က မျက်လုံးပြူးပြီး နုံအသည့် ချစ်သူကို လှောင်ပြောင်လိုက်သည်။

"မင်းရဲ့ IQ ကို ဖုတ်ကောင်တွေက စားပြီးပြီလား။ အပျက်အစီးတွေနဲ့ ရောစပ်အောင် အစိမ်းရောင်နဲ့ မီးခိုးရောင် သုတ်ဆေးတွေ ရှာြပီးသုတ်ရင် လူတွေ အာရုံစိုက်မိမှာလား။"

အဖြေရှာဖို့ မစဉ်းစားမိတဲ့ လူအုပ်စုက – သူတို့ရဲ့ IQ ကို ခွေးက စားသွားပုံရတယ်။

လော်ရွှင့် သည် စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် မတ်တပ်ထရပ်လိုက်သည်။

"ကောင်းပြီ၊ ဒါဆို ငါတို့ ဆုံးဖြတ်ချက် ချရအောင်။ နောက်မှ အတိအကျ ပြောမယ် ၊ အပင်သေတွေကို အရင် ရှင်းပစ်မယ်!"

မြေအောက်ခန်းသည် ပျက်စီးနေသော ဒေသခံ မျိုးရင်း အပင်များဖြင့် ပြည့်နေသည်။ ပေါင်းပင်အရေအတွက်များတာကလွဲရင် ကိုင်တွယ်ရတာ လွယ်ပါလိမ့်မယ်။ သို့သော် သူက ပြောင်းရွှေ့လာသော ဖုတ်ကောင်များနှင့် မျိုးတူအပင်များ၏ ဝိုင်းရံခြင်းအတွက် ပိုစိုးရိမ်ခဲ့သည်။

စုန့်လင်းလင်းရှိနေလို့ သူတို့ ရေယူဆောင်လာရန် မလိုအပ်ဘဲ အစာအလုံအလောက်သာ ယူဆောင်လာခဲ့သည်။ သူတို့မှာ စားနပ်ရိက္ခာရှိတာကြောင့် ဖုတ်ကောင်တွေ ထွက်သွားတာကို စောင့်ဆိုင်းနိုင် သရွေ့ အပြင်ထွက်ပြီး ထုပ်ပိုးဖို့ အခြေစိုက်စခန်းကို ပြန်သွားနိုင်လောက်တယ်။

သူတို့ကို လိုက်နေသည့် ဖုတ်ကောင်များ အားလုံး သေဆုံးကုန်ကြသည်။ သူတို့ရဲ့ကံကောင်းမှုကြောင့် သူတို့နေခဲ့တဲ့နေရာက ဖုတ်ကောင်ရဲ့လမ်းကြောင်းပေါ်မှာပဲ ရှိနေတယ်။ ထိုသတ္တဝါများသည် ရှေ့လမ်းကို ဆူးများ ဖုံးလွှမ်းနေသော်လည်း ဉာဏ်ရည်ဉာဏ်သွေးမရှိကြဘဲ ဆက်လက်ချီတက်ကြမည်ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now