Chapter (82)- ဂေး စုံတွဲရဲ့ အမျိုးသမီး သူငယ်ချင်းများ

3.6K 493 6
                                    

Chapter (82)-  ဂေး စုံတွဲရဲ့ အမျိုးသမီး သူငယ်ချင်းများ





ဓာတ်လှေကား တံခါးပိတ်ပြီး 15 လွှာတွင် စုန့်လင်လင်တို့ ဆင်းသွားကြသည်။ သူတို့အခန်းထဲကိုရောက်တော့ စုန့်လင်လင် က ရွှီမိန် ကို ရုတ်တရက် တိုးတိုးပြောသည် ။

"ရွှီမိန် ...နင် ယန်ဖေးနဲ့ လော်ရွှင့်ကြားက ထူးဆန်းတယ်လို့ မခံစားရဘူးလား ?"

"ထူးဆန်းတာလား?" ရွှီမိန်က  အံသြစွာကြည့်ပြီးနောက် တံခါးကို ဆက်ဖွင့်လိုက်သည်။

"ဘာထူးဆန်းလို့လဲ?"

ယန်ဖေး၏ ပင်ကိုယ်စရိုက်က ထိုအတိုင်းပဲလေ၊ စုန့်လင်လင်   သူမ အခုမှ ထူးဆန်းတာတစ်ခုပဲ တွေ့ခဲ့တာလား။   16 လွှာရှိ အမျိုးသားများထဲမှာ ဘယ်သူမှ ကျန့်ရီလောက် မထူးဆန်းနိုင်ပေ။
 
"အင်း..." စုန့်လင်လင် က မျက်မှောင်ကြုတ်ကာ အတွေးဖြင့် ခေါင်းညိတ်လိုက်သည်။

 "သူတို့တွေ အတူတူရှိနေရင် ထူးဆန်းတာတစ်ခုခုပဲ..."

သူမက တောက်ပသော မျက်လုံးများဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည်။

"ယန်ဖေးက လော်ရွှင့် ရဲ့ ပခုံးကို ပွေ့ဖက်ထားတာ တွေ့လိုက်ရတယ်!"

"ဒါ ပုံမှန်မဟုတ်ဘူးလား? လီထယ်နဲ့ တခြားသူတွေလည်း ဒီလိုပါပဲ။"
တံခါးပွင့်လာပြီး ရွှီမိန် အထဲကိုဝင်ရင်းပြောလိုက်သည်။

ယန်ဖေး၊ လော်ရွှင့်၊ ကျန့်ရီတို့နဲ့စာရင် သူမတို့က လီထယ်အဖွဲ့နှင့် ပိုမိုရင်းနှီးပြီး   အမြဲတမ်း နှုတ်ဆက်စကားဆိုလေ့ရှိသည်။ စုန့်လင်လင် က တံခါးပိတ်နေရင်း တခစ်ခစ်ရယ်နေသည်။  သူမက ရွှီမိန် အား ရှင်းပြလိုက်သည်။

"ဒါက လီထယ်တို့လို ငတုံးကောင်လေး အုပ်စုနဲ့ မတူဘူး။ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာနဲ့ တူတယ်..."

ရွှီမိန် ရပ်လိုက်ပြီး အံ့သြတဲ့မျက်နှာနဲ့ ပြန်ကြည့်တယ်။ "မဖြစ်နိုင်ဘူး..."

စုန့်လင်လင် က သူမကို မျက်စိတဖက် မှိတ်ပြသည်။

 "ဘာလို့ မဖြစ်နိုင်ရမှာလဲ? ဒါက ငါ့ရဲ့  ဆဋ္ဌမအာရုံပါ။ ငါတို့ကောလိပ်မှာ လိင်တူချင်းတွဲနေတဲ့ ကျောင်းသားနှစ်ယောက်ရှိတယ်။ ပြီးတော့ စုံတွဲဖြစ်နေတဲ့ ကောင်မလေး နှစ်ယောက်လည်း ရှိတယ်!"

အမျိုးသမီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။ ရွှီမိန် သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

 "အဲလိုရှိတာတော့ အမှန်ပဲ၊ အခြားအသင်းမှာ ဒီလိုအတွဲတွေရှိတယ်..."

အဖွဲ့ထဲမှာ ဒီလိုအတွဲမျိုးရှိတယ်ဆိုရင် သူတို့က တခြားအမျိုးသားတွေကို စဉ်းစားဖို့ လှုံ့ဆော်ပေးနိုင်ပါတယ်။ Gay သူငယ်ချင်းရှိခြင်းက အမျိုးသမီး နှစ်ဦးအတွက် အကျိုးကျေးဇူး ရှိသည်။ သူတို့က မိန်းကလေးတွေအတွက် လုံခြုံစွာပေါင်းသင်းနိုင်သည့်   အကောင်းဆုံး ဥပမာတစ်ခု ဖြစ်လိမ့်မည်။

လော်ရွှင့် သည် အောက်ထပ်မှ အမျိုးသမီးနှစ်ဦး၏ ရင်းနှီးသော သူငယ်ချင်းအဖြစ် သတ်မှတ်ခံရသည်ကို မသိပဲ သူတို့အခန်းထဲကို ဝင်လိုက်ကာ ယန်ဖေးနှင့် ဆွေးနွေးခဲ့သည်။

"ဒီနေ့ အခြားမလုပ်မလုပ်ခင် ညစာကို အရင်စားကြရအောင်"

ယန်ဖေးသည် လည်းမငြင်းတော့ပေ။ သူက  တစ်နေကုန် အလုပ်ရှုပ်နေခဲ့လို့ ညစာစားချိန်ရောက်တော့  Canteenက ယူလာတဲ့ အစားအစာ၏ရနံ့ကို မွှေးကြိုင်နေလို့ နဂိုက ဗိုက်မဆာပေမယ့် အခုတော့ ဆာလာပြီ။

နှစ်ယောက်သား ဒီနေ့ အစားအသောက်ကောင်းတွေ ပြန်ယူလာကြတယ်၊ ကြက်ခြေထောက်စွပ်ပြုတ်၊ ဝက်သားပြုတ်၊ အမဲသားစွပ်ပြုတ်တွေ... တခြား ဟင်းသီး ဟင်းရွက်တွေရှိပေမယ့် အသားကတော့ အဓိကပဲ။ လူနှစ်ယောက်စားဖို့ လုံလောက်တယ်။

အိမ်မှာ အေးခဲထားတဲ့ အသားအားလုံးနီးပါး စားသုံးလို့ ကုန်ပြီ။ အသားခြောက်၊ ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်းနှင့် အခြားအရာများ အိမ်မျက်ကြက်မှာ  တွဲလောင်းချိတ်ဆွဲထားပေမယ့် မထိသေးပေ။ အခုစားလိုက်လျှင် နောက်မှာ စားစရာမရှိမည်ကို စိုးရိမ်နေရသည်။
 

တကယ်တော့ လော်ရွှင့် ဟာ ကပ်ဆိုးမကျခင်မှာ ဝယ်သိမ်းထားသည့် အမဲခြောက်အချို့ရှိသေးသည်။  အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်တဲ့ အမဲခြောက်က စားမယ်ဆိုလျှင် ရေစိမ်ပြီး ထုခြေမွကာ စားလို့ရသည်။ ဒါပေမယ့်   ဒီအချိန်မှာ သူ မစားချင်သေးဘူး။

လော်ရွှင့် သည် အသားဟင်းများဖြင့် ပြည့်နေသော နေ့လယ်စာသေတ္တာနှစ်လုံးကို အလေးအနက်ကြည့်ကာ ယန်ဖေးအား အကြံပြုသည်။

"အစာထဲမှာ အသားတွေ များလွန်းတယ်။ ဒါကို တစ်ဝက်ခွဲပြီး အိမ်က ဟင်းသီးဟင်းရွက်တွေ ထပ်ထည့်ကြော် သင့်သလား"

ယန်ဖေးပြုံးပြီး ခေါင်းညိတ်သည်။

"ကောင်းပြီ ငါ ထမင်းသွားယူလိုက်မယ်"

သူတို့နှစ်ဦးသည် ဟင်းအမယ်အရေအတွက်ကို အများဆုံးရရှိပေမယ့် ထမင်းတော့ မရခဲ့ပေ။  နေ့လယ်စာသေတ္တာ နှစ်လုံးတွင် ဟင်းမျိုးစုံဖြင့် ပြည့်နေသည်။

လော်ရွှင့် သည် နေ့လယ်စာသေတ္တာကို ကိုင်ဆောင်ကာ မီးဖိုချောင်ထဲသို့ အမြန်ဝင်ပြီးနောက် ယနေ့ ညစားဖို့ ဟင်းသီးဟင်းရွက်များကို ရွေးရန် လသာဆောင်သို့ ပြေးသွားခဲ့သည်။ ဒီနေ့ အသီးအရွက်တွေ အများကြီးရောင်းရပေမယ့် နောက်ကောက်ပဲသီးနှံတွေ မစိုက်ပျိုးမချင်း ရက်အနည်းငယ်ကြာအောင် စားသောက်ဖို့ အိမ်မှာကျန်နေခဲ့တယ်။

အိမ်မှ ဆလတ်တစ်ဆုပ်ကိုခူးကာ ယူလာသည့်အသားဖြင့် ကြော်လိုက်သည်။ ထိုဆလတ်ရွက်က အရသာကောင်းသဖြင့်    လော်ရွှင့် သည်  အရွက်များကို အကုန်မရောင်းဘဲ   စားရန် သိမ်းထားလိုက်သည်။

နှစ်ယောက်သား စားချင်စရာ အသားမျိုးစုံကို အသီးရွက်နှင့် ကြော်လှော်ကာ ဆိုဖာပေါ်တွင် သက်တောင့်သက်သာ ထိုင်နေကြသည်။ အိမ်ကခွေးလေးအတွက် အရိုးတွေကို ချန်ထားပေးသည်။
 
လုံလောက်စွာစားသောက်ပြီးနောက် လော်ရွှင့် သည် ပြတင်းပေါက်မှ တဆင့်အပြင်ကို လှမ်းကြည့် လိုက်သည်။ ကောင်းကင်ကြီးသည် လုံးဝမှောင်သွားကာ နက်မှောင်သော ကောင်းကင်ကြီးတွင် ကြယ်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။ ကမ္ဘာပျက်ပြီးနောက် ကောင်းကင်သည် ဒီလောက် ကြည်လင်နေမည်ကို မည်သူ သိနိုင်မှာလဲ။
 

"...ဒီည လုပ်စရာရှိသေးလား"
လုပ်စရာတွေ အများကြီးရှိပုံရတယ်လို့ သူ မှတ်မိပေမယ့် အသေးစိတ်ကိုတော့ မမှတ်မိဘူး။

ယန်ဖေးပြုံးပြီး ပခုံးကို ဖက်ထားသည်။
"ဆိုလာပြားတွေ ယူလာတယ်ဆိုတာတော့ မှတ်မိတယ်"

ဘေးအိမ်က အခန်းကို ပြီးအောင်လုပ်ဖို့၊ သူတို့ အမှတ်တွေနဲ့ လဲလှယ်ထားတဲ့ ဆိုလာပြားအများစုကို တပ်ဆင်ဖို့ လိုအပ်တယ်။ တကယ်တော့၊ လော်ရွှင့် ၏ သိမ်းဆည်းထားသော စတိုခန်းထဲတွင် အသုံးမပြုရသေးသော ဆိုလာပြားအချို့ရှိသေးပေမယ့် ရေရှည်မှာ အစားထိုးသုံးနိုင်ဖို့ သိမ်းထားသေးသည်။
 
"မှန်တယ်၊ ကျွန်တော်တို့ဘယ်လိုလုပ်မလဲ။ နံရံအပြင်ဘက်မှာ ချိတ်ဆွဲထားမယ်ဆိုရင် နေရောင်ကို ပိတ်ဆို့သွားလိမ့်မယ်။ အပြင်ဘက် နံရံမှာ ချိတ်ထားတာ ပိုကောင်းတယ်..."

လော်ရွှင့်က ထိုဆိုလာပြားတွေကို မည်သို့စီစဉ်ရမည်ကို မသိသောကြောင့် တုံ့ဆိုင်းသွားသည်။

ပြတင်းပေါက်မှာ ထိုဆိုလာပြားတွေကို ချိတ်ဆွဲထားလျှင် ပြတင်းပေါက်မှ ဝင်လာမည့် နေရောင်ခြည်ကို    ပိတ်ဆို့သွားမည်ဖြစ်သည်။ နံရံမှာချိတ်ထားရင် သူခိုးခိုးခံမည်ကို သူကြောက်တယ်။

ယန်ဖေးက မရယ်ပဲ မနေနိုင်တော့ပေ။
 "သူတို့ကို အပြင်ဘက် နံရံမှာ ချိတ်ထားပြီး သံခြံစည်းရိုးနဲ့ကာထားရင် အဆင်မပြေဘူးလား။ ဆိုလာပြားတွေ အားလုံးကို နံရံမှာ ထားနိုင်ဖို့ ငါ့ရဲ့ အစွမ်းအစကို အသုံးချနိုင်တယ်လေ။  သံခြံစည်းရိုးက နေရောင်တချို့ကို ကာပေမယ့် သိပ်တော့  ပြဿနာမဖြစ်လောက်ဘူး။ သူများတွေလည်း ခိုးယူလို့ မရဘူး။"

"ဟုတ်တယ်၊ နံရံမှာရှိတဲ့ သံမဏိပြားတွေနဲ့ ချိတ်ဖို့ ခင်ဗျား ရဲ့စွမ်းအားတွေကို သုံးနိုင်တယ်။ အဲ့လိုဆိုရင် ဘယ်သူက လာ ခိုးနိုင်မှာလဲ။"

လော်ရွှင့် က ရယ်မောရင်း ပြောလိုက်သည်။

နံရံများကို သံခြံစည်းရိုးများဖြင့် ဖုံးအုပ်ထားမည်ဆိုပါက၊ ထိုအထဲမှာ ဘာတွေရှိတယ်ဆိုတာ ဘယ်သူက လွယ်လွယ်တွေ့နိုင်မလဲ။

"သံစည်းရိုးကို နည်းနည်းကျယ်အောင်ဆောက်ပြီး ဆောင်းရာသီမှာ ပစ္စည်းတွေ ခြောက်အောင်လှမ်းနိုင်တဲ့ စင်အနေနဲ့လည်း သုံးနိုင်မယ်"

"ကောင်းပြီ ကိုယ်....သွားလုပ်လိုက်မယ်။"

အိမ်တွင် သတ္တုပစ္စည်းအချို့ ရှိသေးသည်။ အခန်းနှစ်ခန်း၏ နံရံများကို ထုပ်ပိုးရန် ပမာဏ မလုံလောက်သော်လည်း ပြတင်းပေါက်ဘေးတွင် နေရာလွတ်အတွက် လုံလောက်ပါသည်။ ဆိုလာပြားများ ချိတ်ထားရန် ကောင်းကောင်း လုံလောက်ပါသည်။

အခုက မှောင်နေပေမယ့် လုပ်ရတာ သိပ်အဆင်မပြေပေမယ့် ယန်ဖေးက ဘယ်သူမို့လဲ။ အခြေစိုက်စခန်းက အလုပ်တွေကို မျိုးစုံလုပ်ပြီးနောက်   သူသည် မျက်လုံးများကိုမှိတ်ထားကာ သတ္တုကို ထိန်းချုပ်ခြယ်လှယ်နိုင်ပြီး လိုချင်သောပုံသဏ္ဍာန်နှင့် အသွင်အပြင်ကို အလွယ်တကူ ပြောင်းအောင် လုပ်နိုင်သည်။ အမှောင်သည် သူ့အတွက် ပြဿနာမဟုတ်ပေ။

ကျန်သတ္တုများသည် သူတို့၏ ပြတင်းပေါက်များတွင် ရှိနေသည်။ နံဘေးတွင် သတ္တုခြံစည်းရိုးပုံကြီးတစ်ခုရှိ၍ အိမ်အောက်ထပ်တွင် အိမ်နီးနားချင်းများနှင့် လမ်းလျှောက်လာသူများသည် ဒီလောက်ကြီးသည့် သတ္တုခြံစည်းရိုးကို ယခင်က မမြင်ဖူးခဲ့ပေ။  သူ၏ကျွမ်းကျင်မှုကြောင့် ခြံစည်းရိုးအတွင်းရှိ သတ္တုအလွှာကို ဖြတ်ကာ အထဲက ဆိုလာပြားကို သတိမထားမိနိုင်တော့ပေ။

လော်ရွှင့် သည်   ဆိုလာပြားများဖြင့် ချိတ်ဆက်ကာ လျှပ်စစ်စွမ်းအင် သိုလှောင်နိုင်မည့် ဘက်ထရီများကို  နေရောင် မရောက်နိုင်သော ထောင့်တစ်နေရာတွင် စီတန်းထားလိုက်သည်။ မနက်ဖြန် နေထွက်လာသည်နှင့် ဆိုလာပြားက ပေးပို့သည့် လျှပ်စစ်ကို   သိုလှောင်ရန် အသင့်ဖြစ်နေပြီဖြစ်သည်။

သူတို့ လုပ်ကိုင်ပြီးတော့ ဘက္ထရီတွေ လဲလှယ်ပြီး  အမှတ်တွေ မလောက်ဘူး။ တစ်နည်းဆိုရသော် မစ်ရှင်များ အတွက် အပြင်ထွက်ခြင်းမှာလည်း အမှတ်များ ရရှိနိုင်သော်လည်း သူတို့သည် အဓိကအားဖြင့် ဖုတ်ကောင် အမြူတေများကို စုဆောင်းကာ အမှတ်များနှင့်လဲဖို့ ဆန္ဒမရှိခဲ့ကြပေ။ ခြုံငုံကြည့်လျှင် သူတို့က ဝင်ငွေနည်းနေသေးသည်။

သို့သော် သူတို့ ရင်ဆိုင်နေရသော ဆင်းရဲဒုက္ခက အခြေစိုက်စခန်းတွင် နေထိုင်ကြသော လူအများစုထက် များစွာ ချမ်းသာနေသေးသည်။  နှစ်ယောက်သား တစ်ညလုံး အနားယူပြီး နောက်နေ့မနက် ကောင်းကင်ကြီး မလင်းခင်မှာ တန်းလျားဂိတ်ကို မောင်းသွားကြတယ်။ ကပ္ပတိန်ကောင်း  နှင့် အခြားလူများသည် ရင်ပြင်ငယ်လေးတွင် ရပ်ထားသော ထရပ်ကားနှင့်အတူ လိုက်ပါခဲ့ကြသည်။

ဒီနေ့ အိမ်မှာ အသီးအရွက်တွေ မခူးရသေးဘူး၊ နောက်တချိန် ရိတ်သိမ်းဖို့က အနည်းဆုံး တစ်ပတ်လောက် ကြာလိမ့်မယ်။ ဟင်းသီးဟင်းရွက်များ၏ လက်ရှိ အထွက်နှုန်းနည်းပါးသော်လည်း လော်ရွှင့် သည် အမြူတေ ရရှိရန် နည်းလမ်းတစ်ခုသာဖြစ်သောကြောင့် စိတ်မပူပေ။

  နောက်ထပ် ရက်အနည်းငယ်ကြာ အလုပ်လုပ်ပါက၊ သူတို့ရသည့်အမြူတေ အရေအတွက် တိုးလာကာ လိုအပ်သည့် ပမာဏကို ပေါင်းစပ်နိုင်မည်ဖြစ်သည်။ ယန်ဖေးသည် ဒီတစ်ကြိမ်တွင် သူ၏စွမ်းရည်အဆင့်ကို မြှင့်တင်နိုင်ခဲ့ပါက၊   နောက်တစ်ဆင့်သို့တက်ရန် အမြူတေ ဘယ်လောက်လိုအပ်မည်ကို လော်ရွှင့် သိချင်နေမိသည်။
 

သူတို့နှစ်ယောက်ရောက်လာပြီး သိပ်မကြာခင်မှာပဲ ကပ္ပတိန်လည်း ပေါ်လာတယ်။ အားလုံးက ကားပေါ်တက်ပြီး နံရံအပြင်ဘက်ကို မောင်းသွားကြတယ်။

"ဒီနေ့ ငါတို့ သုံးဖို့ ကရိန်းကို လွှတ်လိုက်ပြီ။ သတ္တုပစ္စည်းများအားလုံးကို တပ်ဆင်တဲ့နေရာမှာ ကရိန်းကို အသုံးပြုမှာ ဖြစ်ပေမယ့်  နံရံကို မြှင့်တင်တဲ့နေရာက ဖုတ်ကောင်အုပ်နဲ့ အရမ်းဝေးနေမှာဖြစ်တယ်။   ဖုတ်ကောင်တွေကို သတ်ရင်တောင် အမြူတေ တွေကို စုဆောင်းရတာ မလွယ်ဘူး"

ကပ္ပတိန်ကောင်း က သူ့ခေါင်းကို ကုတ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

 "ဒါကြောင့် မြို့ပေါ်တပ်တွေနဲ့ ကင်းလှည့်ဖို့ အဆိုပြုတယ်။ အမြူတေရဲ့ သုံးပုံတစ်ပုံကို ငါတို့ရလိမ့်မယ်။"

ဒီနည်းနဲ့ သူတို့အဖွဲ့က အမြူတေပမာဏ အနည်းငယ် ရနိုင်သည် ။ နောက်ဆုံးတော့ သူတို့က  တံတိုင်းတည်ဆောက်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည်၊  ဖုတ်ကောင်များကို အမဲလိုက်ခြင်း လုံးဝမဖြစ်သင့်ပါ။ ဒါပေမယ့် ဘယ်သူက ကပ္ပတိန်ကောင်း ကို တစ်ချို့ ကဏ္ဍတွေမှာ ယုတ္တိမရှိအောင် လုပ်ခိုင်းခဲ့တာလဲ။

သူနဲ့တွဲလုပ်တဲ့လူတွေက သူ့ရဲ့ထူးခြားချက်နဲ့  ချို့ယွင်းချက်တချို့ကို သိတယ်။ မြို့ပြင်မှာ သူ နဲ့ လုပ်ကိုင်ဖူးသူတွေက  သူ့အသိအကျွမ်းဟောင်းတွေမို့ ဒါတွေကို ညှိနှိုင်းလို့ရတယ်။

ထို့အပြင်၊ ထိုအဖွဲ့သည် ကပ္ပတိန်ကောင်း ၏အဖွဲ့နှင့် ယခင်က ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးပြီး သူတို့၏ လက်ဖြောင့်မှုမှာ အလွန်တိကျကြောင်း သိထားသည်။ သူတို့ကလည်း ကပ္ပတိန်ကောင်းရဲ့ အဖွဲ့က သန်မာသောကြောင့် ပူးပေါင်းလိုစိတ်ရှိကြသည်၊ မဟုတ်ပါက အဆိုပြုချက်ကို မည်သူကမှ သဘောတူမည် မဟုတ်ပေ။
 
လော်ရွှင့် က  သူ့လက်ကို မြှောက်လိုက်သည်။

 "ကင်းလှည့်အဖွဲ့မှာ တခြားတာဝန်မရှိဘူးလား။"
သူတို့ လာလာပြီး ဖုတ်ကောင်တွေကို သတ်မယ်၊ တခြားသူက အလုပ်အတွက် ဂရုစိုက်ရုံပဲလား။

ကပ္ပတိန်ကောင်း က ပြုံးပြီး ရှင်းပြတယ်။

"မြို့ပြင်အဖွဲ့တွေက နေ့တိုင်း ကင်းလှည့်နေပြီး အလုပ်တွေလည်း လုပ်တယ်။ သူတို့က ခွဲတမ်းအဖြစ် ပေးဖို့ ဖုတ်ကောင် အမြူတေအရေအတွက်ကို စုဆောင်းရန် လိုအပ်တယ်။ သတ်မှတ်ပမာဏကို အပ်နိုင်ရင်ရပြီ။ ကျန်တာကို သိမ်းထားရတယ်။ ငါတို့ တံတိုင်းဆောက်တုန်းက ဖုတ်ကောင်တွေ အဆက်မပြတ် ဝိုင်းရံနေခဲ့တာလို့ သူတို့ကို ပြောခဲ့တယ်။ သေချာတာပေါ့၊ သူတို့က လိုက်လာပြီး ပူးပေါင်းဖို့ သဘောတူတယ်။"

"တစ်နေ့ကို ဘယ်လောက်လိုချင်လဲ"

"တစ်နေ့ကို အမြူတေ ၁၅၀ တောင်းဆိုထားတယ်"

ကပ္ပတိန် ကောင်း သည် ကူကယ်ရာမဲ့သောအမူအရာဖြင့် တုန်လှုပ်သွားသည်။

 "ဒီပမာဏက တော်တော်များတယ်ဆိုပေမယ့် မကြာသေးမီက နောက်ထပ် ဖုတ်ကောင်တွေက် စခန်းအပြင်ဘက်ကို အခြေချလာကြသည်။ အဲ့ဒီအစွမ်းထက်ဖုတ်ကောင်တွေ ဝိုင်းရံထားတဲ့  ထွက်ပြေးဖို့က အရမ်းခက်တာမို့ ဂိတ်ကနေ အဝေးကြီးကို မထွက်ရဲကြဘူး။ နံရံအတွင်းထဲမှာ ကရိန်းတစ်ခုရှိတယ်။ ဒါကြောင့် အန္တရာယ်ရှိလာရင် အချိန်မရွေးလှမ်းပြီး ကားကို ဆွဲမနိုင်တယ်လို့ ငါ ပြောခဲ့တယ်။ ဒီအတွက် သူတို့အဖွဲ့က    ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြတာပါ။"

မစ်ရှင်တွင် အပြင်ထွက်သည့်တပ်များသည် အတွေ့ကြုံရင့်သည့် လူတွေ ဖြစ်သော်လည်း  ဗုံးများ၊ လက်နက်များနှင့် ဖုတ်ကောင်များဝိုင်းနေခြင်းသည် ကြောက်စရာကောင်းဆဲဖြစ်သည်။ အပြင်မှာ အဆင့်နှစ် ဖုတ်ကောင်တွေကို မြင်နေရတာ မဟုတ်ဘူးလား? ဒီကောင်တွေက အရမ်းသန်မာတယ်၊ ကားကို ပစ်မှတ်ထားရင် ဘယ်သူက အသက်ရှင်သန်မလဲ။ တစ်ယောက်ယောက်က ပရဟိတ လုပ်ပြီး အသက်စွန့်ရတာ ပျော်တယ်လို့ ထင်နေတာလား....
 

စစ်သားတစ်ဦးက မေးလိုက်သည်။

" ကပ္ပတိန်က မြေကြီးစွမ်းရည်အသုံးပြုသူများအဖွဲ့နဲ့ ဘာကြောင့် ပူးပေါင်းဆောင်ရွက်ခဲ့တာလဲ"  

ကပ္ပတိန်ကောင်း က ပြုံးလိုက်သည်။

"သူတို့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ပါဘူး၊ နံရံဆောက်လုပ်ရေးက ဒီအဖွဲ့တွေဟာ နံရံအောက်မှာပဲ အလုပ်လုပ်နေပြီး အပြင်ဘက်က ဖုတ်ကောင်တွေကို သတ်ဖို့ စိတ်ကူးကို ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ အပြင်ထွက်ကြည့်ရဲတဲ့ သတ္တိတောင်မရှိဘူး၊ သူတို့က ပေးထားတဲ့ ဖုတ်ကောင် အမြူတေပမာဏကိုပဲ သုံးရင်လုံလောက်တာမို့ စွန့်စားပြီး လုပ်ဖို့လည်း မလိုအပ်ပါဘူး။ ဒါပေမယ့် အပြင်မှာ ကင်းလှည့်အဖွဲ့တွေ ပုံမှန်သွားပြီးတော့ စစ်ဆေးတာတွေတော့ ရှိတယ်။"

အပြင်ဘက်တံတိုင်းအများစုကို မြေစွမ်းအားရှင်တွေက  ဖန်တီးထားသောကြောင့် လူအများက အလွန်ကြောက်ကြသည်။  မြေစွမ်းအား အသုံးပြုသူများသည် ဖုတ်ကောင်များနှင့် ရင်ဆိုင်ရာတွင် ကောင်းမွန်သောနည်းလမ်း ရှိပုံမရပေ။ သဘာဝအားဖြင့် သူတို့သည် နံရံများကို အမြန်တည်ဆောက်ဖို့ကိုပဲ အာရုံစိုက်ချင်ကြပြီး  ဖုတ်ကောင်များကို မတွေ့ချင်ကြပေ။

မြေကြီးစွမ်းရည်အသုံးပြုသူ၏ ဘေးကင်းမှုအတွက် တာဝန်ရှိစစ်သားများကာ အလုံးစုံ တာဝန်ယူရတာလား..?

 တံတိုင်းများကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်ပြီးသောအခါ၊ ခွဲတမ်းများဖြင့်သာ ရသည့် ကျည်ဆန်ကို ထိုလုံခြုံရေးတပ်သားများက အန္တရာယ်မဖြစ်စေသော ဖုတ်ကောင်များကို ပစ်ကာ  ကျည်ဆန်များကို ဖြုန်းတီးပစ်လိုစိတ် နည်းပါးလာကြသည်။ ထိုဖုတ်ကောင်များသည် သူတို့ထံသို့ မရောက်ရှိနိုင်တာကို သိလို့ မပစ်ပဲ နေသဖြင့် အခြေစိုက်စခန်း အပြင်ဘက်မှာ သာမန် ဖုတ်ကောင်တွေ ကျန်ရစ်နေတာ ဖြစ်သည်။

 
  သတ္တုစွမ်းအားရှင် အဖွဲ့နှင့် အခြားအဖွဲ့က  လုံးဝဆန့်ကျင်ဘက်ဖြစ်ပြီး လော်ရွှင့်တို့အဖွဲ့က ဖုတ်ကောင်ကို အမဲလိုက်ရတာကို စွဲလမ်းကြသည်။  သတ္တုအသုံးပြုသူ အနည်းငယ်ကပင် ပျော်ရွှင်စွာ ပါဝင်သတ်ဖြတ်နိုင်ဖို့ သူတို့လက်ထဲမှာ သေနတ်မကိုင်ရသည်ကိုပင်  တစ်ခါတစ်ရံ မုန်းတီးကြသည်။ ဒီလိုကြောင့် သူတို့ရဲဘော်များရဲ့ လက်ဖြောင့်စွမ်းရည်က တိုးတက်လာခဲ့သည်။

အခြေစိုက်စခန်း အရှေ့ဘက်ခြမ်း၏ သေးငယ်သောအပိုင်းသည် အခြားတစ်ဖက်ထက် ပိုမိုကြီးမားသည်။ အဲဒါက အသစ်ဆောက်ထားတဲ့ ၁၀ မီတာမြင့်တဲ့ တံတိုင်းဖြစ်သည်။ လူတစ်စုက ဘတ်စ်ကားပေါ်မှ ဆင်းလာပြီး ခမ်းနားထည်ဝါသော နံရံများကိုမြင်တော့ အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။ အဲဒါကို ကြားတာနဲ့ ကိုယ့်မျက်စိနဲ့ကိုယ် မြင်တာနဲ့ မတူဘူး။

အထပ်မြင့် တံတိုင်းရဲ့ တစ်ဖက်ခြမ်းမှာ အလုပ်ရှုပ်တဲ့ လူတွေ အများကြီး ရှိတယ်၊ မြေစွမ်းအားရှင်တွေက  နံရံတွေ ဆောက်တယ်။ သူတို့ရဲ့ကားက အခုမှရောက်လာပြီး တခြားကပ္ပတိန်က ကပ္ပတိန်ကောင်း ကို အမြန်နှုတ်ဆက်ကြသည်။ ဒီလိုမျိုးအလုပ်အတွက် တာဝန်ယူတဲ့ အဖွဲ့နှစ်ဖွဲ့ရှိပေမယ့် သတ္တုအဖွဲ့ဟာ သေးငယ်လွန်းတာကြောင့် လူတွေက တစ်ယောက်နဲ့တစ်ယောက် သိကြပါတယ်။ ဒါပေမယ့် အလုပ်စပြီးတာနဲ့ အဖွဲ့နှစ်ဖွဲ့က ပိုဝေးကွာသွားပြီး တခြားသူတွေကို မမြင်ရလောက်အောင်ကို ဝေးသွားခဲ့တယ်...

၁၀ မီတာ အကွာအဝေးတွင် ကရိန်းကြီးတစ်စီး ရပ်ထားသည်။ ထိုကားကြီးသည် 12 တန်ခန့်နှင့် အမြင့် 25 မီတာခန့် ခံနိုင်ရည်ရှိသည်။ သို့ရာတွင်၊ ဖုတ်ကောင်များက ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ထိုဖုတ်ကောင်တွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိရန် နံရံကို ထပ်ထပ်မွန်းမံရင်း နောက်ဆုံးတွင် အခြေစိုက်စခန်း နံရံသည်   မီတာ 20 အထိ ထူလာပေလိမ့်မည်။

"ကောင်းပြီ၊ အားလုံးသွားပြီး အခြေအနေကို စစ်ဆေးပါ။ ပြဿနာမရှိရင် အလုပ်စမယ်။ နံရံမှာ သတ္တုပစ္စည်းအချို့ ရှိနေပြီဆိုလျှင်၊ ဒီထက်ပိုပြီး သယ်ယူဖို့ မလိုလောက်ပါဘူး။"

ကပ္ပတိန်ကောင်း  က လူတိုင်းကို ဝှေ့ယမ်းပြီး မြေကြီးစွမ်းရည်အသုံးပြုသူများ တည်ဆောက်ထားသည့် ကျယ်ပြန့်သောလှေကားပေါ်တွင် လျှောက်သွားကြသည်။

သုံးမီတာအထူ ရှိသော နံရံကို ဖုံးအုပ်ထားခြင်း မရှိသလို ၁၀ မီတာ အကွာအဝေးမှာလည်း မတိုတောင်းပေ။ လူတိုင်းက အပေါ်ကိုတက်ပြီး အောက်ကိုငုံ့ကြည့်ကြတယ် – အမြင့်ကြောက်တဲ့သူက အောက်ကိုငုံ့ကြည့်ရမှာကို ကြောက်ပြီး ခြေထောက်တွေ တုန်နေပြီ။

"ဒီအမြင့်ကနေ ဟိုး ဝေးဝေးက ဖုတ်ကောင်တွေရှိရင်တောင် ငါတို့ကို ထိအောင် မပစ်နိုင်တော့ဘူး"

စွန်းရှောက်ယန် က အပြင်ကိုကြည့်ကာ ရင်ဘတ်ကို ဖိရင်းပြောလိုက်သည်။
 

"သတိလက်လွှတ်မဖြစ်စေနဲ့။  ဆောက်လုပ်ရေးသမားတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ မင်းမှာ တာဝန်ရှိတယ်။ ထူးဆန်းတဲ့ ဖုတ်ကောင်တွေက ငါတို့အဖွဲ့သားကို တိုက်ခိုက်တာကို  မခံရပါစေနှင့်။ ဖုတ်ကောင်တွေကို တိုက်ခိုက်ရန် တာဝန်ရှိတဲ့သူတွေက မလာသေးရင်လည်း သူတို့ကိုစောင့်မနေပဲ အစွမ်းကုန် တိုက်ခိုက်ကြ  .... "

 ကပ္ပတိန်ကောင်း က အမြူတေခွဲပေးဖို့ ဌားထားတဲ့ လူတွေကို ရည်ညွှန်းကာ ပြောလိုက်သည်။

ယန်ဖေးသည်   ဘေးမှ သတ္တုအပိုင်းအစကို မယူမီ အောက်ငုံ့ကြည့်သည်။ ပြီးတော့ သွယ်လျသောသတ္တုသည် သတ္တုပြား၏အဆုံးကနေ အောက်ကို ဖြာကျသွားပြီး  မြေပြင်သို့ရောက်ရှိသည်အထိ အပြင်ဘက်တစ်လျှောက်တွင် အလွယ်တကူရောက်သွားသည်။

"ဒါကို အဝေးကနေ ထိန်းချုပ်တယ်လို့ခေါ်တယ်။    ဒီနည်းကလုပ်ရတာ ပိုခက်ပေမယ့်  လိုက်လျောညီထွေဖြစ်အောင် လုပ်ရလိမ့်မယ်။ ဒါက ဘယ်လောက်ထိ နက်နဲဖို့ လိုအက်သလဲ။"

တံတိုင်းဆောက်တာက  အုတ်တံတိုင်းကို မြင့်တင်ရုံတင်မကဘဲ အုတ်ရိုးကို မြေကြီးထဲမှာ အမြစ်တွယ်ဖို့၊ မြေကြီးထဲ နက်နက်နဲနဲ တူးဖို့ လိုပါတယ်။ သို့သော် နံရံများတည်ဆောက်ရာတွင် နှမြောစရာကောင်းတာက လိုအပ်တဲ့ ပစ္စည်း များများစားစားမရှိသောကြောင့် အလွန်နက်နက် တူးရန် မဖြစ်နိုင်ပေ။

ကပ္ပတိန် ကောင်းသည် စာရွက်တစ်ရွက်ကို အမြန်ဆွဲထုတ်ပြီး အချက်အလက်ကို ကြည့်လိုက်သည်။

" သုံးမီတာအနက်ဆိုရင်ရပြီ"

"သုံးမီတာ လုံလောက်ပြီလား" လက်ထောက်က မနေနိုင်ပဲ မေးလိုက်သည်။

ဒီအရာများကို သူ နားမလည်သော်လည်း အင်ဂျင်နီယာအဖွဲ့ကို သူတို့သိသည်။ ဆယ်မီတာမြင့်တဲ့ နံရံမှာ အုတ်မြစ်က သုံးမီတာပဲ ရှိတယ်ဆိုတာက .. ရယ်စရာကြီး။

"ဒါက ဘယ်လို ပညာရှင်တွေပေးတဲ့ အကြံဉာဏ်လဲတော့ မသိဘူး။  သတ္တုနဲ့လုပ်ထားတဲ့ နံရံက  တစ်မီတာအထူရှိလို့  ခံနိုင်ရည်ရှိကောင်းရှိနိုင်တယ်။ ဒီ ပြုပြင်လိုက်လို့ ရလဒ်ကောင်း ထွက်မထွက်ကို မသိလို့ သူတို့က သတ္တုပစ္စည်းတွေကို ဖြုန်းတီးပစ်မှာကို ကြောက်နေကြတယ်လို့ ငါထင်တယ်။"

ယန်ဖေးသည် သူ့လက်ထဲတွင် သတ္တုကို ထိန်းချုပ်ကာ အောက်ခြေမှ မြေကြီးအချို့ထဲကို စိုက်ဝသ် သွားစေသည်။

 "သုံးမီတာနဲ့ လုံလောက်တယ်။ အတိမ်အနက်အတွက် သုံးမီတာကို သိဖို့ ခက်တယ်ဆိုရင် တိုင်းတာဖို့  နံရံကို အသုံးပြုလို့ရတယ်။  သတ္တုချောင်းကို လမ်းတစ်ဝက်မှာ အမှတ်အသားလုပ်ပါ၊ မြေကြီးထဲကို စိုက်ဝင်စေပြီး အဲ့ဒီအမှတ်ရောက်အောင် လုပ်လိုက်ရင်ရပြီ "

 ယန်ဖေးက ပင့်သက်ရှိုက်ကာ ကျန်လူတွေကို ပြောလိုက်သည်။

ယခင်အတွေ့အကြုံအရ သတ္တုအသုံးပြုသူများသည် နည်းလမ်းတစ်ခုကို အမြန်ရှာဖွေတွေ့ရှိခဲ့သည်။ အထူးသဖြင့် ယန်ဖေးသည် သူ့ကိုယ်ပိုင် အိမ်ခန်းတွင် ဘိလပ်မြေ နံရံများထဲက သံမဏိ ဖရိန်ကို အားဖြည့်ထားသည့် အလေ့ကျင့်ရှိသောကြောင့် အခုလက်ရှိအလုပ်က သူ့အတွက် မခက်ခဲပေ။
  လက်ရှိပြဿနာမှာ နံရံကိုတည်ဆောက်ရန် ပါဝင်သော အကွာအဝေးဖြစ်ပြီး သတ္တုအသုံးပြုသူများသည် နံရံပေါ်တွင် 13 မီတာအကွာတွင် အလုပ်လုပ်ရန် လိုအပ်ပါသည်။ ဒါက လူတိုင်း မလုပ်နိုင်တဲ့ အရာဖြစ်သလို အောက်ဘက်မှာ သူတို့ကို စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ဖုတ်ကောင်တွေ လည်း ရှိနေတယ်။

အသင်းအဖွဲ့ဝင်အသစ်သည် ထိုမျှအကွာအဝေးတွင် မကိုင်တွယ်နိုင်ဘူးဆိုတာကို  ကပ္ပတိန် ကောင်း က အတည်ပြုခဲ့ပြီးနောက် သူတို့သည် ယခင်ခြောက်မီတာ အမြင့်ကနေသာ လုပ်စေခဲ့သည်။ သူ၏လုပ်ဆောင်နိုင်စွမ်းနှင့် တိကျမှန်ကန်စေဖို့ ကျန်လူသုံးဦးသည် အောက်ခြေကို တိုက်ရိုက်နက်ရှိုင်းအောင် အုတ်မြစ်ချပေးရမည်ဖြစ်သည်။

စွမ်းရည်အသုံးပြုသူများကို အကာအကွယ်ပေးရန် တာဝန်ရှိသော လူလေးဦးမှလွဲ၍ ကျန်သူများသည် သေနတ်များကို ထုတ်ယူကာ ဖုတ်ကောင်များကို သတ်ဖြတ်ခဲ့ကြသည်။

ယန်ဖေးနှင့် အခြားသူများသည် မြေပြင်ပေါ်တွင် ခြံစည်းရိုးကို ပြန်လည်တည်ဆောက်ပြီး အပြင်ဘက်သို့ ချဲ့ထွင်ခဲ့ကြသည်။ ဖုတ်ကောင်များသည် ပို၍ပို၍ စုပုံလာကာ သတ္တုပြားများကို အကြိမ်ကြိမ် ကုတ်ခြစ်နေကြသည်။  ယန်ဖေးသာ ကျန့်ရီကို ဒီအဖွဲ့ထဲ ခေါ်နိုင်မယ်ဆိုရင် ခုလို ဖုတ်ကောင်အုပ်စုကို လွယ်ကူစွာ ချေမှုန်းနိုင်မည် ဖြစ်သည်။
 

အချို့သော ဖုတ်ကောင်များသည် သူတို့၏ တာဝေးပစ်စွမ်းရည်ကို သုံးကာ  မီး၊ ရေ၊ မိုးကြိုး စသည့် စွမ်းရည်တွေနှင့် လှမ်းပစ်ကာ တိုက်ခိုကကြသည်။ နံရံများသည်လုံလောက်အောင်မြင့်မားပြီးနောက် ဖုတ်ကောင်များသည်   ပျံတက်လာပေမယ့် ပြုတ်ကျကုန်တာများသည်။
 
ဒါပေမယ့် လျှပ်စီစွမ်းအင်ဖုတ်ကောင်ရဲ့တိုက်ခိုက်မှုက သတိထားဖို့လိုသည်။  သတ္တုက လျှပ်ကူးတတ် သည်။ အဲဒီတောက်ပြောင်တဲ့ဘောလုံးလေးတွေက သူတို့အလုပ်လုပ်နေတဲ့ သတ္တုပြားကို ထိလိုက်တာက သူတို့အတွက်  မကောင်းဘူး။ ဒါဆိုရင်  သူတို့ကို ကြောက်စရာကောင်းလောက်အောင် ဓါတ်လိုက်သွားလိမ့်မည်။
 
ဖုတ်ကောင်များသည် မကြာသေးမီကမှ စွမ်းရည်များ ရရှိခဲ့လို့တော်သေးသည်။   သူတို့၏ စွမ်းရည်များသည် ပထမအဆင့် စွမ်းအားများနှင့် ဆင်တူသောကြောင့်လျှပ်စီး ပါဝါသည် တစ်စုံတစ်ဦးကို ထိတ်လန့်စေလောက်အောင် မလုံလောက်ပေ။ သို့သော် သူတို့၏အပြုအမူသည် လူတိုင်း၏အလုပ်အပေါ် လွှမ်းမိုးစေခဲ့သည်။

"သတ်! အားလုံးကို ဖယ်ပစ်လိုက်!" ကပ္ပတိန်ကောင်း သေနတ်ကို ယူက အနီးဆုံးဖုတ်ကောင်ကို ပစ်သတ်ရင်း အမိန့်ပေးခဲ့သည်။

သေနတ်သံက ပုံမှန်လက်နက်တွေထက် ပိုကျယ်တယ်။ ကာကွယ်ရေးတာဝန်ယူတဲ့ စစ်သား တစ်ယောက်ဟာ သူ့ ဒိုင်းကာကို လွှတ်ချမိလုနီးပါးပါပဲ။ လက်ထောက်သည် တုန်တုန်ယင်ယင်နှင့် ကပ္ပတိန် ကောင်းရဲ့လက်နက်ကို လက်ကို ညွှန်ပြကာ မေးလိုက်သည်။

"ဒါကို ဘယ်ကရခဲ့တာလဲ"

ကပ္ပတိန် ကောင်းသည် တွန့်ကနဲ လှုပ်ခါလိုက်ပြီး ညည်းလိုက်သည်။

"လောင်းကြေးကနေ ရခဲ့တယ်။ သုံးရတာ လွယ်ပေမယ့် ပြန်ကန်အားက ပြင်းလွန်လးို့ နောက်ကျောနဲ့ လက်တွေတောင် နာကျင်နေတယ်။"

ဒီလက်နက်ရဲ့ ပြင်းအားက အားကောင်းတယ်ဆိုတာ သူ သိပေမယ့် ကျည်ဆံတွေက ဈေးကြီးတာကြောင့် တန်းလျားတွေမှာ စမ်းသပ်ဖို့ ဆန္ဒမရှိခဲ့ဘူး။ ကံကောင်းထောက်မစွာပဲ သူ့ရဲ့ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ပစ်ခတ်ရင်းနဲ့ သူ့ကိုယ်သူ အရူး မဖြစ်အောင် လုပ်နိုင်ခဲ့တာပါ။

ကပ္ပတိန်  ၏ ဦးဆောင်မှုနောက်တွင် အခြားသူများသည် ဖုတ်ကောင်တစ်ဒါဇင်ကို ပစ်ချခဲ့ကြသည်။ နံဘေးက မြေသား အသုံးပြုသူတွေက တံတိုင်းဆောက်ပြီး အချင်းချင်း တိုးတိုးပြောရင်း အံ့အားသင့်သွားတယ်။

"သူတို့ဘာလုပ်နေတာလဲ?"

"ဖုတ်ကောင်တွေက အဝေးကြီးမှာ ဘာလို့ ပစ်နေကြတာလဲ"

"ဘယ်သိမလဲ.... ကျည်ဆံတွေက ဈေးကြီးတယ်"

"အင်း၊ အဲဒါတွေကို ကြည့်ပြီးတော့ ငါတို့ကိုကာကွယ်ဖို့ ဘယ်သူက  ကျည်ဆံတွေ အများကြီး ဖြုန်းချင်တာလဲ"

"ဘာပွဲတွေ ဖြစ်နေတာလဲ..."

***********-**********

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now