Chapter (61) - ဗိုလ်ကြီးတင်း သွေးအန်ချင်နေပြီ

4.1K 728 21
                                    

Chapter (61) - ဗိုလ်ကြီးတင်း သွေးအန်ချင်နေပြီ



ဝမ်သော် နှင့် ကျန်းရီ သည် အချိန်အတော်ကြာ ရင်းနှီးကျွမ်းဝင်ခြင်း မရှိခဲ့ဘဲ မထင်မှတ်ပဲ တညတာ နှီးနှောမှုကို ပြုလုပ်ခဲ့သော်လည်း ထိုယောက်ျား၏ အသွင်အပြင်ကို ဝမ်သော် အမှန်တကယ် စွဲလမ်းသွားခဲ့သည်။ သူက အရမ်းကြည့်ကောင်းပေမဲ့ ဘာကြောင့်မှန်း မသိခင်ကတည်းကပင် ဝမ်သော် က ကျန်းရီကို မနာလိုစိတ်မရှိခဲ့ဘူး။ ကျန်းရီ ကိုမြင်တိုင်း အကြိမ်ရေ များများတွေ့ချင်ပြီး စကားအနည်းငယ်ပြောချင်နေမိသည် ။

ထိုညနေအထိ သူ တံခါးကို မှီ၍ ပြုံးနေသော မျက်နှာဖြင့် ယန်ဖေး နှင့် လော်ရွှင့် ကို တမင် စနောက် နေခဲ့သည်။ ကျန်းရီရဲ့ ပျင်းရိတဲ့ အသွင်အပြင်နှင့် ရယ်မောသောမျက်နှာသည် မမျှော်လင့်ဘဲ သူ့နှလုံးကို တုန်လှုပ်သွားစေကာ ညဘက်တွင် ကျန်းရီသည် သူ့အတွေး အားလုံးကို သိမ်းပိုက်လိုက်သည်။

လူပျိုဖာ်ဝင်စကာလမှာကတည်းကပင် ဝမ်သော် သည် အမျိုးသမီးတစ်ဦးအပေါ် ဒီလောက် ရင်မခုန်ခဲ့ဖူးပေ။ ကျန်းရီ သည် ဆွဲဆောင်မှုလွန်ကဲပြီး သူ့အသွင်အပြင်ကြောင့် အရှက်ကွဲခဲ့ရသော်လည်း မနေ့ညက လန့်ဖျပ်သွားပြီး သူ့စိတ်အခြေအနေ မကောင်းသော်လည်း... သူ ရိုးသားခဲ့သည်...

ယခုတော့... အိပ်ခန်းတံခါးဝမှ အဝတ်ဗလာနဲ့ သူ့ကို ရပ်ကာ စိုက်ကြည့်ရင်း အိမ်ကနေ မောင်းထုတ်နေသည်။

"အိုး? မင်း ပြန်လာသေးတာလား?"

"ဟေး? မင်းအဆင်ပြေရဲ့လား? မင်း ခါးက အဆင်ပြေရဲ့လား။ မင်းကိုယ်က အားလုံး အဆင်ပြေရဲ့လား ? လမ်းလျှောက်နိုင်သေးလား"

"မရှက်ပါနဲ့ မနေ့ညက ဘယ်လိုခံစားရလဲ။ မင်း ကျန်းရီ နဲ့ ပြောင်းနေတော့မှာလား။"

"ဆေးပုံးနဲ့ ဘာလုပ်နေတာလဲ"

"ဝမ်သော်...ဝမ်သော် ?"

လီထယ် နဲ့ တခြားသူတွေက ဝမ်သော်ကို စနောက်ကြပေမယ့် ဝမ်သောက် ဘာကိုမှ မကြားသလို သူသည် ဆေးပုံးနှင့် စုတ်တံတစ်ချောင်းကိုယူကာ ရူးသွပ်ပြီး ကြောက်စရာကောင်းသည့်အသွင်အပြင်ဖြင့် တဖက်အိမ်ထဲ ခိုးဝင်သွားခဲ့သည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now