Chapter (63) _ ကသောင်းကနင်းတစ်နှစ်တာရဲ့ နှစ်သစ် ညစာစားပွဲ

4K 690 9
                                    

Chapter (63) _ ကသောင်းကနင်းတစ်နှစ်တာရဲ့ နှစ်သစ် ညစာစားပွဲ


အိမ်ပြန်ရောက်တော့ လော်ရွှင့် က စားကြွင်းစားကျန် ဖက်ထုပ်တွေကို မီးဖိုချောင်ထဲမှာ ထည့်လိုက်တယ်။ သူတို့ ဒီနေ့ဘာမှ လုပ်စရာမရှိတော့ဘူး။ ဘေးအိမ်ရဲ့ ကြမ်းပြင်ခင်းဖို့အတွက် ဆေးသုတ်ဖို့က အချိန်အတော်ကြာကြာ လိုသေးတယ်။ အချို့ ဟင်းသီးဟင်းရွက် မျိုးစေ့တွေရအောင် အပင်ကြီး ထွားဖို့အတွက် အချိန်လိုအပ်သေးသည်။ မကြာသေးမီကမှ ပေါက်လာသော အပင်တွေကို ဒီနေ့မနက်မှာ ပျိုးခင်းခန်းထဲမှာ ရွှေ့ထားခဲ့တယ်။ ဒါကြောင့် လောလောဆယ်မှာ တခြားဘာမှ လုပ်စရာမရှိတော့တဲ့ပုံပဲ။

အိမ်ရှိ ခွေးမလေးက ယန်ဖေး ကိုင်ထားသော ကြိုးကို ကိုက်ရန် ခုန်ဆွကာ ကစားနေသည်။ ဖက်ထုပ်များကို သိမ်းဆည်းပြီးနောက် လော်ရွှင့်က ငုံးထားတဲ့ အခန်းထဲက ထွက်လာသည့် ထူးဆန်းသော အသံကို ကြားလိုက်ရသည်။

"အဲဒါ ဘာသံလဲ"

လော်ရွှင့် သည် ပတ်ဝန်းကျင်ကို ကြည့်ပြီး သံသယစိတ်ဖြင့် မေးလိုက် သည်။ ယန်ဖေး လည်း အံ့သြသွားပြီး ငုံးအကောင်ဖောက်ဖို့ လုပ်ထားတဲ့ အခန်းထဲကို ညွှန်ပြလိုက်သည် ။

နှစ်ယောက်သား ပျိုးခင်းနဲ့ ငုံးဖောက်သည့် အခန်းဆီပြေးလာကာ တံခါးကို ညင်သာစွာ ဖွင့်လိုက်စဉ် ငုံးဖောက်သည့် အသိုက်ထဲတွင် ပေါက်ကာစ လက်မအရွယ် အဝါရောင်ငုံးပေါက်လေးတွေကို တွေ့လိုက်ရသည်။

"ငုံးတွေ အကောင် ပေါက်သွားပြီ!"

လော်ရွှင့် သည် ယန်ဖေး ကို စိတ်လှုပ်ရှားစွာ ပွေ့ဖက်လိုက်ပြီး ငုံးပေါက်ထားသည့် အခန်းထဲသို့ ပြေးဝင်သွားလိုက်သည်။ သူသည် ငုံးငယ်ကို ညင်သာစွာ ဖယ်ထုတ်ပြီး ပေါင်းခံရေနှင့် ငုံးကလေးတွေအတွက်အစာများကို ယူပြီး ပြင်ဆင်ထားသည့် သေတ္တာထဲတွင် ထည့်ထားသည်။ ပေါက်ခါစ ငုံးသည် အလွန်နုနယ်ပြီး သေကြေပျက်စီးလွယ်သည်၊ ငုံးပေါက်တွေက မြင့်မားသော အပူချိန်၊ သန့်ရှင်းသောရေနှင့် သင့်လျော်သော အစာလိုအပ်သည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Tahanan ng mga kuwento. Tumuklas ngayon