Chapter (52) - ကောင်းမွန်သည့် ဆက်ဆံရေး
"ဒီကားတွေက တခြားအခြေစိုက်စခန်းကနေ ပြန်လာတာ ဖြစ်နိုင်မလား။ အပြင်မှာ ဘာတွေဖြစ်နေလဲ မသိဘူး။"
လော်ရွှင့် က စိုးရိမ်သောကဖြင့် ပြောသည်။
"အခြေစိုက်စခန်းရဲ့ တံတိုင်း စည်းရိုးက သေချာ မဆောက်ရသေးဘူး။"
ယန်ဖေး သည် လော်ရွှင့် ၏ ဦးထုပ်ကို သပ်ရပ်အောင် ကူညီပေးခဲ့သည်။
"အရမ်းကြီးနေတယ်၊မင်းလည်း Mask တပ်သင့်တယ်"
မကြာသေးမီက နှင်းများကျခဲ့ပြီး ယာဉ်ကြီးများသည် ခက်ခက်ခဲခဲဖြင့် တောက်လျှောက် မောင်းနှင်နေခဲ့သည်။ လမ်းကို မမြင်ရသလောက်ပါပဲ။ယန်ဖေး သည် အိတ်ကပ်ထဲမှ အပို Mask ကို ထုတ်ယူလိုက်သည်ကို မြင်လိုက်ရသဖြင့် လော်ရွှင့် က မေးလိုက်သည်။
"ဒါတွေက လွန်ခဲ့တဲ့ နှစ်ရက်က ကျွန်တော် ပေးခဲ့တာ မလား"
"မှန်တယ်။" ယန်ဖေး က ပြုံးပြီး လော်ရွှင့်ရှေ့မှာ ကောင်းကောင်း ဝတ်လိုက်သည်။
လမ်းကြီးမှာ ဘယ်သူတွေက Mask တွေ ဦးထုပ်တွေ ဝတ်ဖို့ အခြား လူတစ်ယောက်ကို ကူညီပေးတာ ရှိမလဲ။ သို့သော် လော်ရွှင့် သည် အခြားလူတွေရဲ့ ဝေဖန်မှုကို ရှောင်တိမ်းခြင်းမရှိခဲ့ဘဲ သူလုပ်ချင်တာကိုသာ လုပ်နေခဲ့သည်။
ထို့ကြောင့် ကားကျော်ဖြတ်ပြီးနောက် လူနှစ်ယောက် လက်ချင်းတွဲကာ အိမ်ရှိရာသို့ လျှောက်လာခဲ့သည်။ အပြန်လမ်းတွင် တဲများအနီး လူစည်ကားသော ဈေးဆိုင် အချို့ကို ဖြတ်သွားရာ အရှေ့ဘက်မှ နှစ်ဦးကို အနောက်ဘက်မှ လူတွေက အတင်းအဖျင်းပြောကာ အခြေအနေကို စောင့်ကြည့်နေခဲ့ကြသည်။
အခြားတပ်စခန်းများမှ လွတ်မြောက်လာသူများသည် နောက်ဆုံးတွင် သူတို့ အခြေစိုက်စခန်းကို ရောက်ရှိလာသော်လည်း သူတို့သည် အတွင်းမြို့ထဲသို့ မဝင်ရသေးဘဲ အခြေစိုက်စခန်းအပြင်ဘက်တွင် ယာယီစောင့်ဆိုင်းနေသည့် နေရာများတွင် နေထိုင်ခဲ့ကြသည်။လမ်းမတွေပေါ်မှာ လူတွေက ကြက်တွေလို အုပ်စုလိုက် လာနေကြတယ်။ ထိုနေရာတွင် တကယ် အရောင်းဝယ်လုပ်သူက နည်းပါးကာ ဒီအတိုင်း လိုက်ကြည့်သူသာ များနေသည်။
KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Hororပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies