Chapter (123) - ကျူးကျော်လာသူများ

1.2K 243 2
                                    

Chapter (123) - ကျူးကျော်လာသူများ


မကြာသေးမီက လော်ရွှင့် ၏ အိမ်တွင် ငုံးအို အချို့ကို သတ်ကာ အသားပေါ်ခဲ့သည်။ ငုံးသားက သိပ်မများပေမယ့် အတော်လေး အရသာရှိပြီး အရိုးက ခွေးကလေးအတွက် ဝေစုဖြစ်သည်။

ခွေးကလေးက အသားစားဖို့ စားပွဲဘေးမှာ ပွတ်သပ်ကာ တောင်းနေပေမယ့် လူနှစ်ယောက်က မတုံ့ပြန်ဘဲ ညစာစားရန် အလုပ်ရှုပ်နေတာကြောင့် စကားပင် မပြောဖြစ်ခဲ့ပေ။ ယန်ဖေး က လော်ရွှင့် ပန်းကန်တွေကို သယ်လာစဉ် ကူညီပေးခဲ့သည်။ ပထမတော့ သူတို့နှစ်ယောက်လုံး ဟင်းရည် တစ်ပန်းကန်စီ သောက်နေကြသည်။ မိန်ရွှီတို့ မိန်းကလေးနှစ်ဦးချက်သည့် ဟင်းလက်ရာကို စစားစဉ်က ယန်ဖေးက လော်ရွှင့်ချက်သည့်ဟင်းများကိုသာ စားနေကြဖြစ်လို့ တခြားအစားအစာတွေက အရသာမတူဘူးလို့ အမြဲလိုလို ခံစားခဲ့ရသည်။ ဒီနေ့ လော်ရွှင့်ချက်သည့် ဟင်းရည်က အရသာအရှိဆုံးမဟုတ်သော်လည်း သူ့အရသာနှင့်သူ ရှိနေဆဲဖြစ်သည်။

နောက်တော့ ထမင်းဖြူပန်းကန်လုံးကြီးနှစ်လုံးကို ခူးလာခဲ့သည်။ သူတို့အိမ်မှာ ဆန်က ကုန်ခါနီးဖြစ်နေလို့ ဒီနေ့ ဟင်းကောင်းချက်ထားတာကြောင့်သာ မဟုတ်လျှင် သူက ထမင်းဖြူကို ချက်မည်မဟုတ်ပေ။

နှစ်ယောက်သား ညစာစားနေစဉ် စကားစမြည်ပြောဆိုခြင်း မရှိပေ။ ဆာလောင်မှုကိုဖြေဖျောက်ပြီးနောက် လော်ရွှင့် သည် နောင်တရစွာဖြင့် ပန်းဂေါ်ဖီပန်းကန်ကို ရွှေ့လိုက်ပြီးပြောခဲ့သည်။

"ဒါတွေက အသားအရသာဝင်နေလို့ အရသာရှိမှာပဲ..."

ဌက်သားအားလုံး ကုန်သွားပေမယ့် ပန်းဂေါ်ဖီစိမ်းက ပန်းကန်တစ်ဝက်လောက်ကျန်နေသေးတယ်။

ယန်ဖေး က ပြုံးပြီး သူ့ချစ်သူရဲ့ ပါးကို အသာလေး ပွတ်လိုက်သည် ။

" ငါတို့ အသားမစားရတာကြာပြီလေ"

ခွေးကလေးသည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး ဌက်သားတစ်ပိုင်းကို ကိုက်နေသည်။ သူမက ပန်းဂေါ်ဖီကိုပင် ကိုက်စားနေသေးသည်- သေချာတာက ပန်းဂေါ်ဖီစိမ်းက ယခင်က သူမ မစားဖူးသော အရာဖြစ်သည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Tempat cerita menjadi hidup. Temukan sekarang