Chapter (19) - နေအိမ်များကို လိုက်လံစစ်ဆေးခြင်း
လော်ရွှင့် ၏ ပျော်ရွှင်ရယ်မောကာ ခွေးကလေးကို စနောက်နေသည့် အမူယာကို ကြည့်ရင်း ယန်ဖေး၏ နှလုံးသားထဲ တင်းကျပ်လာခဲ့သည်။ သူက ခွေးတစ်ကောင်လောက်တောင် လော်ရွှင့်အတွက် မကောင်းဘူးလား? သူက လော်ရွှင့်အပေါ်ကို တခြားရည်ရွယ်ချက်တွေ မရှိပေမယ့် လော်ရွှင့် ဆီက အာရုံစိုက်မှုကို ရဖို့မလုပ်ပဲ မနေနိုင်အောင် ဖြစ်လာမိသည်။
လော်ရွှင့် က အစကတည်းက သူ့ကို စေတနာ သိပ်ရှိခဲ့ပုံမရပေ။ လော်ရွှင့်လက်ထဲ ပွေ့ထားသည့် ခွေးလောက်တောင် သူ့ဘဝက ကောင်းမွန်သည့်ပုံမပေါ်ပေ။
သူ့မိဘတွေဆီက ချစ်ခြင်းမေတ္တာကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့သလို မိဘနှစ်ပါး၏ အိမ်နှစ်အိမ်ကြားက စီးပွားရေးလက်ထပ်ပွဲတစ်ခု၏ အကောင်းဆုံးရလဒ်အနေနဲ့ပဲ သူ့ကို နှစ်ဖက် အဖိုးဖွားတွေက သဘောထားကြသည်။ အဖေ၊ အမေ နဲ့ အဘိုးတွေက လူမြင်ကောင်းအောင် သူ့ကို ဆက်ဆံပေးကြပြီး သူနှင့် သားအမိ၊သားအဖ၊ မြေးအဖိုးလုပ်တမ်း ကစားနေသလိုပဲဖြစ်သည်။
လိုအပ်ရင် အများပြည်သူရှေ့မှာ မျက်နှာထွက်ပြကြပြီး ပြီးသွားတဲ့အခါ သူ့လမ်းသူသွား၊ ကိုယ့်လမ်းကိုယ်သွားကာ သူစိမ်းပြင်ပြင်ဖြစ်ခဲ့သည်။ ရုပ်ရှင်ဇာတ်ကားထဲက သရုပ်ဆောင်တွေ ရိုက်ကွင်းပြီးတဲ့အချိန် ဘာမှ မသက်ဆိုင်တဲ့ သူစိမ်းတွေလို လမ်းခွဲသွားကြကာ
ယန်ဖေးက သည် ငယ်စဉ်ကတည်းက စနစ်တကျ ပျိုးထောင်ခံခဲ့ရပြီး ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစွာ ကြီးပြင်းလာခဲ့ပေမယ့် သူတစ်သက်တာမျာ နှလုံးသားက ပေါက်ဖွားလာသည့် အချစ်စစ်ဖြင့် လူတစ်ယောက်ကို လက်ထပ်ကာ အတူနေသွား၇ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။
သူ့အိမ်ထောင်ရေးသည် ချစ်ခြင်းမေတ္တာဖြင့် မဟုတ်ပဲ စီးပွားရေးအရ တနေ့မှာ မိန်းမ တစ်ယောက်ကို လက်ထပ်ရမည်ဟုသာ တွေးထားခဲ့သည်။ ဒါကြောင့် သူလွတ်လပ်စွာ ဖြတ်သန်းခဲ့တဲ့ သူ့ဘဝမှာ သူလိုချင်တာကို ရယူကာ ပျော်သလို နေခဲ့ပေမယ့် သူငယ်ချင်း ဆက်ဆံရေးနှင့် အခြားသော ချစ်ခြင်းဖြင့် တည်ဆောက်သည့် ဆက်ဆံရေးကို သူ လုံးဝ မစဉ်းစားခဲ့ဖူးပေ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies