Chapter (33) -ယာယီအဖွဲ့ ဖွဲ့စည်းပြီး မြန်မြန်ဆန်ဆန် မြို့ပြင်ထွက်ခြင်း
လော်ရွှင့် သည် သူ၏ယခင်ဝတ်စုံ- ခမောက်၊ မိုးကာဖိနပ်နှင့် မျက်နှာဖုံးတို့ကို ဝတ်ထားသည်။ လော်ရွှင့် ထံတွင် မုးကာအင်္ကျီ အပို အနည်းငယ် ရှိသောကြောင့် သူ့ထက် အရပ် ခေါင်းတစ်လုံးစာမြင့်သည့်တိုင် ရန်ဖေးအတွက် ဖိနပ်မှလွဲ၍ တူညီသည့်ဝတ်စုံကို ပြင်ဆင်ထားသည်။
လော်ရွှင့် သည် ဆောင်းရာသီအဝတ်အစား အကြီးကြီးအချို့ကို တမင်တကာ ဝယ်ထားတာရှိလို့ ယန်ဖေးကို ထိုအဝတ်စားဝတ်ရန် ပေးခဲ့သည်။ ကံမကောင်းစွာပဲ ယခုရာသီဥတုက အေးလွန်းသဖြင့် အနွေးထည်မပါ အပြင်ထွက်သွားလျှင် သူ အေးခဲသွားလိမ့်မည်။ ထို့ကြောင့် သူက လော်ရွှင့် ၏ အင်္ကျီကို ငှားကာ ကားပေါ်ကို တက်လာသည့်အခါ ဦးထုပ်ဆောင်းထားသည့်အပြင် မျက်နှာဖုံးတပ်လည်း တပ်ထားသည်။
ဟော်ချန်ခွန်း နှင့် အခြားသူများ၏ ဝတ်စားဆင်ယင်မှုပုံစံမှာလည်း ထူးမခြားနားပေ။ ဦးခေါင်းကို ကာကွယ်ဖို့ လုပ်ထားသလို တကိုယ်လုံးကိုလည်း လုံလုံခြုံခြုံအဝတ်အစား အနည်းငယ်ထပ် ဝတ်ထားသည်။ သူတို့ရဲ့ဦးခေါင်းကို ဘယ်ကရထားမှန်းမသိသည့် ပဝါတွေနဲ့ အကြိမ်ကြိမ် ပတ်ထားသည်။
တစ်ချို့က အပြင်သွားတဲ့အခါ ရရာ ယူလာသည့် ရောင်စုံပဝါအကုန်ကို စုပြီး ဦးခေါင်းကို ရစ်ပတ်ထားကြသည်။ လူငါးယောက်ပါတဲ့ သောင်းပြောင်းထွေလာအဖွဲ့ကို ကြည့်လိုက်ပြီး လော်ရွှင့် က မျက်နှာမပျက်အောင် သူတို့ကို စွန့်ပစ်ချင်စိတ်ပေါ်လာမိသည်။ ဒါပေမယ့် အခြားတွေ့မယ့် လူစိမ်းတွေက ဘယ်လိုတောင် မထင်မှတ်ထားတဲ့ ညံ့ဖျင်းမှုတွေရှိနေမလဲဆိုတာ တွေးမိပြီး သူ့အိမ်နီးနားချင်းတွေကို မစွန့်ပစ်နိုင်တော့ပေ။
လူတွေပေါ်ကို ကြင်နာသင့်တယ်၊ အစကတည်းက အရည်အချင်းနည်းတဲ့သူတွေကို မထီမဲ့မြင်မပြုသင့်ဘူးလေ။
လော်ရွှင့် နဲ့ယန်ဖေးက ကား ရှေ့တွင်ထိုင်ပြီး ကျန်ငါးယောက်က နောက်ခန်းတွင် ကျပ်ညှပ်စွာ ထိုင်နေကြသည်။ သူတို့ ဘယ်ကိုသွားရမလဲ၊ ပြန်လာပြီးရင် ဘာလုပ်ရမလဲ စသဖြင့် ဆွေးနွေးနေကြတယ်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies