Chapter (12) - ကံကြမ္မာအရ ဆုံတွေ့ခြင်း
*ဂါး... ဒုတ်..... *
ဖုတ်ကောင်က ခေါင်းကို ထိမိပြီး ပြိုလဲသွားသည်။
လော်ရွှင့် သည် သက်ပြင်းတစ်ချက်ချကာ ဖုတ်ကောင်၏ဦးခေါင်းခွံကိုဖွင့်ပြီး ပုပ်ပွနေသော အကြွင်းအကျန်များထဲမှ သူ့ မြှားကို ဖယ်ထုတ် လိုက်သည်။ ဒီလို စက်ဆုပ်ရွံရှာဖွယ် နည်းလမ်းတွေကို မသုံးချင်ပေမယ့် မြှားတစ်ချောင်းတောင် ဆုံးရှုံးမခံလောက်အောင် သူ့မှာ လက်နက် အလုံအလောက် မရှိခဲ့ပါဘူး။ ဒါကြောင့် မြှားများကို လိုက်လံသိမ်းဆည်းရုံသာရှိတော့သည်။
ဒီနေ့က နိုဝင်ဘာ 30 ရက်နေ့ဖြစ်ပြီး ကမ္ဘာပျက်ကပ် ကာလ၏တတိယမြောက်နေ့ဖြစ်သည်။ ယနေ့နံနက်အစောပိုင်းတွင် လော်ရွှင့် သည် သူနေထိုင်သည့် 16 လွှာ တိုက်ခန်း၏ လှေကားထစ်မှ မြို့ဘက်သို့ ချီတက်လာသော စစ်တပ်များကို မြင်ခဲ့သည်။ သူတို့ ကူညီဖို့ ထွက်လာကတည်းက စစ်တပ်ထဲမှာရှိတဲ့ ဖုတ်ကောင်တွေကို ရှင်းပစ်ခဲ့ပြီးဆိုတာ လော်ရွှင့် သိလိုက်သည်။
အနောက်တောင်ဘက်ခြမ်းတွင် တစ်လခွဲအတွင်း စစ်တပ်က လုံခြုံရေးဇုန်တစ်ခု ထူထောင်နိုင်ခဲ့ပြီးလျှင် လူတိုင်း၏ဘဝ တိုးတက်လာမည်ဟု လော်ရွှင့် ခန့်မှန်းခဲ့သည်။
လွန်ခဲ့သည့်နှစ်ရက်ကတည်းက သူသည် ဒီဒေသတွင်း လှည့်လည်သွားလာနေသော ဖုတ်ကောင်များကို တိတ်တဆိတ် သုတ်သင်နေခဲ့ပြီး အခြေနေ ပိုကောင်းလာခဲ့သည်။ အိမ်တွေထဲက သော့ပိတ်မိထားသော ဖုတ်ကောင်များအပြင် လမ်းပေါ်လွတ်ထွက်လာသော ဖုတ်ကောင်အများစုကို သတ်ပစ်ခဲ့သည်။
ဟုတ် တယ်၊ သူက အဆောက်အဦး 7 နဲ့ အနားက တိုက်ခန်းနှစ်ခုတဝိုက်ကိုပဲ ရှင်းလင်းနေတာဖြစ်တယ်။ လူတွေ သူ့ကို ထူးထူးခြားခြား သတိမထားမိအောင် ပုန်းလျှိုးကွယ်လျှိုးလုပ်နေရသည် ။ သူသည် သာမန်နိုင်ငံသားတစ်ဦးသာဖြစ်ပြီး အခုလုပ်နေတာတွေက သူလုပ်နိုင်သည့် အတိုင်းတာအတွင်းက ဖြစ်သည်။
သူကိုယ်တိုင် တီထွင်ပြုလုပ်ထားသည့် ဒူးလေး ကိရိယာများဖြင့်ပင်၊ သူသည် ဖုတ်ကောင် ချေမှုန်းရေးကို ရှေ့တန်းတင်လုပ်ဖို့ဆိုတာ အဆင်အခြင်မရှိရာကျပါလိမ့်မည်။
JE LEEST
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies