Chapter (154) - ဉာဏ်ရည်မြင့်လာသော ဖုတ်ကောင်များ

339 54 0
                                    

Chapter (154)  -  ဉာဏ်ရည်မြင့်လာသော ဖုတ်ကောင်များ

ယန်ဖေး ၏ သတ္တုစွမ်းရည်ကြောင့် အပေါက်များကို အလွယ်တကူ ပြုပြင်နိုင်ပေမယ့် လူလုပ်ထားသည့်  အပေါက်အတုတွေကို ကြည့်လိုက်ကာ တချို့က မပြင်ချင်ကြဘူး။

စန်းရှောင်ရန့် သည် သူ့မျက်လုံးများတွင် ဒေါသမျက်ရည်များ စီးကျလာသည်။

"ဘုရားရေ.... သူတို့က ရူးနေကြသလား။ ငါတို့အသတ်ခံရရင် အုတ်တံတိုင်းကို ဘယ်သူက ပြင်ပေးမှာလဲ၊ သူတို့မှာ တခြားသတ္တုသမားတွေ ရှိနေလို့လား။"

ယနေ့ နံရံများကို ပြုပြင်သောအခါတွင် သေဆုံးသွားသော သတ္တုစွမ်းအားရှင်များ အကြောင်း ကပ္ပတိန်ကောင်း ထံမှ သိရှိခဲ့ကြသည်။ သူတို့သည် အပြင်ဘက်နံရံများကို သန့်စင်ပြီး ခိုင်ခံ့အောင် မစွမ်းဆောင်နိုင်ခဲ့ရင် စခန်းကျဆုံးဖို့  တစ်နှစ်ခွဲလောက်သာ ကြာလိမ့်မည်။  ဒါပေမယ့် ဒီနေ့ရောက်တဲ့အခါ ပြုပြင်ဖာထေးမှု လုပ်အပြီးမှာတော့ နံရံက ပြန်လည်ခို်င်ခံ့သွားပြီး လုပ်သင့်သည့်  အလုပ်နည်းနည်း ပြီးသွားတာကို တွေ့ရတယ်။

  စန်းရှောင်ရန့်တို့က စစ်တပ်မှ  ထွက်သွားပြီးနောက် ဘာတွေဖြစ်ပျက်ခဲ့သည်ကို မေးမြန်းစုံစမ်းကြည့်ချိန်၊ နောက်လာသည့် သူတို့သည် အပြင်ဘက်နံရံများကို လှည့်ပတ်ရုံသာလုပ်ပြီး တန်းလျားအနီးတွင် တစ်ခါ တစ်ရံ ကိရိယာတန်ဆာပလာများနှင့် အခြားပရိဘောဂများကို ပြုလုပ်ခဲ့ကြောင်း၊ ကပ္ပတိန် အသစ်ကိုလည်း သီးသန့်ရွေးချယ်ခဲ့တယ်လို့ ကြားခဲ့သည်။


အခြေစိုက်စခန်းမှာ ပုံမှန်အလုပ် လုပ်ရမယ်ဆိုရင်တောင် ခေါင်းဆောင်ရဲ့ ရွေးချယ်မှုကို ဘယ်သူမှ သဘောမကျခဲ့ပေ။ ထို အမိန့်ပေးတုန်းက လီ လုပ်ခဲ့တဲ့ ကိုယ်ပိုင်အလုပ်နဲ့ ပတ်သက်ပြီး ဘယ်သူမှ မပြောခဲ့ဘူး။

ကပ္ပတိန်ကောင်း သည် ကားကို လှည့်ပတ်ကြည့်ရှုနေစဉ် ဖြေသိမ့်ကာ ပြောပေးခဲ့သည်။
"ဒီဟာကို တိုက်ပွဲပြီးနောက် ယာယီသိမ်းဆည်းထားခဲ့ပုံရတယ်။ "

 သူက ဆက်မပြောခင် "အမှိုက်ကို ဖယ်လိုက်၊ ယန်ဖေး က အနီးနားက သတ္တုနည်းနည်းယူပြီး ငါတို့အတွက် ကားကို ပြင်ပေး။ မဟုတ်ရင် ငါတို့ဘာမှ ဆက်လုပ်လို့ရမှာ မဟုတ်ဘူး !"

သူ့ကို မတ်တပ်ရပ်ပြီး အုပ်စုဖွဲ့ပြီး အပေါက်တွေကို ကာဖို့ သုံးတဲ့ သေတ္တာအလွတ်တွေကို တိတ်တဆိတ် လွှင့်ပစ်လိုက်တယ်။ သတ္တုနှင့်ပတ်သက်၍ ယန်ဖေး သည် အဆင့်လေးဖြစ်လာပြီးကတည်းက သတ္တုရှာဖွေရာတွင် အခက်အခဲရှိနေဦးမှာလား.... အခုပြောစရာမလိုအောင် အဆင့် ၂ နဲ့ ၃ မှာတောင် လမ်းပေါ်ကနေ သတ္တုကို ဆင့်ခေါ်နိုင်ပြီ မဟုတ်လား။

ယန်ဖေး သည် သူ၏စွမ်းအားများကို အသုံးပြုခဲ့ပြီး ၁၀ စင်တီမီတာထူသော နံရံတစ်ခုကို ဖန်တီးရန် မည်သည့်နေရာကမှန်း မသိသည့် သတ္တုကို ထိန်းချုပ်ကာ ချေးယူခဲ့သည်။  တမင်တကာ ဟာလာဟင်းလင်း ဖြစ်နေသည့် မှန်ပြတင်းတွေ နေရာမှာ သတ္တုပြားများဖြင့် အစားထိုးခဲ့သည်။ လော်ရွှင့် သည် ဒါကို မြင်တော့ နောင်အနာဂတ်တွင် သူတို့၏အိမ်တွင် ဒီလို အသုံးချနိုင်မည်ဟု တွေးနေခဲ့သည်။

ခေါင်မိုးပေါ်ရှိ လေဝင်လေထွက်ကိုလည်း သတ္တုဖြင့် အားဖြည့်ထားသည်။ လီ နှင့် စန်းရှောင်ရန့် တို့သည် ဒီအရာမျိုးနှင့်ပတ်သက်၍ အတွေ့အကြုံနည်းပြီး ယန်ဖေး ထံမှ စူးစမ်းလေ့လာကာ သင်ယူခဲ့ကြသည်။

ဒီအရာများပြီးသောအခါ သတ္တုစွမ်းအားရှင်များ အားလုံးကို အိတ်တစ်လုံးစီပေးကာ ထောက်ပံ့ပို့ဆောင်ရေးမှ ပေးပို့သောအစားအစာများကို လူတိုင်းအားခွဲဝေပေးခဲ့သည်။

အစားအစာနဲ့ ဘေစင်နှင့် ဖြည့်ပြီးနောက် ကပ္ပတိန် ကောင်း က စကားပြောသည်။
"တစ်ယောက်ယောက်က ငါ့ကိုလိုက်ရှာနေတာ..."

သူက ယန်ဖေး နဲ့ လော်ရွှင့် ကို ကြည့်လိုက်တယ်။

 "မင်းက အလုပ်အဖွဲ့ထဲမှာ မှာ မရှိလို့ ဒါကို သေချာမသိတာ၊  အဲဒီမှာ နေတဲ့လူတွေ နည်းတယ်။ အဖွဲ့တွေ ထွက်သွားတိုင်း သေကုန်တာရှိပေမယ့် အခြားနေရာမှာ သွားရောက် အခြေချကြတယ်လို့ ထင်တဲ့သူ တွေလည်း ရှိတယ်။"

စန်းရှောင်ရန့် က ကဲ့ရဲ့ဟန်ဖြင့် အသံပြုလိုက်ကာ ပြောခဲ့သည်။
"ခင်ဗျား ပြောတာက ပိုနာခံတဲ့လူတွေကို ပြောတာ မဟုတ်ဘူးလား?"

ကပ္ပတိန် ကောင်း က သူ့ကိုကြည့်ကာ "တော်တော်များများက..  အပြင်မှာ သေကုန်ကြတယ်။ ဒီဖုတ်ကောင်တိုက်ခိုက်မှုပြီးရင်... အခြေစိုက်စခန်းမှာ တစ်ခုခုဖြစ်မလာအောင်  ဖုတ်ကောင်တွေကို စောင့်ကြည့်ဖို့ စွမ်းအားရှင် မရှိတော့မှာကို ငါ စိုးရိမ်မိတယ်။"

သူက လော်ရွှင့် ဘက်ပြန်လှည့်ပြီး  ဆက်ပြောခဲ့သည်။
"ဒါပေမယ့် ဒါက မင်းတို့ စိတ်ပူရမယ့် အရာတော့ မဟုတ်ဘူး။ မင်းတို့ တခြားသူနဲ့ အလုပ်လုပ်သည် ဖြစ်စေ၊ နံရံကာကွယ်ရးအဖွဲ့ဖြစ်တဲ့ ငါတို့ထဲ ဝင်သည်ဖြစ်စေ၊   အိမ်ပြန်သွားတာ ဖြစ်စေ မင်းတို့ ရွေးချယ်ပိုင်ခွင့်ရှိပါတယ်။ ဒီအဖြစ်အပျက်က သာမန်လူတွေနဲ့တော့ မပတ်သက်ဘူး"

လီနှင့် အခြားသူများမှာ တောက်ပသော မျက်လုံးများရှိသည်။ သူတို့ရဲ့အမူအရာက စိတ်လှုပ်ရှားနေလား စိုးရိမ်လားမသိပေ၊ ကျန်သူတွေက တုန်လှုပ်သွားကြတယ်။

"ခေါင်းဆောင်..."

ကပ္ပတိန် ကောင်း က လီ ၏ စကားကို နှောင့်ယှက်လိုက်ပြီး ပြောခဲ့သည်။

"စိတ်မဆိုးပါနဲ့"

 သူက ရှေ့ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"တစ်ခုခု ပြောင်းလဲသွားရင်တောင် ပိုကောင်းအောင် လုပ်သင့်တယ်...*ဟား* အဲဒီလူတွေက ဘယ်အရာက အဓိကကျတယ်ဆိုတာ နားမလည်ဘူးကွ။ သူတို့က ပိုရှာပြီး လုယက်ချင်ပေမယ့် အဓိက ကာကွယ်ပေးတဲ့သူ းပျောက်ရင် ဘာကျန်ဦးမှာလဲ"

သူ့စကားပြောပြီးနောက် ကားထဲမှာ  အသံတိတ်သွားတယ်။

ညစာစားပြီးနောက် လူတိုင်း၏ ခန္ဓာကိုယ်နှင့် စိတ်များသည် မောပန်းနွမ်းနယ်နေပြီး အိပ်ရာမဝင်မီ ပြဿနာများကို စဉ်းစားရန် ခွန်အားမရှိကြပေ။ ကားရဲ့ ထောင့်စွန်းမှာ ပန်းကန်တွေထည့်ထားရင်း သူတို့ရဲ့ sleeping bag ထဲကို တွားသွားပြီး အိပ်ပျော်သွားတယ်။

ထူထဲသော ကားနံရံများဖြင့် ကာကွယ်ထားလို့ ထိုညတွင် လူတိုင်း ကောင်းစွာ အိပ်မောကျခဲ့ကြသည်။ ညသန်းခေါင်မှာ တိုက်ခိုက်တဲ့ ဖုတ်ကောင်ငှက်တွေ အများကြီးရှိပေမယ့်။ ပြုတ်ကျသော အရာများသည် အသက်ရှင်ရှိ၊မရှိကို မည်သူသိနိုင်မလဲ။ ၊ သို့သော် သူသည် သူတို့၏အနားယူခြင်းကို မထိခိုက်စေခဲ့ပေ။

ပြတင်းပေါက်မှ အလင်းတန်းများ ဖြတ်၍ နိုးလာပြီး နောက်နေ့မှ လန့်နိုးလာကာ  လော်ရွှင့် ကြောင်တက်တက် ဖြစ်နေခဲ့သည်။

သူတို့ထပြီး  အိပ်ယာကို သိမ်းဆည်းပြီး ကားတံခါးကို ဖွင့်လိုက်တယ်။ မနေ့ညနေက ကားတွေ ရပ်ထားတဲ့နေရာတွေမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပုံရတယ်လို့ သူတို့တွေ့လိုက်ရသည်။  ဖုတ်ကောင်ငှက်များစွာသည် ဖုတ်ကောင်ကြွက်များကို ပစ်ချကြပြီး ကောင်းကင်ကြီး မှောင်နေချိန်တွင် အခြားအရာများကို ပစ်ချခဲ့ကြသည်။

ယာယီစခန်းချနေသည့် နေရာများက အနှောက်အယှက်ဖြစ်ခဲ့သည်- တစ်စုံတစ်ဦးသည် တွင်းတူးထားသော ဖုတ်ကောင်ကြွက်ကိုက်ခံရပြီးနောက် ရုန်းရင်းဆန်ခတ်ဖြစ်သွားခဲ့သေးသည်...

ဒီသတင်းကိုကြားတော့ အဖွဲ့သားတွေက တုန်လှုပ်ခြောက်ခြားသွားကြတယ်။ ခွန်အားဖြည့်ရန် ထမင်းစားပြီးနောက် ကပ္ပတိန် ကောင်း နှင့် အဖွဲ့သည် အမိန့်အသစ်ကြောင့် နံရံဆီသို့ ပြန်သွားကြသည်။ ဖုတ်ကောင်များသည် ဉာဏ်ရည်ဉာဏ်သွေးပိုမြင့်လာပြီး သူတို့က တီထွင်နိုင်လာတာ၊ ဒါမှမဟုတ် အမိန့်ပေးဖွဲ့စည်းပုံ ရှိလာတယ်လို့ ဆိုရမည်ဖြစ်သည်။

အကြောင်းပြချက်မှာ အရမ်း ရိုးရှင်းပါတယ်.... တိုက်ခိုက်မှုကို အားကောင်းစေရန် လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ပြီးနောက် အခြေအနေမှာ အကောင်းဘက်မှ မရှိဘူးလို့ ထင်ရသည်။ မနေ့ညက နောက်ထပ် ဖုတ်ကောင်ကြွက်တွေနဲ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့သေးတယ်။

သို့သော်လည်း ယခုအကြိမ်သည် ယခင်အကြိမ်နှင့် မတူတော့ပေ။ သူတို့သည် သတ်မှတ်ထားသော အကွာအဝေးကို ဆုတ်လိုက်ရုံမျှဖြင့် နံရံမှ တစ်ဖက်က လုံး မတိုက်ခိုက်နိုင်လောက်အောင်ပင်။

"သူတို့ ဘာလုပ်နေတာလဲ?"
လော်ရွှင့် သည် နံရံတွင်ရပ်ကာ အခြေစိုက်စခန်းတစ်ခုလုံးကို ပတ်ပတ်လည်အကွာအဝေးတွင် ဖုတ်ကောင်များ၏ စစ်တပ်ကိုကြည့်ရှုခဲ့သည်။ သစ်သားပုံသဏ္ဌာန်တူသော ထူထပ်သော အုပ်စုကြီးသည် လူတိုင်း၏ ဦးရေပြားကို ထုံကျင်သွားစေသည်။

နှစ်ဘဝနေထိုင်ခဲ့သော လော်ရွှင့် ပင်လျှင် ဒီအဖြစ်ပျက်အတွက် အဖြေမရှိပေ။ ဒီလို ထူးထူးဆန်းဆန်း မြင်ကွင်းမျိုးကို သူ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး။

ဒါပေမယ့် ဒီအခြေအနေကို ဘယ်သူမှ ပေါ့ပေါ့တန်တန် မယူဆရဲကြဘူး။ အများစုသည် နံရံအောက်ရှိ ဖုတ်ကောင်များကို လျစ်လျူရှုကာ အဝေးမှ ဖုတ်ကောင်များကို စိုက်ကြည့်နေကြသည်။

နာရီဝက်ခန့်အကြာတွင် နေရောင်ခြည်သည် အထွတ်အထိပ်သို့ ရောက်သည်နှင့်အမျှ ပို၍ တုန်လှုပ်လာသည်။ အခြေစိုက်စခန်းအပြင်ဘက်တွင် တဟုန်းဟုန်းတောက်လောင်နေသော ဖုတ်ကောင်များသည် ရုတ်တရက် ဘေးနားမှ လူအုပ်ကြီးကဲ့သို့ ပေါ်လာသည်။

သို့သော် စခန်းအတွင်း၌ အော်ဟစ်သံများနှင့် သေနတ်သံများ ကြားနေရသည်။

ဖုတ်ကောင် ကြွက်တွေ ညက ပြုတ်ကျပြီး ပုန်းအောင်းပြီး ဘယ်ကနေ ပေါ်လာတာလဲ။ ထောင့်နဲ့ နံရံအောက်က နေရာတိုင်းလိုလို ရောက်နေတယ်ထင်ရပြီး လူအုပ်ကြားထဲ ပြေးဝင်သွားတယ်။

"ပစ်! ကြွက်တွေကို ပစ်ကြ!" ချက်ခြင်း သတိဝင်လာတဲ့ လူတွေက အော်ဟစ်လိုက်ကြသည်။

သူတို့ပတ်ဝန်းကျင်ရှိ သတ္တုစွမ်းအားရှင်များ  သုံးဦး၏ ကျေးဇူးကြောင့် သူတို့သည် လျင်မြန်စွာ ခိုင်မာသော ခုခံမှုကို ရရှိခဲ့ပြီး မကြာမီ ဖုတ်ကောင်ကြွက်များကို သတ်နိုင်ခဲ့သည်။

ဖုတ်ကောင်ကြွက်တွေကို မြင်လိုက်ရတော့ လူတွေက အော်ဟစ်ပြီး နေရာအနှံ့ မငြိမ်မသက် ဖြစ်နေကြတယ်။ ဘာကြောင့်လဲဆိုတော့....   ထိုနေ့မှာ သူတို့   အတွေ့အကြုံရှိခဲ့သောကြောင့် အားသာချက်ရှိနေသည်။ ပြဿနာတွေကို ဖြစ်စေတဲ့ စွမ်းအားရှိတဲ့ ကြွက်တွေကလွဲရင် အခြေအနေကို ထိန်းချုပ်ဖို့ အချိန်အကြာကြီး မကြာလိုက်ဘူး။ လူစုလူဝေးက ကျန်တဲ့အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။

အနည်းဆုံးတော့ နံရံပေါ်က အခြေအနေကို ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမယ့် အားလုံးရဲ့ ထိတ်လန့်မှုဖြစ်ကုန်သည်။ ၊

"...သူတို့က အခြေစိုက်စခန်းကို ကျူးကျော်ဝင်ရောက်ဖို့ လွယ်ကူအောင် ဖုတ်ကောင်ကြွက်တွေကို အသုံးပြုဖို့ မစဉ်းစားထားပေမယ့်  ဒီလို လုပ်မယ်လို့  မမျှော်လင့်ထားမိဘူး။"
လော်ရွှင့် သည် ဖြစ်နိုင်ခြေကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ့ခန့်မှန်းချက်ကို မယုံရဲ။

အနီးနားရှိလူများက ကြောက်ရွံ့သောမျက်လုံးများဖြင့် သူ့ကိုကြည့်ကာ ချေပရန်ကြိုးစားသော်လည်း သူတို့ ဘာပြောနိုင်ဦးမလဲ....

 ဒါပေမယ့် ဒီနေ့ရဲ့ ထူးထူးဆန်းဆန်း အခြေအနေတွေကြောင့် ... တခြား စဉ်းစားစရာတွေ ရှိနိုင်ဦး မလား။ တံတိုင်းကို ခုခံကာကွယ်ရန် တာဝန်ရှိသူအားလုံးသည် ထိုနေရာ၌ ကျန်ရစ်ခဲ့ပြီး ဖုတ်ကောင်ကြွက်များကို သုတ်သင်ရှင်းလင်းမှု ထပ်မံပြုလုပ်ခဲ့သည်။ နေ့ခင်းဘက်တွင်၊ ဖုတ်ကောင်ဝိုင်းရံခံရသည့် အခြေနေကနေ   ထူးဆန်းသော အဆုံးသတ်တစ်ခုလည်း ရှိခဲ့ပေမယ့် စခန်းတာဝန်ရှိသူတွေက တိုက်ပွဲ အောင်မြင်ကြောင်း ကြေညာခဲ့သည်။

တစ်ညလုံး အိပ်ခဲ့ကြသော်လည်း သတ္တု အအေးခံ အိတ်ထဲတွင် အိပ်ရသည်မှာ မသက်သာလှပေ။ လော်ရွှင့် နှင့် ယန်ဖေး သည် နေရာတိုင်းမှ ပေါ်လာနိုင်သော ဖုတ်ကောင်ကြွက်များကို ကြည့်ရင်း ပင်ပန်းစွာ ခြေထောက်များပင် တရွတ်ဆွဲနေသလို ခံစားနေရသည်။

ကံကောင်းထောက်မစွာပဲ မနေ့ညက ဖုတ်ကောင်ငှက်တွေ ချပေးခဲ့တဲ့ ဖုတ်ကောင်ကြွက်တွေ အများကြီး မရှိတော့ဘူး။ ယခင်က နံရံများကို ကာကွယ်သည့် စွမ်းအားရှင်တွေက  ထက်ဝက်ကျော် ပျောက်ကုန်သည်။ ဒါပေမယ့် အခု သူတို့ အခြေစိုက်စခန်းမှာ ရှိနေတော့ ကြွက်တွေက ဘယ်နေရာမှာမဆို ရှိနေနိုင်တယ်။

သူတို့နှစ်ယောက် ပင်ပန်းနွမ်းနယ်ပြီး အိမ်ပြန်ကြပြီး ၁၅ ထပ်အထိ ပြန်တက်ဖို့ ရုန်းကန်ခဲ့ရတယ်။ ယန်ဖေး သည် တံခါးကို နောက်တစ်ကြိမ် ထပ်၍ အားဖြည့်လိုက်သည်။ တခြားလူတွေအားလုံးက သက်ဆိုင်ရာ အခန်းတွေမှာ အိပ်ပျော်နေကြပြီး ရွှီမိန် က အပြင်မှာ သေချာစစ်ဆေးပြီး ပြန်အိပ်လိုက်ကြတယ်။ လင်မယားနှစ်ယောက် အိမ်ပြန်ကြစဉ်တွင် အခြားမည်သူမျှ ထိတ်လန့်ခြင်းမရှိကြပေ။

ထိုညတွင် ဖုတ်ကောင်များ ထပ်မံတိုက်ခိုက်လာပါက တပ်စွဲထားသောတပ်များသည် မဆုတ်ခွာပဲ  တံတိုင်းပေါ်တွင် လုံခြုံရေး ချထားခဲ့သည်။ သူတို့၏ လုံခြုံရေးနှင့် ခံစစ်စခန်းများကို ဂုဏ်ပြုရန် တန်းလျားများကို မီးထွန်းထားသည်။ အထက်အရာရှိများအားလုံးနီးပါးသည် ရက်အနည်းငယ်ကြာတော့ အောင်ပွဲခံရန် စုရုံးခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် တန်းလျားများ၏ မှောင်မိုက်သောထောင့်အချို့တွင် ဖျတ်လတ်သော အရိပ်အုပ်စုသည် ခန်းမအတွင်းရှိ လူအုပ်ဆီသို့ စုရုံးရောက်ရှိလာသည်။

***-**

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now