Chapter 49 - အိမ်နီးချင်းတွေအကြားက ဆက်ဆံရေး
လော်ရွှင့် ၏ အလန့်တကြား ကန့်ကွက်သံကိုကြားသောအခါ ယန်ဖေး က လော်ရွှင့်ရဲ့လည်ပင်းကို တိုးဝှေ့နမ်းရှိုက်ရင်း ခပ်တိုးတိုးရယ်မောရင်းပြောလိုက်သည်။
"မင်းနဲ့ အတူရှိနေတဲ့အချိန်မှာ ကိုယ်က ဘယ်လိုလုပ် ရိုးရိုးသားသား အိပ်နိုင်တော့မှာလဲ"
ထိုစဉ် လော်ရွှင့် ၏ ဝမ်းဗိုက်ကို ပူပြင်းကာ မာနေသည့် အရာတစ်ခု လာထိလိုက်သဖြင့် လော်ရွှင့် က နည်းနည်းလေးပင် မလှုပ်ရဲတော့ပေ။ ယန်ဖေးရဲ့ ပွတ်တီးပွတ်တာ လုပ်မှုကြောင့် သူ့အောက်ပိုင်းမှာလည်း အနည်းငယ် တုံ့ပြန်မှုရှိလာခဲ့သည်။ ယန်ဖေးက ဒီအကြောင်းကို သိသွားရင် ရှက်စရာကောင်းတာကို လုပ်လာနိုင်သည်ဟု တွေးမိကာ လောလောဆယ် ရှောင်တာက ပိုကောင်းသည်ဟာ လော်ရွှင်တွေးလိုက်သည်။ မဟုတ်ရင် စိတ်လှုပ်ရှားလွန်းလို့ သူ ရူးသွားနိုင်သည်။
ဒါပေမယ့် ယန်ဖေးရဲ့ ထိကိုင်ပွတ်သပ်မှုတွေတွေကြောင့် သူ့ကိုယ်အပူချိန်က သိသိသာသာ တက်လာပြီး သူ့ မသိစိတ်က တစ်ခုခု ဖြစ်လာဖို့ မျှော်လင့်နေမိသည်။
ထိုစဉ် ယန်ဖေးက ရုတ်တရက် သူ့ကို ပြောလာခဲ့သည်။
"ကိုယ်တို့ ဘာကြောင့် အချင်းချင်း ဖြေလျှော့ဖို့ မလုပ်နိုင်ရမှာလဲ "
အခုချက်ချင်း အသားမစားနိုင်သေးပေမယ့် အကျိုးခံစားခွင့်တချို့ကိုတော့ ယန်ဖေး ရချင်သေးသည်။ အပြန်အလှန်ကူညီပေးရင် သူတို့ နှစ်ယောက်က အဆင်ပြေနိုင်ပြီး အကျိုးမယုတ်နိုင်ပေ။
လော်ရွှင့်က သူ့ကို စိုက်ကြည့်နေချိန်မှာ ယန်ဖေးက ထိုကောင်လေးကို ဖြည်းညှင်းစွာနမ်းလိုက်သည်။ လော်ရွှင့် က သူ့ဦးနှောက်ထဲမှာ ပြတ်သားသည့် အတွေးတစ်ခုပေါ်မလာနိုင်ခင် လုံး၀ ရှုပ်ထွေးနေခဲ့တယ်- ဒီနေ့ညက အဖြစ်ပျက်က အရမ်းမြန်လွန်းတယ်လို့ မထင်ဘူးလား။ ဒီမနက်မှ သူက လိင်တူချစ်သူပါလို့ ဖွင့်ဟဝန်ခံခဲ့ပြီး ယန်ဖေးလည်း သူ့ကို စိတ်ဝင်စားပါသည်ဟု ပြောခဲ့သည်။ ဒီနေ့ညရောက်တော့ အချင်းချင်း ဖြေလျှော့ဖို့ ကူညီပေးကြမယ်ဆိုရင် အဖြစ်ပျက်ကြီးက အရမ်းမြန်တယ်လို့ မထင်ဘူးလား။ နှစ်ယောက်ကြားက ခံစားချက်တွေ တိုးလာအောင် ဖြည်းဖြည်းချင်း လုပ်ကြမယ်ဆိုတဲ့ သူ့အစီစဉ်က ဘယ်ရောက်သွားတာလဲ။ ဒါပေမယ့် သူက မိန်းကလေးတစ်ယောက် မဟုတ်ဘူး၊ အချင်းချင်း လက်ကိုသုံးပြီး ဖြေလျှော့ပေးလိုက်မယ်ဆိုရင် သူ ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး။ ဒါကို သူလည်း အခွင့်ကောင်းယူနိုင်တာပဲလေ။
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies