Chapter (17)_ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ပါလို့.....

7.5K 1.2K 22
                                    

Chapter (17)_ တစ်ယောက်လက်ကို တစ်ယောက် ဆုပ်ကိုင်ပါလို့.....


လော်ရွှင့် သည် အိပ်ခန်းမီးများကို ပိတ်လိုက်ပြီး ကုတင်ဘေးက မီးအိမ်လေးကို ဖွင့်လိုက်သည်။ သူ့စိတ်ခံစားချက်တွေ တိုးတက်လာပါပြီ၊ လူတွေက ဝမ်းနည်းနေရင် ဘေးကလူကို ရင်ဖွင့်လိုက်တာ ပိုသက်သာစေတယ်လို့ပြောတာ မှန်နေတာပဲ။

ခုတင်ပေါ်မှာ မလှုပ်နိုင်သည့် တစ်ဖက်လူကို ကြည့်မိတော့ လော်ရွှင်ရဲ့ စိတ်ခံစားချက်ပိုကောင်းလာခဲ့သည်။ ဒီလိုနဲ့ လော်ရွှင်က ဘေးအိမ်မှ ယောက်ျားကို သူ့အိမ်ကနေ မတွန်းထုတ်နိုင်တော့ဘဲ လုံးလုံးလျားလျား စိတ်ပူနေသည့်စိတ်က ပျောက်ကွယ်သွားသည်။ လော်ရွှင်သည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ဘေးစားပွဲပေါ်တင်ရန် အံဆွဲထဲမှ အရာဝတ္ထုတစ်ခုကို ဆွဲထုတ်လိုက်သည်။

"ဒီမှာ ခင်ဗျားရဲ့ သေနတ်"

ယန်ဖေး ခေတ္တတန့်သွားပြီး လော်ရွှင့် ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

လော်ရွှင်သည် ကုတင်ပေါ်တွင် လှဲနေသည့် ယန်ဖေးကို ထားရစ်ကာ အေးအေးဆေးဆေး တဖက်ကိုလှည့်ကာ သူ့နေရာမှာ အိပ်လိုက်သည်။ သူ့အတွက်၊ ယန်ဖေး ရဲ့လက်ထဲက သေနတ်၏ခြိမ်းခြောက်မှုက သူ့သတ္တုစွမ်းအားနဲ့ တိုက်ခိုက်တာနဲ့ ညီမျှတယ်။ သူ့ဘဝတွင် သေနတ်များစွာနှင့် တွေ့ကြုံခဲ့ရပြီး ကျည်ဆံနှစ်တောင့်သာ ကျန်တော့တာဖြစ်လို့ သိပ်တော့ အရေးမကြီးလှပါဘူး။ သူက ဒီသေနတ်ကိုယူထားဖို့ လောဘကြီးစရာ ဘာမှမရှိဘူး။

လူတစ်ယောက်ကို တကယ်သတ်ချင်ရင် သေနတ်နဲ့ ဒူးလေးကြားမှာ ဘာမှ မထူးခြားပါဘူး။

ယန်ဖေး သည် သေနတ်ကို မကိုင်ဘဲ မျက်လုံးကိုမှိတ်ထားကာ နူတ်ခမ်းထောင့်က ကော့တက်လာခဲ့သည်။ နှစ်မီတာကျယ်သော ကုတင်သည် တစ်ယောက်နှင့်တစ်ယောက် အသားချင်း ထိတွေ့မှုမရှိပဲ ဘေးချင်းကပ်လျက် ငြိမ်သက်စွာ အိပ်နေသော လူနှစ်ယောက်၏အလေးချိန်အောက်တွင် အနည်းငယ်နစ်မြုပ်သွားသည်။

ပြန်လည်မွေးဖွားလာသော Otaku လေး၏ ရှင်သန်ရေး နည်းလမ်းများ (MM Translation)Where stories live. Discover now