Chapter (59) _ ဝန်ခံခြင်း (Confession)
လော်ရွှင့် သည် ဒီအခိုက်အတန့်တွင် မပျော်ရွှင်ဘဲ အခြားသူများ၏ အတင်းအဖျင်းပြောခြင်းကို ခံနေရလို့ ကျန်းရီကို စင်္ကြံမှာဆွဲထားဖို့ ကြိုးတစ်ချောင်းကို သူ တကယ်ရှာချင်နေမိတယ်၊ သူ့မှာ တစ်ရက်လောက် အလုပ်ထပ်ပျက်ဖို့ စဉ်းစားကြည့်လိုက်ပေမယ့် သူ အလုပ်သွားမှ ဖြစ်မယ် ? သူ မသွားရင် ယန်ဖေးလည်း အလုပ်သွားတာဖြစ်နိုင်ပြီး အခြေစိုက်စခန်းရဲ့ နံရံတည်ဆောက်ရေးက နောက်တစ်ရက် နှောင့်နှေးနိုင်သည်။
ယန်ဖေး သည် လော်ရွှင့် ၏ လက်ကို ကိုင်လိုက်ပြီး ကျန်းရီ ကို တချက်စိုက်ကြည့်ကာ အောက်ထပ်သို့ ဆင်းသွားသည်။ ကျန်းရီ ရဲ့မျက်နှာထက်က အပြုံးက ပို၍တောက်ပလာပြီး မျက်ခုံးတောင် ပင့်လိုက်သေးသည်။ သူတို့အားလုံးက အိမ်နီးချင်းတွေဖြစ်တာကြောင့် ယန်ဖေး က သူ့ကို ဒီလိုပြောရုံလေးနဲ့ ဘာမှ လုပ်မျာ မဟုတ်ဘူးဆိုတာ သူသိတယ်။ လော်ရွှင့် နဲ့ ယန်ဖေး တို့ရဲ့ ဆက်ဆံရေးဟာ အနှေးနဲ့အမြန်ဆိုသလို ပေါ်လာပြီး ကျန်လူတွေ သိမယ့်အတူတူ သူက စောသိအောင် လုပ်ပေးလိုက်ရုံပါပဲ။
အဲ့ဒီအချိန်မှ သိလိုက်ရရင် ရိုးသားသော ကလေးငါးဦးကို နာကြည်းစေနိုင်လို့ သူက စောစော ဖွင့်ချပေးလိုက်တာပါပဲ။ သူ့ နည်းလမ်းတွေက သံသယစရာကောင်းပေမယ့် ရလဒ်ကောင်းတော့ ထွက်သား...
သူတို့ လူအုပ်စုသည် တန်းလျားဆီသို့ မောင်းလာသောအခါတွင် လော်ရွှင့် သည် အခုမှ ပြန်လည် ရှင်သန်လာသလို ခံစားခဲ့ရသည်။ လီထယ် နဲ့ အဖွဲ့ ကို မြင်လိုက်ရတော့ လော်ရွှင့် ဟာ ဘဝရဲ့ ဆိုးရွားတဲ့ ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရတယ်။ ယန်ဖေး သည် ကားကိုသော့ခတ်ပြီး လော်ရွှင့် ၏ပခုံးကို ပုတ်လိုက်သည် - လော်ရွှင့်က ခုတလော ခန္ဓာကိုယ် အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးလို့ ဒီနေ့ ယန်ဖေး သည် ကားကို မောင်းလာခဲ့သည် ။
ယန်ဖေး က သူ့ကို ဂရုတစိုက်ကြည့်နေတာကို မြင်တော့ လော်ရွှင့် က ခေါင်းကို အနည်းငယ်ခါယမ်းလိုက်တယ်။ သူက ယောက်ျားတွေ နှစ်သက်တယ်လို့ လူတွေ သိမှာကို သူ မကြောက်ဘူး - အဲဒါမှာ တစ်ခုခု မှားနေလို့လား။ လူတွေက သူ့ကို ရယ်မော လှောင်ပြောင်နိုင်ပေမယ့် အချိန် နှစ်နှစ်လောက်သာစောင့်လိုက်၊ အခြေစိုက်စခန်းမှာ အမျိုးသမီးတွေ ရှားလာလိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ယောက်ျားတွေပဲရှိလာတဲ့အချိန်မှာ ယောကျာ်းချင်းကြိုက်တာ၊အတူနေတာက ဖြစ်ရိုးဖြစ်စဉ်တွေ ဖြစ်လာလိမ့်မယ်။
လီထယ် နဲ့ တခြားသူတွေ ရဲ့ စိတ်သဘောထားက ပြောင်းလဲလာတာကြောင့် ကျန်းရီရဲ့ အိမ်ကို ပြုပြင်ဖို့က ပြဿနာတက်လာနိုင်တယ်...
"သွား၊ ကားပေါ်မှာ နားလိုက်ဦး "
လော်ရွှင့် ရဲ့စိတ်အခြေနေ ပြန်ကောင်းလာတာကို မြင်တော့ ယန်ဖေး က ပြုံးကာ တန်းလျားအပေါက်ဝက တံခါးဆီသို့ လက်ဟန်ပြလိုက်သည်။
"ဘာလို့ လူတွေ ဒီလောက်များနေတာလဲ"
လော်ရွှင့် သည် လူအများစုကို တွေ့ရတော့ အံ့အားသင့်သွားပြီး ကားများသည် ဝင်ပေါက်ကို ပိတ်ဆို့နေကာ သူတို့လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။
"စခန်းက ကယ်ဆယ်ထားတဲ့ မိသားစုတွေက ဒီနေ့ ဒီကိုရွှေ့နေကြပုံရတယ်။"
ယန်ဖေး လှည့်ကြည့်လိုက်ပြီး ဦးထုပ်အစွန်းကို မျက်နှာကို ဖုံးလုမတတ်ဆွဲချလိုက်သည်။ သူသည် မျက်နှာဖုံးကို ဝတ်ထားဆဲဖြစ်သောကြောင့် လူများနှင့်တွေ့ဆုံရန် မကြောက်ပေ။ သူတို့ နှစ်ယောက် နေ့စဉ် စီးရတဲ့ စစ်တပ်ရဲ့ထရပ်ကားကို အောင်မြင်စွာ ရှာတွေ့ခဲ့ပြီးနောက် ဘတ်စ်ကားပေါ်မတက်ခင် ကားမောင်းသူက သူတို့ကို နှုတ်ဆက်တယ်။ အသင်းခေါင်းဆောင်က သူ့အဖွဲ့နဲ့ပူးပေါင်းပြီး သိပ်မကြာခင်မှာ ဘတ်စ်ကားပေါ်တက်လိုက်တဲ့အချိန် ရင်းနှီးနေတဲ့ စစ်သားတချို့က လော်ရွှင့် ဒီနေ့ အလုပ်လာတာကို မြင်ရတော့ ပြုံးပြလိုက်သည်။
"ဒီနေ့ နေကောင်းသွားပြီလား"
လော်ရွှင့် က ပြုံးပြီး ခေါင်းညိတ်ကာ ကြည့်ကောင်းအောင် ပြန်ဖြေလိုက်သည်။
"မနေ့က အအေးမိသွားလို့ပါ။ တစ်ရက်လောက် အနားယူပြီးတော့ ပိုကောင်းလာပါပြီ။"
"လောလောဆယ်တော့ ကိုယ့်ကိုကိုယ် တွန်းအားပေးပြီး မလုပ်နဲ့ဦး။ အန္တရာယ်ကြုံရင် ခေါင်းမာမနေနဲ့နော။"
တပ်မှူးကလည်း သူ့ကို အကြံပေးတယ်။ နောက်ဆုံးတော့၊ သူ့ အခြေအနေက သိပ်အန္တရာယ်မရှိသလို ကျန်းမာတဲ့ခန္ဓာကိုယ်က အနာဂတ်မှာ ပိုအသုံးဝင်ပါလိမ့်မယ်။ လော်ရွှင့် သည် ကျန်းမာရေး အရမ်း မကောင်းသေးပေမယ့် သူလည်း အတင်း အားစိုက်ဖို့မလိုအပ်သေးပေ။
လူအင်အား များနေမှန်း သူသိလို့ လော်ရွှင့် က ခေါင်းညိတ်လိုက်သည်။ သူက ခါတိုင်းကဲ့သို့ ယန်ဖေး အနီးတွင်သာ နေခဲ့ရပြီး ဖုတ်ကောင်များ လူစုလူဝေးကို အလျင်စလိုလာမတိုက်နိုင်စေအောင် သတိထားကာ ကာကွယ်ပေးခဲ့သည်။
အခြေစိုက်စခန်းရဲ့ ဝင်ပေါက် တံခါးအတွင်းမှ ယာယီ ရွက်ဖျင်တဲအရေအတွက်သည် ယခင်ကထက် အနည်းငယ် လျော့နည်းလာသည်။ သူတို့သည် အခြားနေရာများသို့ ပြန့်ကျဲကာ နေရာချခံလိုက်ရသည်။ အချို့လူများသည် နယ်မြေရှုင်းလင်းပြီးခါစ အဆောက်အအုံများသို့ ပြောင်းရွှေ့သွားကြသည်ဟု ခန့်မှန်းရသည်။
သူတို့တာဝန်ယူတဲ့ ဧရိယာမှာ ကားတချို့ ရပ်ထားရတယ်။ သူတို့နေ့စဉ်လုပ်ရိုးလုပ်စဉ်ကို စလုပ်ကြပြီး၊ ယန်ဖေး သည် ကပ္ပတိန်၏ အခြေအနေကောင်းသည်ကိုမြင်သောအခါတွင် ယန်ဖေးတို့ အနားယူနေသည့် အချိန်တွင် ရုတ်တရက် သူ့ကိုစုံစမ်းခိုင်းသည့်အရာ တချို့ကို သတိရ လိုက်မိသည်။ သူက ယန်ဖေး ဆီကို လျှောက်သွားပြီး မေးလိုက်တယ်။
"မနေ့က အခြေစိုက်စခန်းခေါင်းဆောင်ထဲက တစ်ယောက်ဖြစ်တဲ့ ယန်လူကြီးမင်းက သူ့သားကို ရှာနေတယ် လို့ ကြားတယ်။ သူ့သားက မင်းနဲ့အသက်အရွယ်တူလောက်တယ်။ မင်းက ဒီမြို့ကလား"
အခြေခံတွင် လူဦးရေစာရင်းကို မှတ်တမ်းတင်ထားသော်လည်း သူတို့အားလုံးကို လက်ရေးဖြင့် ဖြည့်သွင်းထားသည်။ မျိုးရိုးအမည်တစ်မျိုးတည်းနဲ့ များပြားလှသည့် လူပင်လယ်ကြီးအတွင်း လူတစ်ဦးကို ရှာတွေ့ဖို့ဆိုတာ မလွယ်ကူသလို တဖက်က လူပျောက်ရှာတဲ့လူကြီးမင်းက သူတို့၏ အထောက်အထားများကို ကြေညာခြင်း မလုပ်ကြပေ။
အခြေခံသတင်းအချက်အလက်ကွန်ရက်ကို တည်ထောင်ထားရုံမျှသာရှိသေးတဲ့ ဒီအခြေစိုက်စခန်းက နေထိုင်သူတွေရဲ့ စာရင်းများကို အလောတကြီး ဖြည့်သွင်းခဲ့ကြသည်။ ဒါကြောင့် ဒီကိုယ်ရေးရာဇဝင်အချက်လက်တွေ ဖြည့်ထားတဲ့အထဲမှာ အမှားတွေပါနိုင်ပေမယ့် ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားဆိုတာ ဘယ်သူက အတည်ပြုနိုင်မလဲ။
အနောက်တောင် အခြေစိုက်စခန်းကို လာရောက်အခြေချသူ အရမ်းများလွန်းလို့ မူလနေထိုင်သူ အချို့က မှတ်ပုံတင်ထားပေမယ့် နောက်ပိုင်း သူတို့က စခန်းပြင်ပမှာ သွားလာရင်း သေဆုံးသွားတာလည်း ရှိသည်။ သူတို့၏အချက်အလက်များကို ဘယ်သူက အတည်ပြုနိုင်မလဲ၊ မူလ အခြေချနေထိုင်သူများက သူတို့ အိမ်များကို ရှင်းလင်းစွာ စာရင်းသွင်းထားပေမယ့် တချို့လူတွေက အိမ်ရှင်တွေ မရှိတာ၊ ဒါမှမဟုတ် အချက်လက် စာချုပ်စာတမ်းပျောက်ဆုံးသွားတာ၊ မှတ်ပုံတင် ပျောက်သွားတာတွေကို အခွင့်ကောင်းယူပြီး အိမ်ရှင်တွေကို နှင်ထုတ်တာ၊ အိမ်ကို အပိုင်စီးတာ ဖြစ်လာကာ အရှုပ်အရှင်းဖြစ်လာသည်။
ယေဘူယျအားဖြင့်၊ အခြေစိုက်စခန်းက ဒီလိုအရှုပ်အထွေးများကို စီမံခန့်ခွဲနေဆဲဖြစ်ပြီး၊ လီထယ် နှင့် အခြားသူများသည် အချိန်ပိုအလုပ်များလုပ်ရသည့် အဓိကအကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။ယန်ဖေး ၏မိဘများက သူတို့သားကို ရှာတွေ့ရန် မလွယ်ကူပေ။ ဒါ့အပြင် သူတိုက ရောက်ရောက်ခြင်း ရှာဖွေခြင်းမလုပ်ကြပေ။ တကယ်လို့ သူတို့ အတိအလင်းလိုက်ရှာရင်တောင် ယန်ဖေးက လာတွေ့မည် မဟုတ်ပေ။ သူတို့ရဲ့သားဖြစ်သူ ယန်ဖေးရဲ့ ပင်ကိုယ်စရိုက်ကို မိဘအရင်းတွေက လုံးဝနားမလည်ခဲ့ကြဘူး။ လော်ရွှင့် မရှိရင်တောင် ယန်ဖေး က သူ့ကိုယ်သူ ကာကွယ်နိုင်ပါသေးတယ်။
သူက စစ်တပ်ထံမှ အကူအညီမတောင်းဘဲ နောက်ဆုံးတွင် သူ၏ ချစ်ခြင်းတို့ မရှိသည့် မိသားစု နှင့် စိတ်ရှုပ်စရာကောင်းသည့် ဘဝမှ လွတ်မြောက်ခဲ့ပြီး အပြင်ဘက်ရှိ ဖုတ်ကောင်များကို ရင်ဆိုင်တိုက်ခိုက်ရင်း သူ့ဘဝကို သူ့ဖာသာ ဖန်တီးလိုက်မည် ဖြစ်သည်။ ယန်ဖေး က ခပ်ဖျော့ဖျော့ပြုံးပြီး ဝမ်းနည်းသောလေသံဖြင့် တုံ့ပြန်လိုက်သည်။
"ကျွန်တော်နဲ့ လော်ရွှင့် က F-city ကပါ။ လွန်ခဲ့သော နှစ်အနည်းငယ်က A-city သို့ အလုပ်လာလုပ်ကြတယ်။ တကယ်လို့ ကျွန်တော့်မှာ အထက်တန်းလွှာ ရာထူးကြီး ဆွေမျိုးတွေ ရှိရင်..ကျွန်တော်က သူတို့ကို အစောကြီးကတည်းက လိုက်ရှာခဲ့မှာပေါ့."
ယန်ဖေးက ပြောပြီး ပခုံးတွန့်ပြတယ်။
တပ်မှူးနှင့် တပ်သားအချို့ ရယ်မောလိုက်ကြသည်။ ဟုတ်သားပဲ...တကယ်လို့ရာထူးကြီးတွေနဲ့ အဆက်အစပ်ရှိလျှင် ရုံးထိုင်သည့် အလုပ်လိုမျိုး သက်သာသည့် အလုပ်ကိုသာ လုပ်နေတော့မှာပေါ့။
ကပ္ပတိန်က ရယ်မောရင်း ယန်ဖေး ၏ ပခုံးကို ပုတ်လိုက်သည်။
"ငါ နဲ့တွဲလုပ်နေတဲ့ စွမ်းအားရှင်နာမည်က ယန် ဆိုတာ ကြားရလို့ ငါ့ အထက်လူကြီးက ဖုန်းဆက်မေးခဲ့လို့ပါ။"
ကပ္ပတိန်သည် အနည်းငယ်တွေးတောရင်းနှင့် ယန်ဖေးသည် သူ ရှာနေသည့်လူမဟုတ်သလို ခံစားလိုက်ရသည်။ ယန်ဖေးသည် အနည်းငယ် မာနကြီးသော်လည်း ချမ်းသာသည့် မိသားစုမှ ဆင်းသက်လာသည့် သခင်ငယ်လေး နှင့် မတူပေ။ တကယ်လို့ သူ့မှာ အချိတ်အဆက်ရှိတဲ့ ဖခင်တစ်ယောက်ရှိရင်၊ နံရံကို ပြင်ဖို့ အပြင်မထွက်ဘဲ အခြေစိုက်စခန်း ရုံးချုပ်မှာ အလုပ်ရှာမှာပေါ့။ ဒီလိုပြောပြီးတာနဲ့ ကပ္ပတိန်က တခြားတစ်ခုခုလုပ်ခိုင်းတယ်။
လော်ရွှင့် သည် ယန်ဖေးက ပြောခဲ့တာတွေက အမှန်လို့ယုံနေသည့်လူတွေကို ကြည့်ကာ စိတ်ရှုပ်ထွေး စိုးရိမ်သောကဖြင့် ယန်ဖေးကို ကြည့်လိုက်သည်။ ယန်ဖေး က ပြုံးပြီး လော်ရွှင့် ၏ ဆံပင်ကို ဖွကာ ပြောလိုက်သည်။
"အိမ်ပြန်ကြမယ်"
လော်ရွှင့် သည် ယခုအချိန်တွင် ယန်ဖေးက နေရတာ သိပ်အဆင်မပြေမှန်းသိ၍ ခေါင်းညိတ်လိုက်ပြီး ယန်ဖေးက သူ့ကို လိမ်မည်မဟုတ်ဟု သူ ယုံကြည်ခဲ့သည်။ အမြူတေ အသုံးပြုမှုဖြင့် နံရံတည်ဆောက်ခြင်းလုပ်ငန်းစဉ်ကို လူတိုင်းရင်းနှီးပြီးသားဖြစ်ပြီး နံနက်ခင်းအချိန်ကို ထိထိရောက်ရောက် အသုံးပြုခဲ့သည်။ တန်းလျားကိုပြန်ရောက်တော့ နှစ်ယောက်သား ထမင်းဗူးတွေထုတ်ပြီး တတိယမြောက် canteen ကို တချက်ကြည့်တယ်။ လမ်းတစ်လျှောက်တွင် လူအများအပြားနှင့် တွေ့ဆုံခဲ့ကြသော်လည်း အခြားသူများပြောသည်ကို တမင်နားမထောင်ခဲ့ကြပေ။
ထိုအချိန်တွင် ယန်ဖေး က သူ့အိမ်အခြေအနေကို ပြောပြနေသည်။ လူနှစ်ယောက် ပထမဆုံးစတွေ့တုန်းက ယန်ဖေး နဲ့ လော်ရွှင့် နှစ်ယောက်လုံး ဖုံးကွယ်ထားရမယ့် အခြေအနေတွေရှိတယ်။ ဒါပေမယ့် အခုတော့ သူတို့နှစ်ယောက် တကယ်ကို အတူတူနေခဲ့ကြပြီ။ ယန်ဖေးက သူ့အတိတ်အကြောင်းကို ပြောစရာရှိတယ်လို့ ဆုံးဖြတ်ခဲ့သည်။ ဟုတ်တာပေါ့...သူ့ရဲ့ 'အံ့ဖွယ်ကောင်းလှတဲ့' မိဘတွေ ဒီကိုသာ တိုက်တိုက်ဆိုင်ဆိုင် ရောက်မလာဘူးဆိုရင် လော်ရွှင့် ကို သူ့ရဲ့ စိတ်ပျက်စရာကောင်းလှတဲ့ အတိတ်ကို ဖုံးကွယ်ထားပြီး လုံးဝမပြောတာ ဖြစ်နိုင်လောက်တယ်။
အခု ယန်ဖေးက သူ့မိသားစုအကြောင်း လော်ရွှင့်ကို အတိုချုပ်ပြောပြလိုက်ပြီး သူ့အမေအကြောင်းပြောပြ တဲ့အခါ ကျန်းရီ ကိုပြောပြတဲ့အချိန်လို အေးစက်တဲ့ခံစားချက်တွေပဲဖြစ်လာတယ်။ ယန်ဖေး က အေးစက်စွာ ပြုံးပြလိုက်သည်။
"အဲဒီနေ့က သူတို့ရဲ့ကားတွေကို စစ်တပ်စခန်းမှာတွေ့တော့ သူတို့နေကောင်းနေမှန်း ကိုယ်သိပါတယ်၊ ဒါကြောင့် သူတို့ကို ဘာမှ မပြောလိုက်ဘူး"
လော်ရွှင့် သည် ယန်ဖေးပြောသမျှကို နားထောင်ရင်း ခေါင်းငုံ့ကာ တိတ်တဆိတ် လျှောက်လာသည်။ ခဏအကြာတွင် ယန်ဖေး သည် လော်ရွှင့် ၏ မိဘများအပေါ် အေးစက်သော သဘောထားကို စိတ်ပူသွားသည်။ လော်ရွှင့် ရုတ်တရက် မော့ကြည့်လိုက်ကာ ယန်ဖေးကို မေးလိုက်သည်။
"ခင်ဗျား သူတို့နဲ့မတွေ့ချင်ဘူးလား"
ယန်ဖေး ခေတ္တရပ်လိုက်ပြီး ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။ ယန်ဖေးရဲ့ အဖြေကြောင့် လော်ရွှင့် ရုတ်တရက် ရယ်မောလိုက်သည်။
"ခင်ဗျား ဆုံးဖြတ်ထားပြီးရင်လည်း ကျွန်တော် ဘာမှ မပြောတော့ဘူး။ ခင်ဗျား သူတို့ကို မပတ်သတ်ချင်ဘူးဆိုရင် လီထယ် နဲ့ တခြားသူတွေ မသိအောင် ကျွန်တော် ကူပြီးဖုံးထားပေးမယ် "
လော်ရွှင့် သည် သွေးက ရေထက်ပျစ်တယ် ဘာညာ ဆိုတဲ့သဘောတရားကို အခြားသူတွေလို တယူမသန်ပေ။ သူကြုံတွေ့ခဲ့ရသည့်အရာများ၊ လူတစ်ဦး၏အသက်အန္တရာယ် ကြုံလာသောအခါ၊ သွေးသားရင်းဖြစ်ပေမယ့် တစ်ဦးနှင့်တစ်ဦး သစ္စာဖောက်ကာ သေတွင်းထဲ တွန်းချသည့် ဖြစ်ရပ်ကို ကြုံရဖန်များတော့ သူ့ နှလုံးသားက မာကြောလာခဲ့သည်။ မိသားစု ဆိုတာထက် စိတ်နှလုံးကောင်းကာ သစ္စာမဖောက်တတ်သည့် လူကောင်းဖြစ်ဖို့က ပိုအရေးကြီးသည်ဟု ခံယူထားသည်။ မိသားစုထဲကလူတွေက ယုတ်မာနေရင်တောင် ကိုယ့်အတွက်အရေးကြီးတယ်ဆိုတဲ့ ခပ်ပိန်းပိန်းအတွေးခေါ်ကို ကိုင်ဆွဲထားတဲ့ ဒီလို အတွေးအခေါ်မျိုးနဲ့ လူကောင်းတွေဟာ အန္တရာယ်နဲ့ ရင်ဆိုင်ရရင်း သေဆုံးနေကြရသူတွေ ဖြစ်ကြလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် မကောင်းသည့် မိသားစုဝင်ကို တွယ်တာနေသူက ပြန်လည်ရုန်းထဖို့ဆိုတာ မဖြစ်နိုင်ပေ။
အစောပိုင်းကာလများတွင် မိသားစုဝင်တွေ၊ ချစ်ခြင်းမေတ္တာအတွက် စွန့်လွှတ်အနစ်နာခံကာ အခြားသူများ၏ ရှင်သန်မှုအတွက် တိုက်ပွဲဝင်ခဲ့ကြသော်လည်း သူတို့၏ဘဝက အသက်ရှင်သန်နိုင်မယ့် အခွင့်ရေးကို ဆုံးရှုံးသွားခဲ့သည်။ သူ့အရင်ဘဝတွင်၊ ချစ်ရသူထံမှသစ္စာဖောက်ခံရတာတွေ၊ ဖုတ်ကောင်များကို အာရုံလွှဲရန် မိခင်ကိုယ်တိုင်က လွှွင့်ပစ်တာ ခံရတဲ့ သားနှင့်သမီးတွေကို လော်ရွှင့်မြင်ခဲ့တာ ဘယ်လောက်တောင် များခဲ့ပြီလဲ။ ကျန်းရီရဲ့ အရင်အဖောတွေက သူတို့အသက်ရှင်ဖို့ ကျန်းရီကို တမင်သက်သက် ဒဏ်ရာရအောင်လုပ်ပြီး ဖုတ်ကောင်တောထဲမှာ စွန့်ပစ်ခဲ့တာပဲ မဟုတ်လား။
ယန်ဖေး ၏ ဆုံးဖြတ်ချက်က ဘယ်သူ့ကိုမှ မထိခိုက်စေဘူးဆိုတာ လော်ရွှင့်က အစကတည်းက ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ သူ့မိဘတွေက ဖုတ်ကောင်တွေ မဖြစ်ခဲ့ရင်၊ သူတို့ဟာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ စွမ်းအားကို မြန်မြန်ဆန်ဆန် ရှာဖွေနိုင်ပါလိမ့်မယ်။ သူတို့ဘေးကင်း၊ အသက်ရှင်နေပြီး နေကောင်းနေသရွှေ့ သူတို့နဲ့ အတူမနေဖို့ ဆုံးဖြတ်လိုက်တယ်။
ယန်ဖေး သည် ရာထူးနှင့် စည်းစိမ်ကိုသာ ရှေ့တန်းတင်သည့် အထက်တန်းလွှာတွေရဲ့ သဘောသဘာဝကို နောကျေနေသည့်အပြင် ကျန်းရီရဲ့အပြောကနေတဆင့် သူ့မိဘတွေရဲ့ အရှုပ်အရှင်းကိုလည်း သိခဲ့သည။ ဒါ့အပြင် အခု သူ့မိဘတွေက သူ့ကို ရှာပေမယ့် ဝတ်ကျေတန်းကျေသာ ရှာပြီး အစွမ်းကုန်ကြိုးစားခဲ့ခြင်းမဟုတ်ကြောင်း သိရှိခဲ့သည်။ မျိုးရိုးအမည် 'ယန်' က ဘယ်လောက်များနေလို့လဲ။ တကယ်လို့ ယန်မျိုးရိုးအပြင် ယန်ဖေး ဆိုသည့်အမည်နဲ့ လိုက်ရှာခဲ့မယ်ဆိုရင် သူ့ကို ရှာတွေ့ဖို့ သူတို့အတွက် ဘယ်လောက်မှ ခက်ခဲမည် မဟုတ်ပေ။ အခုတော့ ယန်ဆိုတဲ့ မျိုးရိုးနဲ့ပဲ အပေါ်ယံရှာနေကြသည်။
ယန်ဖေး ၏ အပြုံးသည် တဖြည်းဖြည်း နွေးထွေးလာပြီး လော်ရွှင့် ၏ လက်ကို ဆုပ်ကိုင်ကာ နှစ်ယောက်သား ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ လော်ရွှင့် တစ်ယောက်တည်းရှိရုံနဲ့ ဆွေမျိုးသားချင်းတွေ မိသားစုရဲ့ ချစ်ခင်မှုကို သူ မလိုအပ်တော့ဘူး။ သူတို့ စုံတွဲက ပဉ္စမကင်တင်း ထက် စားစရာပိုများသော တတိယ ကင်တင်း သို့ အတူတူ လျှောက်သွားကြသည်။ ကောင်တာတဝိုက်မှာ လှည့်ပတ်ကြည့်တော့ စားစရာတွေ အများကြီးရှိနေတာကို တွေ့လိုက်ရတယ်။ ယန်ဖေး နှင့် လော်ရွှင့် တို့ အချင်းချင်း တိုးတိုးတိုင်ပင်နေကြသည်။
လော်ရွှင့် : "ခေါက်ဆွဲ မစားရတာကြာပြီ။ ဒီမှာ ခေါက်ဆွဲက တော်တော်စားကောင်းပုံရတယ်၊ တချို့ လာယူပါ"
ယန်ဖေး: "ကောင်းပြီ မင်း ခေါက်ဆွဲ ယူလိုက်ပြီဆိုရင် အရသာ အပြောင်းလဲ ဖြစ်ဖို့အတွက် ဖက်ထုပ်တစ်အိုးကို ယူလိုက်မယ်။ canteen မှာ ထိုင်ခုံမရှိဘူး၊ ထုပ်သွားပြီး အိမ်ပြန်စားကြမယ်"
လော်ရွှင့် သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လစ်လပ်နေသော ထိုင်ခုံများ မရှိသလောက်ကို တွေ့လိုက်ရပြီး ရှက်ရွံ့စွာ ခေါင်းညိတ်လိုက်သည်။
"ခေါက်ဆွဲက ပျော့သွား မလား"
" သူတို့ခေါက်ဆွဲက မာပုံရတယ်။ အိမ်ရောက်ရင် ပြန်နွေးလိုက်လည်း ပြဿနာမရှိဘူး"
"ကောင်းပြီ လမ်းခွဲပြီး စားစရာတွေ ယူရအောင်!"
လော်ရွှင့် သည် နေ့လည်စာဘုူးကြီး တစ်ဘူးကို ပွေ့ဖက်လိုက်ပြီး ယန်ဖေးင ဖက်ထုပ်ရောင်းသည့် ကောင်တာဘက်သို့ လှည့်သွားစဉ် ခေါက်ဆွဲရောင်းသည့် ကောင်တာဘက်ဆီသို့ ပြေးသွားခဲ့သည်။
တတိယမြောက် canteen အစားအသောက်ကောင်းပြီး ပေးအပ်သည့် စားစရာဝေစုတွေက ပိုများတယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး။ လူနှစ်ယောက် သူတို့ကိုယ်ပိုင်နေ့လည်စာဘူးနဲ့ လာနေတာကို တွေ့တော့ စားဖိုမှူးက ဇွန်းနဲ့ အပြည့် ကော်ထည့်ပေးတော့ ဗူးနှစ်ဗူးလုံးက အဖုံးမဖုံးနိုင်လုနီးပါးပါပဲ။ မကြာသေးမီက တပ်သားတွေက အခြေစိုက်စခန်းရဲ့ နံရံကို တောင့်တင်းအောင် အသည်းအသန်တည်ဆောက်နေကြပြီး လူတိုင်းကို အာဟာရပြည့်အောင် ကျွေးမွေးဖို့ အထက်က အမိန့်ပေးခဲ့သည်။ ထို့ကြောင့် canteen တွင် အစားအသောက် အရည်အသွေး ကွဲပြားသော်လည်း၊ လူတိုင်းကို ဖူဖူလုံလုံကျွေးနိုင်သည့် ပမဏကို ပေးအပ်ခဲ့သည်။
သူတို့သည် ကောင်တာများရှေ့တွင် ထမင်းဘူးများကို ထုပ်ပိုးကြသည်။ အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ ကျောပိုးအိတ်ထဲကို မထည့်ခင် ထမင်းဗူးကို ပလပ်စတစ်အိတ်နဲ့ ဖုံးထားလိုက်တယ်။ လော်ရွှင့် သည် သူ့ဝေစု ထမင်းဘူးကို သယ်ချင်သော်လည်း ယန်ဖေး က အပြုံးဖြင့် လွှဲယူက ကျောပိုးအိတ်ထဲ ပေါင်းထည့်လိုက်သည်။ သူ့ချစ်သူရဲ့ ခန္ဓာကိုယ်က အပြည့်အဝ မကျန်းမာသေးတော့ ဒီလိုအလေးကို သယ်ရင် ဘယ်လောက်ပင်ပန်းလိုက်မလဲ။
လော်ရွှင့် ၏ နူတ်ခမ်းထောင့်က အလိုအလျောက်ကော့တက်လာပြီး နှစ်ယောက်သား လက်ချင်းတွဲကာ ထွက်လာကြသည်။ နှစ်ယောက်သား ထွက်လာသည်နှင့် တစ်ဖက်မှ လူများစွာ ထွက်လာကြသည်။ သူတို့နှစ်ယောက်ကို မြင်လိုက်ရတာက သူ့မျက်လုံးတွေ တောက်ပလာခဲ့တယ်။
"ယန်ဖေး..လော်ရွှင့်!"
မထင်မှတ်ပဲ လီထယ် နဲ့ သူ့သူငယ်ချင်းတွေ ဖြစ်နေခဲ့တယ်။
"မင်းတို့ကော အလုပ်ပြီးပြီလား?" လော်ရွှင့် က ပြုံးပြီး အဖွဲ့ကို နှုတ်ဆက်သည်။
တတိယမြောက် canteen အနီးတွင် ဂျစ်ကားတစ်စီးကို ရုတ်တရက်တွေ့လိုက်ရာ အမျိုးသမီးတစ်ဦးက သူတို့ဘက်ကို မျှော်ကြည့်လာစဉ် သူမ၏ မျက်နှာအသွင်အပြင်... ဘာကြောင့် ရင်းနှီးနေပုံရတာလဲ။
စဉ်းစားရင်း၊ လော်ရွှင့် သည် ယန်ဖေး ဆီသို့ မျက်လုံးက မသိမသာ ရောက်သွားသည်၊ သေချာတာက ထိုအမျိုးသမီးသည် ယန်ဖေး နှင့် ဆင်တူသော မျက်နှာအသွင်အပြင်ရှိနေသည်။ ယန်ဖေး ၏မိဘများ အကြောင်း ပြောပြီးသည့်နောက်တွင် သူ၏စိတ်ထဲကနေ ထိုအမျိုးသမီးသည် ယန်ဖေး ၏မိခင်ဖြစ်မည်ဟု လော်ရွှင့်က အလိုလို ခန့်မှန်းခဲ့သည်။
လီထယ် နှင့် အခြားတစ်ယောက်က "ယန်ဖေး" ဟုပြောနေသည်ကို သူမ ကြားလိုက်မလားရယ်လို့ လော်ရွှင့်ရဲ့ နှလုံးသားလေး တုန်လှုပ်သွားခဲ့သည်။ ယန်ဖေး က သူ့မိဘတွေကို သွားမရှာပေမယ့် ယန်ဖေးကို မှတ်မိသွားရင် သူ့အတွက် မကောင်းဘူး။ လော်ရွှင့်က သူတို့သားနဲ့ ချစ်သူလို ဆက်ဆံရေးရှိကြောင်း သူတို့ သိခဲ့လျှင်.....
လော်ရွှင့် ၏ စိတ်ထဲတွင် တီဗွီ ဒရမ်မာ ဇာတ်လမ်းတွေထဲက မကောင်းဆိုးဝါး ယောက္ခမ ဇာတ်ကွက်များ ကို ကြိုမြင်လို့နေပြီ။ သူက လီထယ် နှင့် အဖွဲ့ကို နှုတ်ဆက်လိုက်စဉ် ဂျစ်ကားပေါ်က အမျိုးသမီးက လူနှစ်ယောက် စကားပြောနေတာကိုပဲ မြင်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူမ အနည်းငယ် စိတ်သက်သာရာ ရသွားပုံပေါ်သည် - သူမ ကို လော်ရွှင့် ခန့်မှန်းတာ မှားနေတာများလား ။
"ဒါဆို မင်းတို့က အိမ်ပြန်ပြီး သွားစားကြမလို့ပေါ့လေ။ ငါတို့က ဒီမှာ လာစားပြီး အလုပ်ကို ပြန်ရမှာ. " ဟန်လိက နွေးထွေးစွာ ပြုံးလိုက်သည်။
လော်ရွှင့် နှင့် ယန်ဖေး က ခေါင်းညိတ်နှုတ်ဆက်လိုက်ပြီး ဟော်ချန်ခွန်း သည် တောက်ပြောင်သော မျက်လုံးများဖြင့် ကောင်တာဆီကို ပြေးလာသည်ကို တွေ့လိုက်ရသည်။
"ဒီနေ့နံရိုးတွေရှိနေပုံပဲ ။ ငါ ဒါစားလိုက်မယ်!"
လော်ရွှင့် ရဲ့ လက်ကို ဆုပ်ကိုင်ထားသော ယန်ဖေး ရဲ့ ခြေလှမ်းများက တည်ငြိမ်လို့နေပြီး ထိုအမျိုးသမီးဘေးမှ ဖြတ်လာကြသည်။ လော်ရွှင့် သည် ထိုအမျိုးသမီးကို မကြည့်တော့ဘဲ သက်ပြင်းတစ်ချက်ချလိုက်သည်။ သူတို့ ဖြတ်သွားပြိးချန် သူက တိုးတိုးလေး ပြောတယ်။
"အဲဒီမိန်းမက ခင်ဗျားအမေပဲ ထင်တာ"
ယန်ဖေး ရယ်မောလိုက်သည်။ "ဆံပင်အညိုရောင်ရှိတဲ့ ဂျစ်ကားဘေးက တစ်ယောက်ပဲ။ မင်း မြင်တယ်မလား?"
"အင်...မြင်လိုက်တယ်"
"ဟုတ်တယ် ၊ ဒါ ငါ့အမေပဲ"
"....ဟာ?!" လော်ရွှင့် သည် ပြူးကျယ်သော မျက်လုံးများဖြင့် ခုန်လိုက်သည်။
ယန်ဖေး သည် လော်ရွှင့် ၏ ပုခုံးကို ဖက်ထားရန် လက်ကို မြှောက်လိုက်သည်။
"စိတ်ချပါ၊ ငါ သူ့ဆီလျှောက်သွားရင်တောင် သူ ငါ့ကို မှတ်မိမှာမဟုတ်ဘူး"
"... Mask တပ်ထားလို့လား?" လော်ရွှင့် က မျက်မှောင်ကြုတ်ပြီး သူ့အမေ မျက်လုံးတွေ မကောင်းဘူးလား။
ယန်ဖေး ရယ်မောလိုက်ပြန်သည်။
"သူနဲ့ကိုယ်က တစ်နှစ်မှာ တစ်ကြိမ်ပဲ တွေ့တယ်။ နွေဦးပွဲတော်မှာ ဈေးဝယ်ထွက်ရင်း ပြင်သစ်ကို သွားလိုက်လို့ သူမနဲ့ မတွေ့ဖြစ်တာ တစ်နှစ်ရှိပြီ။ မမေ့နဲ့နော် ။ ကိုယ်က ဆံပင်လည်း ညှပ်ထားသေးတယ်။"
လော်ရွှင့် က ခေါင်းကို ငုံ့ထားပြီး ယန်ဖေး ရဲ့ ခေါင်းကို ကြည့်လိုက်တော့ ဒီနေ့ သိပ်မအေးဘူးဆိုတော့ ယန်ဖေး က သိုးမွှေးဦးထုပ် မဆောင်းထားဘူး။ သူ့ဆံပင်ပုံစံက အရင်ထက်နည်းနည်းတိုနေပေမယ့်... ကြီးကြီးမားမား ကွာခြားမှုတော့ မရှိပါဘူး။ ယန်ဖေး က သူ့ရဲ့ ပုခုံးပေါ်လက်တင်ပြီး ဆက်လျှောက်လာတယ်။
"မြန်မြန် အိမ်ပြန်ရအောင်၊ ခေါက်ဆွဲတွေ ပွမသွားအောင် သတိရဦး။"
လော်ရွှင့် သည် ကမ္ဘာပျက်ကပ်မတိုင်မီက အထူးဝယ်ခဲ့သော အင်္ကျ ီကြီးကို ဝတ်ဆင်ထားသည်။ ယန်ဖေး သည် ယခင်က မဝတ်ခဲ့ဖူးသော အဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။ သူ့ကို မှတ်မိနိုင်မှာသာ ထူးဆန်းနေလိမ့်မယ်။
"ဒါဆို အိမ်ပြန်ရအောင်!" ဒီအတွက် စိုးရိမ်စရာ မလိုတော့ဘူး၊ သားက မိခင်ကို အသိအမှတ်မပြုသလို မိခင်ဖြစ်သူကလည်း သားကို အသိအမှတ်မပြုဘူး။
လော်ရွှင့် ကို ပွေ့ဖက်ထားရင်း ယန်ဖေး ၏ နှလုံးသားလေးက တင်းကျပ်မှုတွေ ပြေလျော့သွားသည်။ သူ့ခြေလှမ်း တွေက ထူးထူးခြားခြား သွက်သွက်လက်လက်ရှိလာသည်။ သူတို့နှစ်ဦးသည် အိမ်သို့ ကားမောင်းလာပြီး ၁၆ထပ်သို့ တက်ခဲ့ကြသည်။
ထမင်းဗူးကိုဖွင့်လိုက်တာနဲ့ ဖက်ထုပ်ကြော်က နူးညံ့ပြီး ခေါက်ဆွဲက အဆင်ပြေနေသေးတယ်။ သူတို့နှစ်ယောက်က ခေါက်ဆွဲကို မွှေပြီး ခွဲလိုက်ကြသည်။ အိမ်သို့ အမြန်ပြန်လာလို့ ခေါက်ဆွဲက အရသာရှိနေသေးသည်။ ဖက်ထုပ် အတွင်းတွင် စွပ်ပြုတ်ပါတာ မဟုတ်လို့ အောက်ခြေမှလွဲ၍ အခြားအစိတ်အပိုင်းအချို့လည်း ကြွပ်နေသေးသည်။
နှစ်ယောက်သား ခေါက်ဆွဲကို ပြီးအောင်စားကာ၊ ဖက်ထုပ်တချို့ စားကြပေမယ့် ကျန်တာကို ညနေစာအတွက် မီးဖိုချောင်ထဲမှာ ထားခဲ့တယ်။ ပြုတ်ထားတဲ့ ယာဂုနဲ့ ဖက်ထုပ်ကိုတွဲစားမယ်။ ပြောရမယ်ဆိုရင် တတိယနဲ့ စတုထ္ထမြောက် canteen တွေက ပဉ္စမကင်တင်းထက် အရမ်းကောင်းတယ်။ သူတို့လင်မယားနှစ်ယောက် ထမင်းစားရင်းကင်တင်းတွေ အကြောင်းဝေဖန်နေကြည်။ တတိယကင်တင်းက ပေးတာ များတယ်။ စတုတ္ထကင်တင်းက အချက်ပြုတ် တော်တယ်၊
နောက်ပိုင်း နေ့ရက်များ တွင် အလုပ်များနေသဖြင့် လော်ရွှင့် သည် နောက်ဆုံးတွင် သူ့အနောက်ဘက် တစ်နေရာက ဒဏ်ရာ အတော်သက်သာသွားသည်ဟု ခံစားလိုက်ရသည်။ အခြေစိုက်စခန်း၏ အောက်ခံနံရံသည် အချိန်မှီ ပြီးစီးနိုင်မည်ဖြစ်ပြီး ခိုင်ခံ့ပြီး ထူလာရုံသာ ကျန်တော့သည်။ ဝမ့်ကျင်း ၏ နံဘေးရှိ ခုနစ်ထပ်တိုက်ငယ်သည် အတွင်းဘက် မြို့တွင်း၌ အသစ်တည်ဆောက်ထားသော အဆောက်အအုံများစွာနှင့်အတူ အောင်မြင်စွာ ပြီးစီးခဲ့သည်။ နောက်ဆုံးတွင် ဆင်းရဲသားများကို နေထိုင်ရန် နေရာသတ်မှတ်ပေးခဲ့သည်။
လော်ရွှင့် သည် အိမ်ခန်း 1603၏ ဧည့်ခန်းတွင် သူ့တင်ပါးပေါ်တွင် လက်နှစ်ဘက်တင်ကာ ခုလေးတင် သုတ်ထားသည့် နံရံက ပတ်တီးကို ကြည့်နေသည်။
"အရမ်းကောင်းတယ်၊ နံရံက ခြောက်နေပြီ။ ဒီနှစ်ရက် အားလပ်ရက်မှာ တထပ် ထပ်သုတ်လို့ရပြီ!"
အပြင်ဘက် တံတိုင်း လုပ်ငန်းများ ခေတ္တ ပြီးဆုံး ခဲ့ပြီး သူတို့ နှစ်ဦး အား နှစ်ရက် သုံးရက် အားလပ်ရက် ပေးကာ တရုတ် နှစ်သစ်ကူး အတွက် အိမ်ပြန်ခိုင်းခဲ့သည်။ ထို့နောက် အပြင်ဘက်နံရံသို့ ဆက်သွားကာ သတ္တုနံရံများကို ထပ်ပြီးကြံ့ခိုင်စေရန်နှင့် ပို မြင့်စေအောင် လုပ်ရမည် ဖြစ်သည်။
တစ်ဖက်တွင် အလုပ်ပြီးသည်နှင့် အောက်ခြေတွင် သတ္တုတွေ ထပ်ပိုးနိုင်လောက်အောင် အခြေစိုက်စခန်းမှာ အလုံအလောက်ရှိကြောင်း သူတို့သိသည်။ စစ်တပ်သည် တံတိုင်းခိုင်ခံ့စေရန်အတွက် သတ္တုပစ္စည်းမျိုးစုံကို စုဆောင်းရန်အတွက် ဒီရက်အနည်းငယ်အတွင်း ဝန်ထမ်းအချို့ကို အပြင်သို့စေလွှတ်ရတွင် လိုက်သွားနိုင်ဖို့ သူတို့ အခွင့်အရေးယူမည်ဖြစ်သည်။ မြေကြီးစွမ်းရည်အသုံးပြုသူတွေက သူတိုနဲ့ နှိုင်းယှဉ်ပါက သူတို့လိုအပ်သည့် ပစ္စည်းကို ရှာရပိုလွယ်သည်။ ကွန်ကရစ်မရှိရင်တောင် နံရံကို ဖုံးဖို့ သဲ ဒါမှမဟုတ် မြေဆီလွှာကို အသုံးပြုနိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီရက်တွေဟာ ပေါ့ပေါ့ပါးပါး ရှိတာကြောင့် လော်ရွှင့် နဲ့ ယန်ဖေး တို့ဟာ ဒီရှားပါးတဲ့ အားလပ်ချိန်ကို သုံးပြီး အိမ်ခန်းနံရံကို ပတ်တီးတစ်ထပ် ထပ်သုတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လော်ရွှင့် နှင့် ယန်ဖေး တို့သည် ယနေ့မှစတင်၍ ၂၉ ရက်နေအထိ အားလပ်ရက်ရပေမယ့် လူငယ် ငါးဦးနှင့် ကျန်းရီ တို့သည် အိမ်တွင် အနားယူရမယ့် ကံကောင်းခြင်းတို့ မရှိခဲ့ကြပေ။ လီထယ် နှင့် သူတို့၏နေအိမ်ကို ပြန်လည်မွမ်းမံထားပြီး လွန်ခဲ့သည့်ရက်အနည်းငယ်က သူတို့သည် ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲမျိုးစုံဖြင့် အလုပ်ရှုပ်နေခဲ့သည်။ ဘယ်လိုမှ အလုပ်ကနေ ရှောင်လို့မရပါဘူး၊ ဘာကြောင့်လဲ ဆိုတော့ ကမ္ဘာပျက်ကပ်ကြီး ရုတ်တရက် ရောက်လာတဲ့အတွက် စစ်တပ်က အရာတော်တော်များများကို ကြိုတင် ပြင်ဆင်မထားနိုင်ခဲ့ဘူး။ စာရင်းဇယားများနှင့် အချက်အလက်လုပ်ဆောင်ခြင်းဆော့ဖ်ဝဲလ်များစွာကို ပြန်လည်ရေးသားဖို့သာ တတ်နိုင်တော့သည်။
ပညာရှင်အချို့သည် မကြာသေးမီက အခြေစိုက်စခန်းကို ရောက်ရှိလာခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ကျောင်းသားအုပ်စုသည် ရိုးသားပြီး ကြင်နာတတ်ကာ စိတ်ထားကောင်းသူများဖြစ်သည်။ ဒီကဏ္ဍတွင် လက်တွေ့ အတွေ့အကြုံ မရှိကြသော်လည်း သူတို့သည် ထိုဌာနတွင် အချိန်အတော်ကြာ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။ ယနေ့ခေတ်တွင် ပညာရှင်အရေအတွက်ကို လက်ချိုးရည်လို့ရလောက်သည်။ ဒါကြောင့် ထိုလူငယ်တစ်စုက ထိုအလုပ်တွင် ဆက်လက်ခန့်ထားခြင်း ခံလိုက်ရသည်။
သူတို့နှစ်ယောက်က တရုတ်နှစ်သစ်ကူးအတွက် ပိတ်ရက် နှစ်ရက်ရှိပေမယ့် မနက်ဖြန်ကစလို့ ဒီနေ့ တန်းလျားမှာ အလုပ်ဆက်လုပ်နေရဆဲပါ။ ကျန်းရီ ကတော့ ကမ္ဘာပျက်ကပ်ခေတ်မှာ အရေးကြီးဆုံး အလုပ်တစ်ခုရှိတာကြောင့် ဆရာဝန်တစ်ယောက်အနေနဲ့ ဒီအားလပ်ရက်မှာ အနားယူချိန်ရတာက အခြေစိုက်စခန်း ခေါင်းဆောင်တွေရဲ့ ကျေးဇူးကြောင့်ပါပဲ။
သူတို့စုံတွဲသည် အိမ်ခန်းနံပါတ် ၁၆၀၃ ရဲ့ နံရံများကို ပတ်တီး ထပ်သုတ်ရင်း တစ်ရက်တာကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့သည်၊ လော်ရွှင့် သည် အခြေအနေကိုကြည့်ပြီးနောက် နံရံကို ခြောက်သွေ့သွားသည်အထိ စောင့်ဆိုင်းနေခဲ့သည်။ နံရံမှာ ပြဿနာမရှိဘူးဆိုရင် တတိယအလွှာကို သုတ်ပြီးတာနဲ့ ကျန်တဲ့ ပတ်တီးဆေးတွေကို သိမ်းဆည်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နံရံများ ခြောက်တာနဲ့ သူက ကြမ်းပြင်ကိုခင်းပြီး ဖန်လုံအိမ်ကြီးကို ဖန်တီးနိုင်သည် ။ သူတို့ နှစ်ယောက် တစ်နေကုန် အလုပ်လုပ်ပြီး ရေချိုးဖို့ ပြန်လာခဲ့ကြတယ်။ ရေချိုးခန်းထဲက ထွက်လာတဲ့ အချိန် သတ္တုသံကို ကြားလိုက်ရတယ်။
လီထယ် နဲ့ အဖွဲ့ က သူတို့ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ခန္ဓာကိုယ်ကို 16 ထပ်အထိ တရွတ်ဆွဲတက်လာကြသည်။ သူတို့ နှစ်ယောက်သား ထွက်လာတာကိုမြင်တော့ လက်ပြနှုတ်ဆက်ကြတယ်။ ဝမ်သော် သည် ခါးသီးသောမျက်ရည်များဖြင့် ငိုသည်။
"နောက်ဆုံးတော့ မနက်ဖြန် အလုပ်မသွားပဲ နေလို့ရပြီ်..."
"ငါက 12 နာရီလောက်ထိ အိပ်မယ်။ ဘယ်သူမှ လာမတားနဲ့!"
ဟော်ချန်ခွန်း သည် လက်နှစ်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ ဝူရှင်း နှင့် ဟန်လိ တို့က အကြိမ်ကြိမ် ခေါင်းညိတ် ထောက်ခံကြသည်။
လော်ရွှင့် က ငါးယောက်အုပ်စုကို ပြုံးပြလိုက်သည်။
"ဒီနေ့ နံရံတွေ ခြောက်နေတာတွေ့တော့ နံရံကို ထပ်ပြီး သုတ်လိုက်တယ်"
လီထယ် နှင့် အဖွဲ့ သည် ချက်ချင်းပင် ကျောခိုင်းသွားပြီးနောက် စိတ်ပျက်အားငယ်သော မျက်လုံးများဖြင့် ခေါင်းကို ဆုပ်ကိုင်ထားလိုက်သည်။
"ငါတို့လည်း နံရံဆေးသုတ်ဖို့ မေ့သွားလို့။ ဘုရားရေ! ဒီအားလပ်ရက်မှာ လူတွေကို အသက်ရှင်ခွင့် မပေးဘူးလား?!"
သူတို့အောက်ဘက် ၁၅ ထပ်မှ အမည်မသိ အသံတစ်ခု ထွက်ပေါ်လာသည်။
"ဘာဖြစ်နေတာလဲ?! ဘယ်သူအော်နေတာလဲ။ ဘယ်သူ့ကိုမှ အိပ်ခွင့်မပေးဘူး!"
လူငါးယောက်သည် သံတံခါးကြီးဆီသို့ ပြေးသွားကာ ကြည့်လိုက်ကြသည်။
*******-*********
Chapter (59) _ ဝန္ခံျခင္း (Confession)
ေလာ္ရႊင့္ သည္ ဒီအခိုက္အတန႔္တြင္ မေပ်ာ္႐ႊင္ဘဲ အျခားသူမ်ား၏ အတင္းအဖ်င္းေျပာျခင္းကို ခံေနရလို႕ က်န္းရီကို စႀကႍမွာဆြဲထားဖို႔ ႀကိဳးတစ္ေခ်ာင္းကို သူ တကယ္ရွာခ်င္ေနမိတယ္၊ သူ႔မွာ တစ္ရက္ေလာက္ အလုပ္ထပ္ပ်က္ဖုိ႕ စဥ္းစားၾကည့္လိုက္ေပမယ့္ သူ အလုပ္သြားမွ ျဖစ္မယ္ ? သူ မသြားရင္ ယန္ေဖးလည္း အလုပ္သြားတာျဖစ္နုိင္ျပီး အေျခစိုက္စခန္းရဲ႕ နံရံတည္ေဆာက္ေရးက ေနာက္တစ္ရက္ ေႏွာင့္ေႏွးႏိုင္သည္။
ယန္ေဖး သည္ ေလာ္ရႊင့္ ၏ လက္ကို ကိုင္လိုက္ၿပီး က်န္းရီ ကို တခ်က္စိုက္ၾကည့္ကာ ေအာက္ထပ္သို႔ ဆင္းသြားသည္။ က်န္းရီ ရဲ႕မ်က္နွာထက္က အျပံဳးက ပို၍ေတာက္ပလာျပီး မ်က္ခုံးေတာင္ ပင့္လိုက္ေသးသည္။ သူတို႔အားလုံးက အိမ္နီးခ်င္းေတြျဖစ္တာေၾကာင့္ ယန္ေဖး က သူ႔ကို ဒီလုိေျပာရံုေလးနဲ႕ ဘာမွ လုပ္မ်ာ မဟုတ္ဘူးဆိုတာ သူသိတယ္။ ေလာ္ရႊင့္ နဲ႔ ယန္ေဖး တို႔ရဲ႕ ဆက္ဆံေရးဟာ အေႏွးနဲ႔အျမန္ဆိုသလို ေပၚလာျပီး က်န္လူေတြ သိမယ့္အတူတူ သူက ေစာသိေအာင္ လုပ္ေပးလိုက္ရံုပါပဲ။
အဲ့ဒီအခ်ိန္မွ သိလိုက္ရရင္ ႐ိုးသားေသာ ကေလးငါးဦးကို နာၾကည္းေစႏိုင္လို႕ သူက ေစာေစာ ဖြင့္ခ်ေပးလိုက္တာပါပဲ။ သူ႕ နည္းလမ္းေတြက သံသယစရာေကာင္းေပမယ့္ ရလဒ္ေကာင္းေတာ့ ထြက္သား...
သူတုိ႕ လူအုပ္စုသည္ တန္းလ်ားဆီသို႔ ေမာင္းလာေသာအခါတြင္ ေလာ္ရႊင့္ သည္ အခုမွ ျပန္လည္ ရွင္သန္လာသလို ခံစားခဲ့ရသည္။ လီထယ္ နဲ႔ အဖြဲ႕ ကို ျမင္လိုက္ရေတာ့ ေလာ္ရႊင့္ ဟာ ဘဝရဲ႕ ဆိုး႐ြားတဲ့ ခံစားခ်က္ကို ႐ုတ္တရက္ ခံစားလိုက္ရတယ္။ ယန္ေဖး သည္ ကားကိုေသာ့ခတ္ၿပီး ေလာ္ရႊင့္ ၏ပခုံးကို ပုတ္လိုက္သည္ - ေလာ္ရႊင့္က ခုတေလာ ခႏၶာကိုယ္ အျပည့္အဝ ျပန္လည္ေကာင္းမြန္လာျခင္းမရွိေသးလို႕ ဒီေန႔ ယန္ေဖး သည္ ကားကို ေမာင္းလာခဲ့သည္ ။
ယန္ေဖး က သူ႔ကို ဂ႐ုတစိုက္ၾကည့္ေနတာကို ျမင္ေတာ့ ေလာ္ရႊင့္ က ေခါင္းကို အနည္းငယ္ခါယမ္းလိုက္တယ္။ သူက ေယာက္်ားေတြ နွစ္သက္တယ္လို႔ လူေတြ သိမွာကို သူ မေၾကာက္ဘူး - အဲဒါမွာ တစ္ခုခု မွားေနလို႕လား။ လူေတြက သူ႔ကို ရယ္ေမာ ေလွာင္ေျပာင္နုိင္ေပမယ့္ အခ်ိန္ ႏွစ္ႏွစ္ေလာက္သာေစာင့္လိုက္၊ အေျခစိုက္စခန္းမွာ အမ်ိဳးသမီးေတြ ရွားလာလိမ့္မယ္။ ကိုယ့္ပတ္ဝန္းက်င္မွာ ေယာက္်ားေတြပဲရွိလာတဲ့အခ်ိန္မွာ ေယာက်ာ္းခ်င္းႀကိဳက္တာ၊အတူေနတာက ျဖစ္ရိုးျဖစ္စဥ္ေတြ ျဖစ္လာလိမ့္မယ္။
လီထယ္ နဲ႔ တျခားသူေတြ ရဲ႕ စိတ္သေဘာထားက ေျပာင္းလဲလာတာေၾကာင့္ က်န္းရီရဲ႕ အိမ္ကို ျပဳျပင္ဖို႕က ျပႆနာတက္လာႏိုင္တယ္...
"သြား၊ ကားေပၚမွာ နားလိုက္ဦး "
ေလာ္ရႊင့္ ရဲ႕စိတ္အေျခေန ျပန္ေကာင္းလာတာကို ျမင္ေတာ့ ယန္ေဖး က ၿပဳံးကာ တန္းလ်ားအေပါက္ဝက တံခါးဆီသို႔ လက္ဟန္ျပလိုက္သည္။
"ဘာလို႔ လူေတြ ဒီေလာက္မ်ားေနတာလဲ"
ေလာ္ရႊင့္ သည္ လူအမ်ားစုကို ေတြ႕ရေတာ့ အံ့အားသင့္သြားၿပီး ကားမ်ားသည္ ဝင္ေပါက္ကို ပိတ္ဆို႔ေနကာ သူတို႕လည္း ဘာလုပ္ရမွန္းမသိ ျဖစ္ေနသည္။
"စခန္းက ကယ္ဆယ္ထားတဲ့ မိသားစုေတြက ဒီေန႔ ဒီကိုေ႐ႊ႕ေနၾကပုံရတယ္။"
ယန္ေဖး လွည့္ၾကည့္လိုက္ၿပီး ဦးထုပ္အစြန္းကို မ်က္နွာကို ဖံုးလုမတတ္ဆြဲခ်လိုက္သည္။ သူသည္ မ်က္ႏွာဖုံးကို ၀တ္ထားဆဲျဖစ္ေသာေၾကာင့္ လူမ်ားႏွင့္ေတြ႕ဆုံရန္ မေၾကာက္ေပ။ သူတို႔ ႏွစ္ေယာက္ ေန႔စဥ္ စီးရတဲ့ စစ္တပ္ရဲ႕ထရပ္ကားကို ေအာင္ျမင္စြာ ရွာေတြ႕ခဲ့ျပီးေနာက္ ဘတ္စ္ကားေပၚမတက္ခင္ ကားေမာင္းသူက သူတို႔ကို ႏႈတ္ဆက္တယ္။ အသင္းေခါင္းေဆာင္က သူ႔အဖြဲ႕နဲ႔ပူးေပါင္းၿပီး သိပ္မၾကာခင္မွာ ဘတ္စ္ကားေပၚတက္လိုက္တဲ့အခ်ိန္ ရင္းႏွီးေနတဲ့ စစ္သားတခ်ိဳ႕က ေလာ္ရႊင့္ ဒီေန႕ အလုပ္လာတာကို ျမင္ရေတာ့ ၿပဳံးျပလိုက္သည္။
"ဒီေန႔ ေနေကာင္းသြားျပီလား"
ေလာ္ရႊင့္ က ၿပဳံးၿပီး ေခါင္းညိတ္ကာ ႀကည့္ေကာင္းေအာင္ ျပန္ေျဖလိုက္သည္။
"မေန႔က အေအးမိသြားလို႕ပါ။ တစ္ရက္ေလာက္ အနားယူၿပီးေတာ့ ပိုေကာင္းလာပါျပီ။"
"ေလာေလာဆယ္ေတာ့ ကိုယ့္ကိုကိုယ္ တြန္းအားေပးျပီး မလုပ္နဲ႕ဦး။ အႏၲရာယ္ႀကဳံရင္ ေခါင္းမာမေနနဲ႔ေနာ။"
တပ္မႉးကလည္း သူ႔ကို အႀကံေပးတယ္။ ေနာက္ဆုံးေတာ့၊ သူ႕ အေျခအေနက သိပ္အႏၲရာယ္မရွိသလို က်န္းမာတဲ့ခႏၶာကိုယ္က အနာဂတ္မွာ ပိုအသုံးဝင္ပါလိမ့္မယ္။ ေလာ္ရႊင့္ သည္ က်န္းမာေရး အရမ္း မေကာင္းေသးေပမယ့္ သူလည္း အတင္း အားစိုက္ဖို႕မလိုအပ္ေသးေပ။
လူအင္အား မ်ားေနမွန္း သူသိလို႕ ေလာ္ရႊင့္ က ေခါင္းညိတ္လိုက္သည္။ သူက ခါတိုင္းကဲ့သို႔ ယန္ေဖး အနီးတြင္သာ ေနခဲ့ရၿပီး ဖုတ္ေကာင္မ်ား လူစုလူေဝးကို အလ်င္စလိုလာမတိုက္နုိင္ေစေအာင္ သတိထားကာ ကာကြယ္ေပးခဲ့သည္။
အေျခစိုက္စခန္းရဲ႕ ဝင္ေပါက္ တံခါးအတြင္းမွ ယာယီ ႐ြက္ဖ်င္တဲအေရအတြက္သည္ ယခင္ကထက္ အနည္းငယ္ ေလ်ာ့နည္းလာသည္။ သူတို႔သည္ အျခားေနရာမ်ားသို႔ ျပန႔္က်ဲကာ ေနရာခ်ခံလိုက္ရသည္။ အခ်ိဳ႕လူမ်ားသည္ နယ္ေျမရွုင္းလင္းျပီးခါစ အေဆာက္အအုံမ်ားသို႔ ေျပာင္းေ႐ႊ႕သြားၾကသည္ဟု ခန႔္မွန္းရသည္။
သူတို႔တာဝန္ယူတဲ့ ဧရိယာမွာ ကားတခ်ိဳ႕ ရပ္ထားရတယ္။ သူတို႔ေန႔စဥ္လုပ္႐ိုးလုပ္စဥ္ကို စလုပ္ၾကၿပီး၊ ယန္ေဖး သည္ ကပၸတိန္၏ အေျခအေနေကာင္းသည္ကိုျမင္ေသာအခါတြင္ ယန္ေဖးတို႕ အနားယူေနသည့္ အခ်ိန္တြင္ ႐ုတ္တရက္ သူ႕ကိုစံုစမ္းခိုင္းသည့္အရာ တခ်ိဳ႕ကို သတိရ လိုက္မိသည္။ သူက ယန္ေဖး ဆီကို ေလွ်ာက္သြားၿပီး ေမးလိုက္တယ္။
"မေန႔က အေျခစိုက္စခန္းေခါင္းေဆာင္ထဲက တစ္ေယာက္ျဖစ္တဲ့ ယန္လူႀကီးမင္းက သူ႔သားကို ရွာေနတယ္ လို႕ ၾကားတယ္။ သူ႕သားက မင္းနဲ႕အသက္အ႐ြယ္တူေလာက္တယ္။ မင္းက ဒီၿမိဳ႕ကလား"
အေျခခံတြင္ လူဦးေရစာရင္းကို မွတ္တမ္းတင္ထားေသာ္လည္း သူတို႔အားလုံးကို လက္ေရးျဖင့္ ျဖည့္သြင္းထားသည္။ မ်ိဳး႐ိုးအမည္တစ္မ်ိဳးတည္းနဲ႕ မ်ားျပားလွသည့္ လူပင္လယ္ႀကီးအတြင္း လူတစ္ဦးကို ရွာေတြ႕ဖို႕ဆိုတာ မလြယ္ကူသလို တဖက္က လူေပ်ာက္ရွာတဲ့လူႀကီးမင္းက သူတို႔၏ အေထာက္အထားမ်ားကို ေၾကညာျခင္း မလုပ္ႀကေပ။
အေျခခံသတင္းအခ်က္အလက္ကြန္ရက္ကို တည္ေထာင္ထား႐ုံမွ်သာရွိေသးတဲ့ ဒီအေျခစိုက္စခန္းက ေနထုိင္သူေတြရဲ႕ စာရင္းမ်ားကို အေလာတႀကီး ျဖည့္သြင္းခဲ့ၾကသည္။ ဒါေႀကာင့္ ဒီကိုယ္ေရးရာဇဝင္အခ်က္လက္ေတြ ျဖည့္ထားတဲ့အထဲမွာ အမွားေတြပါနိုင္ေပမယ့္ ဘယ္ဟာက အမွန္၊ ဘယ္ဟာက အမွားဆုိတာ ဘယ္သူက အတည္ျပဳႏိုင္မလဲ။
အေနာက္ေတာင္ အေျခစိုက္စခန္းကို လာေရာက္အေျခခ်သူ အရမ္းမ်ားလြန္းလို႕ မူလေနထိုင္သူ အခ်ိဳ႕က မွတ္ပံုတင္ထားေပမယ့္ ေနာက္ပိုင္း သူတို႕က စခန္းျပင္ပမွာ သြားလာရင္း ေသဆံုးသြားတာလည္း ရွိသည္။ သူတို႔၏အခ်က္အလက္မ်ားကို ဘယ္သူက အတည္ျပဳႏိုင္မလဲ၊ မူလ အေျခခ်ေနထိုင္သူမ်ားက သူတို႕ အိမ္မ်ားကို ရွင္းလင္းစြာ စာရင္းသြင္းထားေပမယ့္ တခ်ိဳ႕လူေတြက အိမ္ရွင္ေတြ မရွိတာ၊ ဒါမွမဟုတ္ အခ်က္လက္ စာခ်ဳပ္စာတမ္းေပ်ာက္ဆံုးသြားတာ၊ မွတ္ပံုတင္ ေပ်ာက္သြားတာေတြကို အခြင့္ေကာင္းယူျပီး အိမ္ရွင္ေတြကို နွင္ထုတ္တာ၊ အိမ္ကို အပိုင္စီးတာ ျဖစ္လာကာ အရႈပ္အရွင္းျဖစ္လာသည္။
ေယဘူယ်အားျဖင့္၊ အေျခစိုက္စခန္းက ဒီလိုအရႈပ္အေထြးမ်ားကို စီမံခန႔္ခြဲေနဆဲျဖစ္ၿပီး၊ လီထယ္ နွင့္ အျခားသူမ်ားသည္ အခ်ိန္ပိုအလုပ္မ်ားလုပ္ရသည့္ အဓိကအေၾကာင္းရင္းတစ္ခုလည္း ျဖစ္သည္။ယန္ေဖး ၏မိဘမ်ားက သူတို႕သားကို ရွာေတြ႕ရန္ မလြယ္ကူေပ။ ဒါ့အျပင္ သူတုိက ေရာက္ေရာက္ျခင္း ရွာေဖြျခင္းမလုပ္ႀကေပ။ တကယ္လို႕ သူတို႕ အတိအလင္းလိုက္ရွာရင္ေတာင္ ယန္ေဖးက လာေတြ႕မည္ မဟုတ္ေပ။ သူတို႕ရဲ႕သားျဖစ္သူ ယန္ေဖးရဲ႕ ပင္ကိုယ္စ႐ိုက္ကို မိဘအရင္းေတြက လုံးဝနားမလည္ခဲ့ၾကဘူး။ ေလာ္ရႊင့္ မရွိရင္ေတာင္ ယန္ေဖး က သူ႔ကိုယ္သူ ကာကြယ္ႏိုင္ပါေသးတယ္။
သူက စစ္တပ္ထံမွ အကူအညီမေတာင္းဘဲ ေနာက္ဆုံးတြင္ သူ၏ ခ်စ္ျခင္းတုိ႕ မရွိသည့္ မိသားစု နွင့္ စိတ္ရႈပ္စရာေကာင္းသည့္ ဘဝမွ လြတ္ေျမာက္ခဲ့ၿပီး အျပင္ဘက္ရွိ ဖုတ္ေကာင္မ်ားကို ရင္ဆုိင္တိုက္ခိုက္ရင္း သူ႕ဘဝကို သူ႕ဖာသာ ဖန္တီးလိုက္မည္ ျဖစ္သည္။ ယန္ေဖး က ခပ္ေဖ်ာ့ေဖ်ာ့ၿပဳံးၿပီး ဝမ္းနည္းေသာေလသံျဖင့္ တုံ႔ျပန္လိုက္သည္။
"ကြၽန္ေတာ္နဲ႔ ေလာ္ရႊင့္ က F-city ကပါ။ လြန္ခဲ့ေသာ ႏွစ္အနည္းငယ္က A-city သို႔ အလုပ္လာလုပ္ႀကတယ္။ တကယ္လို႕ ကြ်န္ေတာ့္မွာ အထက္တန္းလႊာ ရာထူးႀကီး ေဆြမ်ိဳးေတြ ရွိရင္..ကြ်န္ေတာ္က သူတို႕ကို အေစာႀကီးကတည္းက လိုက္ရွာခဲ့မွာေပါ့."
ယန္ေဖးက ေျပာျပီး ပခုံးတြန႔္ျပတယ္။
တပ္မႉးႏွင့္ တပ္သားအခ်ိဳ႕ ရယ္ေမာလိုက္ၾကသည္။ ဟုတ္သားပဲ...တကယ္လို႕ရာထူးႀကီးေတြနဲ႕ အဆက္အစပ္ရွိလွ်င္ ရံုးထိုင္သည့္ အလုပ္လိုမ်ိဳး သက္သာသည့္ အလုပ္ကိုသာ လုပ္ေနေတာ့မွာေပါ့။
ကပၸတိန္က ရယ္ေမာရင္း ယန္ေဖး ၏ ပခုံးကို ပုတ္လိုက္သည္။
"ငါ နဲ႔တြဲလုပ္ေနတဲ့ စြမ္းအားရွင္နာမည္က ယန္ ဆုိတာ ႀကားရလို႕ ငါ့ အထက္လူႀကီးက ဖုန္းဆက္ေမးခဲ့လို႕ပါ။"
ကပၸတိန္သည္ အနည္းငယ္ေတြးေတာရင္းႏွင့္ ယန္ေဖးသည္ သူ ရွာေနသည့္လူမဟုတ္သလို ခံစားလိုက္ရသည္။ ယန္ေဖးသည္ အနည္းငယ္ မာနႀကီးေသာ္လည္း ခ်မ္းသာသည့္ မိသားစုမွ ဆင္းသက္လာသည့္ သခင္ငယ္ေလး နွင့္ မတူေပ။ တကယ္လို႔ သူ႔မွာ အခ်ိတ္အဆက္ရွိတဲ့ ဖခင္တစ္ေယာက္ရွိရင္၊ နံရံကို ျပင္ဖို႔ အျပင္မထြက္ဘဲ အေျခစိုက္စခန္း ရံုးခ်ဳပ္မွာ အလုပ္ရွာမွာေပါ့။ ဒီလိုေျပာၿပီးတာနဲ႔ ကပၸတိန္က တျခားတစ္ခုခုလုပ္ခိုင္းတယ္။
ေလာ္ရႊင့္ သည္ ယန္ေဖးက ေျပာခဲ့တာေတြက အမွန္လို႕ယံုေနသည့္လူေတြကို ႀကည့္ကာ စိတ္ရႈပ္ေထြး စိုးရိမ္ေသာကျဖင့္ ယန္ေဖးကို ၾကည့္လိုက္သည္။ ယန္ေဖး က ၿပဳံးၿပီး ေလာ္ရႊင့္ ၏ ဆံပင္ကို ဖြကာ ေျပာလိုက္သည္။
"အိမ္ျပန္ၿကမယ္"
ေလာ္ရႊင့္ သည္ ယခုအခ်ိန္တြင္ ယန္ေဖးက ေနရတာ သိပ္အဆင္မေျပမွန္းသိ၍ ေခါင္းညိတ္လိုက္ၿပီး ယန္ေဖးက သူ႔ကို လိမ္မည္မဟုတ္ဟု သူ ယုံၾကည္ခဲ့သည္။ အျမဴေတ အသုံးျပဳမႈျဖင့္ နံရံတည္ေဆာက္ျခင္းလုပ္ငန္းစဥ္ကို လူတိုင္းရင္းႏွီးၿပီးသားျဖစ္ၿပီး နံနက္ခင္းအခ်ိန္ကို ထိထိေရာက္ေရာက္ အသုံးျပဳခဲ့သည္။ တန္းလ်ားကိုျပန္ေရာက္ေတာ့ ႏွစ္ေယာက္သား ထမင္းဗူးေတြထုတ္ၿပီး တတိယေျမာက္ canteen ကို တခ်က္ၾကည့္တယ္။ လမ္းတစ္ေလွ်ာက္တြင္ လူအမ်ားအျပားႏွင့္ ေတြ႕ဆုံခဲ့ၾကေသာ္လည္း အျခားသူမ်ားေျပာသည္ကို တမင္နားမေထာင္ခဲ့ၾကေပ။
ထိုအခ်ိန္တြင္ ယန္ေဖး က သူ႔အိမ္အေျခအေနကို ေျပာျပေနသည္။ လူႏွစ္ေယာက္ ပထမဆုံးစေတြ႕တုန္းက ယန္ေဖး နဲ႔ ေလာ္ရႊင့္ ႏွစ္ေယာက္လုံး ဖုံးကြယ္ထားရမယ့္ အေျခအေနေတြရွိတယ္။ ဒါေပမယ့္ အခုေတာ့ သူတို႔ႏွစ္ေယာက္ တကယ္ကို အတူတူေနခဲ့ၾကၿပီ။ ယန္ေဖးက သူ႕အတိတ္အေႀကာင္းကို ေျပာစရာရွိတယ္လို႕ ဆုံးျဖတ္ခဲ့သည္။ ဟုတ္တာေပါ့...သူ႕ရဲ႕ 'အံ့ဖြယ္ေကာင္းလွတဲ့' မိဘေတြ ဒီကိုသာ တိုက္တိုက္ဆုိင္ဆိုင္ ေရာက္မလာဘူးဆိုရင္ ေလာ္ရႊင့္ ကို သူ႔ရဲ႕ စိတ္ပ်က္စရာေကာင္းလွတဲ့ အတိတ္ကို ဖုံးကြယ္ထားျပီး လံုးဝမေျပာတာ ျဖစ္နုိင္ေလာက္တယ္။
အခု ယန္ေဖးက သူ႔မိသားစုအေၾကာင္း ေလာ္ရႊင့္ကို အတိုခ်ဳပ္ေျပာျပလိုက္ျပီး သူ႔အေမအေၾကာင္းေျပာျပ တဲ့အခါ က်န္းရီ ကိုေျပာျပတဲ့အခ်ိန္လို ေအးစက္တဲ့ခံစားခ်က္ေတြပဲျဖစ္လာတယ္။ ယန္ေဖး က ေအးစက္စြာ ၿပဳံးျပလိုက္သည္။
"အဲဒီေန႔က သူတို႔ရဲ႕ကားေတြကို စစ္တပ္စခန္းမွာေတြ႕ေတာ့ သူတို႔ေနေကာင္းေနမွန္း ကိုယ္သိပါတယ္၊ ဒါေၾကာင့္ သူတို႔ကို ဘာမွ မေျပာလိုက္ဘူး"
ေလာ္ရႊင့္ သည္ ယန္ေဖးေျပာသမွ်ကို နားေထာင္ရင္း ေခါင္းငုံ႔ကာ တိတ္တဆိတ္ ေလွ်ာက္လာသည္။ ခဏအၾကာတြင္ ယန္ေဖး သည္ ေလာ္ရႊင့္ ၏ မိဘမ်ားအေပၚ ေအးစက္ေသာ သေဘာထားကို စိတ္ပူသြားသည္။ ေလာ္ရႊင့္ ႐ုတ္တရက္ ေမာ့ၾကည့္လိုက္ကာ ယန္ေဖးကို ေမးလိုက္သည္။
"ခင္ဗ်ား သူတို႔နဲ႔မေတြ႕ခ်င္ဘူးလား"
ယန္ေဖး ေခတၱရပ္လိုက္ၿပီး ျဖည္းညႇင္းစြာ ေခါင္းညိတ္လိုက္သည္။ ယန္ေဖးရဲ႕ အေျဖေႀကာင့္ ေလာ္ရႊင့္ ႐ုတ္တရက္ ရယ္ေမာလိုက္သည္။
"ခင္ဗ်ား ဆုံးျဖတ္ထားျပီးရင္လည္း ကြ်န္ေတာ္ ဘာမွ မေျပာေတာ့ဘူး။ ခင္ဗ်ား သူတုိ႕ကို မပတ္သတ္ခ်င္ဘူးဆိုရင္ လီထယ္ နဲ႔ တျခားသူေတြ မသိေအာင္ ကြ်န္ေတာ္ ကူျပီးဖံုးထားေပးမယ္ "
ေလာ္ရႊင့္ သည္ ေသြးက ေရထက္ပ်စ္တယ္ ဘာညာ ဆိုတဲ့သေဘာတရားကို အျခားသူေတြလို တယူမသန္ေပ။ သူႀကဳံေတြ႕ခဲ့ရသည့္အရာမ်ား၊ လူတစ္ဦး၏အသက္အႏၲရာယ္ ႀကဳံလာေသာအခါ၊ ေသြးသားရင္းျဖစ္ေပမယ့္ တစ္ဦးႏွင့္တစ္ဦး သစၥာေဖာက္ကာ ေသတြင္းထဲ တြန္းခ်သည့္ ျဖစ္ရပ္ကို ႀကံဳရဖန္မ်ားေတာ့ သူ႕ နွလံုးသားက မာေႀကာလာခဲ့သည္။ မိသားစု ဆိုတာထက္ စိတ္နွလံုးေကာင္းကာ သစၥာမေဖာက္တတ္သည့္ လူေကာင္းျဖစ္ဖို႕က ပိုအေရးႀကီးသည္ဟု ခံယူထားသည္။ မိသားစုထဲကလူေတြက ယုတ္မာေနရင္ေတာင္ ကိုယ့္အတြက္အေရးႀကီးတယ္ဆိုတဲ့ ခပ္ပိန္းပိန္းအေတြးေခၚကို ကိုင္ဆြဲထားတဲ့ ဒီလို အေတြးအေခၚမ်ိဳးနဲ႔ လူေကာင္းေတြဟာ အႏၲရာယ္နဲ႔ ရင္ဆိုင္ရရင္း ေသဆုံးေနၾကရသူေတြ ျဖစ္ႀကလိမ့္မယ္။ ဘယ္လိုပဲျဖစ္ျဖစ္ မေကာင္းသည့္ မိသားစုဝင္ကို တြယ္တာေနသူက ျပန္လည္ရုန္းထဖို႔ဆိုတာ မျဖစ္ႏိုင္ေပ။
အေစာပိုင္းကာလမ်ားတြင္ မိသားစုဝင္ေတြ၊ ခ်စ္ျခင္းေမတၱာအတြက္ စြန႔္လႊတ္အနစ္နာခံကာ အျခားသူမ်ား၏ ရွင္သန္မႈအတြက္ တိုက္ပြဲဝင္ခဲ့ၾကေသာ္လည္း သူတို႔၏ဘဝက အသက္ရွင္သန္နုိင္မယ့္ အခြင့္ေရးကို ဆုံးရႈံးသြားခဲ့သည္။ သူ႕အရင္ဘဝတြင္၊ ခ်စ္ရသူထံမွသစၥာေဖာက္ခံရတာေတြ၊ ဖုတ္ေကာင္မ်ားကို အာရံုလႊဲရန္ မိခင္ကိုယ္တုိင္က လႊြင့္ပစ္တာ ခံရတဲ့ သားႏွင့္သမီးေတြကို ေလာ္ရႊင့္ျမင္ခဲ့တာ ဘယ္ေလာက္ေတာင္ မ်ားခဲ့ျပီလဲ။ က်န္းရီရဲ႕ အရင္အေဖာေတြက သူတို႕အသက္ရွင္ဖို႕ က်န္းရီကို တမင္သက္သက္ ဒဏ္ရာရေအာင္လုပ္ျပီး ဖုတ္ေကာင္ေတာထဲမွာ စြန္႕ပစ္ခဲ့တာပဲ မဟုတ္လား။
ယန္ေဖး ၏ ဆုံးျဖတ္ခ်က္က ဘယ္သူ႕ကိုမွ မထိခိုက္ေစဘူးဆုိတာ ေလာ္ရႊင့္က အစကတည္းက ရွင္းရွင္းလင္းလင္း သိေနခဲ့သည္။ သူ႔မိဘေတြက ဖုတ္ေကာင္ေတြ မျဖစ္ခဲ့ရင္၊ သူတို႔ဟာ သူတို႔ကိုယ္သူတို႔ ကာကြယ္ဖို႔ စြမ္းအားကို ျမန္ျမန္ဆန္ဆန္ ရွာေဖြႏိုင္ပါလိမ့္မယ္။ သူတို႔ေဘးကင္း၊ အသက္ရွင္ေနၿပီး ေနေကာင္းေနသေရႊ႕ သူတို႔နဲ႔ အတူမေနဖို႔ ဆုံးျဖတ္လိုက္တယ္။
ယန္ေဖး သည္ ရာထူးနွင့္ စည္းစိမ္ကိုသာ ေရွ႕တန္းတင္သည့္ အထက္တန္းလႊာေတြရဲ႕ သေဘာသဘာဝကို ေနာေက်ေနသည့္အျပင္ က်န္းရီရဲ႕အေျပာကေနတဆင့္ သူ႕မိဘေတြရဲ႕ အရႈပ္အရွင္းကိုလည္း သိခဲ့သည။ ဒါ့အျပင္ အခု သူ႕မိဘေတြက သူ႕ကို ရွာေပမယ့္ ဝတ္ေက်တန္းေက်သာ ရွာျပီး အစြမ္းကုန္ႀကိဳးစားခဲ့ျခင္းမဟုတ္ေၾကာင္း သိရွိခဲ့သည္။ မ်ိဳး႐ိုးအမည္ 'ယန္' က ဘယ္ေလာက္မ်ားေနလို႕လဲ။ တကယ္လို႕ ယန္မ်ိဳးရိုးအျပင္ ယန္ေဖး ဆိုသည့္အမည္နဲ႕ လိုက္ရွာခဲ့မယ္ဆိုရင္ သူ႕ကို ရွာေတြ႕ဖို႕ သူတုိ႕အတြက္ ဘယ္ေလာက္မွ ခက္ခဲမည္ မဟုတ္ေပ။ အခုေတာ့ ယန္ဆိုတဲ့ မ်ိဳးရိုးနဲ႕ပဲ အေပၚယံရွာေနႀကသည္။
ယန္ေဖး ၏ အၿပဳံးသည္ တျဖည္းျဖည္း ေႏြးေထြးလာၿပီး ေလာ္ရႊင့္ ၏ လက္ကို ဆုပ္ကိုင္ကာ နွစ္ေယာက္သား ေရွ႕သို႔ ဆက္ေလွ်ာက္သြားလိုက္သည္။ ေလာ္ရႊင့္ တစ္ေယာက္တည္းရွိ႐ုံနဲ႔ ေဆြမ်ိဳးသားခ်င္းေတြ မိသားစုရဲ႕ ခ်စ္ခင္မႈကို သူ မလိုအပ္ေတာ့ဘူး။ သူတို႕ စံုတြဲက ပၪၥမကင္တင္း ထက္ စားစရာပိုမ်ားေသာ တတိယ ကင္တင္း သို႔ အတူတူ ေလွ်ာက္သြားၾကသည္။ ေကာင္တာတဝိုက္မွာ လွည့္ပတ္ၾကည့္ေတာ့ စားစရာေတြ အမ်ားႀကီးရွိေနတာကို ေတြ႕လိုက္ရတယ္။ ယန္ေဖး ႏွင့္ ေလာ္ရႊင့္ တို႔ အခ်င္းခ်င္း တိုးတိုးတိုင္ပင္ေနႀကသည္။
ေလာ္ရႊင့္ : "ေခါက္ဆြဲ မစားရတာၾကာၿပီ။ ဒီမွာ ေခါက္ဆြဲက ေတာ္ေတာ္စားေကာင္းပုံရတယ္၊ တခ်ိဳ႕ လာယူပါ"
ယန္ေဖး: "ေကာင္းၿပီ မင္း ေခါက္ဆြဲ ယူလိုက္ျပီဆုိရင္ အရသာ အေျပာင္းလဲ ျဖစ္ဖို႔အတြက္ ဖက္ထုပ္တစ္အိုးကို ယူလိုက္မယ္။ canteen မွာ ထိုင္ခုံမရွိဘူး၊ ထုပ္သြားျပီး အိမ္ျပန္စားႀကမယ္"
ေလာ္ရႊင့္ သည္ ပတ္ဝန္းက်င္ကို ၾကည့္လိုက္ရာ လစ္လပ္ေနေသာ ထိုင္ခုံမ်ား မရွိသေလာက္ကို ေတြ႕လိုက္ရၿပီး ရွက္႐ြံ႕စြာ ေခါင္းညိတ္လိုက္သည္။
"ေခါက္ဆြဲက ေပ်ာ့သြား မလား"
" သူတို႔ေခါက္ဆြဲက မာပံုရတယ္။ အိမ္ေရာက္ရင္ ျပန္ေႏြးလိုက္လည္း ျပႆနာမရွိဘူး"
"ေကာင္းၿပီ လမ္းခြဲျပီး စားစရာေတြ ယူရေအာင္!"
ေလာ္ရႊင့္ သည္ ေန႔လည္စာဘုူးႀကီး တစ္ဘူးကို ေပြ႕ဖက္လိုက္ၿပီး ယန္ေဖးင ဖက္ထုပ္ေရာင္းသည့္ ေကာင္တာဘက္သို႔ လွည့္သြားစဥ္ ေခါက္ဆြဲေရာင္းသည့္ ေကာင္တာဘက္ဆီသို႔ ေျပးသြားခဲ့သည္။
တတိယေျမာက္ canteen အစားအေသာက္ေကာင္းၿပီး ေပးအပ္သည့္ စားစရာေဝစုေတြက ပိုမ်ားတယ္ဆိုတာ သံသယျဖစ္စရာမလိုပါဘူး။ လူႏွစ္ေယာက္ သူတို႔ကိုယ္ပိုင္ေန႔လည္စာဘူးနဲ႔ လာေနတာကို ေတြ႕ေတာ့ စားဖိုမႉးက ဇြန္းနဲ႔ အျပည့္ ေကာ္ထည့္ေပးေတာ့ ဗူးႏွစ္ဗူးလံုးက အဖုံးမဖုံးႏိုင္လုနီးပါးပါပဲ။ မၾကာေသးမီက တပ္္သားေတြက အေျခစိုက္စခန္းရဲ႕ နံရံကို ေတာင့္တင္းေအာင္ အသည္းအသန္တည္ေဆာက္ေနၾကၿပီး လူတိုင္းကို အာဟာရျပည့္ေအာင္ ေကြ်းေမြးဖို႕ အထက္က အမိန႔္ေပးခဲ့သည္။ ထို႔ေၾကာင့္ canteen တြင္ အစားအေသာက္ အရည္အေသြး ကြဲျပားေသာ္လည္း၊ လူတိုင္းကို ဖူဖူလံုလံုေကြ်းနိုင္သည့္ ပမဏကို ေပးအပ္ခဲ့သည္။
သူတို႔သည္ ေကာင္တာမ်ားေရွ႕တြင္ ထမင္းဘူးမ်ားကို ထုပ္ပိုးၾကသည္။ အဆင္သင့္ျဖစ္ၿပီဆိုတာနဲ႔ ေက်ာပိုးအိတ္ထဲကို မထည့္ခင္ ထမင္းဗူးကို ပလပ္စတစ္အိတ္နဲ႔ ဖုံးထားလိုက္တယ္။ ေလာ္ရႊင့္ သည္ သူ႕ေဝစု ထမင္းဘူးကို သယ္ခ်င္ေသာ္လည္း ယန္ေဖး က အၿပဳံးျဖင့္ လႊဲယူက ေက်ာပိုးအိတ္ထဲ ေပါင္းထည့္လိုက္သည္။ သူ႔ခ်စ္သူရဲ႕ ခႏၶာကိုယ္က အျပည့္အဝ မက်န္းမာေသးေတာ့ ဒီလိုအေလးကို သယ္ရင္ ဘယ္ေလာက္ပင္ပန္းလိုက္မလဲ။
ေလာ္ရႊင့္ ၏ နူတ္ခမ္းေထာင့္က အလိုအေလ်ာက္ေကာ့တက္လာျပီး နွစ္ေယာက္သား လက္ခ်င္းတြဲကာ ထြက္လာၾကသည္။ ႏွစ္ေယာက္သား ထြက္လာသည္ႏွင့္ တစ္ဖက္မွ လူမ်ားစြာ ထြက္လာၾကသည္။ သူတို႔ႏွစ္ေယာက္ကို ျမင္လိုက္ရတာက သူ႔မ်က္လုံးေတြ ေတာက္ပလာခဲ့တယ္။
"ယန္ေဖး..ေလာ္ရႊင့္!"
မထင္မွတ္ပဲ လီထယ္ နဲ႔ သူ႔သူငယ္ခ်င္းေတြ ျဖစ္ေနခဲ့တယ္။
"မင္းတို႕ေကာ အလုပ္ၿပီးၿပီလား?" ေလာ္ရႊင့္ က ၿပဳံးၿပီး အဖြဲ႕ကို ႏႈတ္ဆက္သည္။
တတိယေျမာက္ canteen အနီးတြင္ ဂ်စ္ကားတစ္စီးကို ႐ုတ္တရက္ေတြ႕လိုက္ရာ အမ်ိဳးသမီးတစ္ဦးက သူတုိ႕ဘက္ကို ေမွ်ာ္ၾကည့္လာစဥ္ သူမ၏ မ်က္ႏွာအသြင္အျပင္... ဘာေၾကာင့္ ရင္းႏွီးေနပုံရတာလဲ။
စဥ္းစားရင္း၊ ေလာ္ရႊင့္ သည္ ယန္ေဖး ဆီသို႔ မ်က္လံုးက မသိမသာ ေရာက္သြားသည္၊ ေသခ်ာတာက ထိုအမ်ိဳးသမီးသည္ ယန္ေဖး ႏွင့္ ဆင္တူေသာ မ်က္နွာအသြင္အျပင္ရွိေနသည္။ ယန္ေဖး ၏မိဘမ်ား အေၾကာင္း ေျပာၿပီးသည့္ေနာက္တြင္ သူ၏စိတ္ထဲကေန ထိုအမ်ိဳးသမီးသည္ ယန္ေဖး ၏မိခင္ျဖစ္မည္ဟု ေလာ္ရႊင့္က အလိုလို ခန႔္မွန္းခဲ့သည္။
လီထယ္ ႏွင့္ အျခားတစ္ေယာက္က "ယန္ေဖး" ဟုေျပာေနသည္ကို သူမ ၾကားလိုက္မလားရယ္လို႕ ေလာ္ရႊင့္ရဲ႕ နွလံုးသားေလး တုန္လႈပ္သြားခဲ့သည္။ ယန္ေဖး က သူ႔မိဘေတြကို သြားမရွာေပမယ့္ ယန္ေဖးကို မွတ္မိသြားရင္ သူ႔အတြက္ မေကာင္းဘူး။ ေလာ္ရႊင့္က သူတို႔သားနဲ႕ ခ်စ္သူလို ဆက္ဆံေရးရွိေၾကာင္း သူတို႔ သိခဲ့လွ်င္.....
ေလာ္ရႊင့္ ၏ စိတ္ထဲတြင္ တီဗြီ ဒရမ္မာ ဇာတ္လမ္းေတြထဲက မေကာင္းဆိုးဝါး ေယာကၡမ ဇာတ္ကြက္မ်ား ကို ႀကိဳျမင္လို႕ေနျပီ။ သူက လီထယ္ ႏွင့္ အဖြဲ႕ကို ႏႈတ္ဆက္လိုက္စဥ္ ဂ်စ္ကားေပၚက အမ်ိဳးသမီးက လူႏွစ္ေယာက္ စကားေျပာေနတာကိုပဲ ျမင္ၿပီး အေဝးကို လွမ္းၾကည့္လိုက္သည္။ သူမ အနည္းငယ္ စိတ္သက္သာရာ ရသြားပံုေပၚသည္ - သူမ ကို ေလာ္ရႊင့္ ခန႔္မွန္းတာ မွားေနတာမ်ားလား ။
"ဒါဆို မင္းတို႕က အိမ္ျပန္ျပီး သြားစားႀကမလို႕ေပါ့ေလ။ ငါတို႕က ဒီမွာ လာစားျပီး အလုပ္ကို ျပန္ရမွာ. " ဟန္လိက ေႏြးေထြးစြာ ၿပဳံးလိုက္သည္။
ေလာ္ရႊင့္ ႏွင့္ ယန္ေဖး က ေခါင္းညိတ္ႏႈတ္ဆက္လိုက္ၿပီး ေဟာ္ခ်န္ခြန္း သည္ ေတာက္ေျပာင္ေသာ မ်က္လုံးမ်ားျဖင့္ ေကာင္တာဆီကို ေျပးလာသည္ကို ေတြ႕လိုက္ရသည္။
"ဒီေန႔နံ႐ိုးေတြရွိေနပုံပဲ ။ ငါ ဒါစားလိုက္မယ္!"
ေလာ္ရႊင့္ ရဲ႕ လက္ကို ဆုပ္ကိုင္ထားေသာ ယန္ေဖး ရဲ႕ ေျခလွမ္းမ်ားက တည္ျငိမ္လို႕ေနျပီး ထိုအမ်ိဳးသမိီးေဘးမွ ျဖတ္လာႀကသည္။ ေလာ္ရႊင့္ သည္ ထိုအမ်ိဳးသမီးကို မၾကည့္ေတာ့ဘဲ သက္ျပင္းတစ္ခ်က္ခ်လိုက္သည္။ သူတို႔ ျဖတ္သြားျပိးခ်န္ သူက တိုးတိုးေလး ေျပာတယ္။
"အဲဒီမိန္းမက ခင္ဗ်ားအေမပဲ ထင္တာ"
ယန္ေဖး ရယ္ေမာလိုက္သည္။ "ဆံပင္အညိဳေရာင္ရွိတဲ့ ဂ်စ္ကားေဘးက တစ္ေယာက္ပဲ။ မင္း ျမင္တယ္မလား?"
"အင္...ျမင္လိုက္တယ္"
"ဟုတ္တယ္ ၊ ဒါ ငါ့အေမပဲ"
"....ဟာ?!" ေလာ္ရႊင့္ သည္ ျပဴးက်ယ္ေသာ မ်က္လုံးမ်ားျဖင့္ ခုန္လိုက္သည္။
ယန္ေဖး သည္ ေလာ္ရႊင့္ ၏ ပုခုံးကို ဖက္ထားရန္ လက္ကို ေျမႇာက္လိုက္သည္။
"စိတ္ခ်ပါ၊ ငါ သူ႔ဆီေလွ်ာက္သြားရင္ေတာင္ သူ ငါ့ကို မွတ္မိမွာမဟုတ္ဘူး"
"... Mask တပ္ထားလို႔လား?" ေလာ္ရႊင့္ က မ်က္ေမွာင္ၾကဳတ္ၿပီး သူ႔အေမ မ်က္လုံးေတြ မေကာင္းဘူးလား။
ယန္ေဖး ရယ္ေမာလိုက္ျပန္သည္။
"သူနဲ႔ကိုယ္က တစ္ႏွစ္မွာ တစ္ႀကိမ္ပဲ ေတြ႕တယ္။ ေႏြဦးပြဲေတာ္မွာ ေဈးဝယ္ထြက္ရင္း ျပင္သစ္ကို သြားလိုက္လို႕ သူမနဲ႕ မေတြ႕ျဖစ္တာ တစ္ႏွစ္ရွိၿပီ။ မေမ့နဲ႔ေနာ္ ။ ကိုယ္က ဆံပင္လည္း ညွပ္ထားေသးတယ္။"
ေလာ္ရႊင့္ က ေခါင္းကို ငုံ႔ထားၿပီး ယန္ေဖး ရဲ႕ ေခါင္းကို ၾကည့္လိုက္ေတာ့ ဒီေန႔ သိပ္မေအးဘူးဆိုေတာ့ ယန္ေဖး က သိုးေမႊးဦးထုပ္ မေဆာင္းထားဘူး။ သူ႔ဆံပင္ပုံစံက အရင္ထက္နည္းနည္းတိုေနေပမယ့္... ႀကီးႀကီးမားမား ကြာျခားမႈေတာ့ မရွိပါဘူး။ ယန္ေဖး က သူ႔ရဲ႕ ပုခုံးေပၚလက္တင္ၿပီး ဆက္ေလွ်ာက္လာတယ္။
"ျမန္ျမန္ အိမ္ျပန္ရေအာင္၊ ေခါက္ဆြဲေတြ ပြမသြားေအာင္ သတိရဦး။"
ေလာ္ရႊင့္ သည္ ကမာၻပ်က္ကပ္မတိုင္မီက အထူးဝယ္ခဲ့ေသာ အက်ၤ ီႀကီးကို ၀တ္ဆင္ထားသည္။ ယန္ေဖး သည္ ယခင္က မ၀တ္ခဲ့ဖူးေသာ အျဖဴေရာင္မ်က္ႏွာဖုံးကို ၀တ္ဆင္ထားသည္။ သူ႔ကို မွတ္မိႏိုင္မွာသာ ထူးဆန္းေနလိမ့္မယ္။
"ဒါဆို အိမ္ျပန္ရေအာင္!" ဒီအတြက္ စိုးရိမ္စရာ မလိုေတာ့ဘူး၊ သားက မိခင္ကို အသိအမွတ္မျပဳသလို မိခင္ျဖစ္သူကလည္း သားကို အသိအမွတ္မျပဳဘူး။
ေလာ္ရႊင့္ ကို ေပြ႕ဖက္ထားရင္း ယန္ေဖး ၏ ႏွလုံးသားေလးက တင္းက်ပ္မႈေတြ ေျပေလ်ာ့သြားသည္။ သူ႔ေျခလွမ္း ေတြက ထူးထူးျခားျခား သြက္သြက္လက္လက္ရွိလာသည္။ သူတို႔ႏွစ္ဦးသည္ အိမ္သို႕ ကားေမာင္းလာျပီး ၁၆ထပ္သို႔ တက္ခဲ့ၾကသည္။
ထမင္းဗူးကိုဖြင့္လိုက္တာနဲ႔ ဖက္ထုပ္ေၾကာ္က ႏူးညံ့ၿပီး ေခါက္ဆြဲက အဆင္ေျပေနေသးတယ္။ သူတို႔ႏွစ္ေယာက္က ေခါက္ဆြဲကို ေမႊၿပီး ခြဲလိုက္ၾကသည္။ အိမ္သို႔ အျမန္ျပန္လာလို႕ ေခါက္ဆြဲက အရသာရွိေနေသးသည္။ ဖက္ထုပ္ အတြင္းတြင္ စြပ္ျပဳတ္ပါတာ မဟုတ္လို႕ ေအာက္ေျခမွလြဲ၍ အျခားအစိတ္အပိုင္းအခ်ိဳ႕လည္း ႂကြပ္ေနေသးသည္။
ႏွစ္ေယာက္သား ေခါက္ဆြဲကို ၿပီးေအာင္စားကာ၊ ဖက္ထုပ္တခ်ိဳ႕ စားၾကေပမယ့္ က်န္တာကို ညေနစာအတြက္ မီးဖိုေခ်ာင္ထဲမွာ ထားခဲ့တယ္။ ျပဳတ္ထားတဲ့ ယာဂုနဲ႔ ဖက္ထုပ္ကိုတြဲစားမယ္။ ေျပာရမယ္ဆိုရင္ တတိယနဲ႔ စတုထၳေျမာက္ canteen ေတြက ပၪၥမကင္တငး္ထက္ အရမ္းေကာင္းတယ္။ သူတို႔လင္မယားႏွစ္ေယာက္ ထမင္းစားရင္းကင္တင္းေတြ အေႀကာင္းေဝဖန္ေနႀကည္။ တတိယကင္တင္းက ေပးတာ မ်ားတယ္။ စတုတၳကင္တင္းက အခ်က္ျပဳတ္ ေတာ္တယ္၊
ေနာက္ပိုင္း ေန႔ရက္မ်ား တြင္ အလုပ္မ်ားေနသျဖင့္ ေလာ္ရႊင့္ သည္ ေနာက္ဆုံးတြင္ သူ႕အေနာက္ဘက္ တစ္ေနရာက ဒဏ္ရာ အေတာ္သက္သာသြားသည္ဟု ခံစားလိုက္ရသည္။ အေျခစိုက္စခန္း၏ ေအာက္ခံနံရံသည္ အခ်ိန္မွီ ၿပီးစီးနို္င္မည္ျဖစ္ၿပီး ခိုင္ခံ့ၿပီး ထူလာ႐ုံသာ က်န္ေတာ့သည္။ ဝမ့္က်င္း ၏ နံေဘးရွိ ခုနစ္ထပ္တိုက္ငယ္သည္ အတြင္းဘက္ ၿမိဳ႕တြင္း၌ အသစ္တည္ေဆာက္ထားေသာ အေဆာက္အအုံမ်ားစြာႏွင့္အတူ ေအာင္ျမင္စြာ ၿပီးစီးခဲ့သည္။ ေနာက္ဆုံးတြင္ ဆင္းရဲသားမ်ားကို ေနထိုင္ရန္ ေနရာသတ္မွတ္ေပးခဲ့သည္။
ေလာ္ရႊင့္ သည္ အိမ္ခန္း 1603၏ ဧည့္ခန္းတြင္ သူ႔တင္ပါးေပၚတြင္ လက္ႏွစ္ဘက္တင္ကာ ခုေလးတင္ သုတ္ထားသည့္ နံရံက ပတ္တီးကို ႀကည့္ေနသည္။
"အရမ္းေကာင္းတယ္၊ နံရံက ေျခာက္ေနၿပီ။ ဒီႏွစ္ရက္ အားလပ္ရက္မွာ တထပ္ ထပ္သုတ္လို႕႔ရၿပီ!"
အျပင္ဘက္ တံတိုင္း လုပ္ငန္းမ်ား ေခတၱ ၿပီးဆုံး ခဲ့ၿပီး သူတို႔ ႏွစ္ဦး အား ႏွစ္ရက္ သုံးရက္ အားလပ္ရက္ ေပးကာ တ႐ုတ္ ႏွစ္သစ္ကူး အတြက္ အိမ္ျပန္ခိုင္းခဲ့သည္။ ထို႔ေနာက္ အျပင္ဘက္နံရံသို႔ ဆက္သြားကာ သတၱဳနံရံမ်ားကို ထပ္ျပီးႀကံ႕ခုိင္ေစရန္နွင့္ ပို ျမင့္ေစေအာင္ လုပ္ရမည္ ျဖစ္သည္။
တစ္ဖက္တြင္ အလုပ္ၿပီးသည္ႏွင့္ ေအာက္ေျခတြင္ သတၱဳေတြ ထပ္ပိုးနိုင္ေလာက္ေအာင္ အေျခစိုက္စခန္းမွာ အလုံအေလာက္ရွိေၾကာင္း သူတို႔သိသည္။ စစ္တပ္သည္ တံတိုင္းခိုင္ခံ့ေစရန္အတြက္ သတၱဳပစၥည္းမ်ိဳးစုံကို စုေဆာင္းရန္အတြက္ ဒီရက္အနည္းငယ္အတြင္း ဝန္ထမ္းအခ်ိဳ႕ကို အျပင္သို႕ေစလႊတ္ရတြင္ လိုက္သြားနုိင္ဖို႕ သူတို႕ အခြင့္အေရးယူမည္ျဖစ္သည္။ ေျမႀကီးစြမ္းရည္အသုံးျပဳသူေတြက သူတိုနဲ႕ ႏႈိင္းယွဥ္ပါက သူတို႕လိုအပ္သည့္ ပစၥည္းကို ရွာရပိုလြယ္သည္။ ကြန္ကရစ္မရွိရင္ေတာင္ နံရံကို ဖုံးဖို႔ သဲ ဒါမွမဟုတ္ ေျမဆီလႊာကို အသုံးျပဳႏိုင္ပါတယ္။
ဘာပဲျဖစ္ျဖစ္ ဒီရက္ေတြဟာ ေပါ့ေပါ့ပါးပါး ရွိတာေၾကာင့္ ေလာ္ရႊင့္ နဲ႔ ယန္ေဖး တို႔ဟာ ဒီရွားပါးတဲ့ အားလပ္ခ်ိန္ကို သုံးၿပီး အိမ္ခန္းနံရံကို ပတ္တီးတစ္ထပ္ ထပ္သုတ္ဖို႕ ဆုံးျဖတ္လိုက္ပါတယ္။ ေလာ္ရႊင့္ ႏွင့္ ယန္ေဖး တို႔သည္ ယေန႔မွစတင္၍ ၂၉ ရက္ေနအထိ အားလပ္ရက္ရေပမယ့္ လူငယ္ ငါးဦးႏွင့္ က်န္းရီ တို႔သည္ အိမ္တြင္ အနားယူရမယ့္ ကံေကာင္းျခင္းတို႕ မရွိခဲ့ၾကေပ။ လီထယ္ ႏွင့္ သူတို႔၏ေနအိမ္ကို ျပန္လည္မြမ္းမံထားၿပီး လြန္ခဲ့သည့္ရက္အနည္းငယ္က သူတို႔သည္ ေဆာ့ဖ္ဝဲလ္ႏွင့္ ဟာ့ဒ္ဝဲမ်ိဳးစုံျဖင့္ အလုပ္ရႈပ္ေနခဲ့သည္။ ဘယ္လိုမွ အလုပ္ကေန ေရွာင္လို႔မရပါဘူး၊ ဘာေၾကာင့္လဲ ဆိုေတာ့ ကမာၻပ်က္ကပ္ႀကီး ႐ုတ္တရက္ ေရာက္လာတဲ့အတြက္ စစ္တပ္က အရာေတာ္ေတာ္မ်ားမ်ားကို ႀကိဳတင္ ျပင္ဆင္မထားနိုင္ခဲ့ဘူး။ စာရင္းဇယားမ်ားႏွင့္ အခ်က္အလက္လုပ္ေဆာင္ျခင္းေဆာ့ဖ္ဝဲလ္မ်ားစြာကို ျပန္လည္ေရးသားဖို႕သာ တတ္နုိ္င္ေတာ့သည္။
ပညာရွင္အခ်ိဳ႕သည္ မၾကာေသးမီက အေျခစိုက္စခန္းကို ေရာက္ရွိလာခဲ့ၿပီး ကံေကာင္းေထာက္မစြာျဖင့္ ေက်ာင္းသားအုပ္စုသည္ ႐ိုးသားၿပီး ၾကင္နာတတ္ကာ စိတ္ထားေကာင္းသူမ်ားျဖစ္သည္။ ဒီက႑တြင္ လက္ေတြ႕ အေတြ႕အႀကဳံ မရွိၾကေသာ္လည္း သူတို႔သည္ ထိုဌာနတြင္ အခ်ိန္အေတာ္ၾကာ ပူးေပါင္းေဆာင္႐ြက္ခဲ့ၾကပါသည္။ ယေန႔ေခတ္တြင္ ပညာရွင္အေရအတြက္ကို လက္ခ်ိဳးရည္လို႕ရေလာက္သည္။ ဒါေႀကာင့္ ထိုလူငယ္တစ္စုက ထိုအလုပ္တြင္ ဆက္လက္ခန္႕ထားျခင္း ခံလိုက္ရသည္။
သူတို႔ႏွစ္ေယာက္က တ႐ုတ္ႏွစ္သစ္ကူးအတြက္ ပိတ္ရက္ ႏွစ္ရက္ရွိေပမယ့္ မနက္ျဖန္ကစလို႔ ဒီေန႔ တန္းလ်ားမွာ အလုပ္ဆက္လုပ္ေနရဆဲပါ။ က်န္းရီ ကေတာ့ ကမာၻပ်က္ကပ္ေခတ္မွာ အေရးႀကီးဆုံး အလုပ္တစ္ခုရွိတာေၾကာင့္ ဆရာဝန္တစ္ေယာက္အေနနဲ႔ ဒီအားလပ္ရက္မွာ အနားယူခ်ိန္ရတာက အေျခစိုက္စခန္း ေခါင္းေဆာင္ေတြရဲ႕ ေက်းဇူးေၾကာင့္ပါပဲ။
သူတို႔စုံတြဲသည္ အိမ္ခန္းနံပါတ္ ၁၆၀၃ ရဲ႕ နံရံမ်ားကို ပတ္တီး ထပ္သုတ္ရင္း တစ္ရက္တာကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းခဲ့သည္၊ ေလာ္ရႊင့္ သည္ အေျခအေနကိုၾကည့္ၿပီးေနာက္ နံရံကို ေျခာက္ေသြ႕သြားသည္အထိ ေစာင့္ဆိုင္းေနခဲ့သည္။ နံရံမွာ ျပႆနာမရွိဘူးဆိုရင္ တတိယအလႊာကို သုတ္ျပီးတာနဲ႕ က်န္တဲ့ ပတ္တီးေဆးေတြကို သိမ္းဆည္းဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ နံရံမ်ား ေျခာက္တာနဲ႕ သူက ၾကမ္းျပင္ကိုခင္းၿပီး ဖန္လုံအိမ္ႀကီးကို ဖန္တီးႏိုင္သည္ ။ သူတို႔ ႏွစ္ေယာက္ တစ္ေနကုန္ အလုပ္လုပ္ၿပီး ေရခ်ိဳးဖို႔ ျပန္လာခဲ့ၾကတယ္။ ေရခ်ိဳးခန္းထဲက ထြက္လာတဲ့ အခ်ိန္ သတၱဳသံကို ၾကားလိုက္ရတယ္။
လီထယ္ နဲ႔ အဖြဲ႕ က သူတို႔ရဲ႕ ပင္ပန္းႏြမ္းနယ္ေနတဲ့ ခႏၶာကိုယ္ကို 16 ထပ္အထိ တရြတ္ဆြဲတက္လာႀကသည္။ သူတို႕ ႏွစ္ေယာက္သား ထြက္လာတာကိုျမင္ေတာ့ လက္ျပႏႈတ္ဆက္ၾကတယ္။ ဝမ္ေသာ္ သည္ ခါးသီးေသာမ်က္ရည္မ်ားျဖင့္ ငိုသည္။
"ေနာက္ဆုံးေတာ့ မနက္ျဖန္ အလုပ္မသြားပဲ ေနလို႕ရျပီ္..."
"ငါက 12 နာရီေလာက္ထိ အိပ္မယ္။ ဘယ္သူမွ လာမတားနဲ႕!"
ေဟာ္ခ်န္ခြန္း သည္ လက္ႏွစ္ေခ်ာင္းကို ေဝွ႔ယမ္းလိုက္သည္။ ဝူရွင္း ႏွင့္ ဟန္လိ တို႔က အႀကိမ္ႀကိမ္ ေခါင္းညိတ္ ေထာက္ခံၾကသည္။
ေလာ္ရႊင့္ က ငါးေယာက္အုပ္စုကို ၿပဳံးျပလိုက္သည္။
"ဒီေန႔ နံရံေတြ ေျခာက္ေနတာေတြ႕ေတာ့ နံရံကို ထပ္ၿပီး သုတ္လိုက္တယ္"
လီထယ္ ႏွင့္ အဖြဲ႕ သည္ ခ်က္ခ်င္းပင္ ေက်ာခိုင္းသြားၿပီးေနာက္ စိတ္ပ်က္အားငယ္ေသာ မ်က္လုံးမ်ားျဖင့္ ေခါင္းကို ဆုပ္ကိုင္ထားလိုက္သည္။
"ငါတို႔လည္း နံရံေဆးသုတ္ဖို႔ ေမ့သြားလို႔။ ဘုရားေရ! ဒီအားလပ္ရက္မွာ လူေတြကို အသက္ရွင္ခြင့္ မေပးဘူးလား?!"
သူတို႕ေအာက္ဘက္ ၁၅ ထပ္မွ အမည္မသိ အသံတစ္ခု ထြက္ေပၚလာသည္။
"ဘာျဖစ္ေနတာလဲ?! ဘယ္သူေအာ္ေနတာလဲ။ ဘယ္သူ႔ကိုမွ အိပ္ခြင့္မေပးဘူး!"
လူငါးေယာက္သည္ သံတံခါးႀကီးဆီသို႔ ေျပးသြားကာ ႀကည့္လိုက္ၾကသည္။
*******-*********
VOUS LISEZ
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horreurပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ျပန္လည္ေမြးဖြားလာေသာ (Otaku) အိမ္တြင္းပုန္း တစ္ေယာက္၏ ကမာၻပ်က္ကပ္အတြင္း အသက္႐ြင္သန္ေရး နည္းလမ္းမ်ား Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies