Chapter (107)_ ဖီးနစ်ဌက်

2K 295 7
                                    


Chapter (107)_ ဖီးနစ်ဌက်

မတော်တဆမှုဖြစ်ပွားသည့်နေရာသည် အနောက်တောင်အခြေစိုက်စခန်းနှင့် ဝေးကွာသောကြောင့် အခြေစိုက်စခန်းရှိလူအများစုသည်  လိုအပ်အရ လမ်းများဖောက်လုပ်ရန် လိုအပ်နေသောကြောင့် ထိုသတင်းကို မသိသဖြင့် စခန်းတွင် ပြဿနာ မရှိခဲ့ပေ။ လော်ရွှင့် နှင့် အဖွဲ့သည် အလုပ်ခွင်ကို မရောက်ခင်အထိ ဘာမှ မသိရပေ။
သူတို့အဖွဲ့နှင့်စကားပြောနေစဉ် ကပ္ပတိန် ကောင်း ၏ မျက်နှာသည် ကြည်သာနေသည်။

 "ဒီနေ့တော့ အထက်လူကြီးရဲ့အမိန့်အတိုင်း အပြင်ဘက်နံရံဘက်ကို ငါတို့ အဖွဲ့ ခေတ္တပြောင်းလုပ်ရမယ်။ သတ္တုစွမ်းအားရှင်တွေက အခြေစိုက်စခန်းအုတ်မြစ်ကို တတ်နိုင်သမျှ နက်ရှိုင်းအောင် လုပ်ဆောင်ဖို့ လိုတယ်။ မနေ့ညက အရှေ့ဘက်အခြေစိုက်စခန်း အောက်ခြေ အဖောက်ခံရတယ်ဆိုတဲ့ သတင်းကို သူတို့တွေက ကြားခဲ့ရတယ်။"

ဒါကြောင့် နံရံတွေရဲ့ ဖောင်ဒေးရှင်းတွေမှာ သတ္တုစွမ်းအားရှင် တွေကို တာဝန်ပေးပြီး သတ္တု ထည့်သွင်းဖို့ ယာယီတာဝန်ပေးခဲ့သည်။ ဒါမှ  ဖုတ်ကောင်တိရစ္ဆာန်များ ထွက်ပေါ်လာပြီးနောက်  အပြင်နံရံများက  အန္တရာယ်ကင်းနိုင်မည်ဖြစ်သည်။

လူတိုင်းက ဘာမှ မပြောဘဲ   အပြင်ဘက် တံတိုင်းဆီသို့ ဦးတည်နေသည့် ထရပ်ကားပေါ် ပြေးတက်သွားကြသည်။ ကားထဲမှာ လူတစ်ယောက်က ကပ္ပတိန်ဆီကနေ အသေးစိတ်ကို မေးလိုက်သည်။

"ဗိုလ်ကြီး၊ အရှေ့ဘက်စခန်းက အခြေနေ ဘယ်လိုလဲ။"

ကပ္ပတိန် ကောင်း ခေါင်းခါလိုက်သည်။

"အခြေအနေက မကောင်းဘူး၊ အောက်ခြေဖောက်ဒေးရှင်းပေါက်သွားတယ်လို့ ပြောတယ်... ရဟတ်ယာဉ် အနည်းငယ်ကို စုစည်းထားပြီးကယ်ဆယ်ဖို့လုပ်ထးုပေမယ့် လူ ဘယ်နှစ်ယောက်ကို ကယ်ဆယ် နိုင်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်။"

အခြေနေ အတိအကျ မသိရသော်လည်း အရှေ့ဘက်စခန်း၏ တံတိုင်းကြီး ပျက်စီးသွားကြောင်း သူ သိနေသည်။ ထို့အပြင် လူများသည် နောက်ဆုံးခံတပ်များကို ပိတ်ဆို့ရန် လက်ကျန် ခွန်အားကို အသုံးပြုကာတင်းခံထားပေမယ့် အသက်ရှင်ကျန်ရစ်သူများဆီသို့ ဦးတည်သွားနေသော   ဖုတ်ကောင်များကြောင့် ကာကွယ်ပေးနေသည့်သူတွေလည်း ဖုတ်ကောင်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

 လော်ရွှင့်တို့ ကားက အပြင်ဘက်နံရံရှိရာကို မောင်းပြီး သူတို့ အဖွဲ့ဟာ ဒီနေ့ အတွက်ကို စတင်လိုက်သည်။

ဖုတ်ကောင်လှိုင်းဒဏ်ခံနိုင်ဖို့ သတ္တုနံရံများကို နက်ရှိုင်းအောင် လုပ်ဖို့  လိုအပ်သည်။ ယန်ဖေး သည် အခြားသတ္တုစွမ်းအားရှင်များ အလုပ်မစမီ လုပ်ရမယ့် နည်းလမ်းများနှင့် လှည့်ကွက်များကို ရှာဖွေရန် ပထမဆုံး စမ်းသပ်ခဲ့သည်။

ကရိန်းက သတ္တုအမြောက်အမြားကို သယ်ဆောင်ကာ လူလေးဦးနောက်သို့ လိုက်သွားခဲ့သည်။ တစ်ဖက်တွင်၊ လော်ရွှင့် နှင့် အခြားသူအများအပြားသည် စွမ်းရည်အသုံးပြုသူများကို ကာကွယ်ရန်၊ ဖြစ်နိုင်သော ဖုတ်ကောင် တိုက်ခိုက်မှုများကို ကာကွယ်ပိတ်ဆို့ရန် တာဝန်ရှိသည်။ သို့သော် အကျယ်ငါးမီတာခန့်ရှိသော အသစ်တူးထားသော ကျုံးတစ်ခုရှိသဖြင့် ဖုတ်ကောင် တိုက်ခိုက်မှု ဖြစ်နိုင်ခြေမှာ နည်းပါးလှသည်။

ကျုံးအပြင်ဘက်တွင် သစ်သားတိုင်များဖြင့် ပြုလုပ်ထားသော အခြားနံရံများနှင့်အတူ အသစ်ဖန်တီးထားသော မြေသားနံရံများရှိသည်။ ထိုခြံစည်းရိုးပုံစံသည် ပထမဆုံးသော ခံတပ်ခံတပ်ဖြစ်လာလိမ့်မည်။

အပြင်ဘက် ခြံစည်းရိုးသည် လက်တွေ့တွင် အရမ်းကာကွယ်မပေးနိုင်သော်လည်း ခုခံကာကွယ်ရေး တာဝန်ကျ တပ်သားများက ဖုတ်ကောင်များကို အချိန်အကြာကြီး ရပ်တန့်အောင် ဟန့်တားနိုင်သည်။

ကြီးမားသော သံတံခါးရှေ့တွင် ကြိုးဖြင့်ဆွဲတင်နိုင်သော တံတားရှိပြီး အရေးပေါ်အခြေအနေကျရောက်ပါက ကြိုးတံတားကို ဆွဲမလိုက်ခြင်းဖြင့်  ပြင်ပကမ္ဘာနှင့် လုံးဝအဆက်သွယ်ဖြတ်တောက်နိုင်လိမ့်မည်။   ယခုအခါ ကျုံးတစ်ဖက်ကမ်းရှိ တံတားနှင့် အနီးပတ်ဝန်းကျင်ကို ဂရုတစိုက် စောင့်ကြည့်စစ်ဆေးနေသည့် ကင်းမျှော်စင် နှစ်ခုကို ချိတ်ဆက်ထားသည်။

သာမာန်စစ်သားများနှင့် အခြေစိုက်စခန်းမှ အသက်ရှင်ကျန်ရစ်သူများမှာ စခန်းလုံခြုံရေးကို ဘယ်လိုမြှင့်တင်နေသည်ကို မသိနိုင်ပေမယ့်လည်း သူတို့ နေထိုင်သည့် အခြေစိုက်စခန်းမှ အဆင့်မြင့်မားသောတပ်သားများက အားလုံးကို သေချာသိထားသည်။
   အရှေ့တောင် အခြေစိုက်စခန်း၏ ဖုတ်ကောင်လှိုင်း တိုက်ခိုက်မှုတွင် လေကြောင်းတိုက်ခိုက်မှု အများအပြားကို အသုံးပြုခဲ့သည်။ အကယ်၍ ထိုဖုတ်ကောင်လှိုင်းတိုက်ခိုက်မှုက အရမ်း အရေးတကြီးမဟုတ်ပါက၊ သူတို့သည် နောက်ဆုံးကျန်ခဲ့သော ရဟတ်ယာဉ်များကို လွှတ်ကာ တိုက်ခိုက်ခိုင်းမည်မဟုတ်ပေ။

အကယ်၍ ထိုရဟတ်ယာဉ်များထဲမှ တစ်စုံတစ်ရာ ပျောက်ဆုံးသွားပါက... ဖုတ်ကောင်အုပ်ထဲမှ လွတ်မြောက်ခြင်းမရှိပါက သူတို့စခန်းကို လာတိုက်ချိန် သူတို့ အခက်ကြုံရပေလိမ့်မည်။

နေ့လယ်စာစားပြီးသောအခါတွင် အလုပ်ဆက်လုပ်ရန် နံရံပေါ်တက်ခဲ့ကြသည်။    အပြင်ဘက် နံရံအုတ်မြစ်သည် မူလက သုံးမီတာသာရှိပြီး လုံခြုံရေးအရ ငါးမီတာအထိ တိုးမြှင့်ရန် လိုအပ်သည်။

အချိန်ရှိလျှင် ဖောင်ဒေးရှင်းကို ဆယ်မီတာနက်အောင် လုပ်တာက ပိုကောင်းပေလိမ့်မည်၊ သို့သော် သူသည် ရေပေးဝေမှုနှင့် မိလ္လာစနစ်ကဲ့သို့သော အရာများကို ထိခိုက်စေနိင်လို့ စခန်းမှ ဆောက်လုပ်ရေး ကျွမ်းကျင်သူတွေ ရဲ့ အဖြေကို စောင့်ဆိုင်းရမှာ ဖြစ်သည်။

နေ့လည် နှစ်နာရီတွင် လော်ရွှင့် သည် အဝေးသို့ ရုတ်တရက် စူးစူးစိုက်စိုက် ကြည့်ကာ မသေချာသော လေသံဖြင့် ပြောလိုက်သည်။

 "လေယာဉ်တစ်စင်းလား?"

အရှေ့မြောက်ဘက် ကောင်းကင်ယံ၌ အနက်ရောင်အစက်များရှိနေသည်။ တခြားအလုပ်များတဲ့သူ တွေလည်း လုပ်လက်စကို ရပ်ပြီး ကြည့်ကာ  ဟစ်အော်သံတွေ ထွက်ပေါ်လာပြီးမကြာခင် ထို ရဟတ်ယာဉ်တွေက သူတို့မြင်ကွင်းထဲ ပိုရှင်းလာသည်။

"သူတို့က အရှေ့ဘက် စခန်းကလာခဲ့တာလား" လော်ရွှင့် က သေချာမသိပေ။
ဖုတ်ကောင်တိုက်ခိုက်မှု ဖြစ်ပွားသည့်အချိန်တွင် သူ၏အတိတ်ဘဝတွင် မစ်ရှင်တစ်ခုအတွက် မြို့ထဲသို့ အဖွဲ့လိုက်လိုက်သွားခဲ့သည်။ အခြေစိုက်စခန်းမှ ရဟတ်ယာဉ်များ စေလွှတ်ပြီး လူအချို့ကို ကယ်ဆယ်ခဲ့ကြောင်း ကြားသိရသော်လည်း အသေးစိတ် အချက်အလက်များကို မသိခဲ့ပေ။

လူအုပ်ကြီး၏ မျက်လုံးများအောက်တွင် လေယာဉ်သည် နံရံပေါ်မှ ဖြတ်ပျံသန်းကာ အခြေစိုက်စခန်းထဲသို့ ရောက်ရှိသွားသည်။ အခြေစိုက်စခန်းရှိ အခြားလူအချို့လည်း သတိပြုမိကြပြီး လုပ်လက်စကို ရပ်တန့်ကာ လေထဲသို့ ညွှန်ပြကာ ပြောဆိုနေကြသည်။

အရှေ့ဘက်အခြေစိုက်စခန်းသည် သေးငယ်သောအခြေစိုက်စခန်းများနှင့် ကွဲပြားသည်၊ အချို့သော နည်းလမ်းများတွင် အရှေ့နှင့်အနောက်တောင်အခြေစိုက်စခန်းများသည် ကမ္ဘာပျက်ကပ် ကာလတွင် စံထားလောက်သည့် စခန်းများ ဖြစ်သည်။ သူတို့သည် အသက်ရှင်ကျန်ရစ်သူများအတွက် တစ်ခုတည်းသော ဘေးကင်းသောနေရာများဖြစ်ခဲ့သည်။ အရှေ့ဘက်အခြေစိုက်စခန်း ဖျက်ဆီးခံရကြောင်း အသက်ရှင်ကျန်ရစ်သူများ သိရှိလိုက်သည်နှင့် မည်သို့ဖြစ်သွားကြမလဲ....
 

တုန်လှုပ်ချောက်ချားမှုနှင့် ကြောက်ရွံ့မှုတို့က လူတိုင်း၏နှလုံးသား အောက်ခြေမှ လှိုက်ကာ စတင်လာသောအခါ အခြေစိုက်စခန်းတစ်ခုက ဘယ်လိုလုပ်ပြီး ဆက်လက် ရပ်တည်နိုင်တော့မလဲ။

  အခြေစိုက်စခန်းမှာ အခြေကျနေထိုင်တဲ့လူတွေက ဖိအားတွေကနေ ရုန်းထွက်ပြီး အန္တရာယ်ရှိတဲ့ တစ်ခုခုကို လုပ်ကြတာ ဖြစ်ကောင်းဖြစ်နိုင်သည်။  သို့သော် အခြေစိုက်စခန်းသည် အရှေ့ဘက်အခြေစိုက် စခန်း၏ ဆုံးရှုံးနိုင်ခြေနှင့် ဖုတ်ကောင်များဝိုင်းရံထားသည့် ကောလာဟလများကို လျစ်လျူရှုခဲ့သည်။

ရဟတ်ယာဉ်များက လူနေတိုက်တန်းများဆီသို့ ပျံသန်းနေသည်ကို မြင်တွေ့ပြီးနောက် ကောလဟာလများက တိတ်တဆိတ်စိုးရိမ်နေသူများကြား ပျံ့နှံ့သွားခဲ့သည်။ စစ်တပ်က သတင်းမကြေငြာခင်မှာ အရှေ့ဘက်အခြေစိုက်စခန်းကို ဖုတ်ကောင်တွေ ဖျက်ဆီးခဲ့တယ်ဆိုတာ လူတိုင်း သိသွားကြသည်။

လူအများအပြားသည် သူတို့၏သူငယ်ချင်းများနှင့် ဆွေမျိုးများကို အပြင်းအထန်ဆက်သွယ်လာကာ အခြေစိုက်စခန်းတွင်နေရန်နှင့် မစ်ရှင်များအတွက် စခန်းမှ ထွက်ခွာခြင်းမပြုရန် သတိပေးခဲ့သည်။ ပြင်ပရှိ သူငယ်ချင်းများနှင့် မိသားစုများရှိသူတွေက တယ်လီဖုန်းဆက်ရန် ကြိုးစားကြသည်။

ဖုန်းဆက်မရပါက မက်ဆေ့ခ်ျပို့ကြသည်။

တစ်စုံတစ်ယောက်သည် သူတို့၏အိမ်များကို လုယက်ရန်ကြိုးစားမည်ကို စိုးရိမ်သဖြင့် လူများက သူတို့၏ တံခါးများနှင့် ပြတင်းပေါက်များကို ပိုမိုခိုင်အောင် အားဖြည့်နေကြသည်။

လော်ရွှင့် နှင့် ယန်ဖေး တို့သည် နေ့ခင်းဘက် အိမ်ပြန်လမ်းတွင် ကျိုးနေသော သတ္တု ဘုတ်ပြား တစ်ခုအတွက် လမ်းဘေးတွင် လူအနည်းငယ် ရန်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ဖက်စလုံးက ဒေါသတွေဖြင့် မျက်နှာတွေ  နီရဲနေပြီး နောက်ဆုတ်ချင်စိတ် မရှိကြပေ။  သတ္တုပြားအနည်းငယ်အတွက် လူတွေက ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ ဆန္ဒရှိနေကြသည်။ ။

နောက်တနေ့မနက်မှာတော့ အရှေ့ဘက်အခြေစိုက်စခန်း ပျက်ဆီးသွားတဲ့သတင်းကို လူထုကြားထဲမှာ ပျံ့နှံ့သွားခဲ့သည်။  များမကြာမီတွင် အသက်ရှင်ကျန်ရစ်သူအချို့သည် ရဟတ်ယာဉ်အနည်းငယ်နှင့်အတူ ထရပ်ကားများဖြင့် ရောက်လာကြသည်။ ထို့နောက် အခြေစိုက်စခန်းဂိတ်တံခါးများမှ တဆင့် ကိုယ်ပိုင်ကားများ ဆက်တိုက်ဝင်ရောက်လာကာ သူတို့သည် အမှီအခိုကင်းသော အသက်ရှင်ကျန်ရစ်သူများဖြစ်သည်။ ခေါင်းဆောင်များနှင့် နည်းပညာ/ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းများအား စစ်ထရပ်ကားများနှင့် ရဟတ်ယာဉ်များပေါ်တွင် စေလွှတ်ခဲ့ကြသည်။

အနောက်တောင်အခြေစိုက်စခန်းသည် ဖုတ်ကောင်များက ထိုလူများနောက်သို့လိုက်နေပြီး သူတို့ နေထိုင်ရာ နေရာကို  အချိန်မရွေးရောက်လာနိုင်သည်ကို စိုးရိမ်နေသည်။

အရှေ့ဘက်အခြေစိုက်စခန်းမှ ထွက်ပြေးလွတ်မြောက်လာသူများနှင့် အနောက်တောင်အခြေစိုက်စခန်းက လူတွေက တွေ့ဆုံခဲ့သည်။ ဘယ်သူက စခန်းကနေ လွတ်မြောက်ခဲ့လဲ - အရှေ့ဘက်အခြေစိုက်စခန်း ဘယ်လိုပျက်စီးသွားလဲ စသဖြင့် အားလုံးက မေးမြန်းနေကြသည်။

အရှေ့ဘက်အခြေစိုက်စခန်းမှ အသက်ရှင်ကျန်ရစ်သည့်အဆင့်မြင့် အရာရှိများသည် ထိုမေးခွန်းကြောင့် အရှက်ကွဲပြီး ထိုမေးခွန်းတွေနှင့် ရုန်းရင်းဆန်ခတ်ဖြစ်နေသည်ကို မြင်တွေ့ရသောအခါတွင် သူတို့၏အမူအရာများမှာ ရုပ်ဆိုးလာသည်။

"အခုအချိန်အထိ ဒီကိစ္စကို ရှင်းရှင်းလင်းလင်း မရှင်းပြနို်င်သေးဘူး။ ပထမသတင်းအရ  ရုတ်တရက်  လမ်းတွေပေါ်မှာ ဖုတ်ကောင်တွေဖြစ်လာတဲ့ လူတွေက အခြားသူတွေကို သတ်ဖြတ်ပြီး အခြေစိုက်စခန်း တံခါးကိုလည်း ဖုတ်ကောင်တွေ ဝိုင်းပြီး တိုက်ခိုက်နေတယ်လို့ ဆိုကြတယ်။ဖုတ်ကောင်လှိုင်းလုံးကြောင့် စခန်းရဲ့ တံခါးတောင် မပိတ်နိုင်ခဲ့ကြဘူး!"

အနောက်တောင် အခြေစိုက် စခန်းမှ လူများ အံ့သြသွားကာ တစ်ယောက်က မေးလိုက်သည်။ "အခင်းဖြစ်နေရာမှာ လူတွေရှိနေခဲ့တာလား"

အရှေ့ဘက်အခြေစိုက် စခန်းခေါင်းဆောင်က စားပွဲကို ထုရိုက်လိုက်သည်။

"အခင်းဖြစ်နေရာမှာပဲ သေသွားပြီ။! ငါတို့သတင်းရတဲ့အခါ၊ ဖုတ်ကောင်တွေက ဌာနချုပ်ကို ရောက်နေပြီ။"

"ဒါပေမယ့် ဘာကြောင့်လဲလို့ မသိရင် ဒီမှာလည်းပဲ အရှေ့ဘက် စခန်းလို့  အနှေးနဲ့အမြန်ဆိုသလို ဖြစ်သွားလိမ့်မယ်၊ ဒါဆိုရင် အသက်ရှင်ကျန်ရစ်သူတွေက တခြားဘယ်ကို သွားရတော့မလဲ။ တိဗက်ကုန်းပြင်မြင့်ကို သွားချင်ရင်တောင် ဓာတ်ဆီအလုံအလောက်လိုသေးတယ်။ အသက်ရှင်လျက် ထွက်လာဖို့ဆိုတာ မပြောနဲ့တော့!" အနောက်တောင် အခြေစိုက် စခန်းခေါင်းဆောင်လည်း စားပွဲကို လက်နှင့်ပုတ်ကာ ပြောလိုက်သည်။

အဆင့်အရပြောလျှင် အရှေ့ဘက်အခြေစိုက်စခန်းရှိ ခေါင်းဆောင်များသည် အနောက်တောင် အခြေစိုက်စခန်းထက် ယေဘုယျအားဖြင့် မြင့်မားကြပြီး ကံကောင်းထောက်မစွာ နှစ်ဖက်စလုံးမှာ လုံးဝ ပြိုင်ဆိုင်မှု မရှိကြပေ။ ခေါင်းဆောင်နှစ်ဦးတို့သည် အသိအကျွမ်းများဖြစ်ကြပြီး ကမ္ဘာပျက်ကာလတွင် သတင်းဖလှယ်ခဲ့ကြသည်။

ဒါပေမယ့် အခု သူတို့နှစ်ယောက်မျက်နှာချင်းဆုံချိန် တစ်ဖက်ကို တစ်ဖက်က ဖိအားပေးချင်လာသည်။  အနောက်တောင် အခြေစိုက် ခေါင်းဆောင်များက အခုလို ဖြစ်ပျက်လာမည်ကို မကြောက်ဘဲ ဘယ်နေမလဲ။  

"အရှေ့ဘက်စခန်းက ဘယ်လိုဖြစ်ပြီး ခုလို ဖြစ်ကုန်တာလဲ။ သူတို့ရဲ့ လုပ်သားအင်အားက ငါတို့ထက် မနည်းပါဘူး။"

"အဲဒါက ဒေါသထွက်စရာပဲ!"

တခြားခေါင်းဆောင်တွေက အရှေ့ဘက်စခန်းက ခေါင်းဆောင်တွေက သူတို့ အနောက်တောင် နယ်မြေမှာ လာရောက်မှီခိုနေရပြီဆိုတာ သိလို့ ဒီလိုမျိုး မေးရဲတာဖြစ်သည်။

  ကမ္ဘာကြီးအဆုံးသတ်ပြီးနောက် ကမ္ဘာကြီးသည် ရှေးခေတ်စစ်ဘုရင်မျိုးနွယ်စုများကဲ့သို့ အုပ်စုများ ကွဲသွားခဲ့သည်။ အရင်ကတော့ အနောက်တောင်အခြေစိုက်စခန်းက အရှေ့ဘက်အခြေစိုက်စခန်းရဲ့ ညွှန်ကြားချက်ကို လိုက်နာရပေမယ့် အခုတော့ ရေထဲကျသွားတဲ့ ဖီးနစ်ဟာ ကြက်ထက် အားနည်းသည့် အတွက် အရှေ့ဘက်စခန်းက ခေါင်းဆောင်တွေက သူတို့ရဲ့ မာနကို မျိုချရုံသာရှိတော့သည်။
 
အစည်းအဝေးက ရလဒ်မထွက်ဘဲ နေ့တစ်ဝက်ကျော်ကြာအောင် ဆက်လက်ကျင်းပခဲ့သည်။ အနောက်တောင် အခြေစိုက် စခန်းမှ ဝန်ထမ်းများသည် အရှေ့ဘက် အခြေစိုက် စခန်းထံမှ သတင်း အချက်အလက် တစ်စုံတစ်ရာ ရှာမတွေ့ခဲ့ပေ။ သူတို့သည် အချက်လက်ရမှ အနာဂတ်တွင်  မတော်တဆမှုများကို ကာကွယ်ရန် ယခင်ကြိုတင်ပြင်ဆင်မှုများကိုသာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထိပ်တိုက်တွေ့မှု ဆယ်ရက်ပြည့်သွားသောအခါ အနောက်တောင်အခြေစိုက်စခန်းမှလူများသည် အရှေ့ဘက်အခြေစိုက်စခန်းမှနေထိုင်သူများအား ဖုတ်ကောင်ဖြစ်လာနိုင်မလားဟု  တွေးမိလာသည်။   အနီရောင်ဖြင့် အမှတ်အသားပြုထားသည့် ရလဒ်ကို ထိုခေါင်းဆောင်များရှေ့တွင် ထားရှိခဲ့သည်။

"ရေ... ရေထဲမှာ ဗိုင်းရပ်စ်တွေ ရုတ်တရက် တိုးလာတာလား။"
ခေါင်းဆောင်များသည် ငြိမ်သက်မနေဘဲ မျက်လုံးများ ပြူးကျယ်သွားကြသည်။

"ဘာဖြစ်ကုန်တာလဲ?"

"ရုတ်တရက်ကြီး ဘယ်လိုဖြစ်နေတာလဲ"

"ရေထဲမှာ တစ်ခုခုတွေ့ပြီလား"

စစ်ဆေးရေးတာဝန်ခံက ရှင်းပြခဲ့သည်။

 "ရေထုညစ်ညမ်းမှု ရုတ်တရက် တိုးလာတယ်၊ ပြဿနာကို တွေ့ပြီဆိုတာနဲ့ ရေကို ဖြတ်တောက်လိုက်ပြီ။ ဒါပေမယ့် အခု ပြသနာကို ဘယ်လိုဖြေရှင်းမလဲ။ ရေပြဿနာကို မြန်မြန်မဖြေရှင်းနိုင်ရင်၊ မသန့်ရှင်းတဲ့ သောက်ရေကိုသုံးပြီး အသက်ရှင်ကျန်ရစ်သူတွေ ရုတ်တရက် ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားမှာကို ကျွန်တော်စိုးရိမ်မိတယ်။"

"ရုတ်တရက် ဖုတ်ကောင်ဖြစ်သွားတာလား?!"

"အရှေ့အခြေစိုက်စခန်းက အဲ့လိုဖြစ်တာလား! အရှေ့အခြေစိုက်စခန်းတစ်ခုလုံးလား!"

လူများကို ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲသွားစေသည့် အစားအစာသန့်ရှင်းရေးပြဿနာများကြောင့် အနောက်တောင်အခြေစိုက်စခန်းသည် ရေထဲမှ ဗိုင်းရပ်စ် က်ငးရှင်းရေးကို  တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေခဲ့သည်။ သူတို့စခန်းမှာ မြို့ပြင်မှ ရေသယ်ယူသည့်  ပိုက်တစ်ခုသာ ရှိသည်။ ဘေးကင်းစေရန်အတွက် အခြေစိုက်စခန်းသည် ရေလှောင်ကန်တစ်ခုပြုလုပ်ထားပြီး စီးဆင်းနေသောရေများအားလုံးကို နှစ်ကြိမ်တိုင်တိုင် ပိုးသတ်ပြီး အနည်ကျစေကာ အခြေစိုက်စခန်းသို့ အမှန်တကယ်မပို့ခင်  စစ်ဆေးရမည်ဖြစ်သည်။

ဤနည်းလမ်းဖြင့် စီမံခန့်ခွဲမှုနှင့် စီမံဆောင်ရွက်မှု တိုးမြှင့်ခြင်းသည် မြို့တွင်းသို့ ရေထဲမှာ ဗိုင်းရပ်စ် ရောက်ရှိမှုကို လျော့နည်းစေသော်လည်း ရေရသည့် ပမာဏက များစွာ လျော့နည်းသွားသည်။

ယခုမူကား...

"ပြဿနာဖြေရှင်းဖို့ကို အဓိက ထားရမယ်ဆိုရင် မြို့တွင်းရေပေးဝေမှုကို အရင် ရပ်တန့်လိုက်။ အရန်ကန်တွေထဲမှာ ရေထည့်ဖို့ လက်ရှိ ရေသုံးစွဲသူအားလုံးကို ချက်ခြင်း စည်းရုံးပါ။"
ခေါင်းဆောင်တစ်ယောက်က အမိန့်ပေးခဲ့သည်။

နောက်လူတစ်ယောက်က  ထကာမေးခဲ့တယ်။

"ဖုတ်ကောင်မတိုက်ခိုက်ခင် မြို့ထဲမှာ အလားတူအခြေအနေရှိမရှိ အရှေ့ပိုင်းအခြေစိုက်စခန်းတွေက အသက်ရှင်ကျန်ရစ်သူကို သွားမေးမယ်။"

စုံစမ်းမှု၏ ရလဒ်မှာ စိုးရိမ်ဖွယ်ရာဖြစ်ပြီး အရှေ့ဘက်အခြေစိုက်စခန်းတွင် သောက်သုံးရေ သန့်စင်မှု မရှိသည့်အပြင် စိတ်ချရသည့် ရေသန့်စင်စက်များ ဖန်တီးရန် ကြိုးပမ်းမှု မလုပ်ဆောင်ခဲ့ပေ။ အနောက်တောင်အခြေစိုက်စခန်းက ဒီကိစ္စနဲ့ပတ်သက်ပြီး သူတို့ကို မေးပြီးနောက် သိခဲ့တာက  သူတို့ဘာမှ မလုပ်ခဲ့ဘူး!

  အနောက်တောင်စခန်းသို့ အသက်ရှင်လျက် ထွက်ပြေးကြသူများ။ အထူးရေပေးဝေသော ရေကို သောက်သော အထက်လူကြီးများသာ ဖြစ်သည် - ရေသန့်စင်ဆေးပြားများနှင့် ပိုးသတ်ပြီးနောက် ရေတွင် အနံ့အသက်ဆိုးများ ရှိနေတတ်သည်။ ဒါကြောင့် အဲဒီလူတွေက   တတ်နိုင်သမျှ ရေကို ရေစွမ်းအားရှင် တွေ က ထွက်လာတဲ့ ရေကို သောက်ကြတယ်။ ထို့ကြောင့် အရှေ့ဘက်အခြေစိုက်စခန်း၏ခေါင်းဆောင်တွေက ပြည်သူကြားက ဖြစ်နေသည့် သောက်သုံးရေပြဿနာကို မသိခဲ့ကြပေ။

အသက်ရှင်ကျန်ရစ်သူအနည်းငယ်သည် ဆေးပြားများထည့်ရန် သို့မဟုတ် သောက်ရေပေါင်းခံရန်  သတိထားသူများဖြစ်သည်။ ရေကို ပေါင်းခံကာ ပိုးသတ်သည့် အဆင့်များသည် ခက်ခဲလွန်းသည်၊ မည်သူက ရေကို သေချာစွာ သန့်စင်နိုင်မှာလဲ။ သာမန်မိသားစုက ခဏလောက်ရေကို ကြိုချက်ကာ သောက်သုံးကြသည်။  အကြိမ်ပေါင်းများစွာ ကြိုချက်ဖို့ဆိုတာ သာမန်လူတွေ မလုပ်နိုင်ကြပေ။  ဗိုင်းရပ်စ်ပါသည့်ရေက  အခြေစိုက်စခန်းထဲသို့ စီးဆင်းသွားပါက အကျိုးဆက်များသည် ကြောက်မက်ဖွယ်ကောင်းကုန်လိမ့်မည်။

အခု အရှေ့ပိုင်း အခြေစိုက်စခန်း ဖြစ်ပွားရတဲ့ အဓိက အကြောင်းရင်းကို ရှာတွေ့တော့ ပြဿနာက ကြောက်စရာ မရှိတော့ပေ။ ကြောက်စရာကောင်းတာက စခန်းအတွင်းအပြင် တစ်ချိန်တည်းမှာ ဖြစ်နေတဲ့ ပြဿနာပင်။

"မြန်မြန် တံခါးကို ပိတ်ချလိုက်။  သေသေချာချာ မစုံစမ်းဘဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပေးနဲ့။ အသက်ရှင်ကျန်ရစ်သူတွေကို နေရာမချထားမီ လူတိုင်း စစ်ဆေးမှု ခံယူရမယ် တစ်ကြိမ်ကို လူအရေအတွက် သတ်မှတ်ပြီးမှ ဝင်ခွင့်ပြုဖို့လိုတယ်"

အရှေ့ဘက်အခြေစိုက်စခန်းမှ အသက်ရှင်ကျန်ရစ်သူများကို မစစ်ဆေးပဲ စခန်းထဲ သွင်းခဲ့သည်ကို သတိရကာ အရေးတကြီး အမိန့်ထုတ်လိုက်သည်။ သူတို့ရဲ့ အခြေစိုက်စခန်းမှာ အလားတူဖြစ်ရပ်မျိုး ဖြစ်ခဲ့သေးတာပဲ။

သတင်းတွေ ပျံ့နှံ့ပြီးတာနဲ့ စစ်အုပ်ချုပ်ရေး အမိန့် ချမှတ်ခဲ့ကာ  မြို့ပြင်ကလူတွေက မြို့ပြင်မှာနေပြီး ဝင်ခွင့်မပြုမချင်း အပြင်မှ စောင့်ဆိုင်းရမည်။

မြို့တံခါးကို လုံးဝပိတ်သွားပြီ၊ ဝင်ပေါက်စည်းကမ်းကိုလည်း နည်းနည်းပြင်ဆင်ထားလိုက်သေးသည်။ မြို့ထဲကို  ဝင်ရောက်သူများသည် ဖုတ်ကောင်ဗိုင်းရပ်စ်မရှိကြောင်း သိနိုင်ရန် မြို့ထဲသို့မဝင်မီ တရားဝင်မှတ်ပုံတင်ခြင်း မပြုမီ စမ်းသပ်မှုများ ပြုလုပ်ရသည်။ စစ်ဆေးပြီးနောက် တံခါး ပွင့်လာခဲ့သည်။ မော်တော်ယဉ်စစ်ဆေးခြင်းများက ပိုမိုအသေးစိတ်လာသည်။

သတ္တုနံရံလုပ်နေသည့်အဖွဲ့သည် ယနေ့တွင် ပိုမိုနက်ရှိုင်းသော အုတ်မြစ်ကို အပြီးသတ်ခဲ့သည်။ သူတို့သည် စခန်းခြေရင်းကို လှည့်ပတ်စစ်ဆေးပြီး ဂိတ်ဆုံးကို  ပြန်သွားကြသည်။

အဝေးကနေ ဝင်ပေါက် တံခါးအတွင်းမှ ဆူညံသံများကြားရပြီး အုပ်စုဖွဲ့၍   အငြင်းပွားနေသည့် လူအချို့ကို ခပ်ဝါးဝါးမြင်လိုက်ရသည်။ ဂိတ်ဝမှာ စောင့်နေတဲ့ လူတချို့က စစ်တပ်နဲ့ ငြင်းခုံနေကြခြင်းဖြစ်သည်။

"ဘာဖြစ်တာလဲ?" လော်ရွှင့် က တိုးတိုးလေး  မေးကာ တစ်ချက်ကြည့်လိုက်သည်။

ကပ္ပတိန် ကောင်း က ပျင်းလို့ ဦးထုပ်ကို ချွတ်ကာ ပြောလိုက်သည်။
 "သွားကြည့်မယ် မင်းတို့ အလုပ်ဆက်လုပ်နေကြ၊ တံတိုင်းပြီးခါနီးပြီး!"  

 လော်ရွှင့် နှင့် ယန်ဖေး တို့သည် တိတ်တဆိတ် အကြည့်ချင်းဖလှယ်ကြသည်။ ယန်ဖေး သည် သူ့ဘေးနားရှိ သတ္တုတောင်ငယ်လေးကို ထိန်းချုပ်ကာ ဆက်လက်လုပ်ဆောင်နေသည်။

သိပ်မကြာခင်မှာပဲ ကပ္ပတိန်  ကောင်း ပြန်ရောက်လာတော့ အသင်းက အလုပ် ပြီးသွားလေပြီ။  အသင်းက ဝမ်းသာအားရအော်လိုက်ကြသည်။ - တံတိုင်းကြီးပြီးသွားပြီကွ......

ကပ္ပတိန် ကောင်း က လမ်းလျှောက်လာရင်း ရယ်မောလိုက်သည်။ "အားလုံးပြီးပြီလား?"

"ဟုတ်ကဲ့။ အချိန်က အရင်ကထက် ပိုမြန်တယ်။"

ရလဒ်များသည် လူတိုင်းမမြင်နိုင်သော မြေအောက်၌ရှိသော်လည်း အခြေစိုက်စခန်းအုတ်မြစ်ကို နက်ရှိုင်းစေရန်အတွက် ထိုနေရာကို ရှိသည့် သတ္တုကို အသုံးပြုကာ ခိုင်ခံအောင် လုပ်နေကြသည်။ ဒါပေမယ့် ဒါကအရင်က ပရောဂျက်ထက် အများကြီး ပိုမြန်တယ်။

"ဗိုလ်ကြီး၊ တံခါးမှာ ဘာဖြစ်နေတာလဲ" စစ်သားတစ်ယောက်က မေးလိုက်တယ်။

"ဟိုမှာလား....? အရေးပေါ်လုံခြုံရေးဥပဒေသစ်ကို ပြဌာန်းလိုက်လို့ အငြင်းပွားနေတာ"

ကပ္ပတိန် ကောင်း၏ စကားက အားလုံးကို ငြိမ်သက်သွားစေသည်။   

"အရေးပေါ်လုံခြုံရေးဥပဒေလား? ဘာဖြစ်တာလဲ?!" အားလုံးက အံ့သြပြီး အပြေးအလွှားမေးကြတယ်။

"ဘာတွေဖြစ်နေလဲဆိုတာ ငါလည်း ရှင်းရှင်းလင်းလင်းမသိရဘူး၊ ဂိတ်တွေနဲ့ ရေပေးဝေတာကို ယာယီပိတ်ထားတယ်။ စခန်းထဲ ဝင်လာသူတိုင်းကို စစ်ဆေးရမယ်တဲ့။ စခန်းဝင်ခွင့်ကို တစ်ခါကို သတ်မှတ်ပမာဏပဲ ဝင်ခွင့်ပြုမယ်တဲ့  "

လူတွေက တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ရင်တွေ တဆတ်ဆတ် တုန်လာသည်။ သူတို့အားလုံး   ဖြစ်နိုင်ခြေကို တွေးခဲ့ကြသည်- အရှေ့ဘက်အခြေစိုက်စခန်းမှ အကျပ်အတည်းက သူတို့ရဲ့ အနောက်တောင်ဘက်စခန်းမှာ ထပ်ဖြစ်လာပြီ....


အလုပ်ပြီးသွားပေမယ့် စခန်းကို စောစောပြန်ဖို့ ဘယ်သူက သတိမထားမိတဲ့အတွက် ကပ္ပတိန်  ကောင်း က လူတိုင်းကို အိမ်ပြန်လို့ရတယ်လို့ ပြောခဲ့သည်။

လင်မယားနှစ်ယောက်က တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်သည်။ ကပ္ပတိန်ကောင်းက ပြောလိုက်သည်။
 "အခြေစိုက်စခန်းက အရေးပေါ်အနေရှိရင် စခန်းကပေးတဲ့ လက်ကိုင်ဖုန်းကနေ ငါ  မင်းကို ဆက်သွယ်လိုက်မယ်။"

နှစ်ယောက်သား ခေါင်းတညိတ်ညိတ်နဲ့ နှုတ်ဆက်ပြီး ကားပေါ်ပြန်တက်လာကြသည်။ လော်ရွှင့် က လီထယ် ကိုလည်း မက်ဆေ့ချ်ပို့လိုက်သည်။ စခန်းအဝင်ထွက် ပိတ်ထားသော တံခါးများနှင့် ယာယီရေပြတ်လပ်မှုအကြောင်း အခြားသူများ မကြာမီ သိကုန်ကြသည်။  သို့သော် သူတို့သည် အချက်အလက်အသေးစိတ်များ ပိုမိုလိုအပ်သော်လည်း အနောက်တောင်အခြေစိုက်စခန်းတွင် အရေးကြီးအဖြစ်အပျက်တစ်ခု ဖြစ်နိုင်ကြောင်း သူတို့၏ အရာရှိများက ထုတ်ဖော်ပြောကြားခဲ့သည်။

အခြားအသေးစိတ်အချက်များမရှိဘဲ လင်မယားနှစ်ယောက်လုံး အိမ်ပြန်လာရသည်။  ရွှီမိန် နှင့် စုန့်လင်းလင်း တို့ကို လမ်းဘေးတွင် တွေ့လိုက်ရသည်။

 "အခုလေးတင် အသံလွှင့်ရုံက ရေပေးဝေမှု ပြဿနာရှိနေတယ်လို့ ပြောနေတယ်။ ရေစွမ်းအားရှင်တွေက  အရေးပေါ်ရေပေးဝေနိုင်ဖို့ အခြေစိုက်စခန်းက ရေစွမ်းအားရှင်ကို စုဆောင်းနေတယ်"

လော်ရွှင့် သည် ခေါင်းကို ခါယမ်းနေသော စုန့်လင်းလင်း ကို ကြည့်လိုက်သည်။

"လူတွေကို ဂရုစိုက်ဖို့ ရေအများကြီး ထုတ်ပေးဖို့ ကျွန်မ အဆင်သင့်မဖြစ်သေးဘူး... ကျွန်မမှာ လုံလောက်တဲ့ စိတ်ဓာတ်ခွန်အားမရှိဘူး"

လောလောဆယ်တွင် သူတို့နေထိုင်သည့် ့ 16လွှာ အထပ်နှစ်ထပ်သည် လော်ရွှင့် ၏ ရေသန့်စင်ရေးကိရိယာများက ထွက်ရှိသည့်ရေကို အသုံးပြုနေပြီး ကျန်အထပ်များမှာ ရေသန့်ပြုလုပ်ရန် စုန့်လင်းလင်း ကို အားကိုးနေရသည်။ အခြေစိုက်စခန်းကပေးတဲ့ရေတွေ လျော့နည်းလာတာ  ကြာပါပြီ။ ယခုအချိန်တွင် ရေပေးဝေမှုကို အသုံးမပြုနိုင်တော့ဘဲ စုန့်လင်းလင်း ၏ စွမ်းရည်များကိုသာ အားကိုးနိုင်တော့သည်။

လော်ရွှင့် သည် ကမ္ဘာပျက်ကပ်ကြီးတွင်  ရံဖန်ရံခါ ရေနှင့် ဓာတ်အား ပြတ်တောက်မည်ကို သိသည်။ သူ့အတိတ်ဘဝက အခုအခြေအနေထက် ပိုဆိုးသေးသည်။  ပြဿနာတွေက ရက်အနည်းငယ်ကြာနိုင်သည်။  ဒီလိုမှမဟုတ်ရင် ကမ္ဘာပျက်ကပ် မစခင်မှာ ရေဖြည့်ဖို့ ပုလင်းတွေ၊ အိုးတွေ အများကြီး ပြင်ဆင်ထားမှာ မဟုတ်ဘူး။

ဒါပေမယ့် သူ့အိမ်မှာ ကြီးထွားနေတဲ့ စိုက်ပျိုးခင်း ဧရိယာနဲ့ ရေသိုလှောင်မှုဟာ   ညီမျှခြင်း မရှိတော့ပေ။ ၊

"လူတိုင်းကို တတ်နိုင်သလောက် သောက်သုံးရေ ချွေတာကြစို့။ အိမ်မှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေမှာ ရေလုံလုံလောက်လောက် ရှိဖို့ လိုအပ်တယ်။ ရေဒီယိုနားထောင်ပြီး အပြင်ထွက်တဲ့အခါ သတိထားကြ။" လော်ရွှင့် က အမိန့်ပေးလိုက်သည်။

ဖုတ်ကောင်တွေက သူတို့စခန်းကို လာရောက် တိုက်ခိုက်ဖို့ နှစ်ရက်ပဲ လိုတော့သည်။

ဩဂုတ်လနှောင်းပိုင်းတွင် ကောင်းကင်ကြီးက ရုတ်တရက်  မှောင်သွားခဲ့သည်။ နေဝင်ရီတရောအချိန်တွင် ကင်းမျှော်စင်ရှိ စစ်သားများသည် အဝင်ထွက် ဧရိယာကို ဂရုတစိုက်ကြည့်ရှုနေကြသည်။ လုံခြုံရေးအရ အခြေစိုက်စခန်းအနီးရှိ အဆောက်အအုံအချို့ကို ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ မြို့အနီးရှိ မြေအချို့ကို လယ်ယာမြေအဖြစ် ပြန်လည်ဖွဲ့စည်းထားသည်။

အခြေစိုက်စခန်းပြင်ပတွင် ကောက်ပဲသီးနှံများ မျိုးပွားမှုနှုန်း မြင့်မားသော်လည်း ပြည်သူကို ထောက်ပံ့ရန် အခြေစိုက်စခန်းမြေများ လုံလောက်မှု မရှိပေ။ ဖုတ်ကောင်များသည် လယ်ကွင်းများတဝိုက်တွင် ပေါ်လာနိုင်သော်လည်း၊ ဗီဇပြောင်းလဲထားသောအစားအစာသည် မည်သည့်အရာထက်မဆို ပိုကောင်းသည်။

ဟုတ်တာပေါ့.... ဘေးကင်းရေးအကြောင်းပြချက်ကြောင့် ဖုတ်ကောင်တွေ ဖြတ်သွားနိုင်တဲ့ အခွင့်အလမ်းနည်းပါးတဲ့ မြေနေရာကို ရွေးချယ်ကာ စိုက်ပျိုးမြေ လုပ်ထားကြသည်။

"အဲဒါက ဘာလဲ" စစ်သားတစ်ယောက်က လမ်းပေါ်ရှိ လူအများအပြားကို ရုတ်တရက် ညွှန်ပြသည်။

အခြားလူက အဝေးကြည့်မှန်ပြောင်းကို အမြန်ဆွဲတင်လိုက်သည်။

 "ဦးထုပ်ဆောင်းထားတော့ မရှင်းဘူး... ခဏနေဦး...အဲ့လူက ထူးဆန်းတဲ့ပုံနဲ့ လမ်းလျှောက်နေတယ်!"

****-*****

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now