Chapter (130) - စိုက်ပျိုး ဧရိယာ ထပ်တိုးခြင်း

1.5K 191 5
                                    

Chapter (130) - စိုက်ပျိုး ဧရိယာ ထပ်တိုးခြင်း

နိုဝင်ဘာလတွင်၊ ရာသီဥတုလုံးဝအေးစက်သွားခဲ့ပြီး ကံကောင်းထောက်မစွာပင် လော်ရွှင့် ၏အဖွဲ့က စိုက်ပျိုးရေး အလုပ်အားလုံး အဆုံးသတ်နိုင်ခဲ့သည်။ သီးနှံအများစုကို ရိတ်သိမ်း၊ ပြုပြင်ပြီး အခြောက်ခံပြီးဖြစ်သည်။ လသာဆောင်က နေကြာပန်းတွေတောင် အစေ့တွေနဲ့ ပြည့်နေလေပြီ။

စိုက်ရန် မျိုးစေ့အချို့ ချန်ထားခဲ့သည့်အပြင် ကျန်သည့် အစေ့အဆံများကို ဆီထုတ်ကာ ဟင်းချက်ရာတွင် သုံးလို့ရနေပြီ။   မြေပဲနှင့် ပဲပုပ်တို့ကိုလည်း အလားတူနည်းဖြင့် ရိတ်သိမ်းပြီး ဆီထုတ်ခဲ့သည်။ မြေပဲထောပတ်လုပ်ကာ ပေါင်မုန့်ချပ်များပေါ်တွင် သုတ်ကာ စားရတာက ထူးကဲသော အရသာ တစ်မျိုးဖြစ်သည်။

ပဲပိစပ်ကို ဆီချက်လုပ်ခြင်းအပြင် တိုဟူးပြုလုပ်ရာတွင်လည်း အသုံးပြုနိုင်သည်။

လော်ရွှင့် သည် ကမ္ဘာပျက်ကပ်မတိုင်မီက သူ ဝယ်ထားသော ဆီကြိတ်စက်ကို အသုံးပြုခဲ့သည်။ ထိုစက်က သိပ်မကြီးပေ၊ တစ်ပတ်ရစ်ဖြစ်သော်လည်း အတော်လေး ကောင်းသေးသည်။   အမျိုးသမီးနှစ်ယောက်က ယွီရှင်းရန် ကို ပြုစုရင်း လယ်ယာကိစ္စများကို ကိုင်တွယ်စီမံပေးခဲ့သည်။

သူတို့ စိုက်ပျိုးထားသည့် အစေ့အဆံအများကြီးရတာ မဟုတ်ပေမယ့် ဆီပမာ အတော်အတင့်ရခဲ့သည်။ ခြွေခြွေတာတာ သုံးမယ်ဆိုရင် အချိန်အတော်ကြာ အသုံးခံနိုင်သည်။
  အခြေစိုက်စခန်းမှာ စားသုံးဆီမရောင်းသောကြောင့် ကိုယ်တိုင်မစိုက်လျှင် သုံးစရာဆီ မရနိုင်ပေ။  ဒါကို သိလိုက်ရတော့  အဖွဲ့တိုင်းက  ပို၍ပင် ကြောက်ရွံ့လာပြီး သူတို့တွင်ရှိသော ဆီတစ်စက်တိုင်းကို မြတ်နိုးတန်ဖိုးထားလာခဲ့သည်။

ထိုအချိန် အခြေစိုက်စခန်း အုပ်ချုပ်ရေးအဖွဲ့ရုံးခန်းတွင်.....

လူအားလုံး တုန်လှုပ်ခြောက်ခြားဖွယ်ရာ အကြည့်များဖြင့် ဂြိုဟ်တုဓာတ်ပုံ  အစုံလိုက်ကို စိုက်ကြည့်နေကြသည်။

အခြေစိုက်စခန်း ခေါင်းဆောင်များသည် စားပွဲဝိုင်းတွင် တိတ်ဆိတ်စွာ ထိုင်နေကြသည်။ အချိန်အတော်ကြာမှ တစ်စုံတစ်ယောက်က ပါးစပ်ကို ဖွင့်လိုက်ကာ စပြောလိုက်သည် ။
"ငါတို့အခုဘာလုပ်ကြမှာလဲ"

"ဘာလဲ? ဒါကို မင်း ဘယ်လိုထင်လဲ? ငါတို့ ဘယ်လိုလုပ်ပြီး ဒီလို အရာတွေကို အနိုင်ယူနိုင်မှာလဲ။"

"စွမ်းအားရှင်တွေ ရှိသားပဲ....၊ သူတို့ကိုလွှတ်လိုက်ပြီး သုတ်သင်ခိုင်းလိုက်ပေါ့။"

"စွမ်းအားရှင်တွေက သူတို့ကို အနိုင်ယူနိုင်မယ်ဆိုတာ သေချာလား။  အခုထိ အဲ့ဒီနေရာကို သွားလို့ ပျောက်ဆုံးနေတဲ့ အသင်းဝင်တွေကို အခုထိ ရှာမတွေ့သေးဘူး"

"ဒါက ဘာကြောင့်လဲဆိုတာ  သက်သေမပြနိုင်ဘူးလေ... မြို့ထဲမှာ တခြားအရာတွေ ရှိတယ်ဆိုတာ မမေ့နဲ့ဦး!"

"အိုး ဒါဆို အဆောက်အဦးတွေ အများကြီး ပြိုကျနေတာကို  မင်း ဘယ်လိုထင်လဲ။ ထောက်ပံ့ရေး ပစ္စည်းတွေ စုဆောင်းဖို့ သွားတဲ့ စွမ်းအားရှင်တွေလက်ချက်ကြောင့်ပဲလား? ဒါကမဟုတ် အဲ့ဒီမကောင်းဆိုးဝါးတွေ တိုက်ခိုက်လို့  အဆောက်အဦတွေ ပြိုကျပျက်စီးသွားသလား။"

"စိတ်အေးအေးထားပါ၊ အားလုံး စိတ်အေးအေးထားပြီး ပြဿနာကို ဆွေးနွေးကြပါ!"

ခေါင်းဆောင်များ ငြင်းခုံနေကြသည့် အဓိကအချက်က ထို ဓာတ်ပုံများတွင်ရှိသော မကောင်းဆိုးဝါးများနှင့် အပေါင်းပါ တစ်သိုက်ကို ဘယ်လို  ကိုင်တွယ်ဖြေရှင်းကြမလဲ ဆိုတာပဲ ဖြစ်သည်။

ဓာတ်ပုံတွေ စားပွဲပေါ်မှာ ပြန့်ကျဲနေပြီး ထို မြို့ကို စုံစမ်းနေတဲ့ ကင်းထောက် ဒရုန်းယာဉ်တွေက ရိုက်ယူလာတဲ့  အစီရင်ခံစာတွေလည်း ပူးတွဲပါနေသည်။

ကားတစ်စီးကို အလွယ်တကူ ချေမှုန်းနိုင်သည့် မီးခိုးရောင်အသားအရေဖြင့် ကြီးမားပြီး ကြံ့ခိုင်သော အရပ်သုံးမီတာ (ကိုးပေ) ရှိသော ဖုတ်ကောင်များ။ ထိုဖုတ်ကောင်ကြီးများသည် မြို့တွင်း လှည့်လည်သွားလာကာ ပြိုကျနေသော အဆောက်အအုံတွေက သူတို့အနီးတစ်ဝိုက်တွင် ရှိနေသည်။

 
အခြေစိုက်စခန်း နံရံပြုပြင်ရေးနေရာတွင်....
"အပြင်က တံတိုင်းကို ထပ်ပြင်ရဦးမှာလား"

သတ္တုအဖွဲ့သားများသည် အလုပ်ဆက်လုပ်ဖို့ လိုအပ်နေသေးသည့် အဝေးပြေးလမ်းမကြီးကို ကြည့်လိုက်ပြီးနောက် မြင့်မားသော အပြင်ဘက်နံရံများကို ကြည့်လိုက်သည်..ခေါင်းဆောင်တွေက  ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီနံရံမှာ ထပ်မြှင့်နေရ ပြန်တာလဲ။ ခုထိ  မပြီးနိုင်သေးဘူးလား?

"ဒီတစ်ခါတော့ လက်ရှိ ပရောဂျက်နဲ့ ဆင်တူပြီး အတတ်နိုင်ဆုံး မာကျောအောင် နံရံပေါ်က ထပ်ပိုးထားတဲ့ သတ္တုကို သန့်စင်ဖို့ လိုတယ်။ "

သံတမန်က သူတို့အဖွဲ့ကို စိတ်ရှည်ရှည်နဲ့ ရှင်းပြနေတယ်။

"ဒါက ပေါင်းစပ်ဖို့လိုအပ်တဲ့ အချိုးအစား၊ အစိတ်အပိုင်းတွေကို ထုတ်ယူပြီး ရောမွှေလိုက်ရင် ပြီးပြီ..."

ကပ္ပတိန် ကောင်း က သူ့မေးစေ့ကို ကိုင်လိုက်ပြီး "သူတို့ ဖုတ်ကောင် အမျိုးအစားသစ်ကို ရှာတွေ့သွားတာလား။ အရမ်း ဖျက်ဆီးနိုင်စွမ်းပြင်းတဲ့ အကောင်မျိုးလား.... "

ထိုလူက တောင့်တင်းစွာ ရယ်မောရင်း လက်ကို ဝှေ့ယမ်းလိုက်သည်။

 "မင်း အတွေးလွန်နေတာပါ ..."

ထိုလူက  အဖွဲ့၏ အထင်ကြီးလောက်စရာ ခန့်မှန်းနိုင်စွမ်းကို တွေ့တော့ သူ့စကားများကို မျိုချလိုက်ပြီး "မင်းမှာ အကြံကောင်းရှိတယ်မလား၊ မင်းတို့ အဖွဲ့ နံရံကို ခိုင်ခံ့အောင် လုပ်ရမယ်။ "

လော်ရွှင့် နှင့် ယန်ဖေးတို့က အကြည့်ချင်းဖလှယ်လိက်ကြသည် - ထိုနေ့က သူတို့ ကြုံခဲ့သည့် ကိစ္စနှင့် ဆက်စပ်ရမည်။ မဟုတ်ရင် နံရံကို ပိုမြှင့်ခိုင်းသည့် အချိန်က တိုက်ဆိုင်လွန်းနေတယ်။

တိကျသောသတင်းများကို မေးမြန်းလို့ မရသော်လည်း အထက်အရာရှိများ၏ အမိန့်ကိုသာ လိုက်နာရုံသာ ရှိတော့သည်။ သူတို့ တည်ဆောက်နေသည့် တံတားသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိ တော့မည်ဖြစ်သော်လည်း နံရံကို မြှင့်ဖို့ လောလာသဖြင့် စီမံကိန်းခေါင်းဆောင်များက အလျှော့မပေးမီ တစ်ရက်ခွဲကြာ ရန်ဖြစ်ခဲ့ကြသည်။

နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ မနက်စာစားပြီးသည်နှင့် တံတားကို ပြုပြင်မယ်...

ဘာပဲဖြစ်ဖြစ် အလုပ်နှစ်ခုလုံးက အတူတူပါပဲ၊ သတု္တ အဖွဲ့ က ဒီအလုပ်ကို လုပ်ရမှာပဲလေ။

ထို့ကြောင့် ယန်ဖေးနှင့် အဖွဲ့သည် နံနက်တစ်ကြိမ် နှင့် နေ့လည်တစ်ဆိုင်း နှစ်ဆိုင်းအလုပ်လုပ်ပြီး လွန်စွာ အလုပ်များနေသည်။ ကံကောင်းစွာနဲ့ပဲ ခေါင်းဆောင်တွေက သူတို့ရဲ့ အလုပ်ချိန်ကို ထပ်မတိုးလို့သာပေါ့။   မဟုတ်ရင် ပင်ပန်းနွမ်းနယ်ပြီး သေဆုံးကြလိမ့်မယ်။

နေ့စဉ်အလုပ်သည် အမှတ်များနှင့် အမြူတေများ ပေးနေလို့သာပေါ့။   မဟုတ်ပါက စစ်တပ်၏ လက်ရှိ ရိက္ခာများက သည်းခံစားနိုင်ဖို့ မဖြစ်အောင် ညံ့လွန်းနေလို့ ဒီအလုပ်အဖွဲ့ကနေ  သူတို့နှစ်ဦး ထွက်ခွာသွားမှာ သေချာသည်။ အကယ်၍  သူတို့မှာ အချိန်ပိုသာရှိခဲ့ပါက ယန်ဖေးသည် လက်ရှိ ရာထူးက နုတ်ထွက်ကာ ဖုတ်ကောင် အမဲလိုက်ပြီး ကောင်းကောင်းမွန်မွန် အိမ်မှာ ချက်ပြုတ်စားသောက်နေနိုင်မည် ဖြစ်သည်။

ဆောင်းရာသီ လေအေးက ရက်ရက်စက်စက် တိုက်ခတ်နေသည်။   လေအေးနှင့် ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ မလုပ်နိုင်လို့ လူတိုင်း စိတ်ဆင်းရဲခဲ့ကြရသည်။

  အခြေအနေတွေ ပိုဆိုးလာလို့လားဆိုတာ မသိပေမယ့် ဒီနှစ်ဆောင်းက အရင်နှစ်ထက် ပိုပြင်းထန်သည်ကို အားလုံး သဘောတူကြသည်။  အရင်နှစ်တွေထက် အပူချိန်နိမ့်ပြီး လေက ပိုပြင်းနေသည်။ သူတို့က လေအေးထဲ ရက်အတော်ကြာ အလုပ်ဆက်လုပ်နေရသည်။

ယနေ့နံနက်တွင် လော်ရွှင့် နှင့် ယန်ဖေးသည် မစားရသေးသော အသီးအရွက်အိတ်များကို ရောင်းရန် ခူးဆွတ်ပြီး ကင်တင်းတန်းလျားဆီသို့ လျှောက်လာခဲ့သည်။ ကပ္ပတိန်လီသည် သူတို့ကို စောင့်ဆိုင်းနေပုံရပြီး လဲလှယ်မှုမပြုလုပ်မီ သူတို့ ဇနီးမောင်နှံအား နွေးထွေးစွာ ကြိုဆိုခဲ့သည်။

"အိုး... မင်း ဒီကိုပို့တဲ့ အရွက်တွေက အရင်ကထက် မကြာခဏ လျော့သွားတာပဲ!"
ကပ္ပတိန်လီသည် စီးကရက်နှစ်လိပ်ကို ထုတ်ကာ လော်ရွှင့်တို့ထံ ပေးလိုက်သည်။

နှစ်ယောက်စလုံး ဆေးလိပ်မသောက်ကြသော်လည်း၊ လက်ခံလိုက်ကြသည်။

ကပ္ပတိန်လီသည် နှစ်ယောက်သား ကို အထဲကို ဝင်လာရန် ခေါ်လိုက်သည်။  လော်ရွှင့် သည် သူက ဘာလိုချင်သည်ကို သိချင်နေသည် ။ ကားနဲ့ပတ်သက်ရင်... ယန်ဖေးဟာ သူ့အိတ်ကပ်ထဲက လက်ကို မဖယ်ဘဲ ကားကိုသော့ခတ်နိုင်တဲ့ စွမ်းရည်ရှိနေပြီ။

အဆင့်နိမ့် စစ်သည် သုံးယောက်က မီးဖိုချောင်ထဲက ခွေးခြေခုံပေါ်မှာ ထိုင်ပြီး အစားအသောက်များ ချက်ပြုတ်နေသည်။  ကပ္ပတိန်လီက လော်ရွှင်တို့ကို  ပြုံးပြီးပြောလိုက်သည်။

 "မင်းရဲ့ သီးနှံတွေအားလုံးက ရေစွမ်းအားရှင် ထုတ်ပေးတဲ့   ရေသန့်ကိုသုံးပြီး   အိမ်မှာ စိုက်ထားတာလား။"

နှစ်ယောက်သား ပြုံးလိုက်သော်လည်း ဘာမှ ပြန်မပြောလိုက်ပေ။

ကပ္ပတိန်လီသည် ဘာမှ ဆက်မမေးတော့ပေ။  ညစ်ညမ်းသောရေသည် သီးနှံမျိုးပြောင်းရန် ဖြစ်နိုင်ချေ ပိုများကြောင်း လူတိုင်းသိနေကြပြီ။ လော်ရွှင့် သည် မျိုးမပြောင်းသော ဟင်းသီးဟင်းရွက်များစွာကို စိုက်ပျိုးနိုင်သောကြောင့် ကွာခြားချက်မှာ ရေဖြစ်ရမည်။

သူတို့နှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ်နေနေတာကိုမြင်တော့ ကပ္ပတိန်လီ ဆက်ပြောခဲ့သည်။
 "ရာသီဥတုက ပိုအေးလာတယ်၊ ဒါပေမယ့် စစ်တပ်အတွက် အသီးအရွက်ပို့တဲ့ပမာဏက စားဖိုဆောင်အတွက်  လုံလောက်မှု ရှိမရှိ သေချာအောင် လုပ်ရသေးတယ်။ အစားအသောက်ရောင်းတဲ့လူ နည်းပါးလာတယ်လို့ ငွေလဲသူတွေက ပြောကြတယ်..."

ကပ္ပတိန်လီသည် နောက်ဆုံးတွင် လိုချင်သည်ကို ပြောခဲ့သည်။
 "မင်းတို့ ပုံမှန်ထက် 10 ပေါင်ထက်ပိုရောင်းနိုင်ရင် ငါတို့ဈေးတက်ပေးနိုင်တယ်!"

ဒီကိစ္စက ယန်ဖေးရဲ့အပိုင်း လော်ရွှင့် နှုတ်ဆိတ်နေခဲ့တယ်။ လော်ရွှင့် က နောက်ဆုံးတော့ ပြုံးပြီး လက်ခုပ်တီးလိုက်တယ်။

 "ဒါက ကျွန်တော်တို့ရဲ့ ရိတ်သိမ်းမှု အခြေအနေပေါ် မူတည်လိမ့်မယ်... အေးတဲ့ အချိန်မှာ အပင်တွေ ပေါက်တာ နှေးတယ်ဆိုတာ ခင်ဗျားတို့ သိပါတယ်၊ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားမှာပါ "

ထိုစကားကြောင့် ကပ္ပတိန်လီသည် အနည်းဆုံး မျှော်လင့်ချက်တစ်ခုရှိခဲ့သည်။ အသီးအရွက်တွေကို အချိန်အတော်ကြာ ချိန်တွယ်ပြီး အရောင်းအဝယ်လုပ်ပြီးက နှစ်ယောက်သား ထွက်သွားကြတယ်။

သူတို့က စုရပ်မှာ ကားရပ်ပြီး ကျန်တဲ့အဖွဲ့တွေနဲ့ ပူးပေါင်းလိုက်သည်။ နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်နှင့် တီးတိုး  ဆွေးနွေးကြတယ်။

"အခြေစိုက်စခန်းမှာ ဟင်းသီးဟင်းရွက်နည်းနည်းထွက်နေတာဆိုတော့ သူက ငါတို့ကို ဈေးတက်ပေးနေတာလား။" ယန်ဖေးက မျက်မှောင်ကြုတ်ပြီး ဆက်ပြောလိုက်သည်။ "အဲလိုတော့ ကိုယ် မထင်ဘူး။ "

"အသီးအရွက်တိုင်းကို  ဈေးတက်ပေးတာ  မဟုတ်ဘူး။ မျိုးမပြောင်းတဲ့ သီးအရွက်တွေက ရှားလာတယ်လေ။ တစ်ဖက်မှာလည်း ဈေးမြှင့်ပေးပြီး အစားအစာတွေကို စုဆောင်းတဲ့ အဖွဲ့တစ်ဖွဲ့ ရှိကောင်းရှိနိုင်ပါတယ်။" လော်ရွှင့် က ပြုံးပြီး ရှင်းပြလိုက်သည်။   

"ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတို့ ဈေးတက်လာတာလား?" ယန်ဖေးသည် မျက်ခုံးပင့်ကာ လော်ရွှင့် ကို ကြည့်လိုက်သည်။

"ဟုတ်တယ်။  ရွှီမိန် ပြောတာက အဆင့်နိမ့်ကန်တင်းမှာ  လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ မရောင်းတော့ဘူး။ အချဉ်နှင့် အခြားချက်ပြုတ်ထားသော အစားအစာတွေပဲ  ရောင်းချတော့တယ်။  တစ်ယောက်ယောက်က လတ်ဆတ်တဲ့  ဆလတ်ရွက်ကိ လိုချင်ချင်ရင်  သူတို့ကိုယ်တိုင် စိုက်ပျိုးရမယ်။ ဒါမှမဟတု် ဈေးကိုသွားဝယ်ရမယ်။   မြို့သစ် မှာရှိတဲ့ စွမ်းအားရှင် အသင်းတွေက  ကပ္ပတိန်တချို့က လတ်ဆတ်တဲ့ အသီးအနှံတွေကို စားချင်တယ်ဆိုရင်တော့ တခြားအသင်းတွေက ဒီလိုပဲ လိုချင်ကြမှာပေါ့။ ဈေးတွေ မတက်မှသာ ထူးဆန်းလိမ့်မယ်~" လော်ရွှင့် က   အပြုံးဖြင့် လွယ်ကူစွာ ပြောသည်။

အရင်ဘဝတွင် စိုက်ပျိုးမွေးမြူရေးကို တရားဝင်စတင်သောအခါတွင် အသီးအရွက်ဈေးသည် အမြတ်ရလောက်အောင် မြင့်မားခဲ့သည်။ ဟုတ်တာပေါ့... သူသည် အခြေစိုက်စခန်းအတွက် ဟင်းသီးဟင်းရွက် စိုက်ပျိုးသူအဖြစ် လုပ်ကိုင်ခဲ့သည်။ ဆောင်းရာသီ ရိတ်သိမ်းမှု ပမာဏက အနည်းငယ် နည်းသော်လည်း စားသောက်ကုန်များ ဈေးတက်စေမည်မဟုတ်ပေ။ ကပ္ပတိန်လီသည် အကြောင်းရင်း တစ်ခုကြောင့် ဈေးတက်ရန် ကမ်းလှမ်းခဲ့သည်- မျိုးမပြောင်းသော ဟင်းသီးဟင်းရွက်များ၏ တန်ဖိုး တက်လာခဲ့တယ်ဆိုတာသက်သေပြနေသည်။

ဘယ်သူမှ သူတို့၏အစာစားချင်စိတ်ကို လျှော့ချရန် ဆန္ဒမရှိပေ။  စပါးအသစ်ပေါ်လာပြီးနောက် အခြေစိုက်စခန်း၏ တုံ့ပြန်မှုကိုကြည့်ရမည်ဆိုပါက ပုံမှန်ကန်တင်းတွင် ဆန်ထမင်း မရောင်းတော့ပေ။   အထက်လူကြီးများသည် အရသာခံ့စေရန်အတွက် အဆင့်မြင့်ကန်တင်းတွင်သာ ထမင်းကိုရောင်းပြီး   တစ်ချိန်တည်းတွင် သူတို့က ဗီဇ မပြောင်းလဲနိုင်သော အသီးအရွက်များကို နှစ်သက်ကြသည်။

လော်ရွှင့် နှင့် အခြားသော အခြေစိုက်စခန်းက သာမန်ဝန်ထမ်းအတွက် ပုံမှန်ကန်တင်းတွင်  ရောင်းရမည့် ဟင်းသီးဟင်းရွက်များ ၏ 80-90% ရာခိုင်နှုန်းသည် ထိုအဆင့်မြင့် အရာရှိများ၏ အစာအိမ်ထဲတွင်သာ ရောက်ကုန်ကြသည်။

အဲဒီထဲမှာမှ စွမ်းအားရှင် အသင်းခေါင်းဆောင်တွေက တစ်ကိုက်တစ်ဖဲ့လောက် စားချင်လာသဖြင့် အသီးရွက်ဈေးက ဈေးတက်လာသည်။ ကံမကောင်းစွာပဲ၊ စွမ်းရည်အသုံးပြုသူ အများစုသည် မြို့သစ်သို့ပြောင်းရွှေ့ခဲ့ကြပြီး ပြန့်ကျဲနေသော ရေစွမ်းအားရှင်အချို့သည် ထိုအဖွဲ့များနှင့် ပူးပေါင်းခဲ့ကြသော်လည်း၊ ရေစွမ်းအားရှင် တိုင်းသည် စိုက်ပျိုးရန်ဆန္ဒမရှိကြသော်လည်း အဖွဲ့တိုင်းက တစ်ဦးဆီ ခေါ်ယူနိုင်ခြင်းမရှိသလို လူတိုင်းသည် လယ်ယာလုပ်ငန်းတွင် ကျွမ်းကျင်မှုမရှိကြပေ။ အဖွဲ့တိုင်းသည် စိုက်ပျိုးရန် ဖန်လုံအိမ်တစ်လုံးကို မပြုလုပ်နိုင်ကြပေ—အထူးသဖြင့် လူနေရန် နေရာများ ကျဉ်းကျပ်လှသည်။

ဒါဆို ကောင်းကောင်းစားချင်တဲ့ ဒီကပ္ပတိန်တွေက ဘာလုပ်မလဲ။ ဈေးမြှင့် ဝယ်လိုက်တာပေါ့!

လော်ရွှင့် ၏ သုံးသပ်ချက်ကို နားထောင်ပြီးနောက် ယန်ဖေးသည် ထိုကိစ္စကို နားလည်သွားခဲ့သည်။ အိမ်မှာ အပင်တွေ အများကြီးရှိလို့ ဟင်းသီး ဟင်းရွက် များစွာကို ကိုယ့်ဘာသာ ချက်စားကြတာ ထူးဆန်းတယ်လို့ ယန်ဖေးက မထင်ခဲ့ပေ။

လော်ရွှင့် သည် မွေးမြူရေးလုပ်ငန်းကို အသုံးပြု၍ လူနှစ်ယောက် နှင့် ခွေးတစ်ကောင် ကို အပြည့်အဝ ထောက်ပံ့ပေးနိုင်သည်ဟု ပြောခဲ့သည့် စကားကို  ယခု သူနားလည်ခဲ့သည်။

အလုပ်များတဲ့နေ့အပြီးမှာ သူစိမ်းစုံတွဲတစ်တွဲဟာ သတ္တုဖြင့် ပိတ်ထားည့် သူတို့ ကားနားမှာ စောင့်နေကြတာ အံ့သြစရာမရှိတော့ပေ။ ထိုလူနှစ်ယောက်သည် လော်ရွှင့် နှင့် ယန်ဖေးကို ဂရုတစိုက်ကြည့်နေသည်။ နှစ်ယောက်သား ကားမောင်းမထွက်ခင် ရှေ့ကို  အမြန်လျှောက်လာကြတယ်။

"ခင်ဗျားတို့နှစ်ယောက်က ဒီနေ့ မနက်က canteen ကို အစားအသောက် လာပို့ပေးတာလား။"

ပြတင်းပေါက်ရှိ သတ္တုသည် ကားထဲသို့ အရည်ပျော်သွားကာ အကာအကွယ်လက်ရန်းများသာ ကျန်တော့သည်။

အကယ်၍ သူတို့က ကမ္ဘာပျက်ကပ်မှာ ရောက်မနေခဲ့လျှင်  သူတို့က သတ္တုကို စက်ပစ္စည်းအချို့ဖြင့်  ထိန်းချုပ်ထားသည်ဟု ထင်ကြမည်ဖြစ်သည်။ သတ္တုကို ထိန်းချုပ်နေသည်ဟု  ဘယ်သူမှ ထင်မည် မဟုတ်ပေ။  ဒါ့အပြင်  သတ္တုစွမ်းအားရှင်တစ်ဦးသည် အသက်မွေးဝမ်းကြောင်းအတွက် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုး ရောင်းချခဲ့ပန်သည်။ ဒါက...နည်းနည်းတော့ ထူးဆန်းလွန်းနေသည်။

ယန်ဖေးက လျစ်လျူရှုလိုက်ပြီး မေးလိုက်သည်။
"ဘာကိစ္စရှိလို့လဲ။ "

နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ အပြုံးတစ်ခုဖြင့် အနားသို့ ရောက်ရှိလာကြသည်။

 "ကျွန်တော်တို့ က  XX အဖွဲ့က ဖြစ်ပါတယ်။ ခင်ဗျားတို့က  စစ်ဘက်ဆိုင်ရာ စားသောက်ခန်းသို့ အစားအစာများ ရောင်းချနေတယ်လို့ ကြားရတယ်။ အဲ့ဒါ ဈေးဘယ်လောက်နဲ့ ရောင်းသလဲဆိုတာ  သိချင်လို့ပါ ..."

သူတို့ နှစ်ယောက် က သူတို့ အသင်းခေါင်းဆောင် ကိုယ်စား ကြားဖြတ်မေးကာ  အပိုပေးဆောင်ရန် ဆန္ဒရှိသော်လည်း စစ်တပ်အစား သူတို့၏ အိမ်သို့ ပို့ဆောင်ပေးမလားဆိုတာ သိချင်နေကြသည်။ လော်ရွှင့် သည် သူ၏အရင် ဘဝက ခေတ်ရေစီးကြောင်းများကို သိရှိပြီး ယန်ဖေးသည် ကမ္ဘာမပျက်ခင်က  သူဌေး တစ်ဦးဖြစ်ခဲ့သောကြောင့် သူတို့က အခြားသူ၏ အဓိက လိုချင်သည့် အချက်ကို ရရှိခဲ့သည်။ နှစ်ယောက်သား ထွက်ခွာမသွားမီ သူတို့၏ အဆက်အသွယ် အချက်အလက်များကိုသာ ချန်ထားခဲ့သည်။

"ဈေးက အဆင်ပြေပေမယ့် အသင်းနာမည်တော့ မကြားဖူးဘူး။ "

ဟုတ်ပါတယ်၊ လော်ရွှင့် က ပိုက်ဆံပိုရှာချင်ပေမယ့် လူ မသိသူမသိ အပြင်အဖွဲ့ကို မရောင်းပါဘူး။ စားစရာတွေ ယူသွားပေးတဲ့အချိန် အဲ့လူတွေက သေကုန်ပြီဆိုရင် သူတို့ ဘယ်သူ့ကို ရောင်းရတော့မလဲ။

ဟုတ်တာပေါ့... တချို့လူတွေက လောလောဆယ် ဝယ်ချင်စိတ်ရှိကြလိမ့်မယ်... သူတို့ က ပေးချေဖို့ မလုံလောက်မှာ ကြောက်လို့ ကောက်ပဲသီးနှံပမာဏကို လျှော့ပြီးသာ မှာလိမ့်မည်။ တကယ်လို့ ထိုသို့ စွမ်းအားရှင် အဖွဲ့ကို ရောင်းမည်ဆိုပါက အသင်းထဲက လူအားလုံးကို ကျွေးနိုင်လောက်သည့် ပမာဏလောက် မှာမှသာ သူတို့ ရောင်းလို့ အဆင်ပြေလိမ့်မည်။

နှစ်ယောက်သား အိမ်ပြန်လာပြီး အားလုံးကို ဆွေးနွေးဖို့ ခေါ်လိုက်သည်။ နောက်ဆုံး ရလဒ်ကတော့ စစ်တပ်က စားဖိုဆောင်က ပိုပေးမယ်ဆိုရင် ဟင်းသီး ဟင်းရွက်တွေ များများထုတ်ဖို့ ဆန္ဒရှိကြသည်။  သူတို့ စိုက်ပျိုးထားတဲ့ သီးနှံတွေကို လိုချင်သည့် ပမာဏ ထွက်အောင် ချိန်ညှိဖို့ ပဲ လိုသည်။

လီထယ်နဲ့အဖွဲ့သားတွေ တွေ ပြန်ရောက်ပြီး မကြာခင်မှာပဲ လူတော်တော်များများ ဆွေးနွေးကြသည်။  နာရီဝက်လောက်ကြာတော့ ဝမ်သော် က ကျန်းရီ ကို ခေါ်လာပြီး အိမ်ပြန်ခဲ့တယ်။

ကျန်းရီ က ပြုံးလျက် ယန်ဖေး ကို မျက်လုံးထောင့်ကပ်ကာ စိုက်ကြည့်နေသည်။ သူတို့ အဖွဲ့သားအားလုံး
အဖွဲ့သည် ယန်ဖေးကို လှည့်ကြည့်လိုက်သည်။ သူတို့ အဖွဲ့က ဘုရင်မကြီး ကျန်းရီကို ဘယ်သူ ရန်စခဲ့တာလဲ။

ယန်ဖေးလည်း အံ့သြသွားပြီး ကျန်းရီ ကိုမေးလိုက်သည်။
 "မင်း ဆေးမှားသောက်လာတာလား?"

ကျန်းရီ က ကုလားထိုင်နောက်ကို မှီပြီး သူ့ကို မျက်လုံး လှန်ကြည့်လိုက်သည်။

 "သူနာပြုအနည်းငယ်က ကျွန်တော့်ဆီလာပြီး တစ်ယောက်ယောက်က ကျွန်တော့်ကို ပစ်မှတ်ထားနေတယ်၊ ပိုသတိထားသင့်တယ်လို့ ပြောခဲ့တယ်။ "

 တစ်စုံတစ်ယောက်က ကျန်းရီ ကို ပစ်မှတ်ထားနေတာလား။ အဲဒီတုန်းက ယန်ဖေးကို ဘာလို့ စိုက်ကြည့်နေတာလဲ။

"တစ်စုံတစ်ယောက်? မင်းကို တိုက်ခိုက်မှာလား!"
ဝမ်သော် သည် သူ့ ဘုရင်မကို ကာကွယ်ရန် အင်္ကျီလက်မောင်းကို ပင့် လှန်လိုက်သည်။

 "ပြော.... မင်းရဲ့အရည်အချင်းကို မနာလိုတဲ့လူဆိုးက ဘယ်သူလဲ။ ဒါကမဟုတ် မင်းကို တပ်မက်နေသူတစ်ယောက်လား?!"

 အခန်းထဲက လူတွေက ဝမ်သော် ကို လျစ်လျူရှုပြီး ကျန်းရီ ရဲ့ အဖြေကို အာရုံစိုက်လိုက်တယ်။

ကျန်းရီ က ကုလားထိုင်ကို မှီကာ ရယ်မောရင်း "လူနာရဲ့တရားမဝင်တောင်းဆိုမှုကို ငြင်းဆန်ပြီး နှစ်ရက်အကြာတွင်   ဆေးရုံဒါရိုက်တာကနေ တဆင့် ငါ့ကို ထုတ်ပစ်ဖို့ တောင်းဆိုခဲ့တယ်။ "

သူက ထပ်ပြီး လှောင်ပြောင်လိုက်သည်။

 " သူဘာလို့ ဒီလောက်တောင် ယုတ်ကန်းနေမှန်း မသိတော့ဘူး ? သူရဲ့ လက်ဝှေ့ယမ်းလိုက်ရင် သူက ငါ့ကို ထုတ်ပစ်နိုင်တယ်ထင်ရင်လည်း ကြိုးစားကြည့်လိုက်ပေါ့..."

လော်ရွှင့် နှင့် ယန်ဖေးသည် အားကိုးရာမဲ့  တယောက်ကို တယောက် အကြည့်ချင်းဖလှယ်လိုက်မိသည်။
 
ယန်ဖေး၏မိခင် လျှိုရှန်ယွီ  သည် ကလေးဖျက်ချရန် တကယ်ပင် စိတ်အားထက်သန်နေခဲ့သည်။ ယန်ဖေးဟာ သားဖွားမီးယပ် ဆရာဝန်မဟုတ်သလို ဆေးရုံဒါရိုက်တာကို ဘယ်လို အနှောက်အယှက်ဖြစ်ေ စခဲ့လဲ မသိပါဘူး။ ဒါပေမယ့် သူမမှာ ကိုယ်ဝန်ရှိနေတာ  ထင်ရှားပြီး ဆေးရုံမှာ ကိုယ်ဝန်ဖျက်ချနေတာကို ဒါရိုက်တာက တော်တော်လေး တင်းကြပ်ထားရမှာ ဖြစ်တယ်လေ။  

သို့သော် ကျန်းရီ သည် ယန်ဖေးကို ဒုက္ခမပေးဘဲ သူ့ဖာသာပဲ ညည်းတွားနေပုံရသည်။ သူမအတွက် ယန်ဖေးရဲ့ သဘောထားကို သူ အသိဆုံး ဖြစ်သည်။  လျှိုရှန်ယွီ  ရဲ့ လုပ်ရပ်တွေအတွက်... ယန်ဖေးက ဘာကြောင့် တာဝန်ယူရမှာလဲ။

ကျန်းရီ က ဒီကိစ္စကို ဆက်မပြောသော်လည်း ဝမ်သော် က တံတွေးထွေးကာ ကြိမ်းမောင်းနေတုန်း ကျန်အဖွဲ့သားတွေက ထပ်မမေးကြဘူး။ အဲဒီအစား အသီးအရွက် စိုက်ပျိုးတဲ့အကြောင်း ပြောနေကြတယ်။

လော်ရွှင့် ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် လူတိုင်းက ကန့်ကွက်ခြင်းမရှိခဲ့ပေ။ အဘယ်ကြောင့် တုံ့ဆိုင်းနေသလဲဆိုတော့  စိုက်ပျိုးဧရိယာ တိုးချဲ့ရန်ဖြစ်သည်။
 
သို့သော်လည်း စိုက်ပျိုးမြေသည် ယခင်အစီအစဉ်အတိုင်း ဟင်းသီးဟင်းရွက်မျိုးစုံဖြင့် စိုက်ပျိုးခဲ့လို့  ချိန်ညှိရန် လွယ်ကူသည်မဟုတ်ပေ၊ သူတို့က စင်္ကြံရှိသည့် နေရာကိုသာ အခွင့်ကောင်းယူကာ ထပ်မံ စိုက်ပျိုး နိုင်လိမ့်မည်။

  စင်္ကြံလမ်းက ပိုကျယ်လာတယ်။ နေရောင်ခြည် များများစားစား မလိုအပ်သော ဟင်းသီးဟင်းရွက်များကို ရိတ်သိမ်းပြီးဖြစ်သည်။ တိုးပွားလာသော နေရာပမာဏကို တိုးမြှင့်ရန်အတွက် စင်္ကြံကို ပြောင်းလဲရန် နည်းလမ်းရှာရမည်။

အထူးသဖြင့် ဧရိယာတွင် ဘောင်များပါရှိပြီးသားဖြစ်သောကြောင့် စင်္ကြံကို အသွင်ပြောင်းခြင်းသည် ရိုးရှင်းလှသည်။ ယန်ဖေးက  ရေအတွက် ပိုက်တွေထည့်ထားပေးသရွေ့တော့ စိုက်ပျိုးနိုင်ပြီ။  စင်္ကြံတွင်းရှိ အချို့အရာများကို ရွှေ့ရန် လိုအပ်ပြီး အလင်းရောင် အနည်းငယ်သာ ရသည့်  ပြဿနာ ကျန်သေးသည်။

  နံရံရှိ ဆိုလာပြားများသည် အခန်းအားလုံးအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖန်တီးပေးခဲ့သည်။ အရေအတွက်တိုးရန်မလိုအပ်ပေ ။ ထပ်တိုးချင်လည်း ဘက်ထရီအများကြီးဘယ်က ရှာရမှာလဲ။

နေရာရွှေ့ဖို့ ကိစ္စတွေ... အဖွဲ့သားတွေက ညစာစားပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ဆင့်ကမ်းကာ တက်ညီလက်ညီ လုပ်လျှင် ပြီးနိုင်သည်။   

ယန်ဖေး သည် ပြုပြင်ရေးအတွက် သတ္တုကို ထိန်းချုပ် ခဲ့သည်။ ကျန်အဖွဲ့သားများသည် 15 လွှာ ပြီးစီးရန်စောင့်ဆိုင်းနေစဉ် 16 လွှာစင်္ကြံကိုရှင်းလင်းခဲ့သည်။ သတ္တုကြမ်းခင်းနှင့် နံရံ၊ ယိုစိမ့်နိုင်သည့် အစိတ်အပိုင်းများကို ခွဲထုတ်လိုက်သည်။  အားလုံး ၁၆ လွှာကို ရွှေ့လိုက်ပြီးနောက် ၁၅ လွှာကို ပြုပြင်မွမ်းမံတာ ပြီးသွားလေပြီ။

အနာဂတ်အတွက် ဓာတ်လှေကားအပြင်ဘက်တွင် နေရာဖယ်ထားသည့်အပြင် ကျန်အရာ အားလုံးကို ရွှေ့ပြောင်းပြီး သူတို့၏ အိပ်ခန်းနေရာများတွင် ထားရှိခဲ့သည်။

ယန်ဖေးသည် ၁၅ ထပ်နှင့် ၁၄ ထပ်ကြားရှိ သံတံခါးကိုလည်း ပြုပြင်ခဲ့သည်။ အပေါက်များနှင့် ပန်ကာများ တပ်ဆင်ရန် လိုအပ်သလို အကာအရံအား ပိုမိုကောင်းမွန်အောင် ပြုလုပ်နေသည်။  လေကောင်းလေသန့် ရအောင်လည်း လုပ်နေသည်။ လေမရပါက အပင်များ မည်သို့ကြီးထွားလာမည်နည်း။

**************-**************

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now