Chapter (65) - အစားသောက်တွေ ရှားလာပြီ
လော်ရွှင့် က ချွေးတွေကို မောပန်းစွာ သုတ်နေတဲ့ ယန်ဖေး ကို ကြင်နာစွာဖြင့် မျက်နှာသုတ်ပုဝါတစ်ထည် ပေးလိုက်တယ်။
"ဒီနေ့ အမြူတေ စုပ်ယူနှုန်းက တကယ်ကို မနည်းဘူး။"
လော်ရွှင့် သည် အခြားသတ္တုစွမ်းအားရှင်တွေရဲ့ ဗလာဖြစ်နေတဲ့ အိတ်တွေကို ရည်ညွှန်းခဲ့သည် - ယန်ဖေးလည်း အလုံး 70 လောက်ရခဲ့ပေမယ့် သူ့ဆီမှာ နည်းနည်းကျန်သေးတယ်။ ဒီပမာဏက ဘာမှ အလျင်မလိုတဲ့အချိန်မှာ နှစ်ရက်တာ သုံးဖို့ လုံလောက်နိုင်သည်။
"အင်း... ဒီနေ့နေ့လည်အိပ်ချင်နေတယ်"
ယန်ဖေး လိုလူပင် နားဖို့ လိုအပ်နေသေးသည်။ ဒီနေ့ စိတ်စွမ်းအင် များစွာ သုံးခဲ့ရပြီး အချိန်အကြာကြီး အနားမယူနိုင်ခဲ့ရလို့ သူ့ဦးနှောက်က ခါတိုင်းထက် ပိုပင်ပန်းနေတယ်။
"ယန်ဖေး.....ဒီပစ္စည်းတွေကို ကုန်တင်ကားပေါ်ကနေ ငါ သယ်ချထားခိုင်းတယ်။ မင်း ပြန်တဲ့အခါ မင်းတို့ ကားပေါ်တင်ယူသွားလို့ရပြီ "
ကပ္ပတိန်သည် သံမဏိပြားများ၊ သံမဏိတိုင်များ နှင့် အခြားအရာများကို သယ်နေသော လူများကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။
"ကောင်းလိုက်တာ။ ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး"
ယန်ဖေး က ကျေးဇူးတင်စကားပြောလိုက်တော့ ကပ္ပတိန်က ပြုံးပြီး ပခုံးပေါ် လက်ဖြင့်ပုတ်ကာ ဝန်ခံလိုက်သည်။
"ဒီနေ့တော့ နေ့လည်အဖွဲ့ကို နည်းနည်းစောင့်ပေးပြီး သင်ပြီးမှ ပြန်သွားပါ။ သူတို့ကို အပြင်ဘက်တံတိုင်းကို အတွင်းကနေ ဘယ်လိုဆောက်ရ မယ်ဆိုတာကို ပြပေးပါဦး။ အခု မင်း အနားယူဖို့ ဘတ်စကားပေါ် သွားနားလို့ ရတယ်။"
အသင်းနှစ်သင်းကြား ပြိုင်ဆိုင်မှုရှိပေမယ့် ရှိသော်လည်း စွမ်းအားရှင်များ၏ ဘေးကင်းမှုနှင့် ပတ်သက်နေတာဖြစ်လို့ တဖက်အဖွဲကို အသိပေးရန် လိုအပ်သည်။ ယန်ဖေး နှင့် လော်ရွှင့် တို့သည် စစ်သားမဟုတ်သောကြောင့် ကပ္ပတိန်က သူတို့အား ကားပေါ်တွင် အနားယူခွင့်ပေးခဲ့သည်။ နံနက်ဆိုင်းမှ သတ္တုစွမ်းအားရှင်များက မွန်းလွဲပိုင်းအဖွဲ့ရောက်လာတော့ အတွင်းပိုင်းမှ သတ္တုကို ထိန်းချုပ်ကာ နံရံတည်ဆောက်နည်းအသစ်ကို ရှင်းလင်းပေးပြီး ကားပေါ်တက်ကာ ပြန်လာကြသည်။
VOUS LISEZ
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horreurပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies