Chapter (11) _ လှေကားနားက Zombie များ

7.6K 1.2K 19
                                    

Chapter (11) _ လှေကားနားက Zombie များ



*ဒိုင်း....!... ဒိုင်း! ဒိုင်း...*

သေနတ်သံများ က ဘားတစ်ခု၏ အနောက်တံခါးမှ ဆက်တိုက် ထွက်ပေါ်လာသည်။

"အိုး! ဒီလိုဆူညံသံကို လုပ်ရလောက်အောင် ဘယ်သူက အရမ်းမိုက်မဲနေမှာလဲ။"

နောက်လိုက်တစ်ယောက် နှင့်အတူ လာခဲ့သည့် ရွှေမျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးက မကျေမနပ်ဖြစ်ပြီး ပြောလိုက်သည်။

"အစ်ကိုခွန်း.... ဝမ်ဟိန် ရဲ့ လူတွေလုပ်တာလို့ ထင်ရတာပဲ။ မနေ့ညက ယောက်ျားတစ်ယောက်ကို သူတို့ သယ်လာတာ တွေ့လိုက်ရတယ်။"

ဝမ်ဟိန်၏ နာမည်ကိုကြားပြီးနောက် ထိုလူက အေးစက်စွာ တုံ့ပြန်ခဲ့သည်။

"ငတုံးတွေ။ အသံ အရမ်းကျယ်နေတယ်။ ဒီကောင်တွေက သေလမ်းရှာနေတာပဲ ..."

ခဏအကြာတွင် အစ်ကိုခွန်းအနီးတွင် လူတစ်စုပေါ်လာသည်။ နောက်မှ ပေါ်လာသည့်လူက ပြုံးစိစိနဲ့ လုပ်နေသဖြင့် ဒေါသတကြီး မျက်နှာထားဖြင့် လှမ်းကြည့်လိုက်သည်။

"ငတုံးဟုတ်လား? သေလမ်းရှာနေတာ ဟုတ်လား ? ဝူချန်ခွန်း..မင်းက ဒီလောက်အသံကျယ်ကျယ်နဲ့ ကျိန်ဆဲနေတာ။ မင်းကမှ သေလမ်းရှာနေတာ မဟုတ်ဘူးလား "

လူဆိုးလူမိုက်ပုံနှင့် ရောက်လာသည့်လူက လက်ပိုက်ပြီး အကိုခွန်းကို ပြုံးကာပြောရင်း လှမ်းကြည့်လိုက်သည်။

ဝူချန်ခွန်း၏ မျက်လုံးများသည် မျက်မှန်နောက်တွင် စူးရှကာ အေးစက်သော အပြုံးဖြင့် တုံ့ပြန်သည်။ "အစ်ကိုဝမ်.... ဒီလူငယ်လေးက မင်းရဲ့စကားကို နားမလည်ဘူး။"

"ကိစ္စမရှိပါဘူး၊ ဒီနေ့ပြီးရင် မင်းနားလည်ဖို့ မလိုတော့ဘူး"

ပြောပြီးတာနဲ့ ဝမ်ဟိန် က သူ့လက်ဖဝါးကို ဖြန့်လိုက်ပြီး တခြားသူတွေ ထိတ်လန့်သွားစေလောက်တဲ့ မီးလုံးကြီးတစ်ခု ပေါ်ထွက်လာစေပြီး သူ့လက်ဖဝါးကို တွန်းထုတ်လိုက်တယ်။

စွမ်းအားလား! သူ့မှာ စွမ်းအားတွေ ရှိတယ်။ သူ ဒီလောက် ယုတ်မာရိုင်းစိုင်းစွာ ပြုမူနိုင်တာ အံ့သြစရာ မရှိပါဘူး။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Donde viven las historias. Descúbrelo ahora