Chapter (104-2) - ယန်ဖေးမှာ စွမ်းအားရှိရင် ရပြီ
သုံးရက်မြောက်သောနေ့နံနက်တွင် လော်ရွှင့် သည် စားသောက်ခန်းသို့ အစားအသောက်များ ပို့ပေးစဉ် သတင်းကောင်းကြားလိုက်ရသည်။ ဒါကတော့ ဒီနေ့ဟာ သူတို့ရဲ့ အရည်အချင်းတွေကို စမ်းသပ်ဖို့ အလှည့်ကျလာပြီဖြစ်သည်။
စွမ်းအားရှင် ဖြစ်ဖို့ အခွင့်အလမ်းနည်းပါးသော်လည်း လူတိုင်း အရမ်း စိတ်လှုပ်ရှားနေကြသည်။ စစ်ဆေးပွဲတါင် အောင်မြင်သူတွေက စွမ်းအားရှင်ဖြစ်ကြောင်း သက်သေခံကတ်ပြား အသစ်များ ရရှိခဲ့သည်။ အစွမ်းအစမရှိဟု ယူဆသော စစ်သားများစွာက စွမ်းအားရှင်ဖြစ်ကြောင့် ရှာဖွေတွေ့ရှိခဲ့ပြီးနောက် တချို့လူတွေက သူတို့၏ စွမ်းအား ထွက်လာစေရန် မှန်ကန်သောနည်းလမ်းကို အသုံးမပြုခဲ့ရသည်ကို သိလိုက်ရသည်။ ဒါကြောင့် လူတိုင်းက ကိုယ့်ရဲ့အလှည့်ကိုရောက်ဖို့ ရင်ခုန်စွာစောင့်ဆိုင်း နေကြသည်။
အဖွဲ့သည် စောင့်ဆိုင်းနေစဉ်ကာလအတွင်း Captain ကောင်း နှင့် ကျန်လာတွေက ဆူညံနေသော ကင်တင်းမှ စစ်ဆေးရာအခန်းသို့ ချက်ချင်းလိုက်သွားခဲ့သည်။
ထူထဲသောနံရံများရှိသည့် အခန်းကို စွမ်းအားစမ်းသပ်သည့် အခန်းအဖြစ် ပြောင်းလဲလိုက်သည်။ ထိုနေရာတွင် မူလနေထိုင်ခဲ့သော စစ်သားများကို မတူညီသော နေအိမ်အသစ်များစွာသို့ ပြောင်းရွှေ့ခဲ့သည်။
အဆောက်အဦး၏ အလယ်အပိုင်းသည် ပင်မရုံးခန်း အဆောက်အဦးဖြစ်ပြီး လုပ်ငန်းဆောင်တာ မျိုးစုံရှိသည့် အဆောက်အဦးကြီး အသေး အမျိုးမျိုးက ပတ်ဝန်းကျင်တွင် ဝန်းရံလျက်တည်ရှိနေသည်။
ခံတပ်ပတ်လည်ရှိ နံရံများနောက်တွင် လူတိုင်း နေထိုင်ရန် နေရာအလုံအလောက်ရှိပြီး ထိုနေရာက နံရံများသည် အပြင်ဘက်ထက် ပိုထူသည်။ ခြေလျင်တပ်သားများက ကွင်းပြင်တွင် ပြေးလွှားနေကြသည်။ ပစ်ခတ်မှုနှင့် ထောက်လှမ်းခြင်းအတွက် သီးသန့် လေ့ကျင့်သည့် နေရာကွက်လပ်ငယ်များ ရှိခဲ့သည်။ လူတိုင်းက တောင့်တင်းပြီး အရပ်ရှည်ပုံရသည်။
ပြုပြင်မွမ်းမံထားသော အဆောက်အအုံတစ်ခုသို့ သူတို့ အားလုံး ရောက်ရှိလာကြသည်။ မူလက ထိုနေရာတွင် အမြူတေလဲလှယ်မှု၊ ဖြန့်ဖြူးရေးဌာနအားလုံးကို မတူညီသော အထပ်များနှင့် အခန်းများသို့ ရွှေ့ထားသည်။ အဆောက်အဦအများစုမှာ လေးထပ်မြင့်သည်။ လော်ရွှင့် သည် ကပ္ပတိန် ကောင်း ၏နောက်မှ လှေကားလေးထပ်တက်သည်။
လေဆိပ်မှ စစ်ရေးကိရိယာနဲ့ ဆင်တူတဲ့ ကိရိယာတစ်ခုပါတဲ့ အခန်းကိုဖြတ်ကာ ဝင်ခဲ့ပြီးနောက် ထိုအခန်း ပတ်ပတ်လည်မှာ တိုင်တွေရှိနေသည်။ လူတွေက ပလက်ဖောင်းပေါ်မှာ ရပ်ပြီး ထိုကရိယာက လူ့ကိုယ်ရဲ့ အပေါ်ကနေ အောက်ကို စကင်န်ဖတ်လိုက်သည်။ လက်စွပ်ပုံသဏ္ဍာန် ကိရိယာက တကိုယ်လုံး အထက်အောက် ရွှေ့ပြီးသည်နှင့် စကင်န်တာ ပြီးဆုံးသွားလေပြီ။
စက်၏အမြန်နှုန်းမှာ အနည်းငယ်နှေးနေသော်လည်း ကံကောင်းထောက်မစွာဖြင့် အခန်းထဲတွင် စုစုပေါင်းတူရိယာသုံးခုရှိသည်။
သတ္တု စွမ်းအားရှင် လေးဦးသည် သူတို့၏ကိုယ်ကို စကင်န်ဖတ်သောအခါတွင် ဖန်သားပြင်ထက်တွင် ငွေရောင်အလင်းတန်း ချက်ချင်းပေါ်လာပြီးနောက် သတ္တုစွမ်းအားပိုင်ဆိုင်ကြောင်း ကြေငြာသည့် အသံထွက်ပေါ်လာသည်။
ယန်ဖေး ၏စွမ်းရည်နှင့် အဖွဲ့ရှိ အခြားသတ္တု စွမ်းအားရှင်များ စစ်ဆေးပြီးနောက် အားလုံး တူညီသော ရလဒ် ထွက်လာသောအခါမှ လော်ရွှင့် သက်ပြင်းချလိုက်မိသည်။
ယန်ဖေး ၏ သတ္တုကို ပိုမိုသန့်စင်အောင် ပြောင်းလဲနိုင်သော စွမ်းရည်ကို Otaku အဖွဲ့သာ သိရှိခဲ့သည်။ စစ်ဆေးရေး ကရိယာသည် ယန်ဖေး ၏ စွမ်းအားကို သတ္တုအမျိုးအစားစွမ်းရည်အဖြစ်သာ အသိအမှတ်ပြုထားပုံရသည်။
စွမ်းရည်အသုံးပြုသူ လေးဦးကို စစ်ဆေးပြီးနောက် သူတို့၏ မှတ်ပုံတင်ကတ်ကို ပြောင်းလဲရန် ကောင်တာတစ်ခုသို့ သွားကြသည်။
သက်သေခံကတ်ပြားအသစ်က လူတွေကြားတွင် ကွဲပြားနေသည်။ ကဒ်ပြား အစွန်းရှိအရောင်သည် ကိုယ့်စွမ်းအားကို ကိုယ်စားပြုပြီးနောက် ယန်ဖေး၏ကတ်ပြားက သတ္တုကို ကိုယ်စားပြုကာ ထုံးစံအတိုင်း ငွေရောင်ဖြစ်သည်။ ပါဝါအဆင့်အတွက် ညာဘက်အပေါ်ထောင့်တွင် "2" ဂဏာန်းလေး တစ်ခုပါရှိပြီး ဘယ်ဘက်ထိပ်တွင် စစ်တပ်အဖွဲ့တွင် လုပ်ကိုင်ကြောင်း သက်သေခံချက်များပါရှိသည်။ အောက်ခြေ အလယ်နားတွင် ဘားကုဒ်များဖြင့် မှတ်ပုံတင်နံပါတ်ပါရှိသည်။ ဟုတ်တယ်၊ ထိုအရာက ဘားကုဒ်တစ်ခုဖြစ်သဖြင့် ဒီကတ်ပြားကို ဆွဲထားလျှင် ကိုယ့်ကိုယ်ကိုယ် ကုန်တင်ပစ္စည်းတစ်ခုလို့ ထင်ချင်စရာပင်။
လော်ရွှင့် သည် ယန်ဖေး ၏ သက်သေခံကတ်အသစ်ကို စူးစိုက်ကြည့်ကာ Captain ကောင်း ကို မေးခဲ့သည်
"အခြေစိုက်စခန်းက မူရင်းသက်သေခံကတ်ပြားကို အဆင့်မြင့်မယ်လို့ ပြောတာမဟုတ်ဘူးလား။ ဒါကို ဘယ်လိုဖြစ်ပြီး ရိုက်နှိပ်ထားတာလဲ။"
လော်ရွှင့် သည် စစ်တပ်တွင် လုပ်ကိုင်ကြောင်း ရိုက်နှိပ်ထားသည့် ဘယ်ဘက်အပေါ်ထောင့်နားက အမှတ်သားကို ညွှန်ပြကာ မေးလိုက်သည်။
ကပ္ပတိန် ကောင်း က သူ့ခေါင်းကို ခါလိုက်ပြီး မသိကြောင်း ပြောလိုက်တယ်။
"နေစရာသတ်မှတ်ပေးမလို့များလား?"
အဲဒါ ဘယ်လိုဖြစ်နိုင်မလဲ။ ဒီကတ်ပြားတွင် သူတို့၏ ကိုယ်ပိုင်အမည်ကိုပင် ပုံနှိပ်ထားခြင်း မရှိပေ။ သူတို့ရဲ့ နေရပ်လိပ်စာကို ဒီပေါ်မှာ ရိုက်နှိပ်ထားရင်... ဘာဖြစ်လာမလဲဆိုတာ ဘုရားမှ သိတော့မယ်....
ယန်ဖေး သည် အခြားအရာတစ်ခုကို ပို၍ သိချင်နေသည်။ " ကပ္ပတိန်..ခင်ဗျား ဘာလို့မစစ်ဆေးတာလဲ"
ကပ္ပတိန် ကောင်း သည် တံခါးဖွင့်ပြီးနောက် အသင်းသားတွေ၏အဆုံးတွင် ရပ်နေခဲ့သည်။ သူနောက်ဆုံးမှ သွားစစ်ဆေးချင်တာလား။
ကပ္ပတိန် ကောင်း ၏အမူအရာသည် အကဲဖြတ်လို့မရသည့် ပုံအဖြစ် ပြောင်းလဲသွားသည်။
"ငါ... ပထမညက စမ်းကြည့်တယ်... အဟမ်း....ငါက သာမန်လူဖြစ်နိုင်ဖို့များတယ်။ အစွမ်းအစရှိပေမယ့် ဖြစ်နိုင်ချေက နည်းလွန်းတယ်..."
ထိုစစ် စစ်ဆေးမှု ကရိယာ ရုတ်တရက် မြည်လာသောအခါ သူ့စကားပြောလို့ မပြီးသေးပေ။
လူတွေက ကရိယာဆီကို အမြန်သွားလိုက်သည်။ ထိုနေရာတွင် စစ်သားတစ်ယောက်သည် ဖျော့တော့နေပြီး သူ့ ခေါင်းကိုကြည့်ကာ အစိမ်းရောင်ရောင် အလင်းတန်း ဖြာထွက်နေသည်။
"အပင်အမျိုးအစား၊ အဆင့်တစ်စွမ်းအားရှင်"
စက်၏တာဝန်ခံနည်းပညာရှင်သည် ထိုစစ်သား၏ စွမ်းအားနှင့် အဆင့်ကို ချက်ချင်းဖော်ပြခဲ့ပြီး အခန်းထဲက လူတွေအား ရွှင်မြူးစွာပေါက်ကွဲအော်ဟစ်သွားစေခဲ့သည်။
စွမ်းရည်အသုံးပြုသူ။ သေချာတာပေါ့၊ သူတို့ရဲ့ အရည်အချင်းကို ဖော်ထုတ်မပြနိုင်တဲ့သူတွေ ရှိနေခဲ့တယ်။
စစ်သား၏မျက်နှာသည် အဖြူရောင်မှ အနီသို့ပြောင်းသွားပြီး ကပ္ပတိန် ကောင်း ထံ ပြေးလာစဉ် မျက်ရည်များကျလာသည်။
"ဝူး..... အသင်းခေါင်းဆောင်..ဝူး...."
ကပ္ပတိန် ကောင်း က ပြုံးပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။
"ကောင်းလိုက်တာ၊ ငါ့အဖွဲ့သားဖြစ်ဖို့ထိုက်တန်တယ်။ အဲဒီကိုသွားပြီး ကတ်တွေပြောင်းလိုက်ဦး..."
ကောင်လေးက ထွက်သွားတော့ သူက အနည်းငယ် မှုန်ဝါးသော အကြည့်ဖြင့် ဆက်ပြောသည်။
"ငါ့ကိုယ်ထဲက စွမ်းအား တိုးနှုန်းက အရမ်းနည်းနေတယ်။ ငါ သွားစစ်ဆေးခဲ့တဲ့နေ့ကို မင်း သိလား..."
* တီ....တီ....*
ထိုစဉ် စက်ပစ္စည်းက ထပ်မံ မြည်လာသည်။
"ဝိညာဉ်အမျိုးအစား! အဆင့်တစ်!"
လော်ရွှင့် သည် ကပ္ပတိန် ကောင်း ကို စာနာစိတ်ဖြင့် ကြည့်သည်။ ကပ္ပတိန်က ထပ်ကြိုးစားကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ငါ သိပါတယ်...
*တီ....တီ....*
"ဒါက နောက်ထပ် အပင်စွမ်းအားရှင်ပဲ!"
လော်ရွှင့် အလှည့်ရောက်သောအခါ ကပ္ပတိန် ကောင်း အံကြိတ်လိုက်မိသည်...
လော်ရွှင့် တည်ငြိမ်စွာဖြင့် စစ်ဆေးရေးစင်ပေါ် တက်လိုက်သည်။ သူ့ကို စစ်ဆေးနေသည့် စက်က တလျှောက်လုံး မီးမလင်းခဲ့ပေ။ ဒါပေမယ့် သူ့အဖြေကို သူ့ဖာသာ ရှင်းရှင်းလင်းလင်း သိထားပြီးဖြစ်သည်။ သူက သာမန်လူတစ်ယောက်ပါ။ သာမာန်လူသားတစ်ယောက်ဖြစ်လည်း သူ့ဘဝက ကောင်းကောင်းမနေရတာလည်း မဟုတ်ဘူး။
"ရဲဘော်"
လော်ရွှင့် ပြန်လာတာကိုမြင်တော့ ကပ္ပတိန် ကောင်း က ရယ်ပြီး သူ့ပခုံးကို ပြင်းပြင်းထန်ထန် ပုတ်လိုက်ကာ အားပေးလိုက်သည်။
"အာ....လော်ရွှင့်ရေ...သိပ်စိတ်မပူပါနဲ့၊ သူတို့က ငါတို့ထက် နည်းနည်းလေး ပိုပြီး ထူးခြားရုံလေးပါ~"
လော်ရွှင့် သည် မျက်ခုံးပင့်ကာ ယန်ဖေး ကို ပွေ့ဖက်လိုက်သည်။
"ဒါဟာ သေးငယ်တဲ့ အခွင့်အရေးတစ်ခုပဲဆိုတာ ကျွန်တော် သိတယ်၊ ကျွန်တော့်မှာ စွမ်းအား မရှိဘူးဆိုတာလည်း ကျွန်တော် သိထားပြီးသားပါ။ ယန်ဖေးမှာ စွမ်းအားရှိရင် လုံလောက်ပါပြီ"
လော်ရွှင့်က သူ့ချစ်သူကို ပြုံးပြလိုက်ကာ ပြောလိုက်သည်။
ကပ္ပတိန် ကောင်း သည် အရှိုက်ကို တည့်တည့်ထိုးလိုက်သကဲ့သို့ ရင်ထဲ အသည်းထဲက နာကျင်မှုကို ခံစားလိုက်ရသည်။ ဒီခွေးစာက အတော်ကြီးတာပဲ...
ယန်ဖေး သည် ကပ္ပတိန် ကောင်း ၏ ရှုံ့မဲ့နေသည့် အမူူယာကို လျစ်လျူရှုပြီး လော်ရွှင့် ကို ပြန်ပြုံးပြသည်။
"စိတ်ချပါ၊ ငါ့ဥစ္စာလည်း မင်းပိုင်တာပဲလေ။"
"မင်းတို့....အရှက်မဲ့တဲ့ ငှက်ကလေးတွေ၊ မင်းတို့ တစ်တီတူးနေတာနဲ့ကြားရတဲ့သူတွေ သေကုန်ပြီ!"
ကပ္ပတိန် ကောင်း သည် ယန်ဖေး ကို အမြန် တားမြစ်လိုက်သည်။
သတ္တုအသင်းမှာ လူဘယ်နှစ်ယောက်ရှိလဲ။ လော်ရွှင့် နှင့် ယန်ဖေး အပါအဝင် ယာဉ်မောင်းနှင့် သတ္တုစွမ်းအားရှင် အပါအဝင် လူ 15 ဦးသာ ပါဝင်သည်။
လူဆယ့်ငါးဦးတွင် လူတိုင်းသည် သတ္တုစွမ်းအားရှင် လေးဦးအကြောင်းကို သိကြသော်လည်း ယခုအခါတွင် အခြားစွမ်းရည်အသုံးပြုသူ သုံးဦးရှိနေပြီဖြစ်သည်။ အချိုးအစားက မနည်းလှဘူး၊ စွမ်းအားရှင် တွေဟာ အခု အဖွဲ့တစ်ခုလုံးရဲ့ ထက်ဝက်နီးပါးလောက်ရှိနေပြီ။
ကပ္ပတိန် ကောင်း အံကိုကြိတ်ပြီး ခေါင်းဆောင်တစ်ယောက်ဖြစ်ပေမယ့် သာမန်လူဖြစ်ရခြင်း၏ ခါးသီးမှုကို ခံစားလိုက်ရသည်။ သူနှင့် ခေါင်းဆောင်အုပ်စုငယ်များသည် စမ်းသပ်ရန် ပြေးလာချိန်ကို တွေးပြီး လွန်ခဲ့သည့် နှစ်ရက်ခန့်က စာရင်းဇယားများကို တွေးတောခဲ့သည်... ယခု သူစဉ်းစားကြည့်ရာ စစ်သားများနှင့် နှိုင်းယှဉ်ပါက စွမ်းရည်အသုံးပြုသူ အချိုးအစားမှာ ပိုမိုများပြားနေပုံရသည်။
အသစ်ရှာဖွေတွေ့ရှိထားသည့် စွမ်းရည်အသုံးပြုသူ သုံးဦးသည် သူတို့၏ မှတ်ပုံတင်ကတ်များကို စိတ်လှုပ်ရှားစွာ သွားရောက် ပြောင်းလဲခဲ့သည်။ ကပ္ပတိန် ကောင်း သည် အခြားအဖွဲ့တစ်ဖွဲ့ လာရောက်စစ်ဆေးသည့်အတွက် လှည့်ထွက်ရန် ပြင်ဆင်ခဲ့သည်။ နှစ်ဘက်စလုံးက နှုတ်ခွန်းဆက်စကား ပြောပြီး အဖွဲ့ခေါင်းဆောင် ကပ္ပတိန်တွေက ပီတိဖြစ်နေသည်ကို မြင်နေရသည်။
"ခင်ဗျား အဖွဲ့ထဲမှာ အသစ်တွေ့ရှိထားတဲ့ စွမ်းအားရှင်တွေ ရှိလား။"
ကပ္ပတိန် ကောင်း က ဂုဏ်ယူစွာဖြင့် မေးစေ့ကို မြှောက်ကာ ဖြေလိုက်သည်။
"ငါ့အဖွဲ့ကို နှိမ့်ချမနေနဲ့" သူက ဂုဏ်ယူစွာ လက်ကို မြှောက်လိုက်သည်။
"သုံးယောက်!"
သူ့ရဲ့စိတ်မချမ်းသာမှုကို အခြားအသင်းတွေဆီ လွှဲချလိုက်သည်။ မနာလိုဖြစ်လို့ သေကြစမ်း....
သူတို့ အဖွဲ့ စစ်ဆေးရေး အဆောက်အအုံမှ ထွက်ခွာပြီးနောက် ကပ္ပတိန် ကောင်း သည် စွမ်းအားရှင် အသစ်များကို အားပေးခြင်းဖြင့် အစည်းအဝေးကို စတင်ခဲ့သည်။
"မင်းတို့ရဲ့အလုပ်အတွက် ငါတို့ရဲ့ အထက်လူကြီးက ချိန်ညှိပေးလိမ့်မယ်၊ ဒါပေမယ့် အဲဒီမတိုင်ခင်မှာ မင်းအဖွဲ့က ငါတို့နဲ့ အလုပ်လုပ်နေရအုံးမှာပဲ။"
သုံးယောက်သား ဝမ်းသာစွာ အော်လိုက်ကြသည်။
ထို့နောက် ကပ္ပတိန် ကောင်း က စွမ်းအားမရှိသည့် သာမန်လူများကို မိန့်ခွန်းပြောခဲ့သည်။
"မင်းတို့လည်း စိတ်မပူပါနဲ့။ ငါ့မှာလည်း ဘာစွမ်းအားမှ မရှိဘူးဆိုတာ မင်းတို့လည်း တွေ့နေတာပဲ။ အရည်အချင်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လူတိုင်း လုပ်ရမည့်အလုပ်တစ်ခုရှိနေမှာပါ။ အားလုံး ဖိုက်တင်း....အလုပ်ကြိုးစားကြ!"
ကံကောင်းထောက်မစွာ၊ နောက်ထပ် စွမ်းအားရှင်အသစ်ကို ထပ်တွေ့တဲ့ ပမာဏ သိပ်မများဘူးဆိုတာ သိလိုက်ရသည်။ အဖွဲ့တွင် အသစ်တွေ့ရှိထားသည့် စွမ်းအားရှင် သုံးဦးရှိသော်လည်း မကြာမီတွင် သူတို့သည် တစ်နေ့တာလုပ်ငန်းအတွက် ပြင်ဆင်ပြီးဖြစ်သည်။
ဝိညာဉ်စွမ်းအားသည် အထူးစွမ်းရည်တစ်မျိုးဖြစ်ပြီး သီးခြားအခြေအနေများတွင်မှလွဲ၍ ရှာဖွေတွေ့ရှိရန် ခက်ခဲလှသည်။ အပင်စွမ်းအားရှင်များသည် သူတို့၏ စွမ်းအားများကို အသုံးချရန် သင့်လျော်သော ပတ်ဝန်းကျင်တွင် နေထိုင်ရခြင်းမရှိသောကြောင့် သာမန် စွမ်းအားများထက် ရှားပါးသည်။ သာမန်လူတစ်ယောက်မှာ ဒီလိုအခွင့်အရေးမျိုးပိုင်ဆိုင်ရတာ ရှားပါးလှသည်။
စစ်တန်းလျားများတွင် စစ်ဆေးမှုပြီးနောက် အပင်စွမ်းအား စစ်သည်များသည် သူတို့၏ အထက်အရာရှိများ၏ အမိန့်နှင့်အညီ ဆက်လက် အလုပ်လုပ်ကြသည်။ အသီးအရွက် စိုက်ပျိုးရန် တာဝန်မရှိပါက အပင်များ သို့မဟုတ် မျိုးစေ့များကို သုံးစွဲခွင့်မရှိပေ။ ထို့အပြင် အပင်များကို ကိုယ်တိုင် မတွေ့နိုင်ပေ။
သို့သော် ထွက်ပြေးစဉ် သို့မဟုတ် မစ်ရှင်လုပ်နေစဉ် ရလာသော မျိုးစေ့များရှိမှ သူတို့၏ အစွမ်းအစများကို ရှာဖွေတွေ့ရှိခဲ့သော အပင်စွမ်းအားရှင် အချို့ လည်း ရှိခဲ့သည်။
လူတွေကို နာကျည်းစေသည့်အချက်က အပင်စွမ်းအားရှင်တွေ ပေါက်ဖွားစေခဲ့သည့် အပင်များက တိုက်ခိုက်ရာတွင် ရန်သူတွေနဲ့ ဖုတ်ကောင်တွေကို တွယ်ကပ်ကာ ချုပ်နှောင်ထားနိုင်ပေမယ့် ထိုအပင်တွေက စားလို့မရပဲ ညှိုးနွမ်းကာ ချက်ချင်းသေဆုံးသွားကြသည်။
ယင်းကြောင့် အပင်အမျိုးအစားစွမ်းအားရှင် များကို ထောက်ပံ့ရေးထက် တိုက်ပွဲဝင်သည့်နေရာတွင် ထားရှိရန် ရည်မှန်းထားခြင်းဖြစ်သည်။
စွမ်းအားများကို အဖွဲ့လိုက် စစ်ဆေးပြီးနောက် တစ်ရက်တွင် လော်ရွှင့် နှင့် ယန်ဖေး သည် ရှာဖွေတွေ့ရှိခဲ့သည့် ဝိညာဉ်အမျိုးအစားဖြစ်သည့် လူတစ်ဦးပျောက်ဆုံးနေကြောင်း တွေ့ရှိခဲ့သည်။ ဝိညာဉ်အမျိုးအစား စွမ်းအားရှင် အားလုံးနီးပါးကို စစ်တပ်တွင် တွေ့ရှိခဲ့သည်။ အချို့က သူတို့၏ ဦးနှောက်သည် ကမ္ဘာပျက်ကပ် မတိုင်မီကထက် ပိုကောင်းကြောင်း တွေ့ရှိခဲ့သော်လည်း တိကျသေချာသော စမ်းသပ်ချက် မရှိဘဲ သူတို့တွင် ထူးထူးဆန်းဆန်း ခံစားချက်အချို့ကိုသာ ခံစားခဲ့ရသည်။ ထို့အတွက် သူတို့တွင် အထူးစွမ်းရည်များရှိသည်ဟု ပြောရန်ခက်ခဲလှသည်။
*****-*****
ŞİMDİ OKUDUĞUN
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Korkuပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies