Chapter (6)_ လိုအပ်သည်ကို ဖြည့်ဆည်းခြင်း
လော်ရွှင့်က သူ့ရဲ့ နေအိမ်ကို ပြုပြင်မွမ်းမံနေသဖြင့် တံခါးဝတွင် ပစ္စည်းများစုပုံကာ ပိတ်နေသည်။ ဧည့်ခန်းထဲသို့ဝင်ရန် နောက်တံခါးတစ်ခုကနေ ဖြတ်သွားနေရသည်။ ဒါကလည်း ဘေးကင်းလုံခြုံဖို့ တဆင့်ခံထားသလိုဖြစ်နေသည်။ တစ်စုံတစ်ဦးက တံခါးကိုဖွင့်လိုက်သောအခါတွင် အိမ်တအိမ်လုံးကို တချက်ကြည့်ရုံနဲ့ မမြင်နိုင်တော့ပေ။
အခုအချိန်တွင် လော်ရွှင့် သည် ဧည့်ခန်းမှ ဖိနပ်ချွတ်နေရာတွင် ထိုင်နေသည်။ ထိုအချိန် အိမ်ရဲ့အတွင်းထဲကနေ ခွေးပေါက်ကလေးရဲ့ တအီအီညည်းသံလေး ထွက်ပေါ်လာသည်။
"မင်း! အရမ်းသနားဖို့ကောင်းအောင် လုပ်ပြနေတယ်ပေါ့လေ။"
လော်ရွှင့် သည် အိမ်ထဲသို့ ပြန်ဝင်လာပြီး ခွေးကလေးကို ပွေ့ချီကာ ပြောလိုက်သည်။
"မင်းက ငါနဲ့ အပြင်သွားချင်လို့လား"
ခွေးကလေးသည် သူမ၏ သေးငယ်သော လျှာဖြင့် လော်ရွှင့် ကို လျက်ရင်း စုတ်တံနှင့်တူသော အမြီးကို လှုပ်ယမ်းနေသည်။
"ဘာကြောင့်လိုက်ချင်တာလဲကွာ?! အပြင်မှာ အရမ်းအေးတယ်! အိမ်မှာပဲ လိမ်လိမ်မာမာ နေစမ်းပါ။"
ခွေး၏အမြီးသည် အလံလေးလို ဆက်လက်ပြီး ယမ်းခါနေသည်။ လော်ရွှင့် က ခွေးကလေးကို လှောင်အိမ်ထဲ ပြန်ထည့်လိုက်တယ်။
"ဝူး...."
ခွေးကလေးဆီက သနားစရာကောင်းတဲ့အသံ ထွက်ပေါ်လာပြီး အမြီးကလေးက အားလျော့စွာ အောက်ကို စိုက်သွားတော့သည်။
လော်ရွှင့် သည် ခွေးလေး၏ ခေါင်းကို နှစ်သိမ့်စွာ ပုတ်လိုက်သည်။
"ငါ အိမ်ပြန်လာရင် စားကောင်းတာ တစ်ခုခုတော့ ယူလာပေးပါ့မယ်။ ဒါကြောင့် အိမ်မှာနေရင်း ဆူညံသံတွေ အရမ်းမထွက်နဲ့နော်။"
ရာသီဥတုကောင်းမယ်ဆိုရင်တော့ သူ့ ခွေးကလေးကို အပြင်မှာ ခေါ်ပြီး လမ်းလျှောက်ထွက်နိုင်ပေမယ့် အခုတော့ ခွေးကလေးက အရမ်းငယ်ပြီး ရာသီဥတုက အရမ်းအေးနေတယ်။
ခွေးကလေးက ဘယ်လောက် ချစ်စရာကောင်းအောင် လုပ်ပြနေပါစေ.. လော်ရွှင့် က သူမကို ထားရစ်ခဲ့သောကြောင့် နောက်ဆုံး လှောင်အိမ်ကြမ်းပြင်မှာ စိတ်ပျက်လက်ပျက်ပဲ လှဲအိပ်လိုက်တော့သည်။
လော်ရွှင့် က သက်ပြင်းချလိုက်ပြီး တကယ်လို့ သူ့ခွေးကလေးက ဖုတ်ကောင်အဖြစ်ကို ပြောင်းသွားမယ်ဆိုရင် သူ့ ဒုက္ခကို သူဝယ်ယူ သလို ဖြစ်လိမ့်မယ်လို့ ခံစားလိုက်ရတယ်။
တကယ်လို့ ခွေးကလေး ဖုတ်ကောင်အဖြစ်ကို မပြောင်းဘူးဆိုရင်တောင် နေရာတိုင်း ဖုတ်ကောင်တွေ ရှိနေတဲ့ လောကကြီးထဲ သူ့ခွေးကလေးကို ခေါ်ပြီး ဘယ်လိုလုပ် အညောင်းပြေ လွမ်းထွက်လျှောက်နိုင်ပါတော့မလဲ။
လော်ရွှင့် က ဖိနပ်ကိုပြောင်းစီးပြီး တံခါးကိုသော့ခတ်ကာ သက်ပြင်းချရင်း ဓာတ်လှေခါးဆီသို့ ဦးတည်သွားခဲ့သည်။ မြေညီထပ်ရှိ ဓာတ်လှေကားအထွက်နားတွင် သတိပေးချက်တစ်ခု ကပ်ထားသည်ကို လော်ရွှင့် တွေ့လိုက်ရသည်။
"ဒီဇင်ဘာ ၁၀ ရက်မှာ အိမ်ခန်းတွေတိုင်းက တံခါးတွေကို ဖွင့်ထားပေးကြပါ။ ရေပိုက်၊ လျှပ်စစ်ကြိုးနဲ့ ဂတ်စ် ပိုက်လိုင်းတွေကို နှစ်သစ်ကူးနေ့မတိုင်မီ အပြီးတပ်ဆင်ပေးပါ့မယ်။ ဒါကြောင့် လျှပ်စစ်ပေးသည့် အချိန်က ယာယီအားဖြင့် အချိန် အပြောင်းအလဲရှိနိုင်တယ်ဆိုတာ ကြိုတင် အကြောင်းကြားအပ်ပါတယ်။ အခု အဆောက်အအုံက တပ်ဆင်မှုအပိုင်းက မပြီးဆုံးသေးလို့ ရေနှင့်လျှပ်စစ် ပေးဝေမှု အချိန်ဇယားများက ယာယီဖြစ်ပါတယ်။ ဒီအခကြေးငွေကို လစဉ်ပေးဆောင်ဖို့ မလိုအပ်သေးပါဘူး။ အားလုံး အပြီးသတ် တပ်ဆင်ပြီးမှ ရေဖိုး၊လျှပ်စစ်မီတာခနဲ့ ဂတ်စ်ဖိုးတွေကို သက်ဆိုင်ရာ ကုမ္ပဏီများက အခကြေးငွေများ လိုက်လံ ကောက်ခံပါ့မယ်။"
လော်ရွှင့် သည် အကြောင်းကြားစာကို ဖတ်လိုက်ပြန်သည် -ဒီကြားထဲ သူ့ပိုက်ဆံအချို့ကို စုဆောင်း ထားနိုင်သေးတယ်။ ဒီနေရာက တည်ဆောက်ရေးမပြီးသေးလို့ ရံဖန်ရံခါ ရေပြတ်လပ်မှုဖြစ်ခဲ့သည်။ ရေကို နှစ်ရက်ကြိုတင် သိုလှောင်ထားဖို့ လိုတယ်။
နောက်ဆုံး ဈေးဝယ်ထွက်ပြီးနောက် သူသည် ကားဟောင်းဖြင့် အိမ်သို့ မောင်းခဲ့သည်။ လွန်ခဲ့သည့်ရက်အနည်းငယ်တွင် သူသည် လယ်သမားဈေးသို့ သွားရောက်ခဲ့ပြီး ဆန်၊ ဂျုံမှုန့်၊ ဆီနှင့် အခြားအစေ့အဆန်များကို အိတ်လိုက် ဝယ်ယူခဲ့သည်။ ထို့နောက် အနောက်တောင်ဘက်ရှိ ဆေးဆိုင်များသို့ ကားမောင်းသွားခဲ့သည်။
အထူးသဖြင့် အစိုးရသတ်မှတ်ထားသော ဆေးဝါးကို အွန်လိုင်းကနေ ဝယ်ရန် အဆင်မပြေပေ။
လော်ရွှင့် က ပထမဆုံး အရေးပေါ်သုံး ဆေး ပစ္စည်းများကို အွန်လိုင်းမှ ဝယ်ယူနိုင်သော်လည်း ရောင်ရမ်းခြင်း နှင့် အအေးမိ ဆေးဝါးများ ကဲ့သို့သော ဆေးများအတွက် ဆေးဆိုင်သို့ သွားရောက်ရန် လိုအပ်နေသေးသည်။
ဆေးဆိုင်တစ်ဆိုင်တိုင်းမှာ ထိုသို့ ဆေးမျိုးက ကန့်သတ်ချက်များကြောင့် တစ်ဗူး သို့မဟုတ် နှစ်ဗူးသာ ဝယ်လို့ရနိုင်သည်။ သို့သော် ထိုဒေသတွင် ဆေးဆိုင် အသေး၊ အကြီးတွေက ဒါဇင်များစွာ ရှိနေလို့ သူ လိုသလောက်ကို လိုက်လံဝယ်ယူ နိုင်ခဲ့သည်။
ထို့ကြောင့် လော်ရွှင့် သည် ဘက်စုံသုံးသာမန် အိမ်သုံးဆေးနှင့် တားမြစ်ထားသော ဆေးတချို့ကို လက်ကျန် ငွေ အကုန်ကို သုံးပြီး လိုက်လံဝယ်ယူ ခဲ့သည်။
ဤနည်းလမ်းကို အသုံးပြု၍ လော်ရွှင့် သည် ဆေးအများအပြားကို တိတ်တဆိတ် စုဆောင်းနိုင်ခဲ့သည်၊ သူ အခု အခြေချနေတဲ့ မြို့သည် အတော်လေးကို ကြီးမားပြီး သူ့မှာ ပိုက်ဆံအလုံအလောက်ရှိမယ်ဆိုရင် တစ်မြို့လုံးကို တောင် ဝယ်ယူနိုင်သည်။
သူက ဝယ်လာသမျှတိုင်းကို အိမ်ထဲသို့ စုပုံပြီးထားလိုက်သည်။ ခွေးကလေးက အနံ့ခံပြီး သူ့သခင်က အိမ်ကို စောစောပြန်လာတယ်ဆိုတာ သိလိုက်သည်။ လော်ရွှင့် သည် လှောင်အိမ်ကနေ လွှတ်ပေးလိုက်စဉ် ခွေးကလေးက တံခါး အပြင်ထွက်ရန် ကြိုးစားနေသည်ကို သတိထားလိုက်မိသည်။
"မပြေးနဲ့! မင်း လှေကားပေါ်ကနေ အောက်ကို ပြုတ်ကျနိုင်တယ်!"
လော်ရွှင့် သည် နောက်ဆုံး သူ တူးယူလာသော မြေဆီလွှာအိတ်ကို ဧည့်ခန်းကြမ်းပြင်ပေါ် ပစ်ချလိုက်ရင်း များပြားလှသော သူ့အထုပ်အပိုးတွေကို ကြည့်ကာ တုန်လှုပ်သွားသည်။ ဧည့်ခန်းထဲမှာ ပြည့်နေ ပစ္စည်းတွေကို မြင်လိုက်ရတော့ ခေါင်းကိုက်သွားတယ်။ ပစ္စည်းအတော်များများကို စနစ်တကျ စုစည်းဖို့ သူ့မှာ ဘယ်အချိန်ရှိမလဲ။ အစီအစဉ်မရှိပဲ ပုံထားရလို့ ကတော့ သူ့ အခန်းသည် ဘယ်သောအခါမှ သပ်သပ်ရပ်ရပ်ဖြစ်လာမည် မဟုတ်ပေ။
လော်ရွှင့် သည် ပုံးများ၊ သေတ္တာများနှင့် ငါးထည့်သည့် မှန်ကန်များကို အွန်လိုင်းကနေ ဝယ်ယူခဲ့သည်။ ထိုအရာအားလုံးကို လာရောက် ပို့ဆောင်ပြီးနောက် သူ့အခန်းက လမ်းလျှောက်ရန် နေရာပင် မကျန်တော့ပေ။ ကံကောင်းထောက်မစွာဖြင့် ထုပ်ပိုးထားသော သေတ္တာများက နေရာများစွာတော့ မယူခဲ့ပေ။
နေရာလွတ်ရှိခြင်းက ကောင်းမွန်တဲ့ အရာပဲ။
လော်ရွှင့် သည် လှေကားထစ်တွင် သူ နေရာချကာ စိုက်ပျိုးထားသည့် အပင်တွေနားမှာ ထောက်ပံ့ရေးပစ္စည်းများကို ေ ယာယီစုပုံထားသည်။
ဆန်၊ ဂျုံမှုန့်၊ ဆီနှင့် အစေ့အဆန်များကို မီးဖိုချောင်တံခါးအပြင်ဘက်တွင် အမှိုက်လိုပဲ ပုံထားရသည်။ မီးဖိုချောင်ဘေးရှိ သိုလှောင်ခန်းကို အရိပ်ကိုကြိုက်သည့် သီးနှံများနှင့် မှိုများ စိုက်ပျိုးရန် အပူချိန်မြင့်သော ပျိုးခင်းအဖြစ် အသုံးပြုမည်ဖြစ်သည်။ လသာဆောင်သည် ကွန်ပြူတာ ဟာ့ဒ်ဝဲနှင့် အပိုကိရိယာများ သိုလှောင်ရန်အတွက် အသုံးပြုသည့် နေရာဖြစ်ပြီး ကျန်နေရာများဖြင့် အသီးအနှံများ စိုက်ပျိုးထားမည်ဖြစ်သည်။
ဧည့်ခန်းသည် သိုလှောင်ရုံဖြစ်နေပြီး၊
လော်ရွှင့် သည် မိုက်ခရိုဝေ့မီးဖို၊ လျှပ်စစ်မီးဖို၊ ကျောက်ဖြင့် ပြုလုပ်ထားသော ကြိတ်စက်အသေး၊ အခွံနွှာစက်၊ စားပွဲတင် အသားကြိတ်စက်၊ အသားကင်စက်၊ ပေါင်းခံစက်၊ ပေါင်းခံကိရိယာ၊ ပုံးအပိုနှင့် ခြင်းတောင်းများနှင့်အတူ ရေခဲသေတ္တာသုံးခုကို ထားရှိခဲ့သည်။ နံဘေး၌ ဆန်နှင့် ခေါက်ဆွဲခြောက်တွေ ထည့်ထားသည့် ပုံးတွေကို ပုံထားသည်။
ဒုတိယထပ်တွင် အသင့်စားအစားအစာအနည်းငယ်၊ အလုံပိတ်ထားသည့် အိတ်ဖြင့် ထုပ်ပိုးထားသော ဆန်၊ ခေါက်ဆွဲ၊ ဆန်၊ ဆီ၊ အလုံပိတ်မျိုးစေ့ထုပ်များ၊ အပိုပလပ်စတစ်ပိုက်တစ်လုံးနှင့် မီးသွေးအမြောက်အမြားရှိနေသေးသည်။ အိပ်ခန်းကျယ်ကြီးထဲတွင် ဗီဒိုကြီးများ၊ ကုတင်များ၊ အိပ်ယာဘေးစားပွဲ၊ ကော်ဖီစားပွဲငယ်၊ လက်ပ်တော့တစ်လုံးနှင့် ဆေးသေတ္တာများရှိသည်။ ဗီရိုထဲတွင် အပိုအဝတ်အစားများ၊ အိပ်ယာအစုံနှင့် ထုပ်ပိုးထားသော အထည်များစွာရှိသည်။
ဒီအရာများသည် အစစအရာရာ ရှားပါးပြတ်လပ်သည့် နောင်အနာဂါတ်တွင် အရမ်းကို အသုံးဝင် လာလိမ့်မည်၊
လော်ရွှင့် သည် အထည်အလိပ်စက်များကို ပြန်လည်ဖွဲ့စည်း လည်ပတ်နိုင်ခြင်း မပြုမီ သုံးနှစ်မှ လေးနှစ်ကြာကာလအတွင်း လူတွေက အဝတ်အစားနဲ့ပတ်သတ်ပြီး အတော်ကြီးကို ဒုက္ခ ခဲ့ရသည်ကို သတိရနေ မိသည်။ ထိုအချိန်တွင် ဝါဂွမ်း၊ ဂုန်လျှော်နှင့် အခြားအပင်များတွင် ကြီးမားသော ဗီဇပြောင်းလဲမှုများ ရှိခဲ့သည်။ ကုန်ကြမ်း အလွန်ရှားပါးလာသဖြင့် လူများက အဝတ်တစ်ထည် ်ကိုယ်တစ်ခုလို နေခဲ့ရသည်။
ပထမထပ်လှေကား အနောက်နားတွင်၊
လော်ရွှင့် သည် မကြာသေးမီက ဝယ်ယူခဲ့သော ဓာတ်ဆီနှင့် ဒီဇယ်စည်များကို ဖုံးကွယ်ထားရသည်။ ထိုကုန်ပစ္စည်းများကို အိမ်တွေထဲမှာ သိုလှောင်တာကို တားမြစ်ထားလို့ လူမြင်အောင် ထားလို့မဖြစ်ပေ။
နောင်အချိန်တွင် ဓာတ်ဆီဝယ်လိုအားသည် မယုံနိုင်စရာကောင်းအောင် မြင့်တက်လာမည်ဖြစ်ပြီး အပြင်ဘက်ကို စွန့်စားသွားလာသည့် အဖွဲ့များ၏ မရှိမဖြစ်လိုအပ်သည့် တစ်စိတ်တစ်ပိုင်းတစ်ခု ဖြစ်လာမည်ကို သူ သေချာ မှတ်မိနေသည်။
နောင်မှာ သူက အပြင်ကို စွန့်စားသွားလာမှာ မဟုတ်လို့ ဓါတ်ဆီကို အရမ်းလိုအပ်မည် မဟုတ်ပေမယ့် အချို့ကို အရန်ထားရှိတာက ကောင်းပါသည်။
ဒုတိယထပ်ကို သွားသည့် လှေကားထစ်တွင် သူသည် အထက်ပိုင်းက နေရာလွတ်တွင် စင်များထားရှိပြီး အချို့မှာ အပင်များ ရှိနေသော်လည်း အချို့နေရာများကို နောင်အသုံးပြုရန်အတွက် နေရာလွတ်များ ဖယ်ထားခဲ့သည်။ စင်များနှင့်အတူ လှေကားထစ်ဘေးတွင် အပေါက်များပါသော ပုံးငယ်များကို ထားရှိခဲ့သည်။
ရာသီဥတုအခြေအနေအရ သီးနှံအချို့စိုက်ပျိုးရန် နွေဦးပေါက်သည်အထိ သူ စောင့်ဆိုင်းရဦးမည် ဖြစ်သည်။ လှေကားထစ်၏အလယ်တွင် အကင်ကင်သည့် ဖိုတစ်ခုကို ထားရှိကာ ကျောက်မီးသွေးဖြင့် ပြည့်အောင် ဖြည့်ထားသည်။ အဖုံးအုပ်လိုက်သောအခါတွင် မီးသွေးတုံးများက တငွေ့ငွေ့သာ လောင်ကျွမ်းမည်ဖြစ်ပြီး နေမပြင်းသည့်အခါ ဒါမှမဟုတ် ကောင်းကင်မှာ နေ့စဉ်ရက်ဆက် တိမ်ထူနေတယ်ဆိုရင်
လော်ရွှင့် က မီးသွေး မီးဖိုကို သုံးကာ အနွေးဓါတ်ရအောင ် လုပ်နိုင်လိမ့်မည်။
သိုလှောင်မှု နည်းပါးလာသည့်အချိတ်တွင် ထင်းကို လောင်စာအဖြစ်လည်း အသုံးပြုနိုင်မည်ဖြစ်သည်။
အားလုံးပြင်ဆင်ပြီးချိန်မှာတော့ နိုဝင်ဘာ လလယ်ကို ရောက်လာခဲ့လေပြီ။
လော်ရွှင့် အိပ်ယာက နိုးလာပြီး ရေစုဆောင်းရန် ပိုက်ကိုဖွင့်လိုက်သည်။ မကြာသေးမီက
လော်ရွှင့် သည် ဆိုလာရေအပူပေးစက်များ တပ်ဆင်ရန် တစ်စုံတစ်ဦးကို ငှားရမ်းခဲ့ပြီး ရေသိုလှောင်နိုင်သည့် လှောင်ကန် အသေး နှစ်ခုကို အမိုးပေါ်တွင် လျှို့ဝှက်စွာ ထည့်ခဲ့သေးသည်။
သာမာန်အားဖြင့်၊ အလေးချိန်ခံနိုင်ရည် မရှိမည်စိုးသဖြင့် တိုက်ခန်းအများစုက အပေါ်ဆုံးထပ်တွင် နေထိုင်သည့်လူများကို အမိုးပေါ် လဟာပြင်တွင် အပိုပစ္စည်းများထားရှိဖို့ ခွင့်ပြုချက်ပေးခဲ့သည်ကို ဒီဇင်ဘာလတွင် ဖျက်သိမ်းရမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင်၊
လော်ရွှင့် သည် ရေလှောင်ကန်ကို ဖယ်ရှားရမည်ဆိုလည်း နောင်မှာ ဒါတွေကို သူ ထပ်သုံးနိုင်သေးသည်။ ဒါပေမယ့် ကမ္ဘာပျက်ကပ် ဆိုက်လာသည့်အချိန်တွင် ဒီလိုစည်းကမ်းတွေကို စစ်တပ်က အသေးစိတ် လိုက်လံ ကြီးကြပ်နိုင်မည် မဟုတ်တော့ပေ။
ထိုအခါ ဒါတွေ အားလုံးက သူ့အတွက် သီးသန့်ပိုင်ဆိုင်မှုဖြစ်လာပြီး အရမ်းအေးလာသည့် ရာသီဥတုတွင် ရေအပူပေးစက်များသည် အသက်ကို ကယ်တင်နိုင်မည်ဖြစ်သည်။
မီးဖိုချောင်ထဲရှိ ဗီရိုများထဲတွင် အရာမျိုးစုံဖြင့် ပြည့်နေသည်။ လော်ရွှင့် သည် ဂျုံမှုန့်ဖြင့် ပေနေသော လက်ဖြင့် ပျော်ရွှင်စွာ ဒလှိမ့်တုံးကို လှိမ့်နေသည်။ အရင်ဘဝတုန်းက သူက ထမင်းဖြူ နဲ့ ဂျုံမှုန့်ကို သုံးပြီး ချက်ပြုတ်မစားရတာ ဘယ်လောက်ကြာ နေပြီလဲ။ သူ့အရင်ဘဝတုန်းက ဒီလို အကောင်းစားတွေကို စားနိုင်ဖို့ အခွင့်အရေးမရခဲ့ဘူး။
သူ့ဘဝ ဇာတ်မသိမ်းခင်က လော်ရွှင့် သည် ခေါက်ဆွဲခြောက်ကို ပြုတ်စားတတ်သည်က လွဲ၍ အခြားသူတွေချက်ပြုတ်ရောင်းချသည့် အစားအစာအားလုံးကို ဝယ်ယူစားသောက် ခဲ့သည်။ သူက ကြက်ဥကို မွှေ ကြော်သာ လုပ်တတ်ခဲ့သည်။
ကမ္ဘာပျက်ကပ်ဆိုက်ပြီးနောက် သူက ချက်ပြုတ်နည်းကို အမှန်တကယ် သင်ယူခဲ့သော်လည်း ထိုအချိန်တွင် သူ့တွင် လက်တွေ့ ချက်ပြုတ်ဖို့ ကုန်ကြမ်းမရှိသဖြင့် ချက်ပြုတ်ဖို့ အခွင့်အရေး မရှိခဲ့ပေ။ သာမန်လူတွေက ဆန် မဝယ်နိုင်ဘူး မဟုတ်လား။
အခု သူ့မှာ ပါဝင်ပစ္စည်းတွေ၊ ရေနဲ့ လျှပ်စစ်ဓာတ်တွေ ပေါများနေပြီလေ။ အခုလိုအချိန်မျိုးမဟုတ်ရင် သူ့စိတ်ဆန္ဒအတိုင်း ချက်ပြုတ် စားနိုင်ပါ့မလား။ ခွေးကလေးကတော့ သူကျွေးထားသည့် နို့ကို သောက်ပြီး ဗိုက်ပြည့်ပြီး အိပ်နေလေပြီ။
သူ့အမေကြီးရဲ့ နို့နဲ့ မတူပေမယ့် လုပြီးသောက်မယ့် မောင်နှမတွေမရှိလို့ သူလည်း အဝသောက်ကာ ဗိုက်ကားပြီး အိပ်နေလေပြီ။
ဟင်းချက်လို့ ထွက်လာသည့် မွှေးရနံ့နဲ့ ပိုင်ရှင်ရဲ့ တေးညည်းသံက ခွေးကလေးကို အရမ်းသက်တောင့်သက်သာရှိစေသည်။ သူ့မှာ ညီအကို မောင်နှမများနှင့် တိုးဝှေ့ကာ မအိပ်နိုင်ပေမယ့် မနေ့က သူ့သခင်က သူ့အတွက် ခွေးရုပ်ကလေးကို ဝယ်လာပေးလို့ သူ အိပ်တဲ့အခါ ထိုခွေးရုပ်ကလေးနားကပ်ကာ အိပ်နိုင်ခဲ့သည်။
****************-******
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies