Chapter (26-3) –အနာဂါတ် လောင်ကုန်းနှင့်အတူ နှစ်သစ်ကူးကို ဖြတ်သန်းခြင်း
"ဒါနဲ့....စကားမစပ် မင်းကို ခုနက ဘယ်သူလာရှာတာလဲ"
"အိုး၊ အဲဒါက တက္ကသိုလ်ကျောင်းသားတချို့နဲ့ သူတို့ကို ဒီနေရာကို နေရာချပေးလိုက်တဲ့ အရာရှိတင်းပါ "
သူတို့က အခန်းထဲ မဝင်ဘဲ 1601 နှင့် မျက်နှာချင်းဆိုင် အခန်းထဲသို့ တခါတည်း သွားလိုက်သဖြင့် ယန်ဖေးက ့ဘာဖြစ်နေသည်ကို မသိခဲ့ပေ။
"ရိက္ခာတွေ စုဆောင်းဖို့ ဘေးကင်းတဲ့နေရာကို ထွက်ခွာတာကို နှစ်သစ်ကူးပြီးတဲ့အထိ စောင့်ဖို့ အရာရှိက ပြောတယ်။"
ထို့ကြောင့် လောရွှင့် သည် အချိန်ပိုရခဲ့ပြီး ယနေ့တွင် ဖက်ထုပ်များ ထပ်မံပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။
"ဘေးကင်းဇုန်ထဲမှာလား...!?" ယန်ဖေး ၏ နှလုံးသားသည် တင်းကျပ်လာသည်။ "ဘာပစ္စည်းတွေ စုဆောင်းထားလဲ"
"ဘေးကင်းဇုန်မှာ ထောက်ပံ့ရေးနည်းနည်းပဲရှိတော့ အကုန်လုံး ပြတ်လပ်နေတယ်။ တကယ်တော့ စစ်တပ်ထဲမှာ လူအင်အား သိပ်မများပါဘူး။ သေသွားတဲ့လူတွေကို မြှုပ်နှံဖို့အတွက် ဝန်ထမ်း လုံလောက်မှု မရှိဘူး။ နှစ်သစ်ကူးပြီးရင် အိမ်ငှားခတွေ ကောက်တော့မယ်တဲ့။ ဘေးကင်းတဲ့ ဇုန်ထဲမှာ အရင်းအမြစ် ချို့တဲ့လို့ ဒေသခံတွေက အရင်က သူတို့ စုဆောင်းထားတဲ့ မစ္စည်းတွေကို အမှတ်တွေနဲ့ ပြန်လဲလှယ်ဖို့ လုပ်နေကြတယ်။"
လောရွှင့် က တိတ်တဆိတ် ရှင်းပြသည်။
လက်ရှိအခြေခံ လဲလှယ်ရေးတွင် စခန်းက ထုတ်ပေးတဲ့ အမှတ်နဲ့ လဲလှယ်ရေးစနစ်တစ်ခုရဲ့ ကနဦး အခြေနေုဖြစ်လို့ ပြီးပြည့်စုံမှုမရှိပါ။ သို့သော်လည်း အခြေခံစနစ်သည် အနည်းဆုံး ဖူလုံနိုင်လောက်သည့်အထိ အချိန်အကြာကြီး အသုံးပြုရသည့် အခြေခံစနစ်ဖြစ်လိမ့်မည်။ အမှတ်စုဆောင်းစရာ ဘာမှမရှိတော့တာနဲ့ နှေးကွေးသွားမယ်ဆိုရင် ပိုမှန်လိမ့်မယ်။
ယန်ဖေး ပါးစပ် မဖွင့်မချင်း မီးဖိုခန်းသည် ခဏမျှ တိတ်ဆိတ်သွားသည်။
"ငါ မင်းနဲ့လိုက်ခဲ့မယ်။"
"မလိုဘူး။" လောရွှင့် က မော့မကြည့်လို့ ယန်ဖေး၏ ဒေါသထွက်နေသော အမူအရာကို မတွေ့လိုက်ရပေ။
"စတုထ္ထမြောက်နေ့ကို အပြင်ထွက်ဖို့ ကျနော်တို့ သတ်မှတ်ခဲ့ပြီးပြီ။ ခင်ဗျားရဲ့ဒဏ်ရာက အပြည့်အဝ မသက်သာသေးဘူး။ ကျွန်တော်တို့က ဒေသခံဆရာဝန်နဲ့ စကားပြောကြည့်တော့ ခင်ဗျား မြန်မြန်ပြန်ကောင်းလာပေမယ့် အနည်းဆုံး တစ်လလောက် အနားယူတာက အကောင်းဆုံးပါပဲ... ခင်ဗျား ဘာဖြစ်နေတာလဲ"
လောရွှင့် သည် တံခါးဝကို ကြည့်လိုက်သောအခါ ပြောလက်စက စကားက တစ်ဝက်တစ်ပျက် နှင့် ရပ်သွားခဲ့သည်။
ယန်ဖေး၏ ချောမောသော မျက်နှာသည် မှောင်မိုက်သော လေထုနှင့် အန္တရာယ်ရှိသော အရိပ်ယောင်များက မျက်လုံးတွေထဲမှာ တောက်လောင်နေသည်ကို တွေ့လိုက်ရသည်။ အမျိုးသမီး အများအပြားသည် ထိုမြင်ကွင်းကို မြင်လျှင် အံ့အားသင့်သွားကြလိမ့် မည်။
"ငါက ဒီလောက် သိမ်မွေ့နေတာ မဟုတ်ဘူး"
တစ်ချက်ထိရုံနဲ့ ကြေကွဲသွားစေနိုင်သလို သူက အိမ်မှာ တစ်နေ့လုံးနေဖို့ မလိုအပ်ပါဘူး။
"...ကျွန်တော်....။"
လောရွှင့် သည် သူ့စကားများက ယန်ဖေးကို စော်ကားရာကျသွားသည်ကို သတိပြုမိလာသည်။ သုံးစက္ကန့်လောက် ခေတ္တရပ်လိုက်ပြီး လောရွှင့် က ကမန်းကတန်း ရှင်းပြသည်။
"ခင်ဗျား အပြည့်အဝ ပြန်ကောင်းလာပါပြီ၊ ဒါပေမယ့် အခု ခရီးတိုလေးအတွက် စွန့်စားဖို့ မလိုပါဘူး။ ငါတို့သွားမယ့်နေရာရဲ့ မြောက်ဘက်မှာရှိတဲ့ ပစ္စည်းအများကြီးရှိတဲ့ ဈေးတစ်ခုကို ကျွန်တော် ကောင်းကောင်းသိတယ်။ ကမ္ဘာပျက်ကပ်ရဲ့ပထမနေ့မှာ ကျွန်တော်အဲဒီကိုသွားခဲ့ပြီးပြီ။ ဖုတ်ကောင်တွေကိုမတွေ့ခဲ့ပါဘူး။ အဲ့ဒီနေရာကို တပ်မတော်မှ ရှင်းလင်းထားပြီးဖြစ်လို့် အန္တရာယ်အနည်းငယ်ပဲ ရှိတယ်ဆိုတာ အရာရှိတင်းက ပြောခဲ့တယ်။ ကျွန်တော်တို့က အိမ်ကို မွမ်းမံဖို့ လိုအပ်တဲ့ပစ္စည်းတွေယူဖို့ သွားလိုက်ဦးမယ်..."
"ဘာယူမှာလဲ။ ဘာလို့ အဲဒီကို သွားရမှာလဲ။"
ယန်ဖေးသည် လော်ရွှင့်၏ စကားကို နားထောင်ပြီး ရှင်းရှင်းလင်းလင်း မရှင်းပြရသေးသော အဓိကအချက်များကို ထောက်ပြခဲ့သည်။
လော်ရွှင်က သူ့ဖက်ထုပ်ထုပ်နေတာကို ရပ်လိုက်ပြီး ပြုံးလိုက်သည်။
"ကျွန်တော်က ဆိုလာနဲ့ လျှပ်စစ်ထုတ်တဲ့ စက်ကို သုံးနေတာကြောင့် သူတို့ ကျွန်တော့်ဆီရောက်လာတယ်။
"ဘာ...?"
"လသာဆောင်ပြတင်းပေါက်မှာ အပြင်ဘက်မှာ အပြားတချို့ရှိတယ်မဟုတ်လား။ အဲ့ဒါတွေက နေရောင်ခြည်ကို စုပ်ယူပြီး လျှပ်စစ်အဖြစ်သို့ ပြောင်းလဲဖို့အတွက် ကျွန်တော်ကိုယ်တိုင် ဝယ်ပြီးတပ်ဆင်ထားခဲ့တာပဲ။ စစ်တပ်က တပ်ဖွဲ့ဝင်တချို့က စက်ကိရိယာတွေအကြောင်း သိပေမယ့် စက်ပြင်နည်းကို မသိလို့ လာမေးကြတယ်။"
လော်ရွှင်က သူ့ကို သံသယမဖြစ်လောက်ဘူးလို့ ထင်ထားပေမယ့် သူက ဆိုလာပြားကို သုံးနေတာကို စစ်တပ်က သတိထားမိခဲ့တယ်။ ကံကောင်းပြီး သူက အကြောင်းပြချက်ကောင်းပေးနိုင်ခဲ့တယ်။ကမ္ဘာပျက်ကပ်ဖြစ်တန်စွမ်း သီအိုရီနှင့် ကြိုတင်ပြင်ဆင်နည်းများ ကို ယုံကြည်သူဖြစ်လို့ အခုလို ကြိုတင်ပြင်ဆင်ထားပါတယ်လို့ ပြောလိုက်တယ်။
လာမည့် ဘေးဥပဒ်အတွက် ကြိုတင်ပြင်ဆင်ရန် လွန်ခဲ့သည့်နှစ်များက ကျေးလက်နေမိတ်ဆွေအချို့က စက်ပစ္စည်းအစုံဝယ်တဲ့အချိန် သူလည်း လိုက်ဝယ်ခဲ့သည်ဟု ဖြေခဲ့သည်။ နောက်ပိုင်းမှာ ထိုခရိုင်မှာ ဓာတ်အားပြတ်တောက်သွားကြောင်း တွေ့ရှိတဲ့အခါ ပြတင်းပေါက်တွေမှာ ဆိုလာ ပြားတွေကို တပ်ဆင်ဖို့ ကြိုးစားခဲ့ကြောင်းဖြေကြားခဲ့လို့ အရာရှိတင်းက သံသယမဝင်တော့ပေ။
မဟုတ်ပါက၊ မြို့ပြတွင်နေထိုင်သော်လည်း ထိုသို့သောပစ္စည်းများကို သူ့ကိုယ်ပိုင် တပ်ဆင်ထားရှိခြင်းကို ရှင်းပြရန် ခက်ခဲပေလိမ့်မည်။ ပို၍ကံကောင်းသည်မှာ သူသည် ပြတင်းပေါက်နေရာအားလုံးကို ဆိုလာပြားများဖြင့် မဖြည့်နိုင်ခဲ့ပေ။ လူတွေက ဒါတွေကိုသာ မြင်ရင် မြို့ပြမှာနေပါလျက်နှင့် ဘာကြောင့် ဆိုလာပြားတွေ အများကြီးလိုသလဲလို့မေးလာလျှင် ခက်လိမ့်မည်။
ဆိုလာပြားများကို အထပ်မြင့်အဆောက်ဦး၏ပြတင်းပေါက်မှာတပ်ဆင်ထားကြောင်း ကြားသိရတော့ ယန်ဖေး ၏မျက်ခုံးများ ပင့်သွားခဲ့သည်။ အိမ်မှာရှိတဲ့ ပစ္စည်း မျိုးစုံ၊ အပို ရေလှောင်ကန်များ... မီးဖိုချောင်ကောင်တာရှိ ရေကိုပေါင်းခံသည့် ကိရိယာအစုံရှိနေကြောင်း တွေ့လိုက်ရသည်။
သူ... သူ့မှာ အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းအားရှိနေတာလား။ ကြိုတင်ပြင်ဆင်ထားရသည့် အကြောင်းရင်းက ကြိုသိနေလို့ ဖြစ်နိုင်ပါသလား။
ယ်နဖေး ၏ ဦးနှောက်သည် ထူးဆန်းသော အကြောင်းရာကို တွေးမိပေမယ့် ပုံမှန်ပြန်ဖြစ်ရန် အချိန်အတော်ကြာခဲ့သည်။ အဓိကအချက်ကို သူ ထောက်ပြသည်။
"နေရောင်ခြည်စွမ်းအင်သုံး ဆိုလာစနစ်လား...ဒီခရိုင်မှာ လောလောဆယ် လျှပ်စစ်ဓာတ်အားမရှိဘူးလား"
"ဟင့်အင်း၊ တစ်လလောက်ကြာတော့ လျှပ်စစ်ပေးတာ ရပ်လိုက်ပြီ။"
လော်ရွှင့် က ခေါင်းညိတ်လိုက်ပြီး၊ ပိုကောင်းတဲ့ ဖက်ထုပ်ထုပ်တွေက ကို ဆက်လက်ထုပ်နေသည်။
"ကဲ အနားယူကြရအောင်၊ နှစ်သစ်ကူး ပြီးရင် ဒါကို ဆက်ဆွေးနွေးကြမယ်"
ယန်ဖေး သည် အိမ်ရှင်မကဲ့သို့ အိမ်တွင် နေထိုင်စဉ် လော်ရွှင့် က အပြင်မထွက်ချင်သေးပေ။ ယန်ဖေးက သူ့ကို အိမ်ထဲတွင် သော့ခတ်ထားသော ကြွေရုပ်ကဲ့သို့ ဆက်ဆံခြင်းအတွက် မခံမရပ်နိုင်ဖြစ်နေမလားဆိုတာကို လော်ရွှင့် စိတ်ပူနေသည်။
စွမ်းရည်ရှိခြင်းသည့် ယန်ဖေးတစ်ယောက်ရဲ့ ဘေးကင်းလုံခြုံမှုက လော်ရွှင့် အတွက် ပိုအရေးကြီးသည်။ ဒါမှ နောင်မှာ သူလိုအပ်သည့် လက်နက်အတွက် ယန်ဖေးကို မှီခိုလို့ရမယ် မဟုတ်လား။
လော်ရွှင့် က ယန်ဖေး ထွက်သွားသည့် တံခါးဘက်ကို ယောင်ချာချာ တစ်ချက်ကြည့်လိုက်သည်။
သူ့ ဖက်ထုပ်တွေက အပေါ်လွှွာက ပါးလွှာပြီး အဆာတွေက အများကြီးထည့်ထားသည်။ လော်ရွှင့် နှင့် ယန်ဖေးတို့က အိမ်လုပ် ဖက်ထုပ်တွေ မစားရတာ အချိန်အတော်ကြာခဲ့ပါပြီ။ နှစ်ယောက်သား သဘောကျစွာဖြင့် သူတို့ ပုံရိပ်ကို ဂရုမစိုက်နိုင်တော့ပဲ တူတွေကို အမြန်လှုပ်ရှားကာပါးစပ်ထဲ တစ်ရစပ် သွပ်ထည့်ကြတော့သည်။
ခွေးကလေး၏ပန်းကန်တွင် ဝက်သားအစာသွပ်ထားသော အအေးခံထားသော ဖက်ထုပ်နှစ်ခုရှိသည်။ သူမသည် လူ့အစာအကြောင်း သိချင်သော်လည်း မစားချင်ပေ။ ထိုအစား သူမသည် ဖက်ထုပ်တွေကို ကိုက်ကာ ကစားပြီး အရသာခံရန် ရံဖန်ရံခါ လျှာဖြင့် လျက်လိုက် သည်။
**********-************
ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies