Chapter (176) - ပထမအကြိမ် ရွှေ့ပြောင်းခြင်း
လော်ရွှင့် နှင့် အခြားသူများ မွန်းတည့်ချိန်အထိ အိပ်မောကျခဲ့ကြပြီး ဇနီးမောင်နှံနှစ်ဦးသည် ကလေးကို နို့စတော်ဘယ်ရီသီး အချို့ကျွေးရန် တစ်လှည့်စီသာ အိပ်ခဲ့ကြသည်။ မွန်းတည့်အချိန်၌ လူတိုင်းသည် ပင်ပန်းနွမ်းနယ်မှုမရှိဘဲ နားမလည်နိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပေါ့ပါးစွာ စုရုံးကြသည်။
လော်ရွှင့် ဝင်လာချိန်တွင် လီထယ် နှင့် သူငယ်ချင်းများက တောက်ပသော မျက်လုံးများဖြင့် ကြည့်လာသဖြင့် သူ့ကို ချွေးပြန်လာစေခဲ့သည်။
ရွှီမိန် က နှစ်ယောက်လုံးကို ပြုံးပြလိုက်သည်။ "မနေ့ညက ကောင်းကောင်းအနားယူပြီးပြီလား"
လော်ရွှင့် က ခေါင်းညိတ်ပြပြီး သူတို့ အနားယူနေကြပါပြီ။ ကလေးကို အစာကျွေးဖို့ သုံးနာရီတစ်ကြိမ် နှိုးစက်မသတ်မှတ်ထားဘူးဆိုရင် အသေကောင်လို အိပ်ပျော်သွားလိမ့်မယ်။
*အဟမ်း..အဟမ်း...*
ချောင်းဟန့်ပြီး လော်ရွှင့် က အဖွဲ့သားတေွကို ကြည့်လိုက်သည်၊
"မနေ့ညက ငါတို့ စစ်ဆေးကြည့်တော့ တံခါးတွေ၊ ပြတင်းပေါက်တွေ အပြင် အမိုးတွေမှာ ပြဿနာမရှိဘူး"
"ပြဿနာကြီးကြီးမားမားမရှိဘူးလား?" အုပ်စုသည် ယန်ဖေးဘက်သို့ အမြန်လှည့်လိုက်သည်။
"ခေါင်မိုးပေါ်မှာ လူတွေ ခြေရာတွေ တွေ့ရပေမယ့် အဝင်ဝမှာ ကျွန်တော်တို့ တပ်ဆင်ထားတဲ့ ထောင်ချောက်တွေကို ကျော်ပြီး ဘယ်သူမှ မ၀င်နိုင်ကြဘူး" ဟု ရှင်းပြခဲ့သည်။
အားလုံးက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ငါတို့ကံကောင်းတာပေါ့ ...မဟုတ်ရင် အခိုးခံရတဲ့ ဒုက္ခကို ကြုံရလောက်ပြီ "
"ဒါပေမယ့် မကြာခင် အခိုးခံရနိုင်တယ်။"
လော်ရွှင့် ကတော့ ပေါ့ပေါ့ပါးပါးပါ ဆက်ပြောလိုက်သည်။
"ရာသီဥတုက ပိုပူလာပြီး စခန်းက အလုပ်တွေ စလုပ်နေပြီ။ ပုံမှန်အတိုင်း အလုပ်ရှုပ်လာကြလိမ့်မယ်။"
ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Terrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies