Chapter (106) - အရှေ့ဘက် အခြေစိုက်စခန်း
"မှိုဖျော်ရည်ကို လောင်းထည့်လိုက်ပါ။ ပြတင်းပေါက်နားမှ ကပ်မနေကြနဲ့..."
လော်ရွှင့် သည် စုန့်လင်းလင်း ၏ သတင်းပို့စကားကို ကြားပြီးနောက် ချက်ချင်းပင် အမိန့်ပေးလိုက်သည်။
ယန်ဖေး က မှိုပျော်ရည်ထည့်ထားသော သတ္တုပိုက်လိုင်းကို အသုံးပြု၍ မှိုဖျော်ရည်စည်တစ်ခုလုံးကို ကတုတ်ကျင်းထဲသို့ လောင်းထည့်လိုက်သည်။
အပြင်ဘက်မှ ဖုတ်ကောင်ကြွက်များ၏ အော်ဟစ်သံများ ကျယ်လောင်လာကာ အဆိပ်သင့်တိုက်စားစေ သော မှိုဖျော်ရည်သည် ကတုတ်ကျင်းအတွင်းရှိ ဖုတ်ကောင် ကြွက်များ၏ ထက်ဝက်ကျော်ကို ဖယ်ရှားပစ်လိုက်သည်။ ဖုတ်ကောင် ကြွက်အမြောက်အမြားကို အရည်ဖျော်ကာ မြှုပ်နှံခံလိုက်ရသည်။
ယနေ့ သူတို့ လာခဲ့စဉ် ဖုတ်ကောင်များစွာကို မတွေ့ဆုံနိုင်ခဲ့သောကြောင့် ကံကောင်းထောက်မစွာဖြင့် မှိုဖျော်ရည်နှင့် ဓာတ်ဆီများစွာ အဆင်သင့်ရှိနေလို့သာပေါ့။ မဟုတ်ရင်တော့ သူတို့က သတ္တုအမိုးအကာများတွင် ပုန်းအောင်းနေကာ အပြင်ဘက်ရှိ ဖုတ်ကောင်အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်မည်မဟုတ်ပေ။
ကျန်းရီ သည် သတ္တုအမိုးခုံးအတွင်းမှ လေဝင်လေထွက်ကို ထိန်းချုပ်ကာ လတ်ဆတ်သောလေများကို ဝင်ရောက်စေခဲ့သည်။ လီထယ် နှင့် အခြားသူများသည် မှိုဖျော်ရည်ပုံးများကို သတ္တု အပေါက်များအတွင်း လောင်းထည့်လိုက်ကြသည်။
တဖြည်းဖြည်း၊ မှိုဖျော်ရည်၏ ခုနစ်ဆယ်မှ ရှစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုပြီးဖြစ်သော်လည်း အပြင်ဘက်တွင် ဖုတ်ကောင်ကြွက်အရေအတွက် လျော့နည်းမည့် အရိပ်အယောင်မပြသေးပေ။ ပိုကြောက်စရာကောင်းတာက ကြွက်တွေရဲ့ *ဂျစ်...ဂျစ်..ဂျစ်* ဆိုတဲ့ သတ္တုနံရံတွေကို သွားများဖြင့် ကိုက်ဝါးနေသည့် ဦးရေပြား ယားယံစေမယ့် အသံတွေကို နားထောင်နေတာဖြစ်သည်။
ဖုတ်ကောင်ကြွက်သေများကြောင့် တွင်းကြီး တစ်ခုလုံး ပြည့်လုနီးပါးဖြစ်သောအခါ၊ လော်ရွှင့် သည် မှိုနှင့် ဓာတ်ဆီများကို ပိုက်ခေါင်းအတွင်းသို့ နောက်ထပ်တဖန် လောင်းထည့်ရန် ချက်ချင်း အမိန့်ပေးခဲ့သည်။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies