Chapter (122) - အမြူတေနဲ့ မှိုသစ်သား လဲလှယ်ခြင်း
ဌက်သားအားလုံးကို လူအရေအတွက်အလိုက် ခွဲဝေပေးခဲ့သည်။ အတိအကျမဟုတ်ပေမယ့် အသားပမာဏအရတော့ လူတစ်ဦးစီကို သူတို့ ဦးခေါင်းအရွယ်လောက်စီ ရခဲ့ကြသည်။
မူလက ရွှီမိန် က ရှောင်ရန် ကို ငယ်ငယ်ကတည်းက အစာစားချင်စိတ်နည်းအောင် ပြောခဲ့ပေမယ့် အမျိုးသားတွေက ထိုအကြံကို ငြင်းပယ်ခဲ့သည်။ ရှောင်ရန် ၏အစွမ်းကို သတိပြုမိကြသဖြင့် အဟာရ ပြည့်ပြည့်ဝဝကျွေးရန် အရွယ်ရောက်ပြီးသော အမျိုးသားတစ်စုက ဆုံးဖြတ်ခဲ့သည်။
လူတိုင်း ဌက်သားကို ခွဲခြမ်းနေကြစဉ်၊ ရှောင်ရန် သည် ဖုတ်ကောင်အုပ်စုထံမှ အမြူတေကို စုဆောင်းခဲ့သည်။ သူတို့သည် ကလေး၏ရိက္ခာကို လုံးဝခိုးယူမည်မဟုတ်ပေ၊ သူတို့က အစားမက်ပေမယ့် လောဘကြီးသူများမဟုတ်ပေ။
အသားကို ခွဲပြီးသည်နှင့် ညနေစောင်းနေပြီ။ လော်ရွှင့်က ထိုနေ့ အမြူတေကို အဖွဲ့သားတွေကို ရေတွက်ကာ ခွဲဝေပေးရန် မလုပ်ရသေးပေ။
မူလက သူတို့ရဲ့ ရည်ရွယ်ချက်က အမြူတေ တွေကို စုဆောင်းဖို့ ရည်ရွယ်ထားပေမယ့် ဌက်ကြီးနဲ့ မထင်မှတ်ပဲ တွေ့ခဲ့ကြသဖြင့် ငှက်ကြီး သတ်တာကို ခံလိုက်ရသည့် ဖုတ်ကောင်အုပ်စု ရှိသော်လည်း အမြူတေအကြောင်း ကို အားလုံးက မေ့သွားကြသည်။
အခု လော်ရွှင့်က အိတ်ထဲတွင် စုထားသည့် အမြူတေများကို အလျင်အမြန်ဖွင့်လိုက်ကြည့်လိုက်ချိန်မှာ ရောင်စုံအမြူတေတွေက မျက်လုံးကို ပြူးကျယ်သွားစေသည်။
လော်ရွှင့် က ခေါင်းကုတ်ရင်းပြောလိုက်မိသည်။
"အရင်က ဖုတ်ကောင်အမဲလိုက်တုန်းကထက် အမြူတေတွေပိုများနေသလိုပဲ "
"ဌက်က အရမ်းအသံကျယ်လို့ အနီးနားက ဖုတ်ကောင်တွေကို ဆွဲဆောင်မိသွားတယ်လေ။ ငါတို့က သွေးအိတ်လေးတစ်အိတ်ပဲ သုံးလိုက်ရတယ်။"
ကျန်းရီ က အမြူတေပုံကြီးကို ရည်ညွှန်းရင်း ခပ်ပေါ့ပေါ့ပြောလိုက်သည်။
" အမြူတေကို ရေတွက်ပြီး ခွဲလိုက်တော့။ ပြီးရင် ငါတို့ ဒါကို သုံးတော့မယ်"
YOU ARE READING
ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)
Horrorပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရှင်သန်ရေး နည်းလမ်းများ ပြန်လည်မွေးဖွားလာသော (Otaku) အိမ်တွင်းပုန်း တစ်ယောက်၏ ကမ္ဘာပျက်ကပ်အတွင်း အသက်ရွင်သန်ရေး နည်းလမ်းများ Genre - Rebirth, Apocalypse, Yaoi, Otaku, Zombies