Chapter (26-4) - အပြင်မလိုက်ရလို့ စိတ်ကောက်နေသောသူကို နှစ်သိမ့်ခြင်း

6.8K 1K 16
                                    

Chapter (26-4) - အပြင်မလိုက်ရလို့ စိတ်ကောက်နေသောသူကို နှစ်သိမ့်ခြင်း



တစ်ထိုင်တည်းတွင် ပန်းကန်လေးလုံးနင့်အပြည့် ဖက်ထုပ်တွေကို လူငယ်လေးနှစ်ယောက်က အချိန်တိုအတွင်း ကုန်အောင်စားလိုက်ကြသည်။ စားပြီးတော့ ဝမ်းဗိုက်က ပြည့်တင်းကာ ကျေနပ်မှုအပြည့်ဖြင့် ဆိုဖာကိုမှီပြီး မထချင်တော့ပေ။ ရေဒီယိုအသံလွှင့်သည့် သတင်းမှ တဆင့် အခြေစိုက်စခန်း အမျိုးမျိုး ဆောက်လုပ်ခြင်းဆိုင်ရာ သတင်းများကို ကြားသိခဲ့သည်။

အခြေစိုက်စခန်း အများစုကို ထူထောင်ထားသလိုပဲ၊ နေရာတိုင်းက အသက်ရှင်သန်နေတဲ့ လူသားတွေရဲ့ ပျော်ရွှင်မှုရဲ့ အနာဂတ်ဟာ ချောက်ကမ်းပါးစွန်းလေးမှာ ရောက်နေသလို ထင်ရသည်။ စစ်တပ်က မြို့တော်ကို ပြန်လည်သိမ်းပိုက်ပြီး အတိတ်က လူ့ဂုဏ်သိက္ခာကို ပြန်လည်ရရှိစေမည်ဟု ကြေငြာခဲ့သည်။

လော်ရွှင့် က ထိုသတင်းကိုကြားပြီး ရယ်မောလိုက်သည်။ လူ မည်မျှသေဆုံးသည်ကို ရေဒီယိုက ဖော်ပြခြင်းမရှိပေ။ အခြေစိုက်စခန်းတစ်ခုစီတွင် လူမည်မျှ ဖုတ်ကောင်များဖြစ်လာခဲ့သည် သို့မဟုတ် အသက်ရှင်ကျန်ရစ်သူ အရေအတွက်အတိအကျကိုလည်း မဖော်ပြပဲ ဝေဝါးသည့် စိတ်ကူးအိပ်မက်ကိုသာ ကြေငြာသွားခဲ့သည်။။

A-city ဘယ်လောက်ကြီးတယ်ထင်လဲ။ အဲဒီမှာ လူဘယ်နှစ်ယောက်ရှိတယ်ထင်သလဲ။ စစ်တပ်က ဦးစီးပြီး မြောက်၊ အရှေ့၊ အနောက်၊ အနောက်တောင်နှင့် အရှေ့မြောက် အခြေစိုက်စခန်း စုစုပေါင်း ငါးခုကို တည်ထောင်ခဲ့သည်။ အနောက်တောင်အခြေစိုက် အခြေစိုက်စခန်းက လော်ရွှင့်တို့ လက်ရှိနေထိုင်သည့် စခန်းဖြစ်ပြီး ဒီလိုမျိုး အခြားအခြေစိုက်စခန်း ငါးခုတွင် စုစုပေါင်းလူပေါင်း ၁၅၀,၀၀၀ ခန့်သာ ရှိသည်။

စစ်တပ်က စစ်သားများကို ထပ်ထည့်ထားရင်တောင် A-city မှာ စစ်သား 100,000 သာရှိပြီး စုစုပေါင်း 250,000 လောက်သာရှိပါတယ်။ A-city မှာ ဘယ်နှစ်ယောက်နေထိုင်ခဲ့သလဲ။ လူဦးရေ အနည်းဆုံး သန်း 20 နေထိုင်ခဲ့တယ် မဟုတ်ဘူးလား!

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now