Chapter (55) - ကပ်ဆိုးကာလထဲမှ အမျိုးသမီးအဖွဲ့

4.4K 716 9
                                    

Chapter (55) - ကပ်ဆိုးကာလထဲမှ အမျိုးသမီးအဖွဲ့


နားထောင်ပြီးနောက် လော်ရွှင့် ခေါင်းညိတ်လိုက်သည်။

"အခြေစိုက်စခန်း အပြင်မှာ ဖုတ်ကောင်တွေ အများကြီးရှိတယ်။ နံရံအပြင်ဘက်က အခြေအနေကို ရှင်းရှင်းလင်းလင်း မသိပေမယ့် ဒီနေ့ ကျွန်တော်တို့ ရောက်နေတဲ့ နေရာကို ဖုတ်ကောင်တွေ ရောက်လာသေးတယ်"

တံတိုင်းအပြင်မှာ မနေချင်တဲ့လူတွေက ဒီစခန်းကို ပြေးလာခဲ့ကြတာကို နားလည်ပေးနိုင်ပါတယ်။ အပြင်မှာ အရူးအမူး လူတွေကို စားနေသည့် ဖုတ်ကောင်တွေကို ဖယ်ရှားပစ်ဖို့ဆိုတာ မလွယ်ပါဘူး၊ ဘယ်သူက အဲဒီသတ္တဝါတွေကို ရင်ဆိုင်ချင်မှာလဲ။

ကျန်းရီ က စားသောက်ပြီးလို့ ရေဆေးထားသော ထမင်းဗူးအလွတ်ကို လီထယ် သို့ ပြန်ပေးကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ မနက်ဖြန် ငါ့အတွက် စားစရာ ယူလာစရာ မလိုဘူး၊ အလုပ်က ငါ့ကို အစားစာကျွေးလိမ့်မယ်"

ကျန်းရီရဲ့ ဆရာဝန် အလုပ်က အဖွဲ့ထဲက အကောင်းဆုံးမအလုပ်ဖြစ်ပြီး၊ လီထယ် နဲ့ တခြားသူတွေက နှစ်ယောက်စာ စားစရာ နဲ့ အမှတ်တချို့ရတယ်။ ယန်ဖေး နဲ့ လော်ရွှင့် တို့ဟာ ပျမ်းမျှအားဖြင့် ခုနစ်မှတ်နဲ့ နေ့လယ်စာ ရပါတယ်။ ကျန်းရီ တစ်ယောက်သာ တစ်နေကုန်အတွက် ထမင်းသုံးနပ်ရပြီး အမှတ်ဘယ်လောက် ရတယ်ဆိုတည မသိပေမယ့် ယန်ဖေးထက်များမယ်ဆိုတာောတ့ ခန့်မှန်းမိသည်။

လီထယ် သည် ယန်ဖေး နှင့် လော်ရွှင့် အတွဲဘက်သို့ လှည့်ကြည့်လိုက်သည်။

"ကျွန်တော်တို့က သတ္တုအကြောင်းမေးပေမယ့် အောက်ခြေဌာနက အပြင်နံရံကို ပြုပြင်ဖို့ အသုံးပြုတဲ့အတွက် သတ္တုကို ဘယ်မှာမှ ရှာမတွေ့နိုင်ခဲ့ဘူး။ ဒါပေမယ့်တံတိုင်းတည်ဆောက်ဖို့အတွက် သတ္တုအများကြီးကို ထပ်သယ်ဖို့ နောက်ထပ် အဖွဲ့တွေကို စေလွှတ်တော့မယ်လို့ ဝမ်သော်က ကြားခဲ့တယ်။ နောက်ပိုင်း သတ္တုတွေကို ရနိုင်လောက်တယ် !"

ယန်ဖေး ခေါင်းညိတ်လိုက်ကာ ပြန်ပြောလိုက်သည်။

"အဲ့ဒီသတ္တုကိုရဖို့ အရမ်းအရေးမကြီးပါဘူး၊ လောလောဆယ်သုံးဖို့ သတ္တုတွေက အိမ်မှာ လုံလုံလောက်လောက်ရှိတယ်။ မင်းက ပရိဘောဂတချို့နဲ့ သတ္တု လိုချင်ရင် မင်းအတွက် ငါ စီစဉ်ပေးလို့ရတယ်။"

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now