Chapter (57) - ကိုယ့်လူကို ကာကွယ်ခြင်း

4.5K 771 35
                                    

Chapter (57) - ကိုယ့်လူကို ကာကွယ်ခြင်း


"....သူက ရူးနေတာပဲ။"

ယန်ဖေး သည် ဒီထူးထူးဆန်းဆန်းအခြေအနေကို တစ်ခါမှမကြုံဖူးသောကြောင့် လော်ရွှင့်ကို ဘယ်ကနေစပြီး ဘယ်လို ရှင်းပြရမည်ကို မသိခဲ့ပေ။ တခြားလူနဲ့ မရှင်းမလင်း ဆက်ဆံရေးရှိသလို ဖြစ်သွားတဲ့ အမျိုးသားတစ်ယောက်အနေဖြင့်... သူ့ဦးနှောက်ဆဲလ်တွေ သေလုမြောပါး ညစ်ထုတ်ကာ ရှင်းပြဖို့ စဉ်းစားနေသည်။

လော်ရွှင့် က စကားတစ်ခွန်းမှ မပြောဘဲ ရုတ်တရက် သူ့ရင်ခွင်ကို မှီကာ ခါးကို ဖက်ထားသည်။ ခဏအကြာတွင် ယန်ဖေး ၏ရင်ဘတ်ထဲမှာ မျက်နှာဝှက်ထားရင်း ထိတ်လန့်တကြားလေး ပြောလိုက်သည်။

"ခင်ဗျားက ကျွန်တော့်ရဲ့အပိုင် ဟုတ်တယ်မလား"

"အတိအကျပဲ..ကိုယ်က မင်းရဲ့အပိုင်ပါ!"

ယန်ဖေး သည် ကျန်းရီနဲ့ သူ ဘာကြောင့် အဲ့လောက် နီးနီးကပ်ကပ် ပူးကပ်နေသလဲဆိုတာ အမေးမခံရလို့ စိတ်သက်သာရာရသွားပြီး လော်ရွှင့်ရဲ့ အမေးကို အမြန် ဖြေလိုက်ပြီး ဒုတိယထပ်အိပ်ခန်းသို့ တခါတည်း ဆွဲခေါ်သွား လိုက်သည်။

လော်ရွှင့် က နောက်ကလိုက်သွားပြီး ခုန်ပေါက်လာတဲ့ Puppy ကိုတောင် လျစ်လျူရှုခဲ့တယ်။ နှစ်ဦးသားအိပ်ခန်းထဲဝင်သွားပြီးနောက် ယန်ဖေး သည် ကုတင်ပေါ်ကို တွန်းလှဲကာ ထိုကောင်လေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်လ လိုက်သည်။ လော်ရွှင့် သည် ရှုပ်ထွေးသောအမူအရာဖြင့် သူ့ကို မော့ ကြည့်လိုက်သည်။

"တံခါးဖွင့်လိုက်တာနဲ့ ခင်ဗျားတို့နှစ်ယောက် အတူတူ..."

ယန်ဖေး က ချက်ချင်း သူ့ရဲ့ရိုးသားဖြူစင်မှုကို ကျိန်ဆိုရန် လက်ကို မြှောက်လိုက်သည်။

"သူက ကိုယ့်နားကို တိုးကပ်လာတာပါ... ဒီကောင်က နည်းနည်းတော့ ရူးနေတာ သိတယ် မလား"

ကျန်းရီ သည် တစ်ခါတရံ လူလူသူသူ ဘယ်လိုလုပ်ရမယ်ဆိုတာ မသိပဲ ရုတ်တရက် စိတ်ရူးပေါက်သွားသလို ရုတ်တရက် ဘယ်လိုဖြစ်ပြီး ဟော်မုန်းတွေကြွ ပြီး စိတ်တွေ ထကြွလာတယ်ဆိုတာ ယန်ဖေး နားမလည်နိုင်ခဲ့ပေ။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Donde viven las historias. Descúbrelo ahora