Chapter (62) - တကိုယ်တော် FA လေးများ
"သူတို့က စခန်းထဲကို မဝင်ခင်က ကျွန်တော့် အသင်းဖော်တွေပဲ။" ကျန်းရီ က ဆက်မပြောခင် ခဏရပ်လိုက်တယ်။
"ကျွန်တော်တို့ အခြေစိုက်စခန်းအပြင်မှာရှိတုန်းက လူအများကြီးကို သတ်ပစ်ခဲ့ကြတယ်။ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အခြားဂိုဏ်းတွေနဲ့လည်း အကြိမ်များစွာ တိုက်ခိုက်ခဲ့ကြပြီး လူတိုင်းရဲ့လက်တွေမှာ အနည်းဆုံး လူငါးယောက်၊ ခြောက်ယောက်ရဲ့ သွေးတွေ စွန်းနေခဲ့တယ်။ စိတ်မကောင်းစရာက ကျွန်တော်တစ်ယောက်တည်း စွမ်းအားတွေ နိုးထလာခဲ့တယ်။ "
သူ ပြုံးပြရင်း ဗိုလ်ကြီးတင်းကို ကြည့်လိုက်သည်။ ဗိုလ်ကြီးတင်း တစ်ယောက်တည်း ဘာကြောင့် တိတ်တိတ်လေး လာခဲ့တယ်ဆိုတာ သူသိပါတယ်၊ သူ့မှာ အရည်အချင်းရှိပြီး အခြေခံလိုအပ်နေတဲ့ ဆေးဘက်ဆိုင်ရာ ဆရာဝန် တစ်ဦးဖြစ်နေလို့ပဲ။ လက်ရှိမှာ အသတ်ခံရသူတွေက အရေးပါတဲ့ ဝန်ထမ်းတွေ မဟုတ်သလို အခြေစိုက်စခန်းကလည်း သူ့လို အစွမ်းထက်တဲ့ စွမ်းရည်ရှိသူတွေကို ဆက်လက်ထားရှိဖို့ ဆန္ဒရှိနေသည်။ ရှင်းရှင်းပြောရလျှင် သူတို့ကိုယ်ပိုင် အကျိုးစီးပွားကို မထိသရွေ့ ကြီးကြီးမားမားကိစ္စ မဟုတ်ရင် သူတို့ကို လျှို့ဝှက်စွာ ဆက်ကာကွယ်ပေးနေဦးမည် ဖြစ်သည်။ အခင်းဖြစ်ပွားရာ နေရာမှာ ဒီလောက် သွေးထွက်သံယို မရှိခဲ့ဘူးဆိုရင် လူသတ်မှု စုံစမ်းစစ်ဆေး တာ လုပ်ပင် မလုပ်လောက်ပေ။
ဒါပေမယ့် သူလည်း မတတ်နိုင်ဘူး။ မနေ့ညက သူတို့ကို ပြန်တွေ့ချိန် သူ့ရဲ့ခံစားချက်တွေကို မထိန်းနိုင်ခဲ့ဘူး။ အဲ့လူတွေကို မသတ်ရရင် သူ ရူးသွားနိုင်တယ်။
ဗိုလ်ကြီးတင်းက အသက်ပြင်းပြင်းရှူပြီး အံကြိတ်လိုက်သည်။
"ဘာလို့ သတ်လိုက်တာလဲလို့ မေးတယ်။ လူသတ်မှုမှာ အသတ်ခံရတဲ့ လူက အပြစ်ရှိသလား၊ မရှိဘူးလားဆိုတာ အကြောင်းရင်းမဟုတ်ဘူး..."
ကျန်းရီ က ဘာမှရှင်းပြမနေပါဘူး။ သူက ဒီကိစ္စကို အလေးအနက် မထားဘူး၊ သူက ဒီအတိုင်း ထွက်သွားရင် သူ့ကို လုပ်ခဲ့တဲ့အတွက် ဘယ်သူ့ကို တရားမျှတမှုအတွက် တောင်းဆိုမလဲ။ အထက်လူကြီးက သူ့သဘောထားကို လက်မခံဘူးဆိုရင် သူ့ကို လာဖမ်းမှာလား။ ကျန်းရီ သတ်တာကို ခံခဲ့ရသူတွေက အခြေစိုက်စခန်းအပြင်ဘက်မှာ သူ့ကို လုပ်ကြံခဲ့လို့ အပြစ်မကင်းကြဘူးဆိုတာ မေ့ထားလို့မရဘူး။
ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies