Chapter (115) - မိဘနှစ်ပါး ကွာရှင်းခြင်း
အိမ်ပြန်ရောက်တော့ ကျန်းရီ က သူတို့လင်မယားကို ထမင်းစား လက်မှတ် တစ်စောင်စီ လျော်ကြေးပေးဖို့ ဆန္ဒရှိပေမယ့် စားပွဲမှာ သူစားတဲ့ ပစ္စည်းတွေက အဲဒီထက်ပိုများတယ်လို့ တွေးလိုက်မိသည် ။ ကျန်းရီ က သူတို့ကို တစ်ခုခုပေးလိုက်တာ ပိုကောင်းသည်ဟုတွေးနေသည်။
လီထယ် နဲ့ တခြားလူတွေက သတင်းကောင်းကို စောင့်မျှော်နေကြပြီး အိမ်မှာဘဲနေနေသည်။ 16လွှာကို တက်လာစဉ် သုံးယောက်သား အချင်းချင်း ရန်ဖြစ်ခဲ့ကြသည်။
သူတို့ ထွက်သွားပြီးတဲ့ နောက်မှာတော့ ဒဏ္ဍာရီလာ လေစွမ်းအားရှင်ကို တွေ့ချင်သည့် လူတစ်ချို့လာပေမယ့် ကျန်းရီကတော့ မရှိတော့ပေ။
လော်ရွှင့် လည်း အစောကြီး ထွက်သွားခဲ့လို့ သတ္တုစွမ်းအားရှင် များကို လူတွေ အာရုံစိုက်လာချန် သူတို့ တွေ့ချင်သည့်လူက ဘယ်ရောက်သွားသည်ကို မည်သူမှ မသိခဲ့ကြပေ။ ကျန်းရီ စောစောစီးစီး ထွက်ခွာသွားခြင်းသည် လူအများ၏ ရင်ဘတ်ထဲတွင် စောစောမလာမိသည်ကို နောင်တရလာကြသည်။
နောက်နေ့မနက်စောစောမှာ ယန်ကောရှင့်က လျှိုရှန်ယွီရဲ့ လတ်တလော လှုပ်ရှားမှုတွေကို စစ်ဆေးဖို့ သူ့ရဲ့ လူယုံကို ခေါ်လိုက်သည်။ အမှန်တော့၊ စစ်ဆေးရန်မလိုအပ်ပါ၊ စုံစမ်းမေးမြန်းကြည့်ရုံနှင့် သူမက ဘယ်ဆေးရုံသို့ သွားရောက်ခဲ့သလဲဆိုတာ သိရှိလာမည်ဖြစ်သည်။ မကြာခင် လျှိုရှန်ယွီနဲ့ပတ်သတ်သည့် အသေးစိတ် စစ်ဆေးရေး အစီရင်ခံစာ အများအပြားက ယန်ကောရှင့်၏ ရှေ့တွင် စားပွဲပေါ်တွင် ပြည့်လာခဲ့သည်။
သူ အသက်ရှုကြပ်ပြီး မျက်လုံးပြူးကျယ်စွာဖြင့် ထိုအစီရင်ခံစာကို စိုက်ကြည့်နေတယ်။
"ဒါတွေက အရင်းဆေးရုံကို သွားပြတုန်းက ဖြစ်ရပ်တွေလား။"
လူယုံက ပြုံးရယ်ကာ ခေါင်းညိတ်ပြလိုက်သည် ။
"မစ္စလျှိုက အခြေစိုက်စခန်းကို ရောက်လာကတည်းက လုပ်ခဲ့သမျှတိုင်းကို စုံစမ်းထားတဲ့ မိတ္တူတွေ အားလုံး ရှိပါတယ်။ သူမရဲ့ နောက်ဆုံး ရခဲ့တဲ့ လက်ဒဏ်ရာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ မိတ္တူကို မရရှိနိုင်သေးပါဘူး။"
ယန်ကောရှင့်သည် လက်ကို အတင်းဝှေ့ယမ်းလိုက်သည်။
"ပြီးခဲ့တဲ့နှစ်လက အစီရင်ခံစာတွေကို ငါ့ဆီယူလာခဲ့။ အရင်က ဖြစ်ခဲ့တာကို တင်ပြစရာမလိုဘူး။ ဒါတွေအတွက် နေ့စဉ် စာရွက်ဘယ်နှစ်ရွက် ဖြုန်းတီးနေဦးမှာလဲ"
လျှိုရှန်ယွီသည် စာရွက်မည်မျှ ဖြုန်းတီးခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း၊ သူက ဒါကို လိုချင်သူဖြစ်ပြီး စုံစမ်းရေး မိတ္တူရယူရန် အမိန့်ပေးခဲ့လို့ စာရွက်ကုန်တာက သူ့အပေါ်တွင်သာ တာဝန်ရှိသည်။
ပထမဆုံး စစ်ဆေးမှု အစီရင်ခံစာ အနည်းငယ်ကိုဖတ်ပြီးနောက် သူ့ရင်ဘတ်နာကျင်လာသည်။ 'ကိုယ်ဝန်အတည်ပြု' ဟူသော စကားလုံးများသည် သူ့မျက်နှာကို ကျယ်လောင်စွာ ရိုက်လိုက်သလိုမျိုး ပင်။ ကိုယ့် ဇနီးသည်မှာ အပျော် ရည်းစားရှိတာကို သိတာက သတ်သတ်၊ သက်သေနဲ့တကွ သိလိုက်ရတာက မျက်နှာပျက်စေတဲ့ ပါးရိုက်ချက်ကြီးပဲဖြစ်သည်။
သူတို့နှစ်ဦးက အကျိုးအမြတ်အတွက် လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့၏မိဘအိမ်ထောင်ရေးမှာလည်း အလားတူဖြစ်သည်။ ကမ္ဘာပျက်ကပ် မတိုင်မီက မိသားစုအများစုဟာ အကျိုးစီးပွားချင်းအတွက် ကလေးတွေကို လက်ထပ်ပေးချင်းဖြင့် မဟာမိတ်ဖွဲ့လေ့ရှိသည်။ ထိုလက်ထပ်ပွဲမှ ကလေးမွေးပေးဖို့ကလွဲပြီး ဘာမှ ခံစားချက်မရှိကြပေ။ သူတို့ မျိုးဆက်ကို မွေးပေးဖို့ပဲ အိပ်ယာထဲ လူးလိမ့်ခဲ့သည်။ ကလေးရလာပြီးရင် သူ့ဘဝ ကိုယ့်ဘဝ အသီးသီးဖြတ်သန်းကာ အချင်းချင်း မနှောက်ယှက်ကြပေ။
ဒါပေမယ့် သူတို့မှာ ချစ်ခြင်းမေတ္တာ လုံးဝမရှိသလိုမျိုးတော့ မဟုတ်ပါဘူး။ သူနှင့် လျှိုရှန်ယွီသည် အခြေအနေကောင်းများ အောက်တွင် ပထမဆုံးအကြိမ် တွေ့ဆုံဖူးသည်။ လက်ထပ်ပြီး ခြောက်လ လောက်ကြာတော့ သူတို့ နှစ်ယောက်ရဲ့ ခံစားချက်တွေက ပြင်းထန်လာတယ်။ ဟန်းနီးမွန်းကာလတွင် ထာဝစဉ် လက်တွဲနိုင်မည်ဟု နှစ်ဖက်စလုံးထင်ခဲ့ကြသည်။ အိမ်ထောင်မပြုမီတွင် သူတို့နှစ်ဦးလုံးက ချစ်သူ ရယ်လို့ မရှိကြပေ။ ဂုဏ်အဆင့်တန်းချင်းတူညီသူတွေအတွက် အနာဂါတ်ခရီးလမ်းက ဖြောင့်ဖြူးနေခဲ့သည်။
ကံမကောင်းစွာနဲ့ပဲ လျှိုရှန်ယွီကိုယ်ဝန်ရှိလာတော့ သူမရဲ့ ဒေါသက ပိုဆိုးလာခဲ့သည်။ လင်မယားနှစ်ယောက် အပြန်အလှန်နားလည်မှု၊ သည်းခံမှုနှင့် အစွမ်းကုန်ကြိုးစားမှုတို့ ပျောက်ဆုံး သွားခဲ့သည်။ တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင် မျက်နှာဖုံးတွေကို စုတ်ဖြဲပြီး စကားစစ်ထိုးပွဲ အနည်းငယ်ကြာပြီးနောက်မှာတော့ ချိုမြိန်တဲ့ခံစားချက်တွေ မကျန်တော့ပေ။
ထို့ကြောင့် သူတို့သည် အကျိုးစီးပွားအတွက်လက်ထပ်သည့် 'စံအိမ်ထောင်ရေး' အခြေအနေသို့ ပြန်ရောက်သွားကြသည်။ လင်နှင့်မယားကြားတွင် ပုံမှန် ဆက်ဆံရေးကို ထိန်းသိမ်းထားသည်။ ကလေးထိန်းဌားကာ ကလေးကို ထိန်းစေပြီး သူတို့နှစ်ဦး ကိုယ့်ချစ်သူနဲ့ အတူရှိခဲ့ကြသည်။ သူတို့ရဲ့ မိသားစုပုံရိပ်ကို ထိန်းသိမ်းထားဖို့ လိုတဲ့အခါမှသာ အတူတူ ခရီးသွားကြတော့သည်။
သို့သော် သူတို့သည် အခြားသူများနှင့် အတူနေထိုင်နိုင်သော်လည်း သူတို့သည် ကလေးစရိတ်ကို အတူမျှခံကာ ကွာရှင်းခြင်းမလုပ်ကြပေ။ မမျှော်လင့်ဘဲ၊ ကမ္ဘာပျက်ကပ် ကိုရောက်ပြီး တစ်နှစ်ပင်မပြည့်မီတွင် သူမသည် အခြားလူနှင့် ကိုယ်ဝန်ရှိလာခဲ့သည်။
ယန်ကောရှင့်သည် အစီရင်ခံစာကို ကြည့်ကာ လှောင်ပြောင်ပြီး တံခါးဝတွင် စောင့်ဆိုင်းနေသော လက်အောက်ငယ်သားအား စကားပြောဆိုခဲ့သည်။
"စစ်တပ်ခရိုင်ကိုသွားမယ်"
တခါတရံမှာ တစ်ဖက်က 'သိက္ခာ' လိုချင်ရင်တောင် ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်သည်။ လျှိုရှန်ယွီသည် သူမ၏ လက်ရှိအခြေအနေတွင် ယန်ကောရှင့်ရောက်ရှိလာပါက အခြေအနေသည် ရှုပ်ထွေးသွား မည်ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းသိရသည်။
သူ့စိတ်တွေ တင်းမာနေပေမယ့် သူမကို သက်သေတွေပြကာ မအော်ဟစ်ပဲ မနေနိုင်ပေ။ ဒီအဖြစ်ကို လာစပ်စုသူတွေလည်း မနည်းလှပေ။
သူနဲ့ ရင်းနှီးတဲ့လူက များသောအားဖြင့် ပေါ်တင်တော့ ပေါ်မလာရဲဘူး။ ယန်ကောရှင့်သည် ဒေါသတကြီးဖြင့် ထိုလူများကို စစ်တန်းလျားတွင် စွန့်ပစ်ခဲ့ပြီး ကွာရှင်းဖို့ စစ်ရုံးသို့ အမြန်သွားခဲ့သည်။
ဦးထုပ်စိမ်း ဆောင်းခံလိုက်ရသည့် ယန်ကောရှင့်တစ်ယောက် မယားဖောက်ပြန်သည့် သက်သေ အထောက်အထားများ ရှိခဲ့ပြီး စခန်းမှ ခင်ပွန်း နှင့် ဇနီးကြား ကွာရှင်းမှုကို ဆောင်ရွက်ပေးခဲ့သည်။ ယခုအချိန်တွင် သူမကို ကာကွယ်ရန် လျှို မိသားစုမရှိတော့သည့်အပြင်၊ ယန်ကောရှင့်မှာ ပါဝါအနည်းငယ်ရှိသောကြောင့် ကွာရှင်းပြတ်စဲမှုကို တစ်နာရီအကြာတွင် တရားဝင်ထုတ်ပြန်ခဲ့သည်။
ယန်ကောရှင့်က ဒီကိစ္စကို တိတ်တဆိတ် ကိုင်တွယ်ချင်ပေမယ့် သူ့မှာ ထိုအဖြစ်ကို ဖိနှိပ်ပေးမည့် လက်အောက်ငယ်သားများ မရှိတော့ဘူး။ လျှိုရှန်ယွီ၏ပါးစပ်ကို ပိတ်ဆို့ချင်သော်လည်း အတင်းအဖျင်းပြောသည်ကို သူ မတားနိုင်ခဲ့ပေ။
ယန်ဖေး က သူ့အဖေနဲ့အမေ ကွာရှင်းလိုက်သည့် ကိစ္စကို လုံးဝမသိလိုက်ဘူး။ မနက်မိုးလင်းတော့ အလုပ်သွားလုပ်ဖို့ သတင်းပို့ပြီး ခြံစည်းရိုးအပြင်ဘက် ခြံစည်းရိုးတွေ ဆောက်နေခဲ့သည်။
ကပ္ပတိန် ကောင်း ၏ ခေါင်းထက်တွင် အုံ့မှိုင်းနေသော လေထုတစ်ခုရှိသည်။
"သူ ဘာဖြစ်နေတာလဲ?"
သူသည် တပ်မှူးကို မမေးရဲဘဲ လက်ထောက်ကို တိတ်တဆိတ် စုံစမ်းကြည့်လိုက်သည်။
ဒု-ကပ္ပတိန်က ကပ္ပတိန် ကောင်း ကို တိတ်တဆိတ်ကြည့်ရင်း တီးတိုးပြောခဲ့သည်။
"မနေ့ညက ခွဲခဲ့ရတဲ့ အလှလေးကို သူက လွမ်းနေတယ်... မင်းတို့ ထွက်သွားပြီးနောက် မစ်ကျူးဟုန်က ခေါင်းဆောင်လက်ကို တင်းတင်းတွဲပြီး သူမ အဖေဆီ တိုက်ရိုက်သွားခဲ့ပြီး ကောင်းကင်နှင့် မြေကြီး ပေါင်းစပ်သောအခါတွင် တောင်တန်းများ မရှိသောအခါမှ သူတို့ ခွဲခွာကြလိမ့်မယ်လို့ ဖွင့်ပြောခဲ့တယ်"
လက်ထောက်က အမူယာနဲ့တကွ လုပ်ပြကာ တီးတိုးပြောပြခဲ့သည်။
..............
"အင်း...သူမအဖေရဲ့ တုံ့ပြန်မှုက ဘယ်လိုလဲ"
ဒု-ဗိုလ်ကြီးက ရယ်ချင်စိတ်ကို ထိန်းထားသော်လည်း သူ့ရင်ဘတ် တုန်ခါသွားသည်။
"ဗိုလ်ချုပ်ကျူးက သူ့သမီးရဲ့ ဒေါသကို သိတယ်။ ဘာပဲဖြစ်ဖြစ် အမူအရာက မကောင်းပေမယ့် ကောင်မလေးကို အိမ်ပြန်ခိုင်းရုံပဲတတ်နိုင်တော့တယ်။ "
ကပ္ပတိန် ကောင်း သည် သူ့အထက်အရာရှိကို အံတုနိုင်ပါ့မလား။ သူ့ကို မဲပြီး တခုခု မလုပ်နိုင်ဘူးလား။
ကပ္ပတိန် ကောင်း အား စာနာစိတ်ဖြင့် တိတ်တဆိတ် အကြည့်ပေးနေစဉ် လော်ရွှင့် ၏ မျက်နှာသည် တွန့်လိမ်သွားသည်။ ဒါတွေအားလုံး ကျန်းရီ ကြောင့် ဖြစ်ခဲ့တာပဲ၊ သူက ဗိုလ်ကြီး ကောင်း ကို ချောက်ချခဲ့လို့ အားလုံးက သူ့ကို ခွင့်လွှတ်နိုင်မလား။
ကပ္ပတိန် ကောင်း သည် တစ်နေရာမှ ဆေးလိပ်တစ်လိပ်ကို ဆွဲထုတ်ရင်း အကြံဉာဏ်မထွက်နိုင်အောင် ဖြစ်နေသည်။ နံရံကိုရောက်ပြီးနောက် ဆေးလိပ်သောက်ရန် ထောင့်တစ်နေရာကို သူတွေ့ခဲ့သည်။ သူ ထိုနေရာက ပြန်လာပြီးနောက် စိတ်ဓာတ်အခြေနေ ပိုကောင်းလာသည် - ဆေးလိပ်က ကျန်းမာရေးအတွက် မကောင်းပေမယ့် စိတ်ဖိစီးမှုကို ဖြေလျှော့နိုင်သည်။
လော်ရွှင့် က သူ့မေးစေ့ကို ကိုင်ရင်း တွေးတောရင်းနဲ့ ဈေးကွက်မှာ ရောင်းဖို့ သူကိုယ်တိုင် ဆေးရွက်ကြီးကို စိုက်ပျိုးကြည့်ဖို့ မျိုးစေ့တချို့ ရှာသင့်ပြီလား။
နေ့လည် သုံးနာရီမှာ လူတွေက သန့်ရှင်းရေးလုပ်ပြီး အိမ်ပြန်ကြသည်။ သူတို့ထဲမှ အချို့သည် နံရံကို ဖြတ်ကျော်ကြည့်လိုက်ရာ ပြန့်ကျဲနေသော ဖုတ်ကောင်အချို့ တဖြည်းဖြည်း နီးကပ်လာသည်ကို တွေ့လိုက်ရသည်။ နံရံအောက်ခြေတွင် လူများစွာ စုဝေးနေသောကြောင့် လတ်ဆတ်သည့် လူသား အနံ့သည် ဖုတ်ကောင်များအတွက် အရသာရှိလှသည့် အစားအစာတစ်ခုလို ဖြစ်နေပုံရသည်။ ဝက်သားပြုတ်နံ့က လူတွေကို ဆွဲဆောင်နိုင်သလို အိမ်မှာ တစ်ယောက်ယောက်က ဟင်းချက်နေတယ်လို့ သူတို့ ထင်နေမှာ သေချာသည်။
ဖုတ်ကောင်တွေဝိုင်းပြီးကတည်းက ပြန့်ကျဲနေတဲ့ ဖုတ်ကောင်အရေအတွက်ဟာ အရင်အတိတုင်း ပြန်ဖြစ်သွားသည်။ ဖုတ်ကောင်လိုင်းလုံးကြီး ထပ်ပေါ်မလာတော့ပေ။
ကပ္ပတိန် ကောင်း က လူတိုင်းကို နှုတ်ဆက်ပေမယ့် နံရံအနားမှာ လူနှစ်ယောက်ရှိနေချိန်မှာတော့ ဆူပူကြိမ်းမောင်းပါတော့တယ်။
"ဘာကြည့်နေတာလဲ မသွားဘူးလား?"
ကျုံးကို ညွှန်ပြရင်း စစ်သားတစ်ယောက်က ခြေထောက်ကို နှိမ့်လိုက်တယ်။
"ဗိုလ်ကြီး၊ ကျွန်တော်တို့ မြစ်ထဲမှာ ငါးတစ်ကောင်တွေ့တယ်"
"ငါး? ဘယ်မှာလဲ?"
ဗိုလ်ကြီး ကောင်း ငုံ့ကြည့်သည်။ ကျုံးက ခြံစည်းရိုးနဲ့ မလှမ်းမကမ်းမှာ၊ ဒီအဝေးက ငါးတစ်ကောင်ကို ဘယ်လိုမြင်နိုင်မလဲ။
ခဏကြာအောင် ဂရုတစိုက်ကြည့်ရင်း မှန်ပြောင်းကို ငှားကြည့်သော်လည်း ဘာမှ မတွေ့ပေ။ သူသည် စစ်သားနှစ်ယောက်ကို လှည့်ကြည့်ကာ ကျိန်းလိုက်သည်။
"ဒါက ငါးအစား ပြုတ်ကျနေတဲ့ ကျောက်တုံးဖြစ်နိုင်မလား။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဖြစ်အပျက်ကို မှတ်မိတယ် မလား။ ဒီလိုနေရာမှာ ငါးကြီးကြီး ဘယ်လိုပေါ်လာနိုင်မှာလဲ"
လူနှစ်ယောက် လန့်ဖျပ်သွားကာ ရေပွင်ကို မြင်ပြီး ငါးတစ်ကောင်ရှိမည်ဟု ထင်လိုက်ခြင်းပင် ။
ဖုတ်ကောင်အုပ်ကြီး ဝိုင်းခံရပြီးနောက် ကျုံးထဲမှာ ဖုတ်ကောင်တွေ ဘယ်လောက်ရှိတယ်ဆိုတာ ဘယ်သူ သိမလဲ။ ဘေးကင်းမှုနှင့် ဖုတ်ကောင်များကျသေနေသည့် မြစ်ကို သေချာစွာရှင်းလင်းရန် အခြေစိုက်စခန်းတွင် အလောင်းများကို ဖယ်ရှားရန်အတွက် ရေကို စုပ်ထုတ်ရန် ရေစွမ်းအားရှင် အုပ်စုကို ခေါ်ခဲ့သည်။ ငါးတွေ ပေါ်လာနိုင်ပေမယ့် ဘယ်လောက်ကြီးနိုင်မှာလဲ။ ဒီလောက်အကွာအဝေးကနေ ဘယ်သူမြင်နိုင်မလဲ။
လော်ရွှင့် နှင့် ယန်ဖေး တို့သည် ကျန်လူများ ပြန်လာရန် စောင့်ဆိုင်းနေစဉ် ထရပ်ကားပေါ်သို့ တက်နေပြီဖြစ်သည်။ ကပ္ပတိန် ကောင်း အထဲကို ဝင်ပြီး စခန်းတွေဆီ ပြန်သွားပြီးနောက် ကားက စတင်ထွက်ခဲ့သည်။ ထိုစဉ် ရုတ်တရက် လော်ရွှင့် ၏လက်ကိုင်ဖုန်းမြည်လာသည်။
လော်ရွှင့် က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ယန်ဖေး ကို ပေးလိုက်တယ်။ "ခင်ဗျား အတွက်။"
ထိုစုံတွဲ၏ဖုန်းများသည် အဝင်ခေါ်ဆိုမှုနည်းပါးသည်။ ဆက်သွယ်ရေးအတွက် စာသားမက်ဆေ့ခ်ျကို အများစုက သုံးကြသည်။ ဖုန်းကို အရေးပေါ်အခြေအနေတွင်သာ အသုံးပြုကြသည်။
ယန်ဖေး အမည်မသိဖုန်းနံပါတ်ကို ကြည့်ကာ မျက်ခုံးပင့်လိုက်သည်။ နည်းနည်းတွေးလိုက်ပြီး သူ လန့်သွားသည်။
****-***
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies